iMyanmarHouse.com - Best Property Website for Myanmar
×
အဖြေက No..
မလိုအပ်ဘူး။
မင်းပဲ စိတ်ဆင်းရဲမယ်။
သူတို့က သူတို့။
မင်းက မင်းပဲ။
Credit : Lwinpyin
ပို့သပေးပါတယ်။
ကြားဖူးနေကြစကားလေး ရှိတယ်။
အောင်မြင်သူတွေရဲ့နောက်မှာ ပံ့ပိုးပေးနေတဲ့ လက်တွဲဖော်တွေ ရှိတယ် ဆိုတာလေး။
အဲ့တာနဲ့ ဘဝမှာ အောင်မြင်ဖို့ လက်တွဲဖော် မဖြစ်မနေ လိုအပ်တာလား ဆိုတာလေး လေ့လာမိတယ်။
အဖြေက No..
မလိုအပ်ဘူး။
ဒါ့အပြင် အောင်မြင်ချင်တဲ့ လူငယ်တွေဟာ လက်တွဲဖော် မထားတာ မရှာတာ ပိုကောင်းတယ် ဆိုတာလေး သွားတွေ့တယ်။
အောက်မှာ အချက်လေးတွေနဲ့ ရှင်းပြပေးမယ်။
1. ရည်းစား ထားတာက မလိုအပ်တဲ့ စိတ်ပင်ပန်းမှုတွေကို ဖြစ်စေတယ်။
အတွဲတွေ ရန်ဖြစ်ကြတယ်။ဒါမထူးဆန်းဘူး။ ဖြစ်ကြမှာပဲ။ ဒါပေမဲ့ တစ်ခါတလေ ရန်ဖြစ်ပြီးရင် စိတ်ဒဏ်ရာတွေ အမြစ်တွယ်လာကြတယ်။
ဘာမဟုတ်တဲ့ စကားလေးအပေါ် ခံစားပြီး ကြေကွဲပူဆွေးနေမိမှာပဲ။
ဒါဟာ အလုပ်အပေါ် အာရုံစူးစိုက်မှုကို သိသိသာသာ လျော့ကျစေတယ်။
ရည်းစားနဲ့ရန်ဖြစ်ထားပြီးတော့သေချာအာရုံစိုက်အလုပ်လုပ်နိုင်တဲ့သူကတော့ ရှားမယ်။
2. ငယ်နေတုန်းမှာ Single Life ကို ပျော်တတ်ဖို့လိုတယ်။
ကိုယ့်အတွက် သင့်တော်တဲ့ လက်တွဲဖော်နဲ့ ဘဝကို ဖြတ်သန်းဖို့ အချိန်တွေ အများကြီးကျန်ပါသေးတယ်။
အကယ်၍ ကိုယ်က ခုမှ 20 ဝန်းကျင်ပဲ ရှိသေးတယ် ဆိုရင်ပေါ့။
အဲ့ဒီတော့ ကိုယ့်ကို ဖိအားတွေ၊ မွန်းကျပ်မှုတွေ၊ စိတ်ခံစားရမှုတွေ ဖြစ်စေတဲ့ RS တစ်ခုကို မလိုချင်ပါနဲ့။
ကျန်းကျန်းမာမာနေ၊ အလုပ်ကို သေအောင်ကြိုးစား။
ကိုယ်ပိုအောင်မြင်လာတဲ့အခါ ကိုယ့်မှာ ရွေးချယ်စရာတွေ အရမ်းများလာလိမ့်မယ်။
လူ 10 ယောက်ထဲက နဲ့ လူ အယောက်1000 ထဲမှာ ကိုယ်နဲ့သင့်တော်တဲ့သူကို လူအယောက် 1000 ထဲမှာ ရှာဖို့လွယ်တယ်။
3. ငယ်ရွယ်ချိန်မှာ အလုပ်ကို ဦးစားပေးဖို့ လိုတယ်။
ကျောင်းမှာဘယ်လိုပဲသင်ခဲ့ရ သင်ခဲ့ရ ငွေရှာနိုင်တဲ့ အသက်မွေးပညာမရှိရင် လူရာဝင်မှာ မဟုတ်ဘူး။
ပညာရှာရမဲ့အချိန်မှာ ရည်းစားရှာ၊ RS တစ်ခုကို အချိန်ကုန်ခံတည်ဆောက် နေတာ အချိန်ဖြုန်းတာသက်သက်ပဲ။
တည်ငြိမ်တဲ့ RS တစ်ခုရပြီဆိုပါတော့၊ ငွေမရှာနိုင်ရင် တည်တံ့နိုင်ဦးမလား စဉ်းစားဖို့လိုတယ်။
အဲ့တော့ အရင်ဆုံး Financial ကို Stable ဖြစ်အောင်လုပ်။
ပြီးမှ အားရပါးရ Romantic ဆန်။ ဘာမှမဖြစ်ဘူး။
ဘာလို့လဲဆို မင်းက Role တစ်ခုရောက်သွားပြီ။
ကြိုက်တဲ့ Fairytale ကို အသက်သွင်း။ သာသာယာယာပဲ။
4. မင်း ထင်သလောက် ပိုက်ဆံမသုံးနိုင်သေးဘူး။
ကျောင်းတက်နေတဲ့အရွယ်မှာ ဘယ်သူမှ ငွေကို ရေလို သုံးနိုင်မှာ မဟုတ်ဘူး။
Rich Kid တွေကလွဲရင်ပေါ့။
လက်ဆောင်တွေ၊ ပန်းစည်းတွေ၊ ညစာတွေက အလကားမရဘူး။
အဲ့ဒီတော့ ပိုက်ဆံမသုံးနိုင်တဲ့အရွယ်မှာ ရည်းစားကို ပျော်အောင် ထားပေးနိုင်မှာလည်း မဟုတ်ဘူး။
မင်းပဲ စိတ်ဆင်းရဲမယ်။
5. အလုပ် နဲ့ Relationship နှစ်ခုလုံးကို မင်းတစ်ပြိုင်တည်း အာရုံစိုက်လို့ မရဘူး။
20 ကျော် အရွယ်ဆိုတာ ကျောင်းပြီးကာစ၊ လုပ်ငန်းထဲဝင်ခါစ အရွယ်တွေ။
အဲ့ဒီတော့ အလုပ်နဲ့ အချစ်နဲ့မှာ တစ်ခုခုကို ရွေးဖို့လိုတယ်။
နှစ်ခုလုံး တစ်ပြိုင်တည်းသွားရင် ဘယ်ဟာမှ ခရီးတွင်မှာ မဟုတ်ဘူး။
မနက် 9 ကနေ ညနေ 5 အထိ အလုပ်လုပ်ပြီးရင် ကျန်တဲ့အချိန်မှာ ဘယ်လောက်ထိ သူ့ကို ပျော်အောင် ထားပေးနိုင်မှာလဲ။
ခုမှ နှစ်ဆယ်ကျော် လူငယ်ဆိုရင် အလုပ်ကြိုးစား၊ ဘဝတစ်ခုတည်ဆောက်။
သူများဂျင်းထည့်နေတဲ့ RS Goals ဘာညာတွေကြားမှာ ဘဝမပျက်စေနဲ့။
သူတို့က သူတို့။
မင်းက မင်းပဲ။
ကိုယ်က ရွှေဇွန်းကိုက်ပြီး မွေးလာတာ မဟုတ်ရင် ရွှေခွက်ကို ကိုယ့်ဘာသာ တည်ဆောက်ရမယ်။
Credit : Lwinpyin
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top