iMyanmarHouse.com - Best Property Website for Myanmar
×

ပံုမွန္ေကြး

မ်က္ခံုးပံုမွန္ေလာက္ပဲ ေကြးတဲ့လူေတြဟာ ခႏၶာကိုယ္ မပိန္လြန္း၊ မဝလြန္းသူေတြ ျဖစ္တတ္ပါတယ္။ အရပ္မွာလည္း အေနေတာ္ပဲ ရွိသူေတြပါ။ စိတ္ဓာတ္မွာလည္း တအားၾကီးဆိုးတာ မရွိသလို၊ တအားၾကီး ေကာင္းတာလည္း မရွိပါဘူး။ လူမွန္ေတြ ျဖစ္တတ္ပါတယ္။

မ်က္ခံုးေမြး တန္းသူ

မ်က္ခံုးေမြးတန္းသူေတြဟာ ယံုၾကည္ရတဲ့သူေတြ ျဖစ္ပါတယ္။ သူငယ္ခ်င္းအေပါင္းအသင္း မိတ္ေဆြေတြရဲ႕ ရင္ဖြင့္မႈကို ခဏခဏ ၾကံဳရသူေတြ ျဖစ္ပါတယ္။

မ်က္ခံုးေမႊး ေကြးလြန္းသူ

လူအမ်ားက အာရုံစုိက္တာကို နွစ္သက္သူေတြ ျဖစ္တတ္ပါတယ္။ လူအမ်ားေရွ႕မွာ ေဖ်ာ္ေျဖတင္ဆက္ရတာကိုလည္း နွစ္သက္သူေတြပါ။

မ်က္ခံုးေမြး အေပၚတန္းသူ

မာေၾကာတဲ့ စရိုက္ရွိသူေတြပါ။ ျမင္တာနဲ႔ သူတို႔နဲ႔ ဘာမွရႈပ္ရႈပ္ယွက္ယွက္လုပ္လို႔မရဘူးလုိ႔ ခံစားရသူေတြပါ။ အလုပ္သေဘာဆို အလုပ္သေဘာ၊ ပုဂၢိဳလ္ေရးဆုိ ပုဂၢိဳလ္ေရး ျပတ္ျပတ္သားသား လုပ္သူေတြပါ။

မ်က္ခံုးေမြးတိုသူ

အေသးစိတ္သမားေတြ ျဖစ္ပါတယ္။ အလုပ္၊ အခ်စ္ စတဲ့ကိစၥေတြမွာ တစ္ခုတည္းကို စြဲစြဲျမဲျမဲ ရွိတတ္ပါတယ္။

မ်က္ခံုးေမႊးထူသူ

လြပ္လပ္တဲ့ စိတ္ထားရွိသူပါ။ သဘာဝကို နွစ္သက္တတ္ပါတယ္။ ပတ္ဝန္းက်င္ရဲ႕ အထင္အျမင္ေတြကို ဂရုမစိုက္ဘူးဆိုတာက သူတို႔မွ အစစ္ပါ။

မ်က္ခံုးေမြးဆက္သူ

မ်က္ခံုးေမြးထူသူေတြလို ပတ္ဝန္းက်င္ကို ဂရုမစိုက္တတ္ပါဘူး။ စိတ္ကူးနိုင္စြမ္း၊ ဖန္တီးနိုင္စြမ္းရွိသူေတြပါ။ အႏုပညာဘက္ကို ေရာက္သူေတြဟာ ေအာင္ျမင္နိုင္ျပီး စိတ္ကို က်က်နန မထိန္းခ်ဳပ္နိုင္ရင္ အိမ္မက္ေတြနဲ႔သာ ျပီးသြားတတ္ပါတယ္။

မ်က္ခံုးေမြးပါးသူ

ရုိးရွင္းတာကို ၾကိဳက္ပါတယ္။ ရိုးသားတယ္လို႔ အထင္ခံရတာကို သေဘာက်ပါတယ္။ ပဋိပကၡေတြထဲ မဝင္လိုသူ ျဖစ္ပါတယ္။ လူသားရဲ႕သိမ္ေမြ႕ႏူးညံ့ျပီး ၾကင္နာတဲ့ စိတ္ထားေတြကိုသာ ကမာၻၾကီးဆီ ျပခ်င္သူေတြပါ။

မ်က္ခံုးေမြး ခၽြန္သူ

ကိုယ့္ကိုယ္ကိုယ္ ထိန္းခ်ဳပ္နိုင္မႈမွာ သူမ်ားထက္သာပါတယ္။ နယ္ပယ္အသီးသီးမွာ ေခါင္းေဆာင္ေနရာရထားသူေတြ ျဖစ္တတ္ပါတယ္။ သူငယ္ခ်င္းဆက္ဆံေရး၊ အခ်စ္ေရး စတဲ့ လူမႈဆက္ဆံေရးေတြမွာ ၾသဇာလႊမ္းမိုးထားႏိုင္သူေတြ ျဖစ္ပါတယ္။

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ပုံမှန်ကွေး

မျက်ခုံးပုံမှန်လောက်ပဲ ကွေးတဲ့လူတွေဟာ ခန္ဓာကိုယ် မပိန်လွန်း၊ မဝလွန်းသူတွေ ဖြစ်တတ်ပါတယ်။ အရပ်မှာလည်း အနေတော်ပဲ ရှိသူတွေပါ။ စိတ်ဓာတ်မှာလည်း တအားကြီးဆိုးတာ မရှိသလို၊ တအားကြီး ကောင်းတာလည်း မရှိပါဘူး။ လူမှန်တွေ ဖြစ်တတ်ပါတယ်။

မျက်ခုံးမွေး တန်းသူ

မျက်ခုံးမွေးတန်းသူတွေဟာ ယုံကြည်ရတဲ့သူတွေ ဖြစ်ပါတယ်။ သူငယ်ချင်းအပေါင်းအသင်း မိတ်ဆွေတွေရဲ့ ရင်ဖွင့်မှုကို ခဏခဏ ကြုံရသူတွေ ဖြစ်ပါတယ်။

မျက်ခုံးမွှေး ကွေးလွန်းသူ

လူအများက အာရုံစိုက်တာကို နှစ်သက်သူတွေ ဖြစ်တတ်ပါတယ်။ လူအများရှေ့မှာ ဖျော်ဖြေတင်ဆက်ရတာကိုလည်း နှစ်သက်သူတွေပါ။

မျက်ခုံးမွေး အပေါ်တန်းသူ

မာကြောတဲ့ စရိုက်ရှိသူတွေပါ။ မြင်တာနဲ့ သူတို့နဲ့ ဘာမှရှုပ်ရှုပ်ယှက်ယှက်လုပ်လို့မရဘူးလို့ ခံစားရသူတွေပါ။ အလုပ်သဘောဆို အလုပ်သဘော၊ ပုဂ္ဂိုလ်ရေးဆို ပုဂ္ဂိုလ်ရေး ပြတ်ပြတ်သားသား လုပ်သူတွေပါ။

မျက်ခုံးမွေးတိုသူ

အသေးစိတ်သမားတွေ ဖြစ်ပါတယ်။ အလုပ်၊ အချစ် စတဲ့ကိစ္စတွေမှာ တစ်ခုတည်းကို စွဲစွဲမြဲမြဲ ရှိတတ်ပါတယ်။

မျက်ခုံးမွှေးထူသူ

လွပ်လပ်တဲ့ စိတ်ထားရှိသူပါ။ သဘာဝကို နှစ်သက်တတ်ပါတယ်။ ပတ်ဝန်းကျင်ရဲ့ အထင်အမြင်တွေကို ဂရုမစိုက်ဘူးဆိုတာက သူတို့မှ အစစ်ပါ။

မျက်ခုံးမွေးဆက်သူ

မျက်ခုံးမွေးထူသူတွေလို ပတ်ဝန်းကျင်ကို ဂရုမစိုက်တတ်ပါဘူး။ စိတ်ကူးနိုင်စွမ်း၊ ဖန်တီးနိုင်စွမ်းရှိသူတွေပါ။ အနုပညာဘက်ကို ရောက်သူတွေဟာ အောင်မြင်နိုင်ပြီး စိတ်ကို ကျကျနန မထိန်းချုပ်နိုင်ရင် အိမ်မက်တွေနဲ့သာ ပြီးသွားတတ်ပါတယ်။

မျက်ခုံးမွေးပါးသူ

ရိုးရှင်းတာကို ကြိုက်ပါတယ်။ ရိုးသားတယ်လို့ အထင်ခံရတာကို သဘောကျပါတယ်။ ပဋိပက္ခတွေထဲ မဝင်လိုသူ ဖြစ်ပါတယ်။ လူသားရဲ့သိမ်မွေ့နူးညံ့ပြီး ကြင်နာတဲ့ စိတ်ထားတွေကိုသာ ကမ္ဘာကြီးဆီ ပြချင်သူတွေပါ။

မျက်ခုံးမွေး ချွန်သူ

ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်မှုမှာ သူများထက်သာပါတယ်။ နယ်ပယ်အသီးသီးမှာ ခေါင်းဆောင်နေရာရထားသူတွေ ဖြစ်တတ်ပါတယ်။ သူငယ်ချင်းဆက်ဆံရေး၊ အချစ်ရေး စတဲ့ လူမှုဆက်ဆံရေးတွေမှာ သြဇာလွှမ်းမိုးထားနိုင်သူတွေ ဖြစ်ပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top