iMyanmarHouse.com - Best Property Website for Myanmar
×

သဝန္တို တတ္တဲ့ ခ်စ္သူ ကို ရင္ဆိုင္ရမယ့္ နည္းလမ္းေတြရွိပါတယ္။ သဝန္တို တတ္တဲ့ ခ်စ္သူ ကို ရထားတဲ့အခါ ကိုယ့္ကိုကိုယ္ လြတ္လပ္ျခင္းကို အျပည့္အဝ မခံစားရဘူးလို႔ ထင္လာတတ္ၾကပါတယ္။ အမ်ိဳးသား ေတြ သဝန္တို ၿပီဆိုရင္ အမ်ိဳးသမီး ေတြထက္ သာလြန္ေလ့ရွိပါတယ္။
ဘယ္သူနဲ႔ ဖုန္း ေျပာေနတာလဲ၊ ဘယ္ကိုသြားတာလဲ စသျဖင့္ အကုန္သိခ်င္ေတာ့တာပါပဲ။ သဝန္တို ျခင္းဟာ ခ်စ္ျခင္းရဲ႕ တစ္စိတ္တစ္ပိုင္းျဖစ္တယ္ဆိုတဲ့ စကားလည္း ရွိပါတယ္။ ဒီေတာ့ သဝန္တို တတ္တဲ့ ခ်စ္သူ ေကာင္ေလး ကို အျပစ္အရင္မျမင္ဘဲ သူနဲ႔ အဆင္ေျပေအာင္ ေအာက္ပါ (၅) ခ်က္ကို လိုက္လုပ္ၾကည့္ပါ။

၁။ သူ သဝန္တုိ တဲ့အခါ ခ်ိဳသာ ပါ

သူသဝန္ တုိတဲ့အခါ စိတ္မရွည္တဲ့ပံုစံ၊ စိတ္ဆိုးတဲ့ပံုစံ မျပပါနဲ႔။ (သင္သူ႔ကို တကယ္ခ်စ္တယ္ဆိုရင္) ဒီအခ်ိန္မွာ စကားခ်ိဳခ်ိဳသာသာေတြ ေ႐ြးေျပာေပးပါ။ ငါမွန္ေနတာပဲ ဆိုတဲ့အေတြးနဲ႔ စိတ္ဆိုးမျပပါနဲ႔။ ရွင္းျပတာနဲ႔ ခ်ိဳခ်ိဳသာသာ ေျပာေပးတာဟာ ေတာင္းပန္တာနဲ႔ အေတာ္ကြာျခားပါတယ္။ ဒီအခ်ိန္မွာ ပိုၿပီးခ်စ္ျပပါ။

၂။ သူ႔ကို ဘယ္ေလာက္ခ်စ္ေၾကာင္းျပပါ

ခ်စ္ေၾကာင္းကို သက္ေသ ျပတဲ့ နည္းလမ္း မ်ားစြာရွိပါတယ္။ ဒီလိုအခ်ိန္မွာ ပိုၿပီး လိုအပ္ပါတယ္။ သူက သင့္အတြက္ ဘယ္ေလာက္အေရးႀကီးတယ္ဆိုတာမ်ိဳး သက္ေသျပလိုက္ပါ။ မက္ေဆ့ ပို႔ၿပီးေတာ့လည္း ခ်စ္ေၾကာင္း ျပလို႔ရပါတယ္။

၃။ သဝန္တုိ တတ္တဲ့အေပၚ အျပစ္မရွာျပပါနဲ႔

သဝန္တို ျခင္းဟာ အလံုးစံုေကာင္းတဲ့ အရာေတာ့မဟုတ္ပါဘူး။ ဒါေပမဲ့ သဝန္တို တာကို သူ႔အျပစ္လိုျဖစ္ေအာင္ မေျပာသင့္ပါဘူး။ အမ်ိဳးသား ေတြဟာ တစ္ခါတစ္ရံမွာ ထင္ေယာင္ထင္မွား ျဖစ္ေလ့ရွိၿပီး အဲဒါကိုပဲ အမွန္လို႔ ထင္သြားေလ့ရွိပါတယ္။ ကိုယ့္ဘက္က ေသခ်ာ ရွင္းျပေပးဖို႔လည္း လိုအပ္ပါတယ္။ သဝန္တုိ တတ္တဲ့ အက်င့္ ကို အျပစ္ရွာမယ့္ စိတ္ကူးကို ေမ့လိုက္ပါ။

၄။ သူ သဝန္တို ေစမယ့္ ကိစၥေတြ ေရွာင္ပါ

သင္ဝတ္တဲ့ အက်ႌ အဝတ္အစား ကစလို႔ သင္ဘယ္အမ်ိဳးသားနဲ႔ စကားေျပာလဲ၊ အျပင္သြားလဲဆိုတဲ့ ကိစၥေတြအထိ အမ်ိဳးသားေတြက သဝန္တို တတ္ၾကပါတယ္။ ဒါေၾကာင့္ တတ္ႏုိင္သေလာက္ သူသဝန္တုိမယ့္ ကိစၥေတြေရွာင္ပါ။ မျဖစ္မေန လုပ္ရမယ့္ ကိစၥရွိရင္လည္း (ျဖစ္ႏုိင္ရင္) သူ႔ကိုအရင္ႀကိဳေျပာပါ။ နားလည္ေအာင္ ေအးေအးေဆးေဆး ရွင္းျပပါ။

၅။ သူ႔အခ်စ္ေဟာင္းနဲ႔ မတူေၾကာင္း ရွင္းျပပါ

သူဟာ ခ်စ္သူေဟာင္း ရဲ႕ သစၥာ မဲ့မႈ၊ ဂ႐ုမစိုက္မႈေတြကို ခံခဲ့ရသူ ျဖစ္ေကာင္းျဖစ္ႏုိင္ပါတယ္။ ဒီအခ်က္ကို သင္သိထားတယ္ဆိုရင္ သင္က သူ ႔အခ်စ္ေဟာင္း နဲ႔ မတူဘူးဆိုတာကို သူသေဘာေပါက္ေအာင္ ရွင္းျပပါ။ ဘာေၾကာင့္ ဒီလုိျဖစ္ရတယ္ဆိုတာကို ရွင္းျပပါ။ သင္က တစ္ေယာက္တည္းကို ခ်စ္ဖို႔ ေမြးဖြားလာတာ ဆိုၿပီး ကဗ်ာ ဆန္ဆန္ ေျပာျပႏုိင္ပါေသးတယ္။

Soure : WikiHow

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
သဝန်တို တတ်တဲ့ ချစ်သူ ကို ရင်ဆိုင်ရမယ့် နည်းလမ်းတွေရှိပါတယ်။ သဝန်တို တတ်တဲ့ ချစ်သူ ကို ရထားတဲ့အခါ ကိုယ့်ကိုကိုယ် လွတ်လပ်ခြင်းကို အပြည့်အဝ မခံစားရဘူးလို့ ထင်လာတတ်ကြပါတယ်။ အမျိုးသား တွေ သဝန်တို ပြီဆိုရင် အမျိုးသမီး တွေထက် သာလွန်လေ့ရှိပါတယ်။
ဘယ်သူနဲ့ ဖုန်း ပြောနေတာလဲ၊ ဘယ်ကိုသွားတာလဲ စသဖြင့် အကုန်သိချင်တော့တာပါပဲ။ သဝန်တို ခြင်းဟာ ချစ်ခြင်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်ဆိုတဲ့ စကားလည်း ရှိပါတယ်။ ဒီတော့ သဝန်တို တတ်တဲ့ ချစ်သူ ကောင်လေး ကို အပြစ်အရင်မမြင်ဘဲ သူနဲ့ အဆင်ပြေအောင် အောက်ပါ (၅) ချက်ကို လိုက်လုပ်ကြည့်ပါ။

၁။ သူ သဝန်တို တဲ့အခါ ချိုသာ ပါ

သူသဝန် တိုတဲ့အခါ စိတ်မရှည်တဲ့ပုံစံ၊ စိတ်ဆိုးတဲ့ပုံစံ မပြပါနဲ့။ (သင်သူ့ကို တကယ်ချစ်တယ်ဆိုရင်) ဒီအချိန်မှာ စကားချိုချိုသာသာတွေ ရွေးပြောပေးပါ။ ငါမှန်နေတာပဲ ဆိုတဲ့အတွေးနဲ့ စိတ်ဆိုးမပြပါနဲ့။ ရှင်းပြတာနဲ့ ချိုချိုသာသာ ပြောပေးတာဟာ တောင်းပန်တာနဲ့ အတော်ကွာခြားပါတယ်။ ဒီအချိန်မှာ ပိုပြီးချစ်ပြပါ။

၂။ သူ့ကို ဘယ်လောက်ချစ်ကြောင်းပြပါ

ချစ်ကြောင်းကို သက်သေ ပြတဲ့ နည်းလမ်း များစွာရှိပါတယ်။ ဒီလိုအချိန်မှာ ပိုပြီး လိုအပ်ပါတယ်။ သူက သင့်အတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာမျိုး သက်သေပြလိုက်ပါ။ မက်ဆေ့ ပို့ပြီးတော့လည်း ချစ်ကြောင်း ပြလို့ရပါတယ်။

၃။ သဝန်တို တတ်တဲ့အပေါ် အပြစ်မရှာပြပါနဲ့

သဝန်တို ခြင်းဟာ အလုံးစုံကောင်းတဲ့ အရာတော့မဟုတ်ပါဘူး။ ဒါပေမဲ့ သဝန်တို တာကို သူ့အပြစ်လိုဖြစ်အောင် မပြောသင့်ပါဘူး။ အမျိုးသား တွေဟာ တစ်ခါတစ်ရံမှာ ထင်ယောင်ထင်မှား ဖြစ်လေ့ရှိပြီး အဲဒါကိုပဲ အမှန်လို့ ထင်သွားလေ့ရှိပါတယ်။ ကိုယ့်ဘက်က သေချာ ရှင်းပြပေးဖို့လည်း လိုအပ်ပါတယ်။ သဝန်တို တတ်တဲ့ အကျင့် ကို အပြစ်ရှာမယ့် စိတ်ကူးကို မေ့လိုက်ပါ။

၄။ သူ သဝန်တို စေမယ့် ကိစ္စတွေ ရှောင်ပါ

သင်ဝတ်တဲ့ အကျႌ အဝတ်အစား ကစလို့ သင်ဘယ်အမျိုးသားနဲ့ စကားပြောလဲ၊ အပြင်သွားလဲဆိုတဲ့ ကိစ္စတွေအထိ အမျိုးသားတွေက သဝန်တို တတ်ကြပါတယ်။ ဒါကြောင့် တတ်နိုင်သလောက် သူသဝန်တိုမယ့် ကိစ္စတွေရှောင်ပါ။ မဖြစ်မနေ လုပ်ရမယ့် ကိစ္စရှိရင်လည်း (ဖြစ်နိုင်ရင်) သူ့ကိုအရင်ကြိုပြောပါ။ နားလည်အောင် အေးအေးဆေးဆေး ရှင်းပြပါ။

၅။ သူ့အချစ်ဟောင်းနဲ့ မတူကြောင်း ရှင်းပြပါ

သူဟာ ချစ်သူဟောင်း ရဲ့ သစ္စာ မဲ့မှု၊ ဂရုမစိုက်မှုတွေကို ခံခဲ့ရသူ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီအချက်ကို သင်သိထားတယ်ဆိုရင် သင်က သူ့အချစ်ဟောင်း နဲ့ မတူဘူးဆိုတာကို သူသဘောပေါက်အောင် ရှင်းပြပါ။ ဘာကြောင့် ဒီလိုဖြစ်ရတယ်ဆိုတာကို ရှင်းပြပါ။ သင်က တစ်ယောက်တည်းကို ချစ်ဖို့ မွေးဖွားလာတာ ဆိုပြီး ကဗျာ ဆန်ဆန် ပြောပြနိုင်ပါသေးတယ်။

Soure : WikiHow

Credit : Duwun

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top