iMyanmarHouse.com - Best Property Website for Myanmar
×

ျမင္းခြာရြက္က အလွအပနဲ႔ က်န္းမာေရးအတြက္ ဘယ္လုိအက်ိဳးျပဳသလဲ

ေရစပ္စပ္နားမွာ ေပါက္ေလ့ရွိၿပီး အစိမ္းေရာင္ရွိတဲ့ ျမင္းခြာရြက္ကို သုပ္စားၾကတာရွိသလို၊ ဟင္းခ်ိဳလည္း ခ်က္ေသာက္ၾကပါတယ္။ မ်က္စိအားေကာင္းခ်င္တဲ့သူေတြကေတာ့ ျမင္းခြာရြက္ကို ေရစင္ေအာင္ ေဆးေၾကာၿပီး ေထာင္းကာ အရည္ညွစ္ေသာက္ၾကပါတယ္။ တကယ္ေတာ့ ျမင္းခြာရြက္မွာ မ်က္စိက်န္းမာေရးေကာင္းေစတဲ့ အာဟာရဓါတ္ေတြအျပင္ အလွအပနဲ႔ တျခားခႏၶာကိုယ္အစိတ္အပိုင္းေတြရဲ႕ က်န္းမာေရးကိုပါ ေကာင္းေစတဲ့ ဂုဏ္သတၱိေတြ ရွိပါတယ္။
က်န္းမာေရးေကာင္းမြန္ေစျခင္း

“Neurological sciences”ဂ်ာနယ္မွာေတာ့ ျမင္းခြာရြက္ဟာ ဓါတုပစၥည္းေတြေၾကာင့္ ဦးေႏွာက္ ထိခိုက္ပ်က္စီးျခင္းေတြ မျဖစ္ေအာင္ ကာကြယ္ေပးတယ္လို႔ ဆိုထားပါတယ္။ ျမင္းခြာရြက္ဟာ အသည္းက်န္းမာေရးအတြက္လည္း ေတာ္ေတာ္ေလးကို အေထာက္အကူျပဳပါတယ္။ ျမင္းခြာရြက္မွာ asiaticosida ပါဝင္တာမို႔ အသည္းပ်က္စီးျခင္းေတြကို ကာကြယ္ေပးပါတယ္။ ဆဲလ္ေတြ ပ်က္စီးျခင္းကို ေလွ်ာ့ခ်ေပးၿပီး အသည္းရဲ႕ လုပ္ေဆာင္ခ်က္ေတြ ပိုမိုေကာင္းမြန္ေအာင္ လုပ္ေဆာင္ေပးပါတယ္။ျမင္းခြာရြက္ဟာ ဆီးအိမ္မွာ ပိုးဝင္တာေတြ မျဖစ္ေစဖို႔ ကာကြယ္ရာမွာ အသံုးဝင္ပါေသးတယ္။ ျမင္းခြာရြက္ဟာ ဆီးအိမ္နာက်င္ျခင္းကို ျဖစ္ေစတဲ့ ဘက္တီးရီးယားပိုးေတြ ဝင္မလာႏိုင္ေအာင္ ကာကြယ္ေပးပါတယ္။

Free radicals ေတြဟာ ခႏၶာကုိယ္ က်န္းမာဖို႔ အေႏွာင့္အယွက္ ေပးလြန္းတဲ့ အရာပါ။ အကယ္လို႔ ခႏၶာကိုယ္ထဲမွာ ရွိတဲ့ Free radicals ေတြကို မဖယ္ရွားဘူးဆိုရင္ က်န္းမာေရးအတြက္ စိုးရိမ္ရတဲ့ ကင္ဆာဆဲလ္ေတြ ဒါမွမဟုတ္ ေရာဂါေတြ ဝင္ေရာက္လာႏိုင္ပါတယ္။ ျမင္းခြာရြက္ဟာ ခႏၶာကိုယ္ထဲက free radicals ေတြကို ဖယ္ရွားေပးႏိုင္ပါတယ္။ ဒီလိုဆိုရင္ေတာ့ က်န္းမာတဲ့ ဘဝကို ပိုင္ဆိုင္ရမွာပါ။ ခႏၶာကိုယ္မွာ ကိုယ္ခံအား ေကာင္းဖို႔ အရမ္းအေရးႀကီးပါတယ္။ ခႏၶာကိုယ္ ကိုယ္ခံအားစနစ္သာ ေကာင္းမြန္ေနမယ္ဆိုရင္ ဗိုင္းရပ္စ္ေတြ ဝင္မလာႏိုင္ေတာ့ပါဘူး။ ဒါေၾကာင့္ ျမင္းခြာရြက္ကို မ်ားမ်ားေလး စားေပးသင့္ပါတယ္။ က်န္းမာေရးေကာင္းမြန္ဖို႔အတြက္ ျမင္းခြာရြက္က ေပးစြမ္းႏိုင္တဲ့ ေနာက္အခ်က္တစ္ခ်က္ကေတာ့ ျမင္းခြာရြက္ စားသံုးျခင္းဟာ အားျပည့္သလို ခံစားေစရၿပီး အားအင္ေတြျပည့္ဝကာ စိတ္ဖိစီးမႈေတြ ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။
အလွအပအတြက္ အက်ိဳးျပဳျခင္း

ျမင္းခြာရြက္ဟာ အသားအေရ ေကာင္းမြန္ဖုိ႔ အေထာက္အကူျပဳပါတယ္။ ဒါ့အျပင္ အရြယ္မတိုင္ခင္ အသက္အရြယ္ႀကီးရင့္သလိုမ်ိဳး အေရးအေၾကာင္းေတြ မျဖစ္ေအာင္လည္း ကာကြယ္ေပးပါတယ္။ ဘာလို႔လဲဆိုေတာ့ ျမင္းခြာရြက္မွာ Collagen ပါဝင္မႈ မ်ားလို႔ပါပဲ။ ခႏၶာကိုယ္ထဲမွာ Collagen ပါဝင္မႈ မ်ားတာက အသားအေရကို ၾကည္လင္ေတာက္ပေစၿပီး အေရးအေၾကာင္းေတြနဲ႔ အသားအေရ မညီမွ်တာေတြကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။

ခႏၶာကိုယ္မွာ Cellulite ေတြမ်ားတာက မိန္းကေလးေတြရဲ႕ အလွကို ပ်က္စီးေစပါတယ္။ ဘာလို႔လဲဆိုေတာ့ Cellulite ေတြသာ ရွိေနမယ္ဆိုရင္ လိေမၼာ္ခြံလိုမ်ိဳး အဖုအထစ္ေတြ ျဖစ္ေနမွာပါ။ ဒါဆိုရင္ ၾကည့္မေကာင္းေတာ့ပါဘူး။ ဒီလို ျဖစ္ျခင္းကို ျမင္းခြာရြက္က ေလွ်ာ့ခ်ေပးပါတယ္။ ျမင္းခြာရြက္ စားသံုးျခင္းက  ေရာင္ရမ္းျခင္းေတြကို ေလွ်ာ့ေက်စၿပီး Cellulite ေတြ ရွိတဲ့ေနရာမွာ ေသြးလည္ပတ္စီးဆင္းမႈကို ျဖစ္ေစတာေၾကာင့္ Cellulite ျဖစ္ျခင္းေတြ ေလွ်ာ့နည္းေစၿပီး လွပေနဖို႔ အေထာက္အကူျပဳပါတယ္။

Hello ဆရာ၀န္စာဖတ္ပရိသတ္ေတြအတြက္ က်န္းမာေရးအတြက္လည္း ေကာင္းမြန္ေစၿပီး ခႏၶာကုိယ္နဲ႔ အသားအေရလွပဖို႔လည္း အေထာက္အကူျပဳတဲ့ ျမင္းခြာရြက္ကို မ်ားမ်ား စားေပးဖို႔ တိုက္တြန္းလိုက္ပါတယ္ေနာ္။

Credit : Hellosayarwon
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
မြင်းခွာရွက်က အလှအပနဲ့ ကျန်းမာရေးအတွက် ဘယ်လိုအကျိုးပြုသလဲ

ရေစပ်စပ်နားမှာ ပေါက်လေ့ရှိပြီး အစိမ်းရောင်ရှိတဲ့ မြင်းခွာရွက်ကို သုပ်စားကြတာရှိသလို၊ ဟင်းချိုလည်း ချက်သောက်ကြပါတယ်။ မျက်စိအားကောင်းချင်တဲ့သူတွေကတော့ မြင်းခွာရွက်ကို ရေစင်အောင် ဆေးကြောပြီး ထောင်းကာ အရည်ညှစ်သောက်ကြပါတယ်။ တကယ်တော့ မြင်းခွာရွက်မှာ မျက်စိကျန်းမာရေးကောင်းစေတဲ့ အာဟာရဓါတ်တွေအပြင် အလှအပနဲ့ တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေရဲ့ ကျန်းမာရေးကိုပါ ကောင်းစေတဲ့ ဂုဏ်သတ္တိတွေ ရှိပါတယ်။
ကျန်းမာရေးကောင်းမွန်စေခြင်း

“Neurological sciences”ဂျာနယ်မှာတော့ မြင်းခွာရွက်ဟာ ဓါတုပစ္စည်းတွေကြောင့် ဦးနှောက် ထိခိုက်ပျက်စီးခြင်းတွေ မဖြစ်အောင် ကာကွယ်ပေးတယ်လို့ ဆိုထားပါတယ်။ မြင်းခွာရွက်ဟာ အသည်းကျန်းမာရေးအတွက်လည်း တော်တော်လေးကို အထောက်အကူပြုပါတယ်။ မြင်းခွာရွက်မှာ asiaticosida ပါဝင်တာမို့ အသည်းပျက်စီးခြင်းတွေကို ကာကွယ်ပေးပါတယ်။ ဆဲလ်တွေ ပျက်စီးခြင်းကို လျှော့ချပေးပြီး အသည်းရဲ့ လုပ်ဆောင်ချက်တွေ ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ပေးပါတယ်။မြင်းခွာရွက်ဟာ ဆီးအိမ်မှာ ပိုးဝင်တာတွေ မဖြစ်စေဖို့ ကာကွယ်ရာမှာ အသုံးဝင်ပါသေးတယ်။ မြင်းခွာရွက်ဟာ ဆီးအိမ်နာကျင်ခြင်းကို ဖြစ်စေတဲ့ ဘက်တီးရီးယားပိုးတွေ ဝင်မလာနိုင်အောင် ကာကွယ်ပေးပါတယ်။

Free radicals တွေဟာ ခန္ဓာကိုယ် ကျန်းမာဖို့ အနှောင့်အယှက် ပေးလွန်းတဲ့ အရာပါ။ အကယ်လို့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ Free radicals တွေကို မဖယ်ရှားဘူးဆိုရင် ကျန်းမာရေးအတွက် စိုးရိမ်ရတဲ့ ကင်ဆာဆဲလ်တွေ ဒါမှမဟုတ် ရောဂါတွေ ဝင်ရောက်လာနိုင်ပါတယ်။ မြင်းခွာရွက်ဟာ ခန္ဓာကိုယ်ထဲက free radicals တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒီလိုဆိုရင်တော့ ကျန်းမာတဲ့ ဘဝကို ပိုင်ဆိုင်ရမှာပါ။ ခန္ဓာကိုယ်မှာ ကိုယ်ခံအား ကောင်းဖို့ အရမ်းအရေးကြီးပါတယ်။ ခန္ဓာကိုယ် ကိုယ်ခံအားစနစ်သာ ကောင်းမွန်နေမယ်ဆိုရင် ဗိုင်းရပ်စ်တွေ ဝင်မလာနိုင်တော့ပါဘူး။ ဒါကြောင့် မြင်းခွာရွက်ကို များများလေး စားပေးသင့်ပါတယ်။ ကျန်းမာရေးကောင်းမွန်ဖို့အတွက် မြင်းခွာရွက်က ပေးစွမ်းနိုင်တဲ့ နောက်အချက်တစ်ချက်ကတော့ မြင်းခွာရွက် စားသုံးခြင်းဟာ အားပြည့်သလို ခံစားစေရပြီး အားအင်တွေပြည့်ဝကာ စိတ်ဖိစီးမှုတွေ လျှော့ချပေးနိုင်ပါတယ်။
အလှအပအတွက် အကျိုးပြုခြင်း

မြင်းခွာရွက်ဟာ အသားအရေ ကောင်းမွန်ဖို့ အထောက်အကူပြုပါတယ်။ ဒါ့အပြင် အရွယ်မတိုင်ခင် အသက်အရွယ်ကြီးရင့်သလိုမျိုး အရေးအကြောင်းတွေ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ ဘာလို့လဲဆိုတော့ မြင်းခွာရွက်မှာ Collagen ပါဝင်မှု များလို့ပါပဲ။ ခန္ဓာကိုယ်ထဲမှာ Collagen ပါဝင်မှု များတာက အသားအရေကို ကြည်လင်တောက်ပစေပြီး အရေးအကြောင်းတွေနဲ့ အသားအရေ မညီမျှတာတွေကို လျှော့ချပေးနိုင်ပါတယ်။

ခန္ဓာကိုယ်မှာ Cellulite တွေများတာက မိန်းကလေးတွေရဲ့ အလှကို ပျက်စီးစေပါတယ်။ ဘာလို့လဲဆိုတော့ Cellulite တွေသာ ရှိနေမယ်ဆိုရင် လိမ္မော်ခွံလိုမျိုး အဖုအထစ်တွေ ဖြစ်နေမှာပါ။ ဒါဆိုရင် ကြည့်မကောင်းတော့ပါဘူး။ ဒီလို ဖြစ်ခြင်းကို မြင်းခွာရွက်က လျှော့ချပေးပါတယ်။ မြင်းခွာရွက် စားသုံးခြင်းက  ရောင်ရမ်းခြင်းတွေကို လျှော့ကျေစပြီး Cellulite တွေ ရှိတဲ့နေရာမှာ သွေးလည်ပတ်စီးဆင်းမှုကို ဖြစ်စေတာကြောင့် Cellulite ဖြစ်ခြင်းတွေ လျှော့နည်းစေပြီး လှပနေဖို့ အထောက်အကူပြုပါတယ်။

Hello ဆရာဝန်စာဖတ်ပရိသတ်တွေအတွက် ကျန်းမာရေးအတွက်လည်း ကောင်းမွန်စေပြီး ခန္ဓာကိုယ်နဲ့ အသားအရေလှပဖို့လည်း အထောက်အကူပြုတဲ့ မြင်းခွာရွက်ကို များများ စားပေးဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

Credit : Hellosayarwon

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top