iMyanmarHouse.com - Best Property Website for Myanmar
×

အလုပ္ကျပန္ေရာက္လုိ႔ လြယ္ထားတဲ့ အိတ္ကေလးကို ခ်လိုက္တာနဲ႔ လုပ္စရာ အိမ္အလုပ္ေတြ တန္းစီေနတာကိုျမင္ၿပီး အေမာဆုိ႔သြားတဲ့ ခံစားခ်က္မ်ိဳးဟာ မဒီတုိ႔ အမ်ိဳးသမီးအေတာ္မ်ားမ်ား ၾကံဳဖူးၾကမွာပါ။ အိမ္မႈကိစၥ ႏိုင္နင္းမွ မိန္းမေကာင္း ပီသတယ္လို႔လည္း ေျပာၾကတယ္။ အဲ့ဒီအတြက္ေၾကာင့္မို႔လို႔ ကၽြန္မတို႔ မိန္းကေလးေတြဟာ ငယ္စဥ္တည္းက အိမ္မႈကိစၥေတြကို အဘြား၊ အေမတို႔ဆီကေန သင္ယူၿပီး လုပ္ေဆာင္ခဲ့ရတယ္ေလ။ ကိုယ့္အိမ္သန္႔႐ွင္းသပ္ရပ္မႈကို လူတုိင္းလိုခ်င္ၾကေပမဲ့ ကၽြန္တစ္ေယာက္လို လုပ္ေနရတာမ်ိဳးကေတာ့ ခြဲျခားဖိႏွိပ္တာျဖစ္သြားပါၿပီ။

အ႐ြယ္ေရာက္လာတဲ့ မိန္းကေလးတစ္ေယာက္ဟာ အိမ္မႈကိစၥေတြကို မႏိုင္နင္းရင္၊ မကၽြမ္းက်င္ဘူးဆိုရင္ပဲ ရႈတ္ခ်တာခံရပါတယ္။ အိမ္ရဲ႕အလုပ္ေတြမုိ႔ ၾကမ္းတိုက္၊ သန္႔ရွင္းေရး၊ အဝတ္ေလွ်ာ္၊ မီးပူတုိက္ စတာေတြကို မိန္းကေလးေတြကလည္း အနည္းနဲ႔အမ်ားဆုိသလို အထိုက္အေလွ်ာက္ေတာ့ လုပ္တတ္ၾကပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ အလွႀကိဳက္တဲ့ ကၽြန္မတုိ႔ မိန္းကေလးေတြက သပ္ရပ္သန္႔ရွင္းတာကိုလည္း သေဘာက်ၾကလို႔ပါ။ ဒါေပမဲ့ ဒါဟာ အိမ္မႈကိစၥမွန္သမွ် သိမ္းက်ံဳးလုပ္ရမယ္လုိ႔ မဆုိလိုပါဘူး။

ဒီေန႔ေခတ္ အေနအထားမွာ အမ်ိဳးသမီးေတြဟာ အမ်ိဳးသားေတြလိုပဲ ရင္ေဘာင္တန္းၿပီး အလုပ္လုပ္ေနၾကရပါတယ္။ မိသားစုဝင္ေငြအတြက္လည္း အလုပ္လုပ္ၾကရတယ္။ ေယာက္်ား၊ မိန္းမ တန္းတူ အလုပ္လုပ္ စီးပြားရွာရတဲ့ ေခတ္ႀကီးမွာ အိမ္အလုပ္ေတြကိုေတာ့ မိန္းမတစ္ေယာက္တည္း သိမ္းက်ံဳးလုပ္ရတာဟာ ခြဲျခားမႈတစ္ခုပါပဲ။ မိန္းမဆုိရင္ အိမ္အလုပ္ လုပ္ကိုလုပ္ရမယ္၊ မိန္းမေတြမွာပဲ တာဝန္႐ွိတယ္ဆုိတဲ့ ဖိႏွိပ္ဆက္ဆံမႈဟာ အမ်ိဳးသမီးေတြရဲ႕ လူမႈဘဝေတြကို အေထာက္အကူမျဖစ္ေစဘူး။ သူ႔ရဲ႕ ရုပ္ပိုင္းဆုိင္ရာ၊ စိတ္ပိုင္းဆုိင္ရာကိုပါ ထိခိုက္သြားေစပါတယ္။

အိမ္ေထာင္သည္ အမ်ိဳးသမီးေတြဟာ ကေလးေတြေၾကာင့္ စိတ္ဖိစီးရတာထက္ ခင္ပြန္းသည္ေၾကာင့္ စိတ္ပင္ပန္းရတာ ပိုမ်ားတယ္လို႔ ဆိုပါတယ္။ သူတုိ႔ရဲ႕ခင္ပြန္းသည္ေတြဟာ အိမ္အလုပ္ေတြကို ကူလုပ္ေပးျခင္းမရွိတဲ့အျပင္ ျပစ္တင္ႀကိမ္းေမာင္းမႈေတြေၾကာင့္ အိမ္ေထာင္သည္ အမ်ိဳးသမီးေတြဟာ စိတ္ဖိစီးမႈေတြကို ရင္ဆုိင္ေနရတယ္လို႔ ေျပာတယ္။ ဒါဟာ ဖြံ႕ၿဖိဳးတိုးတက္ေနတဲ့ အေနာက္ႏုိင္ငံေတြမွာေတာင္ ျဖစ္ေနတဲ့အရာပါ။ ကၽြန္မတုိ႔ရဲ႕ အာ႐ွေဒသမွာဆုိရင္ ပိုၿပီးေတာ့ကို ဆိုးရြားပါတယ္။

ပုခက္လႊဲတဲ့လက္ေတြက ကမၻာကို အုပ္စိုးဖုိ႔အတြက္ဆုိရင္ အမ်ိဳးသမီးေတြဟာ စိတ္ပိုင္းဆုိင္ရာ၊ ရုပ္ပိုင္းဆုိင္ရာ ခြန္အားေတြရွိေနဖို႔လိုပါလိမ့္မယ္။ ဒါကို လုပ္တတ္တယ္၊ လုပ္ႏိုင္တယ္ ဆုိတာနဲ႔ပဲ အကုန္သိမ္းက်ံဳးလုပ္ရမယ္ဆုိရင္ သူတုိ႔ရဲ႕ခြန္အားေတြ ဆံုးရႈံးသြားၿပီး တကယ္အသံုးခ်ရမယ့္ ေနရာေတြမွာ အသံုးမခ်ႏုိင္ေတာ့ဘူး။ အိမ္ကိစၥေတြကိုတစ္ေယာက္တည္း ပင္ပင္ပန္းပန္း လုပ္ရတဲ့အခါ အားအင္ကုန္ခမ္းသြားတဲ့အတြက္ အလုပ္နဲ႔ သက္ေမြးဝမ္းေၾကာင္းလုပ္ငန္းေတြမွာ ထင္သေလာက္ အားမစိုက္ႏိုင္ေတာ့တာမ်ိဳး ၾကံဳေနရပါတယ္။ အိမ္တစ္အိမ္တည္းမွာ အတူတူေနၾကတယ္ဆုိရင္ အိမ္ရဲ႕ကိစၥေတြကို အတူတူ မွ်ေဝလုပ္ေဆာင္ဖုိ႔ အကုန္လံုးမွာ တာဝန္ရွိပါတယ္။ ကိုယ့္အိမ္သပ္ရပ္သန္႔ရွင္းဖုိ႔၊ ကိုယ့္ရဲ႕ဇနီးသည္ က်န္းမာေပ်ာ္႐ႊင္ဖုိ႔အတြက္ အမ်ိဳးသားေတြအေနနဲ႔လည္း အိမ္မႈကိစၥေတြကို ကူညီေပးႏိုင္ပါတယ္။ ဒါမွသာ ပိုေပ်ာ္စရာေကာင္းတဲ့၊ ေႏြးေထြးစည္းလံုးတဲ့ မိသားစုဘဝကို ရရွိလာမွာျဖစ္ပါတယ္။

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အလုပ်ကပြန်ရောက်လို့ လွယ်ထားတဲ့ အိတ်ကလေးကို ချလိုက်တာနဲ့ လုပ်စရာ အိမ်အလုပ်တွေ တန်းစီနေတာကိုမြင်ပြီး အမောဆို့သွားတဲ့ ခံစားချက်မျိုးဟာ မဒီတို့ အမျိုးသမီးအတော်များများ ကြုံဖူးကြမှာပါ။ အိမ်မှုကိစ္စ နိုင်နင်းမှ မိန်းမကောင်း ပီသတယ်လို့လည်း ပြောကြတယ်။ အဲ့ဒီအတွက်ကြောင့်မို့လို့ ကျွန်မတို့ မိန်းကလေးတွေဟာ ငယ်စဉ်တည်းက အိမ်မှုကိစ္စတွေကို အဘွား၊ အမေတို့ဆီကနေ သင်ယူပြီး လုပ်ဆောင်ခဲ့ရတယ်လေ။ ကိုယ့်အိမ်သန့်ရှင်းသပ်ရပ်မှုကို လူတိုင်းလိုချင်ကြပေမဲ့ ကျွန်တစ်ယောက်လို လုပ်နေရတာမျိုးကတော့ ခွဲခြားဖိနှိပ်တာဖြစ်သွားပါပြီ။

အရွယ်ရောက်လာတဲ့ မိန်းကလေးတစ်ယောက်ဟာ အိမ်မှုကိစ္စတွေကို မနိုင်နင်းရင်၊ မကျွမ်းကျင်ဘူးဆိုရင်ပဲ ရှုတ်ချတာခံရပါတယ်။ အိမ်ရဲ့အလုပ်တွေမို့ ကြမ်းတိုက်၊ သန့်ရှင်းရေး၊ အဝတ်လျှော်၊ မီးပူတိုက် စတာတွေကို မိန်းကလေးတွေကလည်း အနည်းနဲ့အများဆိုသလို အထိုက်အလျှောက်တော့ လုပ်တတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အလှကြိုက်တဲ့ ကျွန်မတို့ မိန်းကလေးတွေက သပ်ရပ်သန့်ရှင်းတာကိုလည်း သဘောကျကြလို့ပါ။ ဒါပေမဲ့ ဒါဟာ အိမ်မှုကိစ္စမှန်သမျှ သိမ်းကျုံးလုပ်ရမယ်လို့ မဆိုလိုပါဘူး။

ဒီနေ့ခေတ် အနေအထားမှာ အမျိုးသမီးတွေဟာ အမျိုးသားတွေလိုပဲ ရင်ဘောင်တန်းပြီး အလုပ်လုပ်နေကြရပါတယ်။ မိသားစုဝင်ငွေအတွက်လည်း အလုပ်လုပ်ကြရတယ်။ ယောက်ျား၊ မိန်းမ တန်းတူ အလုပ်လုပ် စီးပွားရှာရတဲ့ ခေတ်ကြီးမှာ အိမ်အလုပ်တွေကိုတော့ မိန်းမတစ်ယောက်တည်း သိမ်းကျုံးလုပ်ရတာဟာ ခွဲခြားမှုတစ်ခုပါပဲ။ မိန်းမဆိုရင် အိမ်အလုပ် လုပ်ကိုလုပ်ရမယ်၊ မိန်းမတွေမှာပဲ တာဝန်ရှိတယ်ဆိုတဲ့ ဖိနှိပ်ဆက်ဆံမှုဟာ အမျိုးသမီးတွေရဲ့ လူမှုဘဝတွေကို အထောက်အကူမဖြစ်စေဘူး။ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်သွားစေပါတယ်။

အိမ်ထောင်သည် အမျိုးသမီးတွေဟာ ကလေးတွေကြောင့် စိတ်ဖိစီးရတာထက် ခင်ပွန်းသည်ကြောင့် စိတ်ပင်ပန်းရတာ ပိုများတယ်လို့ ဆိုပါတယ်။ သူတို့ရဲ့ခင်ပွန်းသည်တွေဟာ အိမ်အလုပ်တွေကို ကူလုပ်ပေးခြင်းမရှိတဲ့အပြင် ပြစ်တင်ကြိမ်းမောင်းမှုတွေကြောင့် အိမ်ထောင်သည် အမျိုးသမီးတွေဟာ စိတ်ဖိစီးမှုတွေကို ရင်ဆိုင်နေရတယ်လို့ ပြောတယ်။ ဒါဟာ ဖွံ့ဖြိုးတိုးတက်နေတဲ့ အနောက်နိုင်ငံတွေမှာတောင် ဖြစ်နေတဲ့အရာပါ။ ကျွန်မတို့ရဲ့ အာရှဒေသမှာဆိုရင် ပိုပြီးတော့ကို ဆိုးရွားပါတယ်။

ပုခက်လွှဲတဲ့လက်တွေက ကမ္ဘာကို အုပ်စိုးဖို့အတွက်ဆိုရင် အမျိုးသမီးတွေဟာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ခွန်အားတွေရှိနေဖို့လိုပါလိမ့်မယ်။ ဒါကို လုပ်တတ်တယ်၊ လုပ်နိုင်တယ် ဆိုတာနဲ့ပဲ အကုန်သိမ်းကျုံးလုပ်ရမယ်ဆိုရင် သူတို့ရဲ့ခွန်အားတွေ ဆုံးရှုံးသွားပြီး တကယ်အသုံးချရမယ့် နေရာတွေမှာ အသုံးမချနိုင်တော့ဘူး။ အိမ်ကိစ္စတွေကိုတစ်ယောက်တည်း ပင်ပင်ပန်းပန်း လုပ်ရတဲ့အခါ အားအင်ကုန်ခမ်းသွားတဲ့အတွက် အလုပ်နဲ့ သက်မွေးဝမ်းကြောင်းလုပ်ငန်းတွေမှာ ထင်သလောက် အားမစိုက်နိုင်တော့တာမျိုး ကြုံနေရပါတယ်။ အိမ်တစ်အိမ်တည်းမှာ အတူတူနေကြတယ်ဆိုရင် အိမ်ရဲ့ကိစ္စတွေကို အတူတူ မျှဝေလုပ်ဆောင်ဖို့ အကုန်လုံးမှာ တာဝန်ရှိပါတယ်။ ကိုယ့်အိမ်သပ်ရပ်သန့်ရှင်းဖို့၊ ကိုယ့်ရဲ့ဇနီးသည် ကျန်းမာပျော်ရွှင်ဖို့အတွက် အမျိုးသားတွေအနေနဲ့လည်း အိမ်မှုကိစ္စတွေကို ကူညီပေးနိုင်ပါတယ်။ ဒါမှသာ ပိုပျော်စရာကောင်းတဲ့၊ နွေးထွေးစည်းလုံးတဲ့ မိသားစုဘဝကို ရရှိလာမှာဖြစ်ပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top