iMyanmarHouse.com - Best Property Website for Myanmar
×

၁. အမ်ိဳးသမီးေတြၾကားမွာ သီးသန္႔အုပ္စုဖြဲ႕လာတယ္

ဒီဂ်စ္တယ္မီဒီယာေတြေပၚလာတဲ့အခါမွာ ဘေလာ့ေတြ၊ ဆိုရွယ္မီဒီယာေတြကတဆင့္ သေဘာထားခ်င္းတိုက္ဆိုက္တဲ့ အမ်ိဳးသမီးတစ္ေယာက္နဲ႔ တစ္ေယာက္ဆက္သြယ္မိလာၾကပါတယ္။ အလွအပ၊ ဖက္ရွင္ အေၾကာင္းအရာကေန၊ မိသားစု၊ လုပ္ငန္းခြင္ နဲ႔ လူမႈေရးျပႆနာေတြအထိ အခ်င္းခ်င္း သေဘာထားဖလွယ္တာ၊ အႀကံျပဳတာ၊ သတိေပးတာတို႔ လုပ္လာၾကပါတယ္။

၂. အမ်ိဳးသမီးအခြင့္ေရးအပိုင္းမွာ အသိပညာပိုၿပီး က်ယ္ျပန္႔လာတယ္

အင္တာနက္ရဲ႕ ျမန္ဆန္မႈေၾကာင့္ အခုဆိုရင္ တကမၻာလုံးမွာ ျဖစ္ေနတဲ့ သတင္းေတြ၊ လက္ရွိအေျခအေနေတြကို ကို ပိုၿပီး သိလာရပါတယ္။ ဒီမိုကေရစီႏိုင္ငံေတြမွာ အမ်ိဳးသမီးေတြနဲ႔ပတ္သက္ၿပီး ေခါင္းေဆာင္မႈအပိုင္း၊ တန္းတူညီမၽွမႈ၊ အၾကမ္းဖက္မႈ စတာေတြကို အခြင့္အေရးရရွိဖို႔လုပ္ေဆာင္ခ်က္၊ အဆိုျပဳခ်က္၊ ဆႏၵထုတ္ေဖာ္တာေတြကို ျမင္ေတြ႔လာရပါတယ္။

၃. ေခါင္းေဆာင္မႈအပိုင္းမွာ ပိုၿပီး လႊမ္းမိုးမႈရွိေစတယ္

အမ်ိဳးသမီးတစ္ေယာက္ဟာ တခါတရံမွာ ပတ္၀န္းက်င္မွာ ေန႔စဥ္ရင္ဆိုင္ေနတဲ့ သူေတြၾကားမွာပဲ ၾသဇာလႊမ္းမိုးမႈ ရွိႏိုင္သလို၊ ဒီဂ်စ္တယ္မီဒီယာရဲ႕ ခ်ိတ္ဆက္မႈကတဆင့္ တျခားနယ္ပယ္ကသူေတြေပၚမွာပါ လႊမ္းမိုးမႈရွိေစပါတယ္။ ဒါ့အျပင္ ယဥ္ေက်းမႈအရ အမ်ိဳးသမီးေတြကို ပတ္၀န္းက်င္မွာ ခြင့္မျပဳတဲ့ အေၾကာင္းအရာေတြနဲ႔ ပတ္သက္ၿပီး ကိုယ့္ရဲ႕ အျမင္ေတြ၊ အသိပညာ၊ ဗဟုဟုသုတေတြကို Facebook တို႔၊ Twitter တို႔ကေနတဆင့္ ထုတ္ေဖာ္ တင္ျပလာၾကပါတယ္။

၄. ကိုယ္ပိုင္စီးပြားေရး ထူေထာင္ဖို႔ နည္းလမ္းေတြရလာတယ္

ဒီေနရာမွာေတာ့ ဒီေန႔ Facebook မွာရွိတဲ့ bloggers ေတြနဲ႔ online shop ေတြကို ဥပမာေပးခ်င္ပါတယ္။ အေပၚမွာ ေျပာခဲ့သလိုပဲ ဒီဂ်စ္တယ္မီဒီယာရဲ႕ ခ်ိတ္ဆက္မႈေၾကာင့္ လူအမ်ားအျပားကို လႊမ္းမိုးမႈရွိေစတာဟာ ကိုယ္ပိုင္စီးပြားေရးကို ထူေထာင္ဖို႔ နည္းလမ္းေတြရလာေစပါတယ္။ ကိုယ့္ရဲ႕ brand တခုကို က်ယ္ျပန္႔ေအာင္လာေအာင္လုပ္ဖို႔ အတြက္ ဒီဂ်စ္မီဒီယာဟာ အလ်င္ျမန္ဆုံး၊ အလြယ္ကူဆုံးနဲ႔ စရိတ္အနည္းဆုံး နည္းလမ္းတစ္ခုျဖစ္ပါတယ္။

၅. အလုပ္အကိုင္ အခြင့္အလမ္းေကာင္းေတြ ပိုရလာတယ္

ဒီဂ်စ္တယ္ေခတ္မွာ အလုပ္အကိုင္နဲ႔ပတ္သက္ၿပီး အခြင့္အလမ္းေကာင္းပိုၿပီး ပြင့္လင္းလာပါတယ္။ အထူးသျဖင့္ အသက္ငယ္တဲ့မိန္းကေလးေတြအတြက္ အလုပ္အကိုင္ အခြင့္အလမ္းေတြ ရလာၾကတာကို ေတြ႔ရပါတယ္။ ဒီဂ်စ္တယ္မီဒီယာ ရဲ႕ ခ်ိတ္ဆက္ႏိုင္တဲ့ စြမ္းအားေၾကာင့္ အဆက္အသြယ္ေတြရလာႏိုင္သလို ၊ လုပ္ငန္းရွင္ေတြကလည္း ကိုယ့္ကို တိုက္ရိုက္ဆက္သြယ္လာႏိုင္တာေၾကာင့္ အခြင့္အလမ္းေကာင္းေတြ ပိုၿပီးရရွိလာႏိုင္တာျဖစ္ပါတယ္။

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
၁. အမျိုးသမီးတွေကြားမှာ သီးသန့်အုပ်စုဖွဲ့လာတယ်

ဒီဂျစ်တယ်မီဒီယာတွေပေါ်လာတဲ့အခါမှာ ဘလော့တွေ၊ ဆိုရှယ်မီဒီယာတွေကတဆင့် သဘောထားချင်းတိုက်ဆိုက်တဲ့ အမျိုးသမီးတစ်ယောက်နဲ့ တစ်ယောက်ဆက်သွယ်မိလာကြပါတယ်။ အလှအပ၊ ဖက်ရှင် အကြောင်းအရာကနေ၊ မိသားစု၊ လုပ်ငန်းခွင် နဲ့ လူမှုရေးပြဿနာတွေအထိ အချင်းချင်း သဘောထားဖလှယ်တာ၊ အကြံပြုတာ၊ သတိပေးတာတို့ လုပ်လာကြပါတယ်။

၂. အမျိုးသမီးအခွင့်ရေးအပိုင်းမှာ အသိပညာပိုပြီး ကျယ်ပြန့်လာတယ်

အင်တာနက်ရဲ့ မြန်ဆန်မှုကြောင့် အခုဆိုရင် တကမ္ဘာလုံးမှာ ဖြစ်နေတဲ့ သတင်းတွေ၊ လက်ရှိအခြေအနေတွေကို ကို ပိုပြီး သိလာရပါတယ်။ ဒီမိုကရေစီနိုင်ငံတွေမှာ အမျိုးသမီးတွေနဲ့ပတ်သက်ပြီး ခေါင်းဆောင်မှုအပိုင်း၊ တန်းတူညီမျှမှု၊ အကြမ်းဖက်မှု စတာတွေကို အခွင့်အရေးရရှိဖို့လုပ်ဆောင်ချက်၊ အဆိုပြုချက်၊ ဆန္ဒထုတ်ဖော်တာတွေကို မြင်တွေ့လာရပါတယ်။

၃. ခေါင်းဆောင်မှုအပိုင်းမှာ ပိုပြီး လွှမ်းမိုးမှုရှိစေတယ်

အမျိုးသမီးတစ်ယောက်ဟာ တခါတရံမှာ ပတ်ဝန်းကျင်မှာ နေ့စဉ်ရင်ဆိုင်နေတဲ့ သူတွေကြားမှာပဲ သြဇာလွှမ်းမိုးမှု ရှိနိုင်သလို၊ ဒီဂျစ်တယ်မီဒီယာရဲ့ ချိတ်ဆက်မှုကတဆင့် တခြားနယ်ပယ်ကသူတွေပေါ်မှာပါ လွှမ်းမိုးမှုရှိစေပါတယ်။ ဒါ့အပြင် ယဉ်ကျေးမှုအရ အမျိုးသမီးတွေကို ပတ်ဝန်းကျင်မှာ ခွင့်မပြုတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ကိုယ့်ရဲ့ အမြင်တွေ၊ အသိပညာ၊ ဗဟုဟုသုတတွေကို Facebook တို့၊ Twitter တို့ကနေတဆင့် ထုတ်ဖော် တင်ပြလာကြပါတယ်။

၄. ကိုယ်ပိုင်စီးပွားရေး ထူထောင်ဖို့ နည်းလမ်းတွေရလာတယ်

ဒီနေရာမှာတော့ ဒီနေ့ Facebook မှာရှိတဲ့ bloggers တွေနဲ့ online shop တွေကို ဥပမာပေးချင်ပါတယ်။ အပေါ်မှာ ပြောခဲ့သလိုပဲ ဒီဂျစ်တယ်မီဒီယာရဲ့ ချိတ်ဆက်မှုကြောင့် လူအများအပြားကို လွှမ်းမိုးမှုရှိစေတာဟာ ကိုယ်ပိုင်စီးပွားရေးကို ထူထောင်ဖို့ နည်းလမ်းတွေရလာစေပါတယ်။ ကိုယ့်ရဲ့ brand တခုကို ကျယ်ပြန့်အောင်လာအောင်လုပ်ဖို့ အတွက် ဒီဂျစ်မီဒီယာဟာ အလျင်မြန်ဆုံး၊ အလွယ်ကူဆုံးနဲ့ စရိတ်အနည်းဆုံး နည်းလမ်းတစ်ခုဖြစ်ပါတယ်။

၅. အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေ ပိုရလာတယ်

ဒီဂျစ်တယ်ခေတ်မှာ အလုပ်အကိုင်နဲ့ပတ်သက်ပြီး အခွင့်အလမ်းကောင်းပိုပြီး ပွင့်လင်းလာပါတယ်။ အထူးသဖြင့် အသက်ငယ်တဲ့မိန်းကလေးတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ရလာကြတာကို တွေ့ရပါတယ်။ ဒီဂျစ်တယ်မီဒီယာ ရဲ့ ချိတ်ဆက်နိုင်တဲ့ စွမ်းအားကြောင့် အဆက်အသွယ်တွေရလာနိုင်သလို ၊ လုပ်ငန်းရှင်တွေကလည်း ကိုယ့်ကို တိုက်ရိုက်ဆက်သွယ်လာနိုင်တာကြောင့် အခွင့်အလမ်းကောင်းတွေ ပိုပြီးရရှိလာနိုင်တာဖြစ်ပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top