iMyanmarHouse.com - Best Property Website for Myanmar
×

လွပတဲ့ အျပံဳးတစ္ပြင့္ပိုင္ရွင္ျဖစ္ဖို႔က လွပတဲ့ႏႈတ္ခမ္းရွိမွသာ ျပီးျပည့္စံုတာပါ။ ဒါေပမယ့္ တခ်ိဳ႔ႏႈတ္ခမ္းေတြက ပန္းေသြးေရာင္မသမ္းဘဲ ႏႈတ္ခမ္းေရာင္မည္းေနတတ္ပါတယ္။ ႏႈတ္ခမ္းမည္းရတာက ေနေရာင္ထိေတြ႔မႈမ်ားျခင္း၊ ေသြးအားနည္းျခင္း၊ အရည္အေသြးနိမ့္တဲ့ ႏႈတ္ခမ္းနီသံုးျခင္း၊ ေဆးလိပ္ေသာက္ျခင္းတို႔ေၾကာင့္ ျဖစ္ပါတယ္။ ဒါဆိုရင္ ပန္းေရာင္ႏႈတ္ခမ္းပိုင္ဆိုင္ဖို႔ ေအာက္ပါရိုးရွင္းတဲ့ နည္းလမ္းေတြအတိုင္း လုပ္ေဆာင္ၾကည့္လိုက္ပါ။

၁။ ႏႈတ္ခမ္းေတြ အစိုဓာတ္ျပည့္ဝပါေစ။

ႏႈတ္ခမ္းေတြ ပန္းေရာင္သမ္းျပီးစိုေျပေနတာ ႏႈတ္ခမ္းကထုတ္တဲ့ အဆီတစ္မ်ိဳးေၾကာင့္ျဖစ္ပါတယ္။ အဆီေျခာက္ေသြ႔မေနေစဖို႔ အျပင္ထြက္တိုင္း ႏႈတ္ခမ္းနီအဆီ ဆိုးေပးပါ။ အိမ္မွာေနတဲ့အခါ အုန္းဆီလိမ္းေပးပါ။

၂။ သလဲသီး အေစ့နဲ႔ ႏြားႏို႔သံုးပါ။

သလဲသီးအေစ့ကို ၾကိတ္ေခ်ျပီး ႏြားႏို႔အနည္းငယ္နဲ႔ ေရာစပ္ပါ။ အဲဒီလိုအေရာနဲ႔ ႏႈတ္ခမ္းကိုလိမ္းပါ။ ဒီနည္းကေတာ့ ေဘးထြက္ဆိုးက်ိဳးမရွိပါ။

၃။ သခြားသီးအရည္လိမ္းပါ။

ႏႈတ္ခမ္းသားအေရာင္မည္းတာကို ေလ်ာ့ခ်ဖို႔ထိေရာက္တဲ့ နည္းလမ္းေနာက္တစ္ခုကေတာ့ သခြားသီးအရည္ကို အသားထဲ စိမ့္ဝင္တဲ့အထိ လိမ္းေပးျခင္းပဲျဖစ္ပါတယ္။ ဒီနည္းအတိုင္း တစ္ေန႔ကို (၅) မိနစ္ၾကာလိမ္းေပးျခင္းက ႏႈတ္ခမ္းသားပန္းေရာင္ ေတာက္လာပါလိမ့္မယ္။

၄။ ႏွင္းဆီပြင့္ဖတ္မ်ားနဲ႔ ႏြားႏို႕ကိုေရာစပ္ပါ။

ႏွင္းဆီပြင့္ဖတ္ေတြကို ႏြားႏို႔ထဲမွာမိနစ္ အနည္းငယ္ၾကာစိမ္ထားပါ။ အဲဒီေနာက္ ပြင့္ဖတ္ေတြကုိ ဂလစ္စရင္းအဆီ၊ ပ်ားရည္တို႔နဲ႔ ေရာစပ္ကာအႏွစ္ကို ႏႈတ္ခမ္းမွာ ၁၅မိနစ္ၾကာ သုတ္လိမ္းထားပါ။

၅။ ေရွာက္ရည္လိမ္းပါ။

ေရွာက္ရည္နဲ႔ သၾကားကိုေရာျပီး ႏႈတ္ခမ္းတြင္လိမ္းကာ ေခ်းခ်ြတ္ပါ။ ေရွာက္ရည္ကဂ်ီးခ်ြတ္ေပးႏိုင္တဲ့ ဓာတ္ရွိျပီးသၾကားကေတာ့ ဆဲလ္အေသေတြကို ဖယ္ရွားေပးႏိုင္ပါတယ္။

၆။ ပ်ားရည္၊ ဗာဒံနဲ႔ သၾကားအေရာ။

ပ်ားရည္၊ ဗာဒံဆီ (သို႔) သံလြင္ဆီနဲ႔ သၾကားကို ေရာစပ္ျပီးႏႈတ္ခမ္းမွာလိမ္းကာ (၁၀)မိနစ္ၾကာထားပါ။

၇။ သြားပြတ္တံကိုသံုးျပီး ေခ်းခ်ြတ္ပါ။

သင့္ႏႈတ္ခမ္းေတြကို ႏူးညံ့ေစခ်င္ရင္ ညဘက္သြားတိုက္ျပီးတိုင္း ႏႈတ္ခမ္းကို သြားပြတ္တံနဲ႔ ခပ္ရြရြေလးပြတ္တိုက္ေပးပါ။ သြားပြတ္တံအေမြးက ႏူးညံ့ဖို႔ေတာ့လိုပါတယ္။

၈။ အုန္းဆီ၊ သံလြင္ဆီတို႔ကို ညတိုင္းသံုးပါ။

ညဘက္အိပ္ရာဝင္တဲ့အခါတိုင္း ႏႈတ္ခမ္းကို သံလြင္ဆီ(သို႔) အုန္းဆီလိမ္းအိပ္ပါ။ ဒါမွ မနက္လင္းတဲ့အခါ ႏႈတ္ခမ္းကစိုေျပျပီး ပန္းေရာင္သမ္းေနမွာ ျဖစ္ပါတယ္။

 Credit : Lyhealthcare
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
လှပတဲ့ အပြုံးတစ်ပွင့်ပိုင်ရှင်ဖြစ်ဖို့က လှပတဲ့နှုတ်ခမ်းရှိမှသာ ပြီးပြည့်စုံတာပါ။ ဒါပေမယ့် တချို့နှုတ်ခမ်းတွေက ပန်းသွေးရောင်မသမ်းဘဲ နှုတ်ခမ်းရောင်မည်းနေတတ်ပါတယ်။ နှုတ်ခမ်းမည်းရတာက နေရောင်ထိတွေ့မှုများခြင်း၊ သွေးအားနည်းခြင်း၊ အရည်အသွေးနိမ့်တဲ့ နှုတ်ခမ်းနီသုံးခြင်း၊ ဆေးလိပ်သောက်ခြင်းတို့ကြောင့် ဖြစ်ပါတယ်။ ဒါဆိုရင် ပန်းရောင်နှုတ်ခမ်းပိုင်ဆိုင်ဖို့ အောက်ပါရိုးရှင်းတဲ့ နည်းလမ်းတွေအတိုင်း လုပ်ဆောင်ကြည့်လိုက်ပါ။

၁။ နှုတ်ခမ်းတွေ အစိုဓာတ်ပြည့်ဝပါစေ။

နှုတ်ခမ်းတွေ ပန်းရောင်သမ်းပြီးစိုပြေနေတာ နှုတ်ခမ်းကထုတ်တဲ့ အဆီတစ်မျိုးကြောင့်ဖြစ်ပါတယ်။ အဆီခြောက်သွေ့မနေစေဖို့ အပြင်ထွက်တိုင်း နှုတ်ခမ်းနီအဆီ ဆိုးပေးပါ။ အိမ်မှာနေတဲ့အခါ အုန်းဆီလိမ်းပေးပါ။

၂။ သလဲသီး အစေ့နဲ့ နွားနို့သုံးပါ။

သလဲသီးအစေ့ကို ကြိတ်ချေပြီး နွားနို့အနည်းငယ်နဲ့ ရောစပ်ပါ။ အဲဒီလိုအရောနဲ့ နှုတ်ခမ်းကိုလိမ်းပါ။ ဒီနည်းကတော့ ဘေးထွက်ဆိုးကျိုးမရှိပါ။

၃။ သခွားသီးအရည်လိမ်းပါ။

နှုတ်ခမ်းသားအရောင်မည်းတာကို လျော့ချဖို့ထိရောက်တဲ့ နည်းလမ်းနောက်တစ်ခုကတော့ သခွားသီးအရည်ကို အသားထဲ စိမ့်ဝင်တဲ့အထိ လိမ်းပေးခြင်းပဲဖြစ်ပါတယ်။ ဒီနည်းအတိုင်း တစ်နေ့ကို (၅) မိနစ်ကြာလိမ်းပေးခြင်းက နှုတ်ခမ်းသားပန်းရောင် တောက်လာပါလိမ့်မယ်။

၄။ နှင်းဆီပွင့်ဖတ်များနဲ့ နွားနို့ကိုရောစပ်ပါ။

နှင်းဆီပွင့်ဖတ်တွေကို နွားနို့ထဲမှာမိနစ် အနည်းငယ်ကြာစိမ်ထားပါ။ အဲဒီနောက် ပွင့်ဖတ်တွေကို ဂလစ်စရင်းအဆီ၊ ပျားရည်တို့နဲ့ ရောစပ်ကာအနှစ်ကို နှုတ်ခမ်းမှာ ၁၅မိနစ်ကြာ သုတ်လိမ်းထားပါ။

၅။ ရှောက်ရည်လိမ်းပါ။

ရှောက်ရည်နဲ့ သကြားကိုရောပြီး နှုတ်ခမ်းတွင်လိမ်းကာ ချေးချွတ်ပါ။ ရှောက်ရည်ကဂျီးချွတ်ပေးနိုင်တဲ့ ဓာတ်ရှိပြီးသကြားကတော့ ဆဲလ်အသေတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

၆။ ပျားရည်၊ ဗာဒံနဲ့ သကြားအရော။

ပျားရည်၊ ဗာဒံဆီ (သို့) သံလွင်ဆီနဲ့ သကြားကို ရောစပ်ပြီးနှုတ်ခမ်းမှာလိမ်းကာ (၁၀)မိနစ်ကြာထားပါ။

၇။ သွားပွတ်တံကိုသုံးပြီး ချေးချွတ်ပါ။

သင့်နှုတ်ခမ်းတွေကို နူးညံ့စေချင်ရင် ညဘက်သွားတိုက်ပြီးတိုင်း နှုတ်ခမ်းကို သွားပွတ်တံနဲ့ ခပ်ရွရွလေးပွတ်တိုက်ပေးပါ။ သွားပွတ်တံအမွေးက နူးညံ့ဖို့တော့လိုပါတယ်။

၈။ အုန်းဆီ၊ သံလွင်ဆီတို့ကို ညတိုင်းသုံးပါ။

ညဘက်အိပ်ရာဝင်တဲ့အခါတိုင်း နှုတ်ခမ်းကို သံလွင်ဆီ(သို့) အုန်းဆီလိမ်းအိပ်ပါ။ ဒါမှ မနက်လင်းတဲ့အခါ နှုတ်ခမ်းကစိုပြေပြီး ပန်းရောင်သမ်းနေမှာ ဖြစ်ပါတယ်။

 Credit : Lyhealthcare

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top