iMyanmarHouse.com - Best Property Website for Myanmar
×

၁။ ခ်စ္ျခင္းေမတၱာ

သင့္ ခ်စ္သူအေပၚ တကယ္ ခ်စ္တယ္ဆုိရင္ သင့္ရဲ႕ ေမတၱာဟာ သူ႔အတြက္ ေကာင္းဆံုး လက္ေဆာင္ပါ။ ႏူးညံ့ျခင္းမ်ား နဲ႔အတူ သင့္ရဲ႕ အေကာင္းဆံုး လက္ေဆာင္မွန္း သူ ခံစားမိပါေစ။

၂။ ေလးစားမႈ

ေယာက္်ားေလးပဲ ျဖစ္ျဖစ္၊ မိန္းကေလးပဲ ျဖစ္ျဖစ္ တစ္ေယာက္အေပၚ တစ္ေယာက္ အေျခခံ ေလးစားမႈ ဆုိတာ ရွိသင့္ပါတယ္။ ေလးစားမႈနဲ႔ ရင္းႏွီးကြ်မ္းဝင္မႈ တုိ႔က ေျပာင္းျပန္ အခ်ိဳးက်တယ္ ဆုိတာ မွားပါတယ္။ ဘယ္ေလာက္ပဲ ရင္းႏွီးေနပါေစ၊ ေလးစားမႈ ေပးသင့္ပါတယ္။

၃။ ၾကင္နာျခင္းမ်ား

ခ်စ္တယ္ဆုိရံုနဲ႔ စံုတြဲေတြ အတြက္ ျပီးျပည့္စံုမႈ မရွိပါဘူး။ ခ်စ္တယ္ ဆုိျပီး ရန္ျဖစ္ေနလုိ႔ မရပါဘူး။ ခ်စ္တယ္ ဆုိျပီး ဆဲဆုိ အႏိုင္ယူေနလို႔ မရပါဘူး။ သင့္ခ်စ္သူ သင့္အေပၚ တကယ္ တြယ္တာေစခ်င္ရင္ ၾကင္နာျခင္း ဆုိတဲ့ လက္ေဆာင္ကုိလည္း ေပးဖို႔ မေမ့ပါနဲ႔။

၄။ နားေထာင္တတ္တဲ့ နားတစ္စံု

ေကာင္ေလးဘက္က ဘဝနဲ႔ ဆုိင္တဲ့ အေတြ႕အၾကံဳေတြ ေျပာခ်ိန္မွာ နားေထာင္ေပးတတ္တဲ့ ေကာင္မေလး။ ေကာင္မေလးဘက္က ခံစားခ်က္ေတြ ရင္ဖြင့္ခ်ိန္မွာ ေဝမွ်ေပးတတ္တဲ့ ေကာင္ေလး။ ဒီအရာက အျပန္အလွန္ ေပးသင့္တဲ့ လက္ေဆာင္ေလး တစ္ခုပါ။

၅။ နားလည္မႈ

သင့္မွာ သင့္ခံစားခ်က္ ေတြကုိေရာ၊ သင့္ အေျခအေနေတြနဲ႔ အလုပ္အကုိင္၊ လူမႈေရး. အရာတုိင္းအေပၚ နားလည္ေပးတတ္တဲ့ ခ်စ္သူတစ္ေယာက္ ပုိင္ဆုိင္မယ္ဆုိရင္ သင္ ဘယ္ေလာက္ေတာင္ ဂုဏ္ယူလုိက္ေလမလဲ။ ဒီလုိပါပဲ.. သူ႔အတြက္လည္း သင္ဟာ နားလည္ေပးတတ္တဲ့ ခ်စ္သူ အျဖစ္နဲ႔ သူ တန္ဖုိးထားရမယ့္ လက္ေဆာင္ေလး ေပးနုိင္ပါတယ္။

၆။ ယံုၾကည္မႈနဲ႔ ရုိးသားမႈ

ဒီလုိ အျပည့္အဝ နားလည္ေပးနုိင္ဖုိ႔ ဆုိတာလည္း သင္တုိ႔ႏွစ္ေယာက္ အၾကား ယံုၾကည္မႈေတြ၊ ရုိးသားမႈေတြ ပါမွ ျဖစ္မွာပါ။ မရုိးသားမႈေတြ ရွိေနတဲ့သူကုိ ယံုၾကည္ေပးဖုိ႔ ခက္ခဲသလုိ၊ နားလည္ေပးဖုိ႔လည္း မလြယ္ကူပါဘူး။ ဒီလက္ေဆာင္ေလးကုိ အျပန္အလွန္ ေပးႏိုင္ရင္ေတာ့ အေကာင္းဆံုးေပ့ါ။

၇။ အခ်ိန္ေတြ

ခ်စ္သူေတြ ျဖစ္ၾကျပီ ဆုိကတည္းက သင္တုိ႔က တစ္ေယာက္ကို တစ္ေယာက္ နားလည္မႈေတြ၊ အၾကင္နာေတြ၊ ေမတၱာေတြ အစစအရာရာ ေဝမွ်ရမွာျဖစ္ျပီး အဲဒီ့ထဲမွာ အခ်ိန္လည္း ပါပါတယ္။ လုိအပ္ခ်ိန္တုိင္း ခ်စ္သူအနားမွာ ရွိေနေပးႏိုင္တာ သူအလုိခ်င္ဆံုး လက္ေဆာင္ဆိုတာ သင္မေမ့ပါနဲ႔။

၈။ တန္ဖုိးထားမႈ

ခ်စ္သူတုိင္း ခ်စ္ၾကပါတယ္။ ဒါေပမယ့္ တန္ဖိုးထားမႈ အပုိင္းမွာေတာ့ တစ္ေယာက္နဲ႔ တစ္ေယာက္ မတူၾကပါဘူး။ ကုိယ့္ခ်စ္သူကုိ တန္ဖိုးထားျပီး ခ်စ္တတ္တဲ့ သူေတြဟာ ကုိယ့္ခ်စ္သူကုိ တန္ဖိုးနည္းေစမယ့္ ဘယ္အရာကိုမွ မျပဳမူပါဘူး။ ဒါကေတာ့ သူ႔ကုိေပးႏိုင္တဲ့ သင့္ရဲ႕ ေစ်းအၾကီးဆံုး လက္ေဆာင္ပါ။

ခ်စ္သူေတြၾကားမွာ အမွတ္တရ ျဖစ္ေအာင္ ရုပ္ဝတၱဳ ပစၥည္းေတြကုိ လက္ေဆာင္အေနနဲ႔ ေပးတတ္ၾကပါတယ္။ ဒါေပယ့္ ခ်စ္သူေတြအၾကား လက္တြဲေတြ ၿမဲခ်င္ရင္ေတာ့ ခံစားမႈနဲ႔ ပါတ္သက္တဲ့ လက္ေဆာင္ေလးေတြ ေပးဖို႔ မေမ့ၾကပါနဲ႔…

Credit : သားရုိး (Focus Youth)
 ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
၁။ ချစ်ခြင်းမေတ္တာ

သင့် ချစ်သူအပေါ် တကယ် ချစ်တယ်ဆိုရင် သင့်ရဲ့ မေတ္တာဟာ သူ့အတွက် ကောင်းဆုံး လက်ဆောင်ပါ။ နူးညံ့ခြင်းများ နဲ့အတူ သင့်ရဲ့ အကောင်းဆုံး လက်ဆောင်မှန်း သူ ခံစားမိပါစေ။

၂။ လေးစားမှု

ယောက်ျားလေးပဲ ဖြစ်ဖြစ်၊ မိန်းကလေးပဲ ဖြစ်ဖြစ် တစ်ယောက်အပေါ် တစ်ယောက် အခြေခံ လေးစားမှု ဆိုတာ ရှိသင့်ပါတယ်။ လေးစားမှုနဲ့ ရင်းနှီးကျွမ်းဝင်မှု တို့က ပြောင်းပြန် အချိုးကျတယ် ဆိုတာ မှားပါတယ်။ ဘယ်လောက်ပဲ ရင်းနှီးနေပါစေ၊ လေးစားမှု ပေးသင့်ပါတယ်။

၃။ ကြင်နာခြင်းများ

ချစ်တယ်ဆိုရုံနဲ့ စုံတွဲတွေ အတွက် ပြီးပြည့်စုံမှု မရှိပါဘူး။ ချစ်တယ် ဆိုပြီး ရန်ဖြစ်နေလို့ မရပါဘူး။ ချစ်တယ် ဆိုပြီး ဆဲဆို အနိုင်ယူနေလို့ မရပါဘူး။ သင့်ချစ်သူ သင့်အပေါ် တကယ် တွယ်တာစေချင်ရင် ကြင်နာခြင်း ဆိုတဲ့ လက်ဆောင်ကိုလည်း ပေးဖို့ မမေ့ပါနဲ့။

၄။ နားထောင်တတ်တဲ့ နားတစ်စုံ

ကောင်လေးဘက်က ဘဝနဲ့ ဆိုင်တဲ့ အတွေ့အကြုံတွေ ပြောချိန်မှာ နားထောင်ပေးတတ်တဲ့ ကောင်မလေး။ ကောင်မလေးဘက်က ခံစားချက်တွေ ရင်ဖွင့်ချိန်မှာ ဝေမျှပေးတတ်တဲ့ ကောင်လေး။ ဒီအရာက အပြန်အလှန် ပေးသင့်တဲ့ လက်ဆောင်လေး တစ်ခုပါ။

၅။ နားလည်မှု

သင့်မှာ သင့်ခံစားချက် တွေကိုရော၊ သင့် အခြေအနေတွေနဲ့ အလုပ်အကိုင်၊ လူမှုရေး. အရာတိုင်းအပေါ် နားလည်ပေးတတ်တဲ့ ချစ်သူတစ်ယောက် ပိုင်ဆိုင်မယ်ဆိုရင် သင် ဘယ်လောက်တောင် ဂုဏ်ယူလိုက်လေမလဲ။ ဒီလိုပါပဲ.. သူ့အတွက်လည်း သင်ဟာ နားလည်ပေးတတ်တဲ့ ချစ်သူ အဖြစ်နဲ့ သူ တန်ဖိုးထားရမယ့် လက်ဆောင်လေး ပေးနိုင်ပါတယ်။

၆။ ယုံကြည်မှုနဲ့ ရိုးသားမှု

ဒီလို အပြည့်အဝ နားလည်ပေးနိုင်ဖို့ ဆိုတာလည်း သင်တို့နှစ်ယောက် အကြား ယုံကြည်မှုတွေ၊ ရိုးသားမှုတွေ ပါမှ ဖြစ်မှာပါ။ မရိုးသားမှုတွေ ရှိနေတဲ့သူကို ယုံကြည်ပေးဖို့ ခက်ခဲသလို၊ နားလည်ပေးဖို့လည်း မလွယ်ကူပါဘူး။ ဒီလက်ဆောင်လေးကို အပြန်အလှန် ပေးနိုင်ရင်တော့ အကောင်းဆုံးပေ့ါ။

၇။ အချိန်တွေ

ချစ်သူတွေ ဖြစ်ကြပြီ ဆိုကတည်းက သင်တို့က တစ်ယောက်ကို တစ်ယောက် နားလည်မှုတွေ၊ အကြင်နာတွေ၊ မေတ္တာတွေ အစစအရာရာ ဝေမျှရမှာဖြစ်ပြီး အဲဒီ့ထဲမှာ အချိန်လည်း ပါပါတယ်။ လိုအပ်ချိန်တိုင်း ချစ်သူအနားမှာ ရှိနေပေးနိုင်တာ သူအလိုချင်ဆုံး လက်ဆောင်ဆိုတာ သင်မမေ့ပါနဲ့။

၈။ တန်ဖိုးထားမှု

ချစ်သူတိုင်း ချစ်ကြပါတယ်။ ဒါပေမယ့် တန်ဖိုးထားမှု အပိုင်းမှာတော့ တစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူး။ ကိုယ့်ချစ်သူကို တန်ဖိုးထားပြီး ချစ်တတ်တဲ့ သူတွေဟာ ကိုယ့်ချစ်သူကို တန်ဖိုးနည်းစေမယ့် ဘယ်အရာကိုမှ မပြုမူပါဘူး။ ဒါကတော့ သူ့ကိုပေးနိုင်တဲ့ သင့်ရဲ့ ဈေးအကြီးဆုံး လက်ဆောင်ပါ။

ချစ်သူတွေကြားမှာ အမှတ်တရ ဖြစ်အောင် ရုပ်ဝတ္တု ပစ္စည်းတွေကို လက်ဆောင်အနေနဲ့ ပေးတတ်ကြပါတယ်။ ဒါပေယ့် ချစ်သူတွေအကြား လက်တွဲတွေ မြဲချင်ရင်တော့ ခံစားမှုနဲ့ ပါတ်သက်တဲ့ လက်ဆောင်လေးတွေ ပေးဖို့ မမေ့ကြပါနဲ့…

Credit : သားရိုး (Focus Youth)

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top