iMyanmarHouse.com - Best Property Website for Myanmar
×

ေနအိမ္အမ်ားစုမွာ မာလကာပင္ေတြစိုက္ပ်ိဳးထားေလ့ရွိျပီး အသီးကိုသာအဓိကထားစားသံုး ေလ့ရွိၾကပါတယ္။ သို့ေသာ္လည္း အမ်ားစုသတိမမူမိတဲ့ အခ်က္ကေတာ့ မာလကာရြက္ရဲ့ အံ့ဖြယ္ေဆးဖက္၀င္အစြမ္းသတိၱေတြပဲ ျဖစ္ပါတယ္။

မာလကာရြက္ဟာ သဘာ၀ ေဆး၀ါးတစ္မ်ိဳးျဖစ္ျပီး ဓာတ္တိုး ဆန့္က်င္ဂုဏ္သတိၱ၊ ေရာဂါပိုးမႊားေတြကူးစက္တာကိုကာကြယ္ႏိုင္တဲ့အစြမ္းသတိၱ၊ ေရာင္ရမ္းတာေတြ၊ နာက်င္တာေတြကို ေပ်ာက္ကင္းေစတဲ့ ဂုဏ္သတိၱေတြပါ၀င္ပါတယ္။ ယေန့ေခတ္မွာဆိုရင္ မာလကာရြက္ကေန ေဆး၀ါးတို့၊ မာလကာရြက္လက္ဖက္ေျခာက္တို့ပါ ထုတ္လုပ္သံုးစြဲလာၾကျပီျဖစ္ပါတယ္။

ကိုယ္အေလးခ်ိန္ေလ်ာ့ခ်ခ်င္ရင္လည္း မာလကာရြက္က ေထာက္ကူေပးႏိုင္ျပီး ေသြးတြင္းသၾကားဓာတ္ပမာဏကို ေလွ်ာ့ခ်ေပးႏိုင္တာေၾကာင့္ ဆီးခ်ိဳေရာဂါအတြက္ပါ ေကာင္းက်ိဳးျပဳပါတယ္။ မာလကာရြက္လက္ဖက္ေျခာက္ကို သံုးလေလာက္ေသာက္ေပးမယ္ဆိုရင္ ခႏၶာကိုယ္ကိုအက်ိဳးမျပဳတဲ့ ကိုယ္လက္စထေရာေတြကို ဖယ္ရွားေပးႏိုင္တယ္လို့ဆိုပါတယ္။

၀မ္းပ်က္၀မ္းေလွ်ာနဲ့ ၀မ္းကိုက္တာေတြျဖစ္ျပီဆိုရင္လည္း မာလကာရြက္က ေဆးဖက္၀င္ျပန္ပါတယ္။ ေနာက္ျပီး အစာအဆိပ္သင့္တာေတြ၊ ေအာ့အန္တာေတြနဲ့ အစာမေၾကတာေတြကိုလည္း သက္သာေပ်ာက္ကင္းေစပါတယ္။ ဒါ့အျပင္ ပန္းနာရင္က်ပ္ေရာဂါ အတြက္ဆိုရင္လည္း မာလကာရြက္နဲ့ ကုသႏိုင္ပါေသးတယ္။

သြားကိုက္တာ၊ လည္ေခ်ာင္းနာတာနဲ့ သြားဖံုးေရာဂါေတြဆိုရင္လည္း မာလကာရြက္လတ္လတ္ဆတ္ဆတ္ကို ေခ်ျပီးအရည္ညွစ္ ပလုတ္က်င္းေပးရင္ေပ်ာက္ကင္းႏိုင္ပါတယ္။ ဒါေၾကာင့္မို့ မာလကာရြက္ကို သြားတိုက္ေဆးထုတ္လုပ္ရာမွာထည့္သြင္းၾကပါတယ္။ ခံတြင္းနံသင္းဖို့အတြက္သာမက ခံတြင္းက်န္းမာေရးအတြက္ မာလကာရြက္ကို ၾကိတ္ေျခအႏွစ္ျပဳလုပ္ျပီး အိမ္မွာသဘာ၀ေဆးခါး အျဖစ္သံုႏိုင္ပါတယ္။

မာလကာရြက္ကို ေသြးလြန္တုပ္ေကြးေရာဂါနဲ့ ပေရာ့စတိတ္ ကင္ဆာေရာဂါကုသဖို့လည္း အသံုးျပဳပါတယ္။ ဓာတ္မတည့္လို့ ယားယံတာ၊ အဖုအပိမ့္ထြက္တာေတြျဖစ္ရင္လည္း မာလကာရြက္နဲ့ ပြတ္ေပးရင္သက္သာေပ်ာက္ကင္းႏိုင္သလို ထိခိုက္ရွနာျဖစ္ရင္လည္း မာလကာရြက္ကိုၾကိတ္ေျချပီး အံုေပးရင္ေပ်ာက္ကင္းႏိုင္ပါတယ္။

အေရျပားအေရာင္မမွန္တာေတြ ၀က္ျခံ၊ ဆား၀က္ျခံေတြကိုလည္း မာလကာရြက္အႏွစ္နဲ့ သုတ္လိမ္းျပီး ေပ်ာက္ကင္းေအာင္ျပဳလုပ္ႏိုင္သလို မာလကာရြက္အႏွစ္နဲ့ ေပါင္းတင္ေပးရင္လည္း အေရျပားတြန့္တာေတြေပ်ာက္ကင္းျပီး တင္းရင္းလွပေစပါတယ္။ ဒါတင္မကေသးဘဲ မာလကာရြက္လက္တစ္ဆုပ္စာကို ေရတစ္လီတာေလာက္နဲ့ မိနစ္ ၂၀ ေလာက္ျပဳတ္ျပီး ေအးသြားတဲ့အခါ မာလကာရြက္ျပဳတ္ရည္နဲ့ ဦးေရျပားကိုသုတ္လိမ္းျပီး ႏွိပ္နယ္ေပးရင္ ဆံပင္က်ြတ္တာေတြ ေပ်ာက္ကင္းျပီး သန္စြမ္းေစပါတယ္။

Credit : 7 Day Daily
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
နေအိမ်အများစုမှာ မာလကာပင်တွေစိုက်ပျိုးထားလေ့ရှိပြီး အသီးကိုသာအဓိကထားစားသုံး လေ့ရှိကြပါတယ်။ သို့သော်လည်း အများစုသတိမမူမိတဲ့ အချက်ကတော့ မာလကာရွက်ရဲ့ အံ့ဖွယ်ဆေးဖက်ဝင်အစွမ်းသတ္တိတွေပဲ ဖြစ်ပါတယ်။

မာလကာရွက်ဟာ သဘာ၀ ဆေးဝါးတစ်မျိုးဖြစ်ပြီး ဓာတ်တိုး ဆန့်ကျင်ဂုဏ်သတ္တိ၊ ရောဂါပိုးမွှားတွေကူးစက်တာကိုကာကွယ်နိုင်တဲ့အစွမ်းသတ္တိ၊ ရောင်ရမ်းတာတွေ၊ နာကျင်တာတွေကို ပျောက်ကင်းစေတဲ့ ဂုဏ်သတ္တိတွေပါဝင်ပါတယ်။ ယနေ့ခေတ်မှာဆိုရင် မာလကာရွက်ကနေ ဆေးဝါးတို့၊ မာလကာရွက်လက်ဖက်ခြောက်တို့ပါ ထုတ်လုပ်သုံးစွဲလာကြပြီဖြစ်ပါတယ်။

ကိုယ်အလေးချိန်လျော့ချချင်ရင်လည်း မာလကာရွက်က ထောက်ကူပေးနိုင်ပြီး သွေးတွင်းသကြားဓာတ်ပမာဏကို လျှော့ချပေးနိုင်တာကြောင့် ဆီးချိုရောဂါအတွက်ပါ ကောင်းကျိုးပြုပါတယ်။ မာလကာရွက်လက်ဖက်ခြောက်ကို သုံးလလောက်သောက်ပေးမယ်ဆိုရင် ခန္ဓာကိုယ်ကိုအကျိုးမပြုတဲ့ ကိုယ်လက်စထရောတွေကို ဖယ်ရှားပေးနိုင်တယ်လို့ဆိုပါတယ်။

ဝမ်းပျက်ဝမ်းလျှောနဲ့ ဝမ်းကိုက်တာတွေဖြစ်ပြီဆိုရင်လည်း မာလကာရွက်က ဆေးဖက်ဝင်ပြန်ပါတယ်။ နောက်ပြီး အစာအဆိပ်သင့်တာတွေ၊ အော့အန်တာတွေနဲ့ အစာမကြေတာတွေကိုလည်း သက်သာပျောက်ကင်းစေပါတယ်။ ဒါ့အပြင် ပန်းနာရင်ကျပ်ရောဂါ အတွက်ဆိုရင်လည်း မာလကာရွက်နဲ့ ကုသနိုင်ပါသေးတယ်။

သွားကိုက်တာ၊ လည်ချောင်းနာတာနဲ့ သွားဖုံးရောဂါတွေဆိုရင်လည်း မာလကာရွက်လတ်လတ်ဆတ်ဆတ်ကို ချေပြီးအရည်ညှစ် ပလုတ်ကျင်းပေးရင်ပျောက်ကင်းနိုင်ပါတယ်။ ဒါကြောင့်မို့ မာလကာရွက်ကို သွားတိုက်ဆေးထုတ်လုပ်ရာမှာထည့်သွင်းကြပါတယ်။ ခံတွင်းနံသင်းဖို့အတွက်သာမက ခံတွင်းကျန်းမာရေးအတွက် မာလကာရွက်ကို ကြိတ်ခြေအနှစ်ပြုလုပ်ပြီး အိမ်မှာသဘာဝဆေးခါး အဖြစ်သုံနိုင်ပါတယ်။

မာလကာရွက်ကို သွေးလွန်တုပ်ကွေးရောဂါနဲ့ ပရော့စတိတ် ကင်ဆာရောဂါကုသဖို့လည်း အသုံးပြုပါတယ်။ ဓာတ်မတည့်လို့ ယားယံတာ၊ အဖုအပိမ့်ထွက်တာတွေဖြစ်ရင်လည်း မာလကာရွက်နဲ့ ပွတ်ပေးရင်သက်သာပျောက်ကင်းနိုင်သလို ထိခိုက်ရှနာဖြစ်ရင်လည်း မာလကာရွက်ကိုကြိတ်ခြေပြီး အုံပေးရင်ပျောက်ကင်းနိုင်ပါတယ်။

အရေပြားအရောင်မမှန်တာတွေ ဝက်ခြံ၊ ဆားဝက်ခြံတွေကိုလည်း မာလကာရွက်အနှစ်နဲ့ သုတ်လိမ်းပြီး ပျောက်ကင်းအောင်ပြုလုပ်နိုင်သလို မာလကာရွက်အနှစ်နဲ့ ပေါင်းတင်ပေးရင်လည်း အရေပြားတွန့်တာတွေပျောက်ကင်းပြီး တင်းရင်းလှပစေပါတယ်။ ဒါတင်မကသေးဘဲ မာလကာရွက်လက်တစ်ဆုပ်စာကို ရေတစ်လီတာလောက်နဲ့ မိနစ် ၂၀ လောက်ပြုတ်ပြီး အေးသွားတဲ့အခါ မာလကာရွက်ပြုတ်ရည်နဲ့ ဦးရေပြားကိုသုတ်လိမ်းပြီး နှိပ်နယ်ပေးရင် ဆံပင်ကျွတ်တာတွေ ပျောက်ကင်းပြီး သန်စွမ်းစေပါတယ်။

Credit : 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top