iMyanmarHouse.com - Best Property Website for Myanmar
×

ေဂၚဖီထုပ္ကိုအသုပ္ေတြတဲ ထည့္စားသလိုေၾကာ္စားတာ၊ ခ်က္စားတာဆိုၿပီးအမ်ိဳးမ်ိဳးလုပ္စားၾကပါတယ္။သည္လိုမ်ိဳး အမ်ိဳးမ်ိဳးျပင္ဆင္စားသံုးႏိုုင္တဲ့ ေဂၚဖီထုပ္မွာ phytonutrients ေတြနဲ႔ ဗီတာမင္ေအ၊ ဗီတာမင္စီ၊ ဗီတာမင္ေကတို႔လို ဗီတာမင္ေတြလည္းၾကြယ္ဝစြာပါဝင္ေနပါတယ္ ။ ေဂၚဖီထုပ္မွာ free radical ေတြကိုေလွ်ာ့ခ်ေပးၿပီး ကင္ဆာေရာဂါနဲ႔ ႏွလံုးေရာဂါလိုမ်ိဳး သဘာဝဓာတ္တိုးဆန္႔ က်င္အာနိသင္ေတြပါဝင္ေနပါတယ္။ ေဂၚဖီထုပ္မွာ ခႏၶာကိုယ္ရဲ႕ အစာေျခစနစ္အတြက္အရမ္းအေရးပါတဲ့ အမွ်င္ဓာတ္လည္းပါဝင္ေနပါတယ္။

ကင္ဆာက်ိတ္ေတြ ႀကီးထြားမႈကို တားဆီး
ေဂၚဖီထုပ္မွာ lupeol, sinigrin , dindolylmethane (DIM)’ indole 3- carbinol (I3C)နဲ႔ sulforaphaneတို႔လို မ်ိဳးကင္ဆာတိုက္ဖ်က္ေပးႏိုင္တဲ့ အာနိ သင္ေတြရွိပါတယ္။ သည္ဓာတ္ေတြက ခႏၶာကိုယ္ရဲ႕ ကိုယ္ခံအားအင္ဇိုင္းေတြျဖစ္ေပၚလာေအာင္လံႈ႕ေဆာ္ေပးပါတယ္။ ကင္ဆာက်ိတ္ေတြ မႀကီးထြားလာေအာင္ လည္း ဟန္႔တားေပးပါတယ္။ ေဂၚဖီထုပ္ကရင္သားကင္ဆာျဖစ္ႏိုင္ေျခကိုလည္း  သိသိသာသာေလ်ာ့က်ေစႏိုင္ပါတယ္။

အစာအိမ္အနာကို သက္သာေစ
ေဂၚဖီထုပ္က အစာအိမ္အနာကိုသက္သာေစႏိုင္တဲ့ သဘာဝေဆးတစ္မ်ိဳးပါ။ ေဂၚဖီထုပ္အရည္က အစာအိမ္နာေတြကိုထိထိေရာက္ေရာက္ကုသေပးႏိုင္စြမ္းရွိပါ တယ္။ ေဂၚဖီထုပ္မွာ ဂလူတမင္းၾကြယ္ဝစြာပါဝင္တာေၾကာင့္ အစာအိမ္အနာကိုသက္သာေစႏိုင္တာ ျဖစ္ပါတယ္။

ေရာင္းရမ္းတာကို သက္သာေစ
ေဂၚဖီထုပ္မွာ အမိုင္ႏိုအက္ဆစ္ၾကြယ္ဝစြာပါဝင္ေနၿပီး ေရာင္ရမ္းမႈေတြကိုေလ်ာ့ပါးသက္သာေစႏိုင္ပါတယ္။ ဝိတ္က်ခ်င္သူေတြအေနနဲ႔လည္း ေဂၚဖီထုပ္ကိုစားသံုးေပးလို႔ရပါတယ္။

ကိုယ္ခံအားစနစ္ကို  တိုးျမႇင့္ေပး
ေဂၚဖီထုပ္မွာ ဗီတာမင္စီၾကြယ္ဝစြာပါဝင္တာေၾကာင့္ ကိုယ္ခံအားစနစ္ကိုတိုးတက္ေကာင္းမြန္ေအာင္လုပ္ေဆာင္ေပးႏိုုင္သလို ခႏၶာကိုယ္ကိုထိခိုက္ေစႏိုင္တဲ့ free radical ေတြကိုတိုက္ထုတ္ႏိုင္ေအာင္လည္း ကူညီေပးပါတယ္။

အတြင္းတိမ္ျဖစ္ႏိုင္ေျခကို ကာကြယ္ေပး
ေဂၚဖီထုပ္မွာ ဘီတာကယ္႐ိုႏြိဳက္ ၾကြယ္ဝစြာပါဝင္တာေၾကာင့္ အသက္အရြယ္ေၾကာင့္ျဖစ္တဲ့ အျမင္အာ႐ံုခ်ိဳ႕ယြင္းတာနဲ႔ မ်က္စိအတြင္းတိမ္ျဖစ္တာေတြကိုကာ ကြယ္ေပးပါတယ္။

ဝိတ္က်ခ်င္သူေတြ သင့္ေတာ္
ဝိတ္က်ခ်င္သူေတြစားသံုးဖို႔ အထူးသင့္ေတာ္တဲ့အစားအေသာက္တစ္မ်ိဳးပါ။ ေဂၚဖီထုပ္တစ္ခြက္စာမွာ ကယ္လိုရီ ၃၀ ရာခိုင္ႏႈန္းသာပါဝင္တာေၾကာင့္ ဝိတ္က် ခ်င္သူေတြအေနနဲ႔ အထူးသံုးေဆာင္သင့္ပါတယ္။ ကိုယ္အေလးခ်ိန္က်ဆင္းေစႏိုင္သလို က်န္းမာေရးလည္းေကာင္းေစႏိုင္ပါတယ္။

အယ္လ္ဇိုင္းမားျဖစ္ႏိုင္ေျခ ေလ်ာ့က်
မၾကာေသးခင္က ေလ့လာမႈေတြအရ အနီေရာင္ေဂၚဖီထုပ္စားသံုးေပးတာက  အယ္လ္ဇိုင္းမားေရာဂါျဖစ္ႏိုင္ေျခကိုက်ဆင္းေစႏိုင္တယ္ဆိုပါတယ္။ အနီေရာင္ေဂၚဖီထုပ္မွာ ဗီတာမင္စီနဲ႔ anthocyanins လို႔ေခၚတဲ့ ဦးေႏွာက္မွာ အႏွစ္ေတြစုပံုတာကို ေလ်ာ့က်ေစႏိုင္တဲ့ ဓာတ္တိုးဆန္႔က်င္အာနိသင္ေတြပါဝင္တာေၾကာင့္ အယ္လ္ဇိုင္းမားေရာဂါ ျဖစ္ႏိုင္ေျခကိုလည္း ကာကြယ္ေပးပါတယ္။

Credit : Kumudra
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ဂါ်ဖီထုပ်ကိုအသုပ်တွေတဲ ထည့်စားသလိုကြော်စားတာ၊ ချက်စားတာဆိုပြီးအမျိုးမျိုးလုပ်စားကြပါတယ်။သည်လိုမျိုး အမျိုးမျိုးပြင်ဆင်စားသုံးနိုုင်တဲ့ ဂေါ်ဖီထုပ်မှာ phytonutrients တွေနဲ့ ဗီတာမင်အေ၊ ဗီတာမင်စီ၊ ဗီတာမင်ကေတို့လို ဗီတာမင်တွေလည်းကြွယ်ဝစွာပါဝင်နေပါတယ် ။ ဂေါ်ဖီထုပ်မှာ free radical တွေကိုလျှော့ချပေးပြီး ကင်ဆာရောဂါနဲ့ နှလုံးရောဂါလိုမျိုး သဘာဝဓာတ်တိုးဆန့် ကျင်အာနိသင်တွေပါဝင်နေပါတယ်။ ဂေါ်ဖီထုပ်မှာ ခန္ဓာကိုယ်ရဲ့ အစာခြေစနစ်အတွက်အရမ်းအရေးပါတဲ့ အမျှင်ဓာတ်လည်းပါဝင်နေပါတယ်။

ကင်ဆာကျိတ်တွေ ကြီးထွားမှုကို တားဆီး
ဂေါ်ဖီထုပ်မှာ lupeol, sinigrin , dindolylmethane (DIM)’ indole 3- carbinol (I3C)နဲ့ sulforaphaneတို့လို မျိုးကင်ဆာတိုက်ဖျက်ပေးနိုင်တဲ့ အာနိ သင်တွေရှိပါတယ်။ သည်ဓာတ်တွေက ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားအင်ဇိုင်းတွေဖြစ်ပေါ်လာအောင်လှုံ့ဆော်ပေးပါတယ်။ ကင်ဆာကျိတ်တွေ မကြီးထွားလာအောင် လည်း ဟန့်တားပေးပါတယ်။ ဂေါ်ဖီထုပ်ကရင်သားကင်ဆာဖြစ်နိုင်ခြေကိုလည်း  သိသိသာသာလျော့ကျစေနိုင်ပါတယ်။

အစာအိမ်အနာကို သက်သာစေ
ဂေါ်ဖီထုပ်က အစာအိမ်အနာကိုသက်သာစေနိုင်တဲ့ သဘာဝဆေးတစ်မျိုးပါ။ ဂေါ်ဖီထုပ်အရည်က အစာအိမ်နာတွေကိုထိထိရောက်ရောက်ကုသပေးနိုင်စွမ်းရှိပါ တယ်။ ဂေါ်ဖီထုပ်မှာ ဂလူတမင်းကြွယ်ဝစွာပါဝင်တာကြောင့် အစာအိမ်အနာကိုသက်သာစေနိုင်တာ ဖြစ်ပါတယ်။

ရောင်းရမ်းတာကို သက်သာစေ
ဂေါ်ဖီထုပ်မှာ အမိုင်နိုအက်ဆစ်ကြွယ်ဝစွာပါဝင်နေပြီး ရောင်ရမ်းမှုတွေကိုလျော့ပါးသက်သာစေနိုင်ပါတယ်။ ဝိတ်ကျချင်သူတွေအနေနဲ့လည်း ဂေါ်ဖီထုပ်ကိုစားသုံးပေးလို့ရပါတယ်။

ကိုယ်ခံအားစနစ်ကို  တိုးမြှင့်ပေး
ဂေါ်ဖီထုပ်မှာ ဗီတာမင်စီကြွယ်ဝစွာပါဝင်တာကြောင့် ကိုယ်ခံအားစနစ်ကိုတိုးတက်ကောင်းမွန်အောင်လုပ်ဆောင်ပေးနိုုင်သလို ခန္ဓာကိုယ်ကိုထိခိုက်စေနိုင်တဲ့ free radical တွေကိုတိုက်ထုတ်နိုင်အောင်လည်း ကူညီပေးပါတယ်။

အတွင်းတိမ်ဖြစ်နိုင်ခြေကို ကာကွယ်ပေး
ဂေါ်ဖီထုပ်မှာ ဘီတာကယ်ရိုနွိုက် ကြွယ်ဝစွာပါဝင်တာကြောင့် အသက်အရွယ်ကြောင့်ဖြစ်တဲ့ အမြင်အာရုံချို့ယွင်းတာနဲ့ မျက်စိအတွင်းတိမ်ဖြစ်တာတွေကိုကာ ကွယ်ပေးပါတယ်။

ဝိတ်ကျချင်သူတွေ သင့်တော်
ဝိတ်ကျချင်သူတွေစားသုံးဖို့ အထူးသင့်တော်တဲ့အစားအသောက်တစ်မျိုးပါ။ ဂေါ်ဖီထုပ်တစ်ခွက်စာမှာ ကယ်လိုရီ ၃၀ ရာခိုင်နှုန်းသာပါဝင်တာကြောင့် ဝိတ်ကျ ချင်သူတွေအနေနဲ့ အထူးသုံးဆောင်သင့်ပါတယ်။ ကိုယ်အလေးချိန်ကျဆင်းစေနိုင်သလို ကျန်းမာရေးလည်းကောင်းစေနိုင်ပါတယ်။

အယ်လ်ဇိုင်းမားဖြစ်နိုင်ခြေ လျော့ကျ
မကြာသေးခင်က လေ့လာမှုတွေအရ အနီရောင်ဂေါ်ဖီထုပ်စားသုံးပေးတာက  အယ်လ်ဇိုင်းမားရောဂါဖြစ်နိုင်ခြေကိုကျဆင်းစေနိုင်တယ်ဆိုပါတယ်။ အနီရောင်ဂေါ်ဖီထုပ်မှာ ဗီတာမင်စီနဲ့ anthocyanins လို့ခေါ်တဲ့ ဦးနှောက်မှာ အနှစ်တွေစုပုံတာကို လျော့ကျစေနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေပါဝင်တာကြောင့် အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေကိုလည်း ကာကွယ်ပေးပါတယ်။

Credit : Kumudra

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top