iMyanmarHouse.com - Best Property Website for Myanmar
×
Source-elitedaily
Credit : Lwinpyin
ပို့သပေးပါတယ်။
တစ်ခါတလေ သိပ်လှတဲ့ ကောင်မလေးတွေမှာ ရည်းစား မရှိတတ်ပါဘူး။ ဒါကို သူတို့ကိုယ်တိုင် အခြားသူတွေကို ရှင်းပြတဲ့အခါမှာ မဖြစ်နိုင်တာပဲ-ဆိုတဲ့ စကားကိုသာ ကြားရပါတယ်။ အမှန်တော့ သိပ်လှလွန်းတဲ့ ကောင်မလေးတွေ ရည်းစာ မရှိရခြင်းအကြောင်းအရင်း (10)ချက် ရှိပါတယ်။ အခုဒီစာကို ဖတ်နေတဲ့ ကောင်မလေးရော အဲ့လိုမျိုး အရမ်းလှနေလို့များ ရည်းစား မရတာလား? 🙂 ယောက်ျားလေးတွေလည်း ကိုယ်ကြိုက်နေတဲ့ကောင်မလေးက အရမ်းလှနေလို့လက်မလျော့လိုက်ပါနဲ့နော်။ အောက်မှာတော့ အရမ်းလှတဲ့ကောင်မလေးတွေ ဘာလို့ရည်းစားမရှိရတာလဲကို ဖော်ပြပေးလိုက်ပါတယ် ။
ကောင်လေးတွေကို မယုံကြည်ခြင်း
သူတို့ကို ချဉ်းကပ်လာတဲ့ ကောင်လေးတွေကို သူတို့ အကြွင်းမဲ့ မယုံကြပါဘူး။ အကြောင်းကတော့ သူတို့လှလို့ လာကပ်တယ်လို့ပဲ ထင်နေတာကြတာပါ။ ကောင်လေးတွေကလည်း လှတဲ့ ကောင်မလေးနဲ့ တွဲရရင် မော်ကြွားတတ်ကြတယ်လေ။
လူတိုင်းက ရည်းစားရှိတယ်လို့ ယူဆခြင်း
ဒါကလည်း အကြောင်းအရာတစ်ခုပါဘဲ။ သူတို့က သိပ်လှနေတော့ ဘယ်သူပဲဖြစ်ဖြစ် ဒီကောင်မလေးတော့ ရည်စားရှိမှာ
ပဲ။ ငါ ကြံမယ်ဆိုလည်း မရနိုင်ပါဘူး-ဆိုပြီး လက်ရှောင်ကြလို့ပါ။
စိတ်ချရသော အခြေအနေမှာ မရှိဘူးလို့ အထင်ခံရခြင်း
အဲဒီတစ်ယောက်ကို ကြိုက်မိလို့ကတော့ သူ့အချစ်ကို မရနိုင်ဘူး … ရနိုင်ရင်လည်း ကိုယ့်ထက်သာတဲ့ နောက်တစ်ယောက်တွေ့ရင် ကိုယ့်ကိုထားသွားမှာပဲ-ဆိုတဲ့ အတွေးမျိုးကြောင့်လည်း ဖြစ်တတ်ပါတယ်။
မမျှတတဲ့ နည်းလမ်းတွေကို သိခြင်း
သူတို့ကို အချစ်ကြောင့် ချဉ်းကပ်ဖို့ထက် လူပုံအလယ်မှာ ဂုဏ်ယူလိုခြင်း၊ လိင်ကိစ္စ-စတာတွေအတွက်ပဲ လာရောက် ချဉ်းကပ်ကြတယ်ဆိုတာ သူတို့ အသိစိတ်က ရိပ်မိနေခြင်းဟာလည်း သူတို့ single ဘဝကို ရောက်စေပါတယ်။
အသည်းခွဲမယ့်သူလို့ ထင်ခံရခြင်း
ယောက်ျားတိုင်းကတော့ လှပတဲ့ ကောင်မလေးဆို ကြိုက်ချင်တာပါဘဲ။ ဒါပေမယ့် သူတို့တစ်တွေဟာ ဒီလို လှပတဲ့ ကောင်မလေးကို ချဉ်းကပ်မိရင် သူတို့ကို လှလှပပ အသည်းခွဲတမ်း ကစားသွားမှာကို ကြောက်ကြပါတယ်။
မျက်နှာများတယ်လို့ အထင်ခံရခြင်း
သူတို့ကို စိတ်ကသိကအောက် ဖြစ်စေတဲ့ ကောင်လေးဆို လွယ်လွယ်ကူကူ ခေါက်ထားလေ့ရှိပြီး သူတို့ရဲ့ ရုပ်ရည်နဲ့ အခြားတစ်ယောက်ကို အမြန်ရှာနိုင်တယ်လို့ လူတွေက ထင်နေတတ်ကြပါတယ်။
Source-elitedaily
Credit : Lwinpyin
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top