iMyanmarHouse.com - Best Property Website for Myanmar
×











ကိုယ်ခံအားကောင်းစေ



ဆီးချိုသက်သာစေ


ခေါင်းကိုက်သက်သာစေ


Credit : Kumudra

သကြားသီးဆိုတာက ဈေးကွက်ထဲမှာရောင်းချနေတဲ့ သကြား သီးမဟုတ်ပါဘူး။ အလေ့ကျပေါက်ပင်လို မျိုးတွေ မိမိပတ်ဝန်းကျင်မှာ မြင်တွေ့နေ ရတဲ့ အသီးနီနီလေးတွေသီးတဲ့ သကြားပင်ရဲ့ အသီးနီနီလေးတွေကို ဆိုလိုချင်တာပါ။ အသီးလေးတွေက သီးစမှာ အစိမ်းရောင်ဆိုပေမဲ့ မှည့်လာတဲ့အခါ အနီရောင်လေး တွေ ဖြစ်လာပါတယ်။ အခွံက ခပ်ပျော့ပျော့ရှိပြီး တစ်လုံးလုံးကို စားလို့ရပါတယ်။ သည်အသီးလေးတွေက ဘယ်လိုဆေး ဖက်ဝင်လဲဆိုတာကိုပြော ပြ ပေး မှာပါ။ သည်အပင်က ဖိလစ်ပိုင်နဲ့ မက္က ဆီကိုမျိုး ရင်းပင်တွေပါ။
ဘက်တီးရီးယား တိုက်ဖျက်ပေး နိုင်

သကြားသီးက ခန္ဓာကိုယ်ထဲကို ပြင်ပကဘက်တီးရီးယားတွေ မဝင်ရောက်နိုင်အောင် တိုက်ထုတ်ပေးပါတယ်။ သကြား သီး မှာ ဘက်တီးရီးယားတွေကို တိုက်ဖျက် နိုင်တဲ့ အာနိသင်ရှိနေတာကြောင့် ဘက်တီးရီးယားတွေကြောင့်ဖြစ်တဲ့ ကူးစက် ရော ဂါ တွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။
ရောင်ရမ်းမှုကို သက်သာစေ

သကြားသီးက ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ရောင်ရမ်းမှုကို လျော့ပါးသက် သာစေနိုင်ပါတယ်။ သဘာဝအရောင်ကျ ဆေးတစ်မျိုးလို့လည်းဆိုလို့ရပါတယ်။ သကြားသီးက အရောင်ကျဆေးတွေနီးပါ ထိရောက်မှု ရှိပါတယ်။ အဖျားကိုလည်း သက်သာစေနိုင်ပါတယ်။
ဂေါက်ရောဂါကို သက်သာစေနိုင်

ဂေါက်ရောဂါဆိုတာက အဆစ်တွေ ရောင်ရမ်းပြီး နာကျင်မှုကို ဖြစ်စေနိုင် ပါ တယ်။ အဆစ်ထဲကနေ တဆစ်ဆစ်နာပြီး နီရဲ ရောင်ရမ်းနေတတ်ပါတယ်။

ဂေါက်ရောဂါကအမျိုးသားတွေမှာ အဖြစ်များပြီး အဆစ်တွေ၊ အရွတ်တွေနဲ့ အခြားတစ်သျှူးတွေကို ထိခိုက်စေနိုင်ပါ တယ်။ သကြားသီးကို ဂေါက်ရောဂါသက် သာစေဖို့အတွက်စားသုံးပေးလို့ရပါတယ်။ တစ်နေ့ကို သကြားသီး ကိုးလုံးကနေ ၁၂ လုံးအထိ စားသုံးပေးမယ်ဆိုရင် အရိုးအဆစ်တွေ ထိခိုက်နာကျင်တာကို သက်သာစေနိုင်မှာပါ။
ဦးနှောက်ရဲ့ လုပ်ဆောင်မှုကိုကောင်း စေနိုင်

ဖလေဗာနွိုက်ကြွယ်ဝတဲ့အစားအစာတွေက ဦးနှောက်ရဲ့ ဖွံ့ဖြိုးမှုနဲ့ လုပ်ဆောင်မှု တွေကောင်းမွန်အောင် အထောက်အကူ ပြု ပေးပါတယ်။ သကြားသီးမှာ ဖလေဗာနွိုက်ကြွယ်ဝစွာပါဝင်နေတာကြောင့် သိ မြင်မှုစွမ်းရည်ကို ကောင်းမွန်စေပြီးလူ ကြီး တွေမှာဖြစ်တတ်တဲ့ အသက်အရွယ်ရလာ လို့မေ့တတ်တာကိုလည်း သက်သာစေ နိုင် ပါတယ်။
ကင်ဆာတိုက်ဖျက်ပေးနိုင်

သကြားသီးမှာပါတဲ့ Cytoxic Flavnoids က ကင်ဆာဆဲလ်တွေကို တိုက် ဖျက်ရာမှာ တော်တော်လေး အသုံးဝင်ပါ တယ်။ အသီးတင်မကဘဲ သကြာသီးပင်ရဲ့ အရွက်ကပါ ကင်ဆာကိုတိုက်ဖျက်နိုင်တဲ့ အာနိသင်ရှိနေတာပါ။ ရင်သားကင်ဆာကလွဲလို့ အခြားကင်ဆာတွေကို တိုက်ဖျက် ရာမှာ သကြားသီးက အထောက်အကူပြု ပေးပါတယ်။
ယူရစ်အက်ဆစ်ကို လျှော့ချပေး

သကြားသီးမှာ ခန္ဓာကိုယ်တွင်းမှာ ယူရစ်အက်ဆစ်တွေပိုလျှံနေတာမျိုးမဖြစ်အောင် ကာကွယ်ရာမှာ အထောက်အကူ ပြုပေးတဲ့ အနတဟရုစယာနိန လို့သိကြတဲ့ ဓာတ်တိုး ဆန့်ကျင်ပစ္စည်း ပါဝင်နေပါတယ်။ သကြားသီးမှာပါတဲ့ ဓာတ်တိုးဆန့် ကျင် အာနိသင်တွေက ကိုယ်တွင်းယူရစ် အက်ဆစ်ပမာဏကို ကျဆင်းစေနိုင်ပါတယ်။
ကင်ဆာကျိတ်ကို လျော့ပါးစေ

သကြားသီးမှာပါတဲ့ဖလေဗာ နွိုက်က ခန္ဓာကိုယ်မှာ ကင်ဆာကျိတ်တွေ ဖြစ်ပေါ်မှုကိုတားဆီးပေးပါတယ်။ သကြားသီးရဲ့ အရွက်နဲ့ပင်စည်တွေမှာပါ ကင်ဆာကျိတ်ကို တားဆီးနိုင်တဲ့ အာနိသင်ရှိတာပါ။
အမျှင်ဓာတ်ရရှိစေနိုင်

သကြားသီးမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်တွေပါဝင်နေပါတယ်။သကြားသီးကသွေးတွင်းအဆီနဲ့ ကိုလက်စထရောကို ကျဆင်း စေနိုင်ပြီး ဝမ်းလည်းမှန်စေပါတယ်။
အစာအိမ်အနာကို သက်သာစေနိုင်

အစာအိမ်အနာရှိသူတွေအနေနဲ့ သ ကြားသီးစားသုံးပေးသင့်ပါတယ်။ သကြားသီးက အစာအိမ်အနာကို သက်သာစေနိုင်တဲ့သဘာဝဆေးတစ်ခုပါ။သကြား သီး ပင်က ရောင်ရမ်းနာကျင်မှုကို လျော့ပါး သက်သာစေနိုင်တာကြောင့် အစာအိမ်ထဲက အနာတွေကိုလည်း သက်သာစေနိုင် ပါ တယ်။
ကိုယ်ခံအားကောင်းစေ

သကြားသီးမှာ ဗီတာမင် နဲ့သတ္တုဓာတ်တွေပါဝင်တာကြောင့် ကိုယ်ခံအားကို ကောင်းမွန်စေနိုင်ပါတယ်။ကိုယ်ခံ အား နည်းသူတွေအတွက် အထူးသင့်တော် ပါတယ်။ သွေးအားနည်းသူတွေလည်း စားသုံးပေးသင့်ပါတယ်။
သကြားသီးမှာ ဗီတာမင် စီပါဝင်တာကြောင့် အအေးမိ၊ချောင်းဆိုး၊ တုပ်ကွေးရောဂါတွေလိုမျိုး ကိုယ်ခံအားနည်းတာ ကြောင့်ဖြစ်တဲ့ ဝေဒနာတွေကို လျော့ပါး သက် သာစေနိုင်ပါတယ်။
နှလုံးကျန်းမာစေနိုင်

သကြားသီးပင်ရဲ့အရွက်မှာ ဓာတ်တိုး ဆန့်ကျင်ပစ္စည်းတွေပါဝင်တာကြောင့် နှလုံးသွေးကြောကျဉ်းတာ၊ နှလုံးရောဂါတွေကို သက်သာစေနိုင်ပါတယ်။ သကြားသီးကနှလုံးဆိုင်ရာ ဝေဒနာတွေ ဖြစ်မလာအောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။
အစာအိမ်ဝေဒနာကို သက်သာစေနိုင်

သကြားသီးမှာပါတဲ့ ဒြပ်ပေါင်းက အစာအိမ်ထဲမှာ လေထတာကို သက်သာစေ နိုင်ပါတယ်။ သကြားသီးက လေသက်စေ နိုင်သလို၊ ဓာတ်တိုးဆန့်ကျင် အာနိသင်လည်း ရှိပြီး ရောင်ရမ်းမှုကိုလည်းလျော့ပါး သက်သာစေနိုင်ပါတယ်။
ဆီးချိုသက်သာစေ

သကြားသီးက ချိုတယ်ဆိုပေမဲ့ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်စွမ်းရှိပါတယ်။ ဆီးချိုသမားတွေအနေနဲ့ သကြားသီးကိုစားသုံးပေးမယ်ဆိုရင် သွေးတွင်း သကြားဓာတ်ကို ထိန်းညှိနိုင်မှာ ဖြစ် ပါတယ်။
ရာသီလာစဉ်ကိုက်ခဲတာကို သက်သာစေနိုင်

သကြားသီးရော သကြားသီးပင်ရဲ့ အပွင့်ကပါရာသီလာစဉ် နာကျင်ကိုက်ခဲ မှုဝေဒနာကို လျော့ပါးသက်သာစေနိုင် ပါ တယ်။
ခေါင်းကိုက်သက်သာစေ

သကြားသီးရော အရွက်ကပါ အအေးမိတုပ်ကွေးဝေဒနာကြောင့် ဖြစ်တဲ့ ခေါင်း ကိုက်ဝေဒနာကို သက်သာစေနိုင်ပါတယ်။ ခေါင်းကိုက်တဲ့အခါ သကြားသီးကို စားပေးတာဖြစ်ဖြစ် အရွက်ကို ရေစင်အောင် ဆေး ပြီး ရေနွေးထဲ ခပ်သောက်တာမျိုး ဖြစ်ဖြစ် ပြုလုပ်လို့ ရပါတယ်။

Credit : Kumudra

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top