iMyanmarHouse.com - Best Property Website for Myanmar
×

ကဖင္းဓာတ္ဟာ ကြ်န္ေတာ္တို႔ရဲ႕ ေန႔စဥ္ဘဝမွာ မရွိမျဖစ္လိုအပ္တဲ႔ အာဟာရဓာတ္တစ္ခုလိုေတာင္ ျဖစ္ေနပါၿပီ။

ကဖင္းဓာတ္ဟာ ကြ်န္ေတာ္တို႔ရဲ႕ ေန႔စဥ္ဘဝမွာ မရွိမျဖစ္လိုအပ္တဲ႔ အာဟာရဓာတ္တစ္ခုလိုေတာင္ ျဖစ္ေနပါၿပီ။ မနက္တိုင္း မနက္တိုင္းမွာ ေကာ္ဖီပူပူေလးတစ္ခြက္ ေသာက္လိုက္ရမွ က်န္တာေတြ ဆက္လုပ္ႏိုင္တဲ႔သူေတြလည္း ဒုနဲ႔ေဒးပါ။ ဘာပဲေျပာေျပာ ေကာ္ဖီပူပူူေလးတစ္ခြက္ေလာက္ ေကာင္းတဲ႔ ႏိႈးစက္နာရီ ဘယ္မွာရွိဦးမလဲ။ ေကာ္ဖီမွာ ဦးေႏွာက္အာရံုေၾကာေရာဂါေတြကို ကာကြယ္ေပးႏိုင္တာလိုမ်ိဳး က်န္းမာေရးအက်ိဳးေက်းဇူးေတြ အမ်ားႀကီးရွိတာကိုေတာ႔ သိထားၿပီးျဖစ္မွာပါ။ ဒါေပမယ္႔ ေကာ္ဖီနဲ႔ပတ္သက္ၿပီး သတိထားစရာတစ္ခုကေတာ႔ ရွိေနပါေသးတယ္။

အဲဒါကေတာ႔ ေကာ္ဖီကို ဗိုက္ထဲမွာ (အစာအိမ္ထဲမွာ) ဘာမွမရွိဘဲ တန္းမေသာက္ဖို႔ပါပဲ။ ဘာလို႔လဲဆိုေတာ႔ ေကာ္ဖီမွာ အစာေျခအဂၤါ အဖြဲ႕အစည္းအေပၚ ႀကီးမားတဲ႔ သက္ေရာက္မႈတစ္ခု ရွိေနေစႏိုင္လို႔ပါပဲ။ မနက္မိုးလင္း ဗိုုက္ထဲမွာ ဘာမွမရွိေသးခင္မွာ ေကာ္ဖီတစ္ခြက္ ေကာက္ေမာ႔လိုက္တာက အစာအိမ္ထဲမွာ အက္ဆစ္ထြက္လာေစဖို႔ကို လႈံ႕ေဆာ္ေပးၿပီး အဲဒီအက္ဆစ္ေတြဟာ အစာအိမ္လမ္းေၾကာင္းကို ထိခိုက္ေစၿပီးေတာ႔ အစာမေၾကျခင္း၊ ရင္ဘတ္ေအာင္႔ျခင္းတို႔ကို ျဖစ္ေစပါတယ္။ ကဖင္းဓာတ္ထုတ္ထားတဲ႔ ေကာ္ဖီေတြဆိုရင္လည္း တူတူပါပဲ။

ဒီတစ္ခုတည္း မဟုတ္ေသးပါဘူး။ ဗိုက္ထဲမွာ အစာမရွိဘဲ ေကာ္ဖီေသာက္ျခင္းျဖင္႔ ေျခေတြလက္ေတြ တုန္လာမယ္၊ ကတုန္ကရင္ ျဖစ္လာမယ္၊ ေနာက္ တျခားေဘးထြက္ဆိုးက်ိဳးေတြလည္း ျဖစ္လာႏိုင္ပါတယ္။ ဒါ႔အျပင္ ႏွလံုးခုန္္ျမန္ျခင္း၊ စိတ္ဂနာမၿငိမ္ျဖစ္ျခင္းနဲ႔ အာရံုစူးစိုက္ရ ခက္ခဲျခင္းေတြကိုလည္း ျဖစ္ေစႏိုင္ပါတယ္။

ေနာက္တစ္ခုကေတာ႔ မနက္မိုးလင္းတာနဲဲ႔ ေကာ္ဖီတစ္ငံု ငံုလိုက္ျခင္းဟာ ခႏၶာကိုယ္တြင္း ဇီဝနာရီကိုလည္း မတည္မၿငိမ္ ျဖစ္ေစႏိုင္ပါတယ္။ ကိုယ္တြင္းဇီဝနာရီဟာ ေကာ္တစ္ေဆာလ္လို႔ေခၚတဲ႔ ေဟာ္မုန္းတစ္မ်ိဳးကို အိပ္ယာႏိုးခ်ိန္မွာ ထုတ္လႊတ္ေပးေလ႔ ရွိပါတယ္။ အဲဒီေဟာ္မုန္းဟာ လူကို လန္းဆန္းအားျပည္႔ေစပါတယ္။

သုေတသနေတြအရေတာ႔ ေကာ္ဖီေသာက္ျခင္းဟာ ေကာ္တစ္ေဆာလ္ ပမာဏကို ေလ်ာ႔နည္းေစပါတယ္တဲ႔။ အက်ိဳးဆက္အေနနဲ႔ ေကာ္ဖီေသာက္လို႔ မလန္းဆန္းဘဲ ေကာ္ဖီေသာက္လို႔ ပိုမိုေလးလံထိုင္းမႈိင္း ေစႏိုင္ပါတယ္။

ေနာက္တစ္ခုရွိတာကေတာ႔ တခ်ိဳ႕လူေတြဟာ မနက္မိုးလင္း မ်က္လံုးႏွစ္လံုး ပြင္႔တာနဲ႔ ေကာ္ဖီေသာက္တတ္ေပမယ္႔ ဘာမွ မျဖစ္တာလည္း ရွိပါတယ္။ ဒါကေတာ႔ မ်ိဳးရုိးဗီဇနဲ႔ ခံႏိုင္ရည္ ျမင္႔မားတဲ႔ သူေတြ ျဖစ္ႏိုင္ပါတယ္။ ဒါေပမယ႔္ တခ်ိဳ႕လူေတြမွာေတာ႔ ေဖာ္ျပပါ က်န္းမာေရးဆိုးက်ိဳးေတြ ရွိႏိုင္တဲ႔အတြက္ ေကာ္ဖီကို မနက္လင္းလင္းခ်င္း မေသာက္သင္႔ပါဘူး။ ေသာက္ခ်င္ရင္ မနက္စာစားၿပီးမွ ေသာက္သံုးသင္႔ပါတယ္။

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ကဖင်းဓာတ်ဟာ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တစ်ခုလိုတောင် ဖြစ်နေပါပြီ။

ကဖင်းဓာတ်ဟာ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တစ်ခုလိုတောင် ဖြစ်နေပါပြီ။ မနက်တိုင်း မနက်တိုင်းမှာ ကော်ဖီပူပူလေးတစ်ခွက် သောက်လိုက်ရမှ ကျန်တာတွေ ဆက်လုပ်နိုင်တဲ့သူတွေလည်း ဒုနဲ့ဒေးပါ။ ဘာပဲပြောပြော ကော်ဖီပူပူူလေးတစ်ခွက်လောက် ကောင်းတဲ့ နှိုးစက်နာရီ ဘယ်မှာရှိဦးမလဲ။ ကော်ဖီမှာ ဦးနှောက်အာရုံကြောရောဂါတွေကို ကာကွယ်ပေးနိုင်တာလိုမျိုး ကျန်းမာရေးအကျိုးကျေးဇူးတွေ အများကြီးရှိတာကိုတော့ သိထားပြီးဖြစ်မှာပါ။ ဒါပေမယ့် ကော်ဖီနဲ့ပတ်သက်ပြီး သတိထားစရာတစ်ခုကတော့ ရှိနေပါသေးတယ်။

အဲဒါကတော့ ကော်ဖီကို ဗိုက်ထဲမှာ (အစာအိမ်ထဲမှာ) ဘာမှမရှိဘဲ တန်းမသောက်ဖို့ပါပဲ။ ဘာလို့လဲဆိုတော့ ကော်ဖီမှာ အစာခြေအင်္ဂါ အဖွဲ့အစည်းအပေါ် ကြီးမားတဲ့ သက်ရောက်မှုတစ်ခု ရှိနေစေနိုင်လို့ပါပဲ။ မနက်မိုးလင်း ဗိုုက်ထဲမှာ ဘာမှမရှိသေးခင်မှာ ကော်ဖီတစ်ခွက် ကောက်မော့လိုက်တာက အစာအိမ်ထဲမှာ အက်ဆစ်ထွက်လာစေဖို့ကို လှုံ့ဆော်ပေးပြီး အဲဒီအက်ဆစ်တွေဟာ အစာအိမ်လမ်းကြောင်းကို ထိခိုက်စေပြီးတော့ အစာမကြေခြင်း၊ ရင်ဘတ်အောင့်ခြင်းတို့ကို ဖြစ်စေပါတယ်။ ကဖင်းဓာတ်ထုတ်ထားတဲ့ ကော်ဖီတွေဆိုရင်လည်း တူတူပါပဲ။

ဒီတစ်ခုတည်း မဟုတ်သေးပါဘူး။ ဗိုက်ထဲမှာ အစာမရှိဘဲ ကော်ဖီသောက်ခြင်းဖြင့် ခြေတွေလက်တွေ တုန်လာမယ်၊ ကတုန်ကရင် ဖြစ်လာမယ်၊ နောက် တခြားဘေးထွက်ဆိုးကျိုးတွေလည်း ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် နှလုံးခုန်မြန်ခြင်း၊ စိတ်ဂနာမငြိမ်ဖြစ်ခြင်းနဲ့ အာရုံစူးစိုက်ရ ခက်ခဲခြင်းတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။

နောက်တစ်ခုကတော့ မနက်မိုးလင်းတာနဲ့ ကော်ဖီတစ်ငုံ ငုံလိုက်ခြင်းဟာ ခန္ဓာကိုယ်တွင်း ဇီဝနာရီကိုလည်း မတည်မငြိမ် ဖြစ်စေနိုင်ပါတယ်။ ကိုယ်တွင်းဇီဝနာရီဟာ ကော်တစ်ဆောလ်လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုးကို အိပ်ယာနိုးချိန်မှာ ထုတ်လွှတ်ပေးလေ့ ရှိပါတယ်။ အဲဒီဟော်မုန်းဟာ လူကို လန်းဆန်းအားပြည့်စေပါတယ်။

သုတေသနတွေအရတော့ ကော်ဖီသောက်ခြင်းဟာ ကော်တစ်ဆောလ် ပမာဏကို လျော့နည်းစေပါတယ်တဲ့။ အကျိုးဆက်အနေနဲ့ ကော်ဖီသောက်လို့ မလန်းဆန်းဘဲ ကော်ဖီသောက်လို့ ပိုမိုလေးလံထိုင်းမှိုင်း စေနိုင်ပါတယ်။

နောက်တစ်ခုရှိတာကတော့ တချို့လူတွေဟာ မနက်မိုးလင်း မျက်လုံးနှစ်လုံး ပွင့်တာနဲ့ ကော်ဖီသောက်တတ်ပေမယ့် ဘာမှ မဖြစ်တာလည်း ရှိပါတယ်။ ဒါကတော့ မျိုးရိုးဗီဇနဲ့ ခံနိုင်ရည် မြင့်မားတဲ့ သူတွေ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် တချို့လူတွေမှာတော့ ဖော်ပြပါ ကျန်းမာရေးဆိုးကျိုးတွေ ရှိနိုင်တဲ့အတွက် ကော်ဖီကို မနက်လင်းလင်းချင်း မသောက်သင့်ပါဘူး။ သောက်ချင်ရင် မနက်စာစားပြီးမှ သောက်သုံးသင့်ပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top