iMyanmarHouse.com - Best Property Website for Myanmar
×

လူတိုင္းလွခ်င္ၾကပါတယ္။ တေန႔တာလံုးမွာ လူကိုလန္းလန္းဆန္းဆန္းနဲ႔ ဆြဲေဆာင္မႈရွိရွိျဖတ္သန္းႏိုင္ဖို႔ မ်င္ႏွာ ဆံပင္ သြား ေျခေထာက္၊ လက္ စတဲ့ တကိုယ္လံုးလွပေနဖို႔လိုပါတယ္။ အလွအပအတြက္ ရိုးရွင္းလြယ္ကူတဲ့ နည္းလမ္းေလးေတြကိုေျပာျပခ်င္ပါတယ္။

ပီေက၀ါးပါ။

ေမးႏွစ္ထပ္ျဖစ္တာကို သက္သာေပ်ာက္ကင္းေစဖို႔အတြက္ သၾကားမပါတဲ့ ပီေက၀ါးေပးပါ။ တစ္ေန႔ကို ၃ ႀကိမ္ ၄ ႀကိမ္ေလာက္၀ါးေပးပါ။ မ်က္ႏွာျပင္ရဲ့ ၾကြက္သားကို တင္းေစၿပီး သြားနဲ႔ သြားဖံုးကိုလည္းက်န္းမာေစသလို ေမးႏွစ္ဖက္ျဖစ္တာကို သက္သာေစပါတယ္။

သက္သက္လြတ္စားၿပီး ၀ိတ္ခ်ပါ။

ကိုယ္အေလးခ်ိန္က်ေစဖို႔အတြက္ အသားခ်ည္းဇြတ္မစားဘဲ အသီးအရြက္နဲ႔ သစ္သီး၀လံေတြစားၿပီး ၀ိတ္ခ်ပါ။

ေျခေထာက္နာကို ကုသမယ္။

ေျခေထာက္ေရာင္တာ ေျခေထာက္နာမ်ိဳးျဖစ္ၿပီဆိုရင္ေတာ့ ႏွမ္းဆီ စားပြဲတင္ဇြန္း ၃ ဇြန္းနဲ႔ ေလးညွင္းပြင့္ဆီ ၃ စက္ေရာၿပီး ေျခဖေနာင္နဲ႔ ေျခေခ်ာင္းေတြ နာတဲ့ေနရာေတြမွာ လိမ္းေပးပါ။ နာရီ၀က္ေလာက္ဆိုရင္ သက္သာသြားမွာပါ။

ေျခသည္းလက္သည္းေတြက မိႈေတြကို ဒီလိုကုမယ္။

ေရေႏြးနဲ႔ ေရနဲ႔ေရာလိုက္ပါ။ ၿပီးရင္ Anti-Fungal မိႈဆန္႔က်င္ခရင္မ္ (သို႔) Antibiotic တစ္မ်ိဳးမိ်ဳးလိမ္းၿပီး ေရေႏြးစိမ္ထားပါ။ ေျခသည္းလက္သည္းမွာျဖစ္တတ္တဲ့ မိႈေတြကို သက္သာေစမွာပါ။

ပ်ားရည္လိမ္းပါ

ပ်ားရည္ကို မ်က္ႏွာ၊လည္ပင္းနဲ႔ လက္ေတြမွာလိမ္းေပးၿပီး ၁၀ မိနစ္ေလာက္ထားပါ။ ၿပီးရင္ေရေဆးခ်ပါ။

ငွက္ေပ်ာသီးခြံနဲ႔ သြားျဖဴေအာင္လုပ္မယ္။

ငွက္ေပ်ာသီးခြံတစ္ခုကိုယူပါ။ အထဲကေပ်ာ့ဖတ္နဲ႔ သြားကို ၁ မိနစ္ေလာက္တိုက္ေပးပါ။ ၿပီးရင္ ၁၀ မိနစ္ေလာက္ထားပါ။ အဲဒီေနာက္ သြားတို္္က္တံ အေျခာက္နဲ႔ သြားတိုက္ပါ။ တစ္ပတ္ကို ၃ ႀကိမ္လုပ္ပါ။ သြားေတြ ျဖဴေဖြးလာမွာျဖစ္ပါတယ္။

၀က္ၿခံေပ်ာက္ၿပီး အသားအေရစိုေျပဖို႔

အရက္ကိုေရွာင္ပါ။ ကိတ္မႈန္႔၊ ေရခဲမႈန္႔၊ ဘီစကစ္ေတြ တျခား အသင့္လုပ္ျပဳျပင္ထားတဲ့ အစားအစာေတြမစားပါနဲ႔။ အစပ္နဲ႔ အဆီပါတဲ့အစားအစာ ေလွ်ာ့စားပါ။ က်န္းမာေအာင္စားပါ။ ေရမ်ားမ်ားေသာက္ပါ။

အိပ္ယာမ၀င္ခင္ေရခ်ိဳးပါ။

အိပ္ယာမ၀င္ခင္မွာ ေရေႏြးေႏြးေလးနဲ႔ ေရခ်ိဳးတာဟာ ပင္ပန္းႏြမ္းနယ္မႈေတြကို ေပ်ာက္ကင္းေစပါတယ္။

သြားတိုက္ေဆးနဲ႔ လက္သည္းေတြျဖဴေအာင္လုပ္မယ္။

သြားတိုက္ေဆးအနည္းငယ္ သံပုယိုရည္ (သို႔) သံပုရာရည္ ၂ စက္ေလာက္ထည့္ၿပီး လက္သည္းမွာ လိမ္းေပးပါ။ ေျခာက္ေအာင္ထားၿပီး သြားပြတ္တံနဲ႔ တိုက္ခ်ပါ။ လက္သည္းေတြ ျဖဴေဖြးလာမွာျဖစ္ပါတယ္။

Credit : My Style
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
လူတိုင်းလှချင်ကြပါတယ်။ တနေ့တာလုံးမှာ လူကိုလန်းလန်းဆန်းဆန်းနဲ့ ဆွဲဆောင်မှုရှိရှိဖြတ်သန်းနိုင်ဖို့ မျင်နှာ ဆံပင် သွား ခြေထောက်၊ လက် စတဲ့ တကိုယ်လုံးလှပနေဖို့လိုပါတယ်။ အလှအပအတွက် ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းလေးတွေကိုပြောပြချင်ပါတယ်။

ပီကေဝါးပါ။

မေးနှစ်ထပ်ဖြစ်တာကို သက်သာပျောက်ကင်းစေဖို့အတွက် သကြားမပါတဲ့ ပီကေဝါးပေးပါ။ တစ်နေ့ကို ၃ ကြိမ် ၄ ကြိမ်လောက်ဝါးပေးပါ။ မျက်နှာပြင်ရဲ့ ကြွက်သားကို တင်းစေပြီး သွားနဲ့ သွားဖုံးကိုလည်းကျန်းမာစေသလို မေးနှစ်ဖက်ဖြစ်တာကို သက်သာစေပါတယ်။

သက်သက်လွတ်စားပြီး ဝိတ်ချပါ။

ကိုယ်အလေးချိန်ကျစေဖို့အတွက် အသားချည်းဇွတ်မစားဘဲ အသီးအရွက်နဲ့ သစ်သီးဝလံတွေစားပြီး ဝိတ်ချပါ။

ခြေထောက်နာကို ကုသမယ်။

ခြေထောက်ရောင်တာ ခြေထောက်နာမျိုးဖြစ်ပြီဆိုရင်တော့ နှမ်းဆီ စားပွဲတင်ဇွန်း ၃ ဇွန်းနဲ့ လေးညှင်းပွင့်ဆီ ၃ စက်ရောပြီး ခြေဖနောင်နဲ့ ခြေချောင်းတွေ နာတဲ့နေရာတွေမှာ လိမ်းပေးပါ။ နာရီဝက်လောက်ဆိုရင် သက်သာသွားမှာပါ။

ခြေသည်းလက်သည်းတွေက မှိုတွေကို ဒီလိုကုမယ်။

ရေနွေးနဲ့ ရေနဲ့ရောလိုက်ပါ။ ပြီးရင် Anti-Fungal မှိုဆန့်ကျင်ခရင်မ် (သို့) Antibiotic တစ်မျိုးမျိုးလိမ်းပြီး ရေနွေးစိမ်ထားပါ။ ခြေသည်းလက်သည်းမှာဖြစ်တတ်တဲ့ မှိုတွေကို သက်သာစေမှာပါ။

ပျားရည်လိမ်းပါ

ပျားရည်ကို မျက်နှာ၊လည်ပင်းနဲ့ လက်တွေမှာလိမ်းပေးပြီး ၁၀ မိနစ်လောက်ထားပါ။ ပြီးရင်ရေဆေးချပါ။

ငှက်ပျောသီးခွံနဲ့ သွားဖြူအောင်လုပ်မယ်။

ငှက်ပျောသီးခွံတစ်ခုကိုယူပါ။ အထဲကပျော့ဖတ်နဲ့ သွားကို ၁ မိနစ်လောက်တိုက်ပေးပါ။ ပြီးရင် ၁၀ မိနစ်လောက်ထားပါ။ အဲဒီနောက် သွားတို်က်တံ အခြောက်နဲ့ သွားတိုက်ပါ။ တစ်ပတ်ကို ၃ ကြိမ်လုပ်ပါ။ သွားတွေ ဖြူဖွေးလာမှာဖြစ်ပါတယ်။

ဝက်ခြံပျောက်ပြီး အသားအရေစိုပြေဖို့

အရက်ကိုရှောင်ပါ။ ကိတ်မှုန့်၊ ရေခဲမှုန့်၊ ဘီစကစ်တွေ တခြား အသင့်လုပ်ပြုပြင်ထားတဲ့ အစားအစာတွေမစားပါနဲ့။ အစပ်နဲ့ အဆီပါတဲ့အစားအစာ လျှော့စားပါ။ ကျန်းမာအောင်စားပါ။ ရေများများသောက်ပါ။

အိပ်ယာမဝင်ခင်ရေချိုးပါ။

အိပ်ယာမဝင်ခင်မှာ ရေနွေးနွေးလေးနဲ့ ရေချိုးတာဟာ ပင်ပန်းနွမ်းနယ်မှုတွေကို ပျောက်ကင်းစေပါတယ်။

သွားတိုက်ဆေးနဲ့ လက်သည်းတွေဖြူအောင်လုပ်မယ်။

သွားတိုက်ဆေးအနည်းငယ် သံပုယိုရည် (သို့) သံပုရာရည် ၂ စက်လောက်ထည့်ပြီး လက်သည်းမှာ လိမ်းပေးပါ။ ခြောက်အောင်ထားပြီး သွားပွတ်တံနဲ့ တိုက်ချပါ။ လက်သည်းတွေ ဖြူဖွေးလာမှာဖြစ်ပါတယ်။

Credit : My Style

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top