iMyanmarHouse.com - Best Property Website for Myanmar
×

မ်က္စိမၾကာခဏ ေညာင္းျပီး ယားယံျခင္းေၾကာင့္ ပြတ္ေနမိပါသလား၊ က်ြန္ေတာ္တို့၏ ေန့စဥ္ဘဝမ်ားတြင္ မိုဘိုင္းဖုန္းမ်ားႏွင့္ ကြန္ပ်ဴတာမ်က္ႏွာျပင္မ်ားကို အခိ်န္အၾကာၾကီးၾကည့္ေနျခင္းေၾကာင့္ လူမ်ားစြာမွာ အျမင္အာရံုေဝဝါးျခင္း၊ မ်က္စိယားယံျခင္းႏွင့္ ေန့စဥ္ေခါင္းကိုက္တတ္သည့္ ေဝဒနာမ်ားကို စတင္ၾကံဳေတြ့ေနၾကရသည္။

မ်က္စိေညာင္းညာမႈကို ေလ်ာ့ခ်ရန္ႏွင့္ မ်က္စိျပန္လည္ အားေကာင္းလာေစမည့္ လြယ္ကူရိုးရွင္းေသာ နည္းလမ္းအခိ်ဳ့ကို ေဖာ္ျပေပးလိုက္ပါသည္။

လက္ဖဝါးႏွစ္ဖက္ကုိ အနည္းငယ္ေႏြးလာသည္အထိ ဆယ္မိနစ္မွ ဆယ့္ငါးမိနစ္အထ္ၾကာေအာင္ ပြတ္တိုက္ျပီး မ်က္စိေပၚတြင္အုပ္ထားလိုက္ပါ။ မ်က္စိကိုလက္ျဖင့္ တိုက္ရိုက္မထိပါႏွင့္ မ်က္စိေပၚတြင္ ဖြဖြေလးအုပ္ထားေပးရပါမည္။

သံုးစကၠန့္ (သို့မဟုတ္) ေလးစကၠန့္ၾကာတိုင္း မ်က္ေတာင္ခတ္ေပးျခင္းက မ်က္စိေညာင္းညာမႈကို ေလ်ာ့က်ေစရန္ အေထာက္အကူျဖစ္ေစသည္။ က်ြန္ေတာ္တို့သည္ ရုပ္ျမင္သံၾကားၾကည့္ေနခ်ိန္ ( သို့မဟုတ္) ကြန္ပ်ဴတာျဖင့္ အလုပ္လုပ္ေနခ်ိန္တြင္ မ်က္ေတာင္ခတ္သည့္ အၾကိမ္ေရနည္းပါးေလ့ရွိသျဖင့္ စကၠန့္အနည္းငယ္ၾကာတိုင္း မ်က္ေတာင္ခတ္ေပးျခင္းျဖင့္ သင္၏မ်က္စိကို အနားေပးလိုက္ပါ။

သင္ရွိေနေသာ ေနရာမွ ၆ မီတာမွ ၁၀ မီတာအထိ ေဝးေသာအရာ ဝတၳဳတစ္ခုကို ေရြးခ်ယ္ျပီး ယင္းအရာဝတၳဳတစ္ခုတည္းကို ေခါင္းကိုမ်ားစြာမလႈပ္ရွားဘဲ စကၠန့္အနည္းငယ္ၾကာေအာင္ အာရံုစိုက၍ၾကည့္ပါ။

ယင္းနည္းက ဖိအားမ်ားစြာ ခံလာရတတ္ေသာ မ်က္စိတစ္ဝိုက္ ၾကြက္သားမ်ားကို အနားရေစသည္။

မ်က္စိကို တတ္ႏိုင္သမွ်အက်ယ္ဆံုး စက္ဝိုင္းပံုလွည့္ေပးပါ။ ေလးၾကိမ္ခန့္ ယင္းကဲ့သို့လွည့္ေပးျပီး မ်က္စိပိတ္ထားလုိက္ပါ။ မ်က္စိပိတ္ထားခ်ိန္တြင္ အသက္ကိုအာရံုစိုက္၍ ရွဴသြင္း ရွဴထုတ္ျပဳလုပ္ျပီး သက္ေသာင့္သက္သာျဖစ္ေစရန္ အာရံုစ္ိုက္ပါ။

ကြန္ပ်ဳတာအသံုးျပဳခ်ိန္တြင္ မ်က္ႏွာျပင္ကို သင္၏မ်က္စိႏွင့္ တတ္ႏိုင္သမွ်ေဝးေနေစရန္ လိုအပ္သည္။ သို့ေသာ္ အလြန္အားစိုက္၍ ၾကည့္စရာမလိုေသာ အကြာအေဝးမ်ိဳးျဖစ္ရမည္။ သင့္အေပၚရွိ မီးအလင္းေရာင္မွာလည္းလံုေလာက္ေသာ အလင္းေရာင္ရွိေနရန္ လိုအပ္သည္။ ထို့အျပင္ ကြန္ပ်ဳတာမ်က္ႏွာျပင္ filter တစ္ထပ္ထပ္ထားျခင္းျဖင့္လည္း သင္၏ မ်က္စိအတြက္ အေထာက္အကူျပဳသည္။

Credit : 7DayDaily
 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
မျက်စိမကြာခဏ ညောင်းပြီး ယားယံခြင်းကြောင့် ပွတ်နေမိပါသလား၊ ကျွန်တော်တို့၏ နေ့စဉ်ဘဝများတွင် မိုဘိုင်းဖုန်းများနှင့် ကွန်ပျူတာမျက်နှာပြင်များကို အချိန်အကြာကြီးကြည့်နေခြင်းကြောင့် လူများစွာမှာ အမြင်အာရုံဝေဝါးခြင်း၊ မျက်စိယားယံခြင်းနှင့် နေ့စဉ်ခေါင်းကိုက်တတ်သည့် ဝေဒနာများကို စတင်ကြုံတွေ့နေကြရသည်။

မျက်စိညောင်းညာမှုကို လျော့ချရန်နှင့် မျက်စိပြန်လည် အားကောင်းလာစေမည့် လွယ်ကူရိုးရှင်းသော နည်းလမ်းအချို့ကို ဖော်ပြပေးလိုက်ပါသည်။

လက်ဖဝါးနှစ်ဖက်ကို အနည်းငယ်နွေးလာသည်အထိ ဆယ်မိနစ်မှ ဆယ့်ငါးမိနစ်အထ်ကြာအောင် ပွတ်တိုက်ပြီး မျက်စိပေါ်တွင်အုပ်ထားလိုက်ပါ။ မျက်စိကိုလက်ဖြင့် တိုက်ရိုက်မထိပါနှင့် မျက်စိပေါ်တွင် ဖွဖွလေးအုပ်ထားပေးရပါမည်။

သုံးစက္ကန့် (သို့မဟုတ်) လေးစက္ကန့်ကြာတိုင်း မျက်တောင်ခတ်ပေးခြင်းက မျက်စိညောင်းညာမှုကို လျော့ကျစေရန် အထောက်အကူဖြစ်စေသည်။ ကျွန်တော်တို့သည် ရုပ်မြင်သံကြားကြည့်နေချိန် ( သို့မဟုတ်) ကွန်ပျူတာဖြင့် အလုပ်လုပ်နေချိန်တွင် မျက်တောင်ခတ်သည့် အကြိမ်ရေနည်းပါးလေ့ရှိသဖြင့် စက္ကန့်အနည်းငယ်ကြာတိုင်း မျက်တောင်ခတ်ပေးခြင်းဖြင့် သင်၏မျက်စိကို အနားပေးလိုက်ပါ။

သင်ရှိနေသော နေရာမှ ၆ မီတာမှ ၁၀ မီတာအထိ ဝေးသောအရာ ဝတ္ထုတစ်ခုကို ရွေးချယ်ပြီး ယင်းအရာဝတ္ထုတစ်ခုတည်းကို ခေါင်းကိုများစွာမလှုပ်ရှားဘဲ စက္ကန့်အနည်းငယ်ကြာအောင် အာရုံစိုက၍ကြည့်ပါ။

ယင်းနည်းက ဖိအားများစွာ ခံလာရတတ်သော မျက်စိတစ်ဝိုက် ကြွက်သားများကို အနားရစေသည်။

မျက်စိကို တတ်နိုင်သမျှအကျယ်ဆုံး စက်ဝိုင်းပုံလှည့်ပေးပါ။ လေးကြိမ်ခန့် ယင်းကဲ့သို့လှည့်ပေးပြီး မျက်စိပိတ်ထားလိုက်ပါ။ မျက်စိပိတ်ထားချိန်တွင် အသက်ကိုအာရုံစိုက်၍ ရှူသွင်း ရှူထုတ်ပြုလုပ်ပြီး သက်သောင့်သက်သာဖြစ်စေရန် အာရုံစိုက်ပါ။

ကွန်ပျုတာအသုံးပြုချိန်တွင် မျက်နှာပြင်ကို သင်၏မျက်စိနှင့် တတ်နိုင်သမျှဝေးနေစေရန် လိုအပ်သည်။ သို့သော် အလွန်အားစိုက်၍ ကြည့်စရာမလိုသော အကွာအဝေးမျိုးဖြစ်ရမည်။ သင့်အပေါ်ရှိ မီးအလင်းရောင်မှာလည်းလုံလောက်သော အလင်းရောင်ရှိနေရန် လိုအပ်သည်။ ထို့အပြင် ကွန်ပျုတာမျက်နှာပြင် filter တစ်ထပ်ထပ်ထားခြင်းဖြင့်လည်း သင်၏ မျက်စိအတွက် အထောက်အကူပြုသည်။

Credit : 7DayDaily

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top