iMyanmarHouse.com - Best Property Website for Myanmar
×

သရုပ္ေဆာင္ ဆုပန္ထြာကေတာ့ ခင္ပြန္းျဖစ္သူ ကုိဥကၠာေက်ာ္ နဲ႔အတူ ခ်စ္စရာေကာင္းလွတဲ့ သားေလး Roar Roar Kyaw တုိ႔နဲ႔ ေပ်ာ္ရႊင္စရာေကာင္းတဲ့ ခ်စ္စရာမိသားစု ဘဝေလးကုိ ပုိင္ဆုိင္ထားတဲ့ အႏုပညာရွင္တစ္ေယာက္ျဖစ္ပါတယ္။

သူ႔အေနနဲ႔ '' ဘဝရဲ႕ ၿပီးျပည့္စုံျခင္းရသ'' ဆုိတဲ့ ေခါင္းစဥ္ေလးနဲ႔ ခ်စ္ရတဲ့ သားေလးနဲ႔ ပတ္သက္တဲ့ မိခင္တစ္ေယာက္ရဲ႕ ခံစားခ်က္ေတြကုိ သူ႔ရဲ႕ ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ အခုလုိ ေရးသားခဲ့ပါတယ္။

'' Roar Roar Kyaw ရွိတာ ဘဝမွာ သူ႔အတြက္ပင္ပန္းရတာ၊ခုခ်ိန္ထိအိပ္ေရးမဝတာ၊စိတ္ပူရတာေတြရွိသလို ဘာမွနဲ႕လဲလို႔မရတဲ႕ ၿပီးျပည့္စံုေန တဲ႕စိတ္ကေလးတစ္ခုလည္း သူကပဲေပးထားျပန္ပါတယ္။သူ႔ကိုဗိုက္ထဲကစထြက္ပီးအရင္ဆံုးေတြ႕ရတဲ႕အခ်ိန္ "ေျခအဂၤါလက္အဂၤါစံု ရဲ႕လား၊ သူက်န္းမာရဲ႕လားလို႔ေမးတဲ႕အခါ" အားလံုးစံုတယ္၊ကေလးကက်န္းမာတယ္” လို႔ၾကားတဲ႕အခါ “ငါ့ဘဝမွာအစစအရာရာၿပီးျပည့္စံုသြားၿပီ" ဆိုတဲ႕ခံစားခ်က္ေလးကဘာနဲ႕မွမတူပဲ ေအးခ်မ္းစြာခံစားလိုက္ရပါတယ္'' လုိ႔ ဆုိပါတယ္။

အရင္ကလုိ ေရာင့္ရဲတင္းတိမ္ခဲ့တဲ့ ဘဝေလးမွာ သားေလးဝင္ေရာက္လာတဲ့အတြက္ ေျပာင္းလဲမႈေတြ ျဖစ္ေပၚခဲ့တဲ့ စိတ္ခံစားခ်က္ေတြကုိလည္း အခုလုိေျပာျပခဲ့ပါတယ္။

'' အရင္တုန္းက ကိုယ့္အတြက္ဆိုရင္အၿမဲေရာင့္ရဲတင္းတိမ္စြာေနတတ္ခဲ႕တဲ႕ကၽြန္မ၊ ကေလးေလးအတြက္ဆိုတဲ႕ စိတ္နဲ႕အရာရာသည္းခံတတ္၊သူ႔အတြက္ဆိုရင္ကိုယ္ဝန္စရကတည္းကလုပ္သင့္လုပ္ထိုက္တာအကုန္လုပ္ရင္း တစ္ကိုယ္ေကာင္းစိတ္ေတြအားလံုးလည္းေပ်ာက္သြားခဲ႕ပါတယ္။အခုလိုသားအမိႏွစ္ေယာက္ဆိုတဲ႕စိတ္ကူးမ်ိဳးလည္းအပ်ိဳတုန္းကတစ္ခါမွမေတြးထားခဲ႕ဖူးတာမို႔ ဓါတ္ပံုေလးေတြၾကည္ရင္း စိတ္ထဲႀကည္ႏူးသလိုလို အံ႕ၾသသလိုလိုက ခုခ်ိန္ထိပါပဲ။ပံုေလးေတြႀကိဳက္လြန္းလို႔ သားနဲ႕ပက္သက္တဲ႕ခံစားခ်က္ေလးေရးရင္း၊ ပံုေလးေတြၾကည့္ရင္းပ်ာ္ၿပီးေက်နပ္ေနတဲ႕ ....

မာမား...ဆုပန္ထြာ'' ဆုိၿပီးေတာ့ အခုလုိေရးသားခ့ဲပါတယ္။

ဆုပန္ထြာ သားေလး Roar Roar ကို စက္တင္ဘာ(၁၅)ရက္ေန႕ ဝိတိုရိယေဆးရံုမွာ နံနက္ (၅း၄၅)က ေမြးဖြားခဲ့တာ ျဖစ္ပါတယ္။ သားေလး Roar Roar ကေတာ့ ေမြးဖြားခ်ိန္က ကိုးေပါင္နဲ႕ ႏွစ္ေအာင္စရွိၿပီး အရပ္ကေတာ့ ၅၂ စင္တီမီတာ ရွိခဲ့တာ ျဖစ္ပါတယ္။ေမြးဖြားခ်ိန္ကတည္းက လူမ်ားရဲ႕ ခ်စ္ျခင္မႈကို ရရွိထားတဲ့ သားေလးက အခုလက္ရွိမွာလည္း မိခင္ရဲ႕ အႏုပညာ အသိုင္းအဝိုင္းမ်ား ကသာမက ပရိသတ္မ်ားကပါ ခ်စ္ျခင္ရတဲ့ ကေလးေလး တစ္ေယာက္လည္း ျဖစ္ပါတယ္။

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
သရုပ်ဆောင် ဆုပန်ထွာကတော့ ခင်ပွန်းဖြစ်သူ ကိုဥက္ကာကျော် နဲ့အတူ ချစ်စရာကောင်းလှတဲ့ သားလေး Roar Roar Kyaw တို့နဲ့ ပျော်ရွှင်စရာကောင်းတဲ့ ချစ်စရာမိသားစု ဘဝလေးကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။

သူ့အနေနဲ့ '' ဘဝရဲ့ ပြီးပြည့်စုံခြင်းရသ'' ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ချစ်ရတဲ့ သားလေးနဲ့ ပတ်သက်တဲ့ မိခင်တစ်ယောက်ရဲ့ ခံစားချက်တွေကို သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အခုလို ရေးသားခဲ့ပါတယ်။

'' Roar Roar Kyaw ရှိတာ ဘဝမှာ သူ့အတွက်ပင်ပန်းရတာ၊ခုချိန်ထိအိပ်ရေးမဝတာ၊စိတ်ပူရတာတွေရှိသလို ဘာမှနဲ့လဲလို့မရတဲ့ ပြီးပြည့်စုံနေ တဲ့စိတ်ကလေးတစ်ခုလည်း သူကပဲပေးထားပြန်ပါတယ်။သူ့ကိုဗိုက်ထဲကစထွက်ပီးအရင်ဆုံးတွေ့ရတဲ့အချိန် "ခြေအင်္ဂါလက်အင်္ဂါစုံ ရဲ့လား၊ သူကျန်းမာရဲ့လားလို့မေးတဲ့အခါ" အားလုံးစုံတယ်၊ကလေးကကျန်းမာတယ်” လို့ကြားတဲ့အခါ “ငါ့ဘဝမှာအစစအရာရာပြီးပြည့်စုံသွားပြီ" ဆိုတဲ့ခံစားချက်လေးကဘာနဲ့မှမတူပဲ အေးချမ်းစွာခံစားလိုက်ရပါတယ်'' လို့ ဆိုပါတယ်။

အရင်ကလို ရောင့်ရဲတင်းတိမ်ခဲ့တဲ့ ဘဝလေးမှာ သားလေးဝင်ရောက်လာတဲ့အတွက် ပြောင်းလဲမှုတွေ ဖြစ်ပေါ်ခဲ့တဲ့ စိတ်ခံစားချက်တွေကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

'' အရင်တုန်းက ကိုယ့်အတွက်ဆိုရင်အမြဲရောင့်ရဲတင်းတိမ်စွာနေတတ်ခဲ့တဲ့ကျွန်မ၊ ကလေးလေးအတွက်ဆိုတဲ့ စိတ်နဲ့အရာရာသည်းခံတတ်၊သူ့အတွက်ဆိုရင်ကိုယ်ဝန်စရကတည်းကလုပ်သင့်လုပ်ထိုက်တာအကုန်လုပ်ရင်း တစ်ကိုယ်ကောင်းစိတ်တွေအားလုံးလည်းပျောက်သွားခဲ့ပါတယ်။အခုလိုသားအမိနှစ်ယောက်ဆိုတဲ့စိတ်ကူးမျိုးလည်းအပျိုတုန်းကတစ်ခါမှမတွေးထားခဲ့ဖူးတာမို့ ဓါတ်ပုံလေးတွေကြည်ရင်း စိတ်ထဲကြည်နူးသလိုလို အံ့သြသလိုလိုက ခုချိန်ထိပါပဲ။ပုံလေးတွေကြိုက်လွန်းလို့ သားနဲ့ပက်သက်တဲ့ခံစားချက်လေးရေးရင်း၊ ပုံလေးတွေကြည့်ရင်းပျာ်ပြီးကျေနပ်နေတဲ့ ....

မာမား...ဆုပန်ထွာ'' ဆိုပြီးတော့ အခုလိုရေးသားခဲ့ပါတယ်။

ဆုပန်ထွာ သားလေး Roar Roar ကို စက်တင်ဘာ(၁၅)ရက်နေ့ ဝိတိုရိယဆေးရုံမှာ နံနက် (၅း၄၅)က မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ သားလေး Roar Roar ကတော့ မွေးဖွားချိန်က ကိုးပေါင်နဲ့ နှစ်အောင်စရှိပြီး အရပ်ကတော့ ၅၂ စင်တီမီတာ ရှိခဲ့တာ ဖြစ်ပါတယ်။မွေးဖွားချိန်ကတည်းက လူများရဲ့ ချစ်ခြင်မှုကို ရရှိထားတဲ့ သားလေးက အခုလက်ရှိမှာလည်း မိခင်ရဲ့ အနုပညာ အသိုင်းအဝိုင်းများ ကသာမက ပရိသတ်များကပါ ချစ်ခြင်ရတဲ့ ကလေးလေး တစ်ယောက်လည်း ဖြစ်ပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top