iMyanmarHouse.com - Best Property Website for Myanmar
×

လူႀကီးမိဘဆိုဆုံးမတဲ့အခါမွာ ရိုရိုေသေသဆက္ဆံဖို႔ ကၽြန္မတို႔ မိန္းကေလးေတြဘက္က လိုအပ္သလို၊ တခါတေလမွာေတာ့ တခ်ိဳ႕အခ်က္ေလးေတြက မိန္းကေလးမို႔လို႔ တားျမစ္ထားတာ၊ ခြဲျခားေတြျဖစ္တယ္ဆိုတာ သတိျပဳမိဖို႔ လိုပါတယ္။ ကၽြန္မတို႔ ပတ္၀န္းက်င္မွာ ယဥ္ေက်းမႈအရ ျမန္မာမိန္းကေလးေတြကို ဒီလိုအေျပာေလးေတြ မၾကာခဏၾကားေလ့ရွိပါတယ္။

(၁) ညဘက္အိမ္ျပန္ေနာက္က်တဲ့အခါ

“ညသန္းေခါင္ ျပန္လာတာ မိန္းမေကာင္းမဟုတ္ဘူး။” ဘာအေၾကာင္းေၾကာင့္ပဲ ျဖစ္ျဖစ္ မိန္းကေလးတစ္ေယာက္ အိမ္ျပန္ခ်ိန္ ေနာက္က်တဲ့အခါ ပတ္၀န္းက်င္က ကဲ့ရဲ႕တတ္ၾကပါတယ္။

(၂) အိမ္မႈကိစၥ ႏိုင္နင္းရမယ္

“မိန္းကေလးက အိမ္မွာ ကူလုပ္ေပးရမွာေပါ့။” ဒီေန႔ေခတ္လို အမ်ိဳးသားေရာ၊ အမ်ိဳးသမီးပါ အလုပ္ထြက္လုပ္ေနၾကတဲ့ မိသားစုမွာ အိမ္မႈကိစၥကို အမ်ိဳးသမီးေတြရဲ႕ တာ၀န္လို႔ပဲ အမ်ားက သတ္မွတ္ၾကပါတယ္။

(၃) အိမ္ေထာင္ျပဳခ်ိန္တန္တဲ့အခါ

“အိမ္ေထာင္ျပဳဖို႔ လုပ္ေတာ့ေလ။” ဒီစကားကို အသက္ ၂၅ႏွစ္အထက္ မိန္းကေလးတိုင္း မိဘေဆြမ်ိဳး အသိုင္းအ၀ိုင္းေတြၾကားမွာ မၾကာခဏ ၾကားေလ့ရွိပါတယ္။ ျမန္မာ့ ယဥ္ေက်းမႈအရ မိဘေတြဘက္ကေတာ့ ထိမ္းျမားျခင္းလၽွ၀တ္ငါးအင္ ဆိုတဲ့ မိဘ၀တ္ (၅)ပါး အတိုင္း ျဖစ္ေစခ်င္တဲ့ ဆႏၵပါ။ ဒါေပမယ့္ အိမ္ေထာင္ျပဳတယ္ဆိုတာ လူတစ္ေယာက္ရဲ႕ ကိုယ္ပိုင္ဆုံးျဖတ္ခ်က္ပါ။ သူတပါးရဲ႕ တိုက္တြန္းမႈေၾကာင့္ လြယ္လြယ္ကူကူ မဆုံးျဖတ္သင့္ပါဘူး။

(၄) အလုပ္အကိုင္နဲ႔ ပတ္သက္လာရင္

“မိန္းကေလးပဲ အခ်ိန္တန္ ေယာက္်ားလုပ္စား စားလို႔ရတယ္။” မိန္းမတစ္ေယာက္ဟာ ပညာေရးပဲျဖစ္ျဖစ္၊ အလုပ္အကိုင္ပဲျဖစ္ျဖစ္ သူ႔ေယာက္်ားထက္ ပိုတတ္စရာမလိုဘူးလို႔ ယူဆတတ္ၾကပါတယ္။

(၅) ထမီေတြကို ခြဲေလၽွာ္တယ္

“ထမီေတြ၊ စကဒ္ေတြ ေယာက္်ားေလး အ၀တ္ေတြနဲ႔ ေရာမေလၽွာ္ရဘူး။ ဘုန္းနိမ့္တတ္တယ္။”

ဒီမွာ ေမးခ်င္တာက ေယာက္်ားတစ္ေယာက္ကို ဘုန္းတန္ခိုး ျမင့္တယ္၊ နိမ့္တယ္ဆိုတာ ဘယ္လို တိုင္းပါသလဲ။ မိန္းမတစ္ေယာက္ရဲ႕အသံုးအေဆာင္ေတြက ညစ္ပတ္တာမဟုတ္ပါဘူး။ သဘာ၀ကေပးတဲ့ ခႏၶာကိုယ္ျဖစ္တည္မႈေပၚမူတည္ၿပီး က်ား၊မ ခြဲျခားဆက္ဆံမႈေတြျဖစ္ပါတယ္။ ဒီကိစၥကို ဘာသာေရးနဲ႔ ႏြယ္ၿပီး အျငင္းပြားတတ္ၾကပါတယ္။ တကယ္ေတာ့ ဒါဟာ လူေတြကပဲ သတ္မွတ္တဲ့ ရုိးရာ၊ အယူအဆသတ္သတ္ပါ။

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
လူကြီးမိဘဆိုဆုံးမတဲ့အခါမှာ ရိုရိုသေသေဆက်ဆံဖို့ ကျွန်မတို့ မိန်းကလေးတွေဘက်က လိုအပ်သလို၊ တခါတလေမှာတော့ တချို့အချက်လေးတွေက မိန်းကလေးမို့လို့ တားမြစ်ထားတာ၊ ခွဲခြားတွေဖြစ်တယ်ဆိုတာ သတိပြုမိဖို့ လိုပါတယ်။ ကျွန်မတို့ ပတ်ဝန်းကျင်မှာ ယဉ်ကျေးမှုအရ မြန်မာမိန်းကလေးတွေကို ဒီလိုအပြောလေးတွေ မကြာခဏကြားလေ့ရှိပါတယ်။

(၁) ညဘက်အိမ်ပြန်နောက်ကျတဲ့အခါ

“ညသန်းခေါင် ပြန်လာတာ မိန်းမကောင်းမဟုတ်ဘူး။” ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် မိန်းကလေးတစ်ယောက် အိမ်ပြန်ချိန် နောက်ကျတဲ့အခါ ပတ်ဝန်းကျင်က ကဲ့ရဲ့တတ်ကြပါတယ်။

(၂) အိမ်မှုကိစ္စ နိုင်နင်းရမယ်

“မိန်းကလေးက အိမ်မှာ ကူလုပ်ပေးရမှာပေါ့။” ဒီနေ့ခေတ်လို အမျိုးသားရော၊ အမျိုးသမီးပါ အလုပ်ထွက်လုပ်နေကြတဲ့ မိသားစုမှာ အိမ်မှုကိစ္စကို အမျိုးသမီးတွေရဲ့ တာဝန်လို့ပဲ အများက သတ်မှတ်ကြပါတယ်။

(၃) အိမ်ထောင်ပြုချိန်တန်တဲ့အခါ

“အိမ်ထောင်ပြုဖို့ လုပ်တော့လေ။” ဒီစကားကို အသက် ၂၅နှစ်အထက် မိန်းကလေးတိုင်း မိဘဆွေမျိုး အသိုင်းအဝိုင်းတွေကြားမှာ မကြာခဏ ကြားလေ့ရှိပါတယ်။ မြန်မာ့ ယဉ်ကျေးမှုအရ မိဘတွေဘက်ကတော့ ထိမ်းမြားခြင်းလျှဝတ်ငါးအင် ဆိုတဲ့ မိဘဝတ် (၅)ပါး အတိုင်း ဖြစ်စေချင်တဲ့ ဆန္ဒပါ။ ဒါပေမယ့် အိမ်ထောင်ပြုတယ်ဆိုတာ လူတစ်ယောက်ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ပါ။ သူတပါးရဲ့ တိုက်တွန်းမှုကြောင့် လွယ်လွယ်ကူကူ မဆုံးဖြတ်သင့်ပါဘူး။

(၄) အလုပ်အကိုင်နဲ့ ပတ်သက်လာရင်

“မိန်းကလေးပဲ အချိန်တန် ယောက်ျားလုပ်စား စားလို့ရတယ်။” မိန်းမတစ်ယောက်ဟာ ပညာရေးပဲဖြစ်ဖြစ်၊ အလုပ်အကိုင်ပဲဖြစ်ဖြစ် သူ့ယောက်ျားထက် ပိုတတ်စရာမလိုဘူးလို့ ယူဆတတ်ကြပါတယ်။

(၅) ထမီတွေကို ခွဲလျှော်တယ်

“ထမီတွေ၊ စကဒ်တွေ ယောက်ျားလေး အဝတ်တွေနဲ့ ရောမလျှော်ရဘူး။ ဘုန်းနိမ့်တတ်တယ်။”

ဒီမှာ မေးချင်တာက ယောက်ျားတစ်ယောက်ကို ဘုန်းတန်ခိုး မြင့်တယ်၊ နိမ့်တယ်ဆိုတာ ဘယ်လို တိုင်းပါသလဲ။ မိန်းမတစ်ယောက်ရဲ့အသုံးအဆောင်တွေက ညစ်ပတ်တာမဟုတ်ပါဘူး။ သဘာဝကပေးတဲ့ ခန္ဓာကိုယ်ဖြစ်တည်မှုပေါ်မူတည်ပြီး ကျား၊မ ခွဲခြားဆက်ဆံမှုတွေဖြစ်ပါတယ်။ ဒီကိစ္စကို ဘာသာရေးနဲ့ နွယ်ပြီး အငြင်းပွားတတ်ကြပါတယ်။ တကယ်တော့ ဒါဟာ လူတွေကပဲ သတ်မှတ်တဲ့ ရိုးရာ၊ အယူအဆသတ်သတ်ပါ။

Credit : Duwun

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top