iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ိဳးသမီးတုိင္းလိုလို ၾကံဳရတဲ့ လစဥ္ဓမၼတာကိစၥဟာ ၿမီးေကာင္ေပါက္အ႐ြယ္ကစလို႔ အသက္ ၄၅ ႏွစ္ဝန္းက်င္အထိ လစဥ္လတိုင္း ျဖတ္သန္းရတဲ့ကိစၥပါ။ ဓမၼတာ လာခါနီးမွာလည္း ေဟာ္မုန္းအေျပာင္းအလဲေၾကာင့္ စိတ္ကမတည္ၿငိမ္ပါဘူး။ ဓမၼတာေန႔ရက္ေတြမွာဆုိလည္း လူက ႏံုးခ်ိေနလို႔ အိပ္ရာထဲမွာလွဲေနရခ်ိန္ေတြလည္း မ်ားပါတယ္။ ဒီလိုေန႔ရက္ေတြဟာ ပံုမွန္ေန႔ရက္နဲ႔မတူလို႔ ေ႐ွာင္ၾကဥ္စရာေတြကိုေတာ့ ေ႐ွာင္ၾကဥ္ဖုိ႔လိုတာေပါ့။

၁။ ေရခ်ိဳးပါ

အိမ္ထဲကအိမ္ျပင္မထြက္ဘဲ ေခြေခါက္ေနတာမ်ိဳး မလုပ္ပါနဲ႔။ သန္႔သန္႔ရွင္းရွင္းေနပါ။ ေရခ်ိဳးခ်ိန္မွာ ေရခ်ိဳးရပါမယ္။ ေရမခ်ိဳးရဘူးဆုိတဲ့ အေတြးမွားေတြနဲ႔ ကိုယ့္ကိုယ္ကိုယ္ ညစ္ပတ္မခံသင့္ပါဘူး။

၂။ အိပ္ရာထဲကထ

အိပ္ရာထဲမွာခ်ည္း ေခြေခါက္ေနတာမ်ိဳးလည္း မျဖစ္သင့္ပါဘူး။ နာက်င္ကိုက္ခဲမႈေတြရွိရင္ ေဆးေသာက္လို႔ရပါတယ္။ အိပ္ရာထဲ ေခြေနရင္ လူကိုပိုၿပီးႏံုးခ်ိသလို ခံစားရတယ္မဟုတ္လား။

၃။ ခ်က္ျပဳတ္ျခင္း

အိမ္ျပင္မထြက္ဘဲ အိမ္မွာ တစ္ခုၿပီးတစ္ခု ခ်က္စားမယ္ဆုိတဲ့အေတြးကိုလည္း စြန္႔လႊတ္လိုက္ပါ။ နဂိုကမွ စိတ္တိုလိုက္၊ ဝမ္းနည္းလိုက္ ျဖစ္ေနေတာ့ ခ်က္ျပဳတ္တဲ့အခါ သိပ္ၿပီးခံစားလို႔မေကာင္းပါဘူး။ အခန္႔မသင့္ရင္ မေတာ္တဆ ဓား႐ွတာမ်ိဳးေတာင္ ျဖစ္ႏိုင္ပါေသးတယ္။

၄။ ေလ့က်င့္ခန္း

ကိုယ္ကာယေလ့က်င့္ေတြလည္း ျဖစ္ႏိုင္သမွ် မလုပ္ဘဲေနလိုက္ပါ။ သံုးရက္ေလာက္ ေလ့က်င့္ခန္းမလုပ္လို႔ ခႏၶာကိုယ္က ၁၀ ေပါင္ေလာက္ ခ်က္ျခင္းဝမလာပါဘူး။ သက္ေတာင့္သက္သာျဖစ္ေနဖုိ႔က အဓိကပါပဲ။

၅။ အိမ္အလုပ္ေတြ

အိမ္ကိုသန္႔႐ွင္းေအာင္ ရွင္းလင္းတာမ်ိဳး၊ အဝတ္ေတြေလွ်ာ္ဖြပ္တာမ်ိဳးကလည္း အစပ်ိဳးလိုက္တာနဲ႔ တစ္ေနကုန္လုပ္ရတာမ်ိဳးေတြျဖစ္ပါတယ္။ အလုပ္လုပ္ေနရင္းမွ မၿပီးႏိုင္မစီးႏိုင္ျဖစ္လာလုိ႔ လူပင္ပန္း စိတ္တိုလာၿပီး ေနာက္ပိုင္းမွာ ၿပီးစလြယ္နဲဲ႔အဆံုးသတ္လိုက္ရတာမ်ိဳး မျဖစ္ခ်င္ဘူးမဟုတ္လား။

၆။ ထိုင္ရာကမထတာ

အိပ္ရာထဲ မေနနဲ႔ဆိုလို႔ ကုလားထိုင္ေပၚမွာ တစ္ခ်ိန္လံုးထိုင္ေနတာမ်ိဳးလည္း မလုပ္ပါနဲ႔။ အစားအစား၊ ေရမိုးခ်ိဳးတာနဲ႔ လမ္းေလွ်ာက္တာေတြကိုလည္း ပံုမွန္အတိုင္းလုပ္ေဆာင္ပါ။

၇။ စိတ္ခံစားရမယ့္ရုပ္ရွင္ေတြ

အိပ္ရာထဲမွာ အိပ္ေနရင္းျဖစ္ျဖစ္၊ ကုလားထိုင္က မခြာဘဲဲ ႐ုပ္ရွင္ကားေတြ တစ္ခုၿပီးတစ္ခု ၾကည့္ေနျဖစ္ၾကပါတယ္။ ဒါမ်ိဳးလည္း မလုပ္သင့္ပါဘူး။ ၿပီးေတာ့ ဒီရက္ပိုင္းမွာ ကိုယ့္စိတ္ခံစားခ်က္က အေျပာင္းအလဲျမန္ေနတယ္ဆိုတာ ကိုယ္တိုင္အသိဆံုးမဟုတ္လား။ ဝမ္းနည္းစရာေတြ၊ ေၾကာက္လန္႔စရာေတြၾကည့္ၿပီးမွ စိတ္ခံစားခ်က္က ပိုဆိုးသြားႏိုင္လို႔ မၾကည့္တာပဲေကာင္းပါတယ္။

၈။ အျငင္းအခုန္

အလုိလိုေနရင္း စိတ္တုိေနေတာ့ ထစ္ခနဲဆို ေဒါသထြက္ခ်င္လာပါတယ္။ ဒီလိုအခ်ိန္ေတြမွာ ကိုယ့္ကိုယ္ကိုယ္ ျပန္ထိန္းပါ။ အလုပ္ထဲက အထက္လူႀကီး၊ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ စကားမ်ားၿပီး အျငင္းအခုန္ေတြျဖစ္ရင္ ကိုယ္ပဲထိခိုက္ရမယ္ဆုိတာကို သတိထားသင့္ပါတယ္။

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အမျိုးသမီးတိုင်းလိုလို ကြုံရတဲ့ လစဉ်ဓမ္မတာကိစ္စဟာ မြီးကောင်ပေါက်အရွယ်ကစလို့ အသက် ၄၅ နှစ်ဝန်းကျင်အထိ လစဉ်လတိုင်း ဖြတ်သန်းရတဲ့ကိစ္စပါ။ ဓမ္မတာ လာခါနီးမှာလည်း ဟော်မုန်းအပြောင်းအလဲကြောင့် စိတ်ကမတည်ငြိမ်ပါဘူး။ ဓမ္မတာနေ့ရက်တွေမှာဆိုလည်း လူက နုံးချိနေလို့ အိပ်ရာထဲမှာလှဲနေရချိန်တွေလည်း များပါတယ်။ ဒီလိုနေ့ရက်တွေဟာ ပုံမှန်နေ့ရက်နဲ့မတူလို့ ရှောင်ကြဉ်စရာတွေကိုတော့ ရှောင်ကြဉ်ဖို့လိုတာပေါ့။

၁။ ရေချိုးပါ

အိမ်ထဲကအိမ်ပြင်မထွက်ဘဲ ခွေခေါက်နေတာမျိုး မလုပ်ပါနဲ့။ သန့်သန့်ရှင်းရှင်းနေပါ။ ရေချိုးချိန်မှာ ရေချိုးရပါမယ်။ ရေမချိုးရဘူးဆိုတဲ့ အတွေးမှားတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ညစ်ပတ်မခံသင့်ပါဘူး။

၂။ အိပ်ရာထဲကထ

အိပ်ရာထဲမှာချည်း ခွေခေါက်နေတာမျိုးလည်း မဖြစ်သင့်ပါဘူး။ နာကျင်ကိုက်ခဲမှုတွေရှိရင် ဆေးသောက်လို့ရပါတယ်။ အိပ်ရာထဲ ခွေနေရင် လူကိုပိုပြီးနုံးချိသလို ခံစားရတယ်မဟုတ်လား။

၃။ ချက်ပြုတ်ခြင်း

အိမ်ပြင်မထွက်ဘဲ အိမ်မှာ တစ်ခုပြီးတစ်ခု ချက်စားမယ်ဆိုတဲ့အတွေးကိုလည်း စွန့်လွှတ်လိုက်ပါ။ နဂိုကမှ စိတ်တိုလိုက်၊ ဝမ်းနည်းလိုက် ဖြစ်နေတော့ ချက်ပြုတ်တဲ့အခါ သိပ်ပြီးခံစားလို့မကောင်းပါဘူး။ အခန့်မသင့်ရင် မတော်တဆ ဓားရှတာမျိုးတောင် ဖြစ်နိုင်ပါသေးတယ်။

၄။ လေ့ကျင့်ခန်း

ကိုယ်ကာယလေ့ကျင့်တွေလည်း ဖြစ်နိုင်သမျှ မလုပ်ဘဲနေလိုက်ပါ။ သုံးရက်လောက် လေ့ကျင့်ခန်းမလုပ်လို့ ခန္ဓာကိုယ်က ၁၀ ပေါင်လောက် ချက်ခြင်းဝမလာပါဘူး။ သက်တောင့်သက်သာဖြစ်နေဖို့က အဓိကပါပဲ။

၅။ အိမ်အလုပ်တွေ

အိမ်ကိုသန့်ရှင်းအောင် ရှင်းလင်းတာမျိုး၊ အဝတ်တွေလျှော်ဖွပ်တာမျိုးကလည်း အစပျိုးလိုက်တာနဲ့ တစ်နေကုန်လုပ်ရတာမျိုးတွေဖြစ်ပါတယ်။ အလုပ်လုပ်နေရင်းမှ မပြီးနိုင်မစီးနိုင်ဖြစ်လာလို့ လူပင်ပန်း စိတ်တိုလာပြီး နောက်ပိုင်းမှာ ပြီးစလွယ်နဲ့အဆုံးသတ်လိုက်ရတာမျိုး မဖြစ်ချင်ဘူးမဟုတ်လား။

၆။ ထိုင်ရာကမထတာ

အိပ်ရာထဲ မနေနဲ့ဆိုလို့ ကုလားထိုင်ပေါ်မှာ တစ်ချိန်လုံးထိုင်နေတာမျိုးလည်း မလုပ်ပါနဲ့။ အစားအစား၊ ရေမိုးချိုးတာနဲ့ လမ်းလျှောက်တာတွေကိုလည်း ပုံမှန်အတိုင်းလုပ်ဆောင်ပါ။

၇။ စိတ်ခံစားရမယ့်ရုပ်ရှင်တွေ

အိပ်ရာထဲမှာ အိပ်နေရင်းဖြစ်ဖြစ်၊ ကုလားထိုင်က မခွာဘဲ ရုပ်ရှင်ကားတွေ တစ်ခုပြီးတစ်ခု ကြည့်နေဖြစ်ကြပါတယ်။ ဒါမျိုးလည်း မလုပ်သင့်ပါဘူး။ ပြီးတော့ ဒီရက်ပိုင်းမှာ ကိုယ့်စိတ်ခံစားချက်က အပြောင်းအလဲမြန်နေတယ်ဆိုတာ ကိုယ်တိုင်အသိဆုံးမဟုတ်လား။ ဝမ်းနည်းစရာတွေ၊ ကြောက်လန့်စရာတွေကြည့်ပြီးမှ စိတ်ခံစားချက်က ပိုဆိုးသွားနိုင်လို့ မကြည့်တာပဲကောင်းပါတယ်။

၈။ အငြင်းအခုန်

အလိုလိုနေရင်း စိတ်တိုနေတော့ ထစ်ခနဲဆို ဒေါသထွက်ချင်လာပါတယ်။ ဒီလိုအချိန်တွေမှာ ကိုယ့်ကိုယ်ကိုယ် ပြန်ထိန်းပါ။ အလုပ်ထဲက အထက်လူကြီး၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားများပြီး အငြင်းအခုန်တွေဖြစ်ရင် ကိုယ်ပဲထိခိုက်ရမယ်ဆိုတာကို သတိထားသင့်ပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top