iMyanmarHouse.com - Best Property Website for Myanmar
×
( ဥပမာ လမ်းလျှောက်ခြင်း အိပ်ထမတင်ကစားခြင်း အိမ်တွင်းမိမိအဆင်ပြေကစားနိုင်သော ကာယလေ့ကျင့်ခန်း တစ်ခုခု ) သွေးသာလည်ပတ်ကောင်းမွန်ပြီး ခန္ဓာကိုယ်အချိုးအဆစ်ညီမျှမှု့အတွက်ပါ အကျိုးများစေသည်၊
Credit : Thithtoolwin
ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ပြု့လုပ်ပါ
( ဥပမာ လမ်းလျှောက်ခြင်း အိပ်ထမတင်ကစားခြင်း အိမ်တွင်းမိမိအဆင်ပြေကစားနိုင်သော ကာယလေ့ကျင့်ခန်း တစ်ခုခု ) သွေးသာလည်ပတ်ကောင်းမွန်ပြီး ခန္ဓာကိူယ်အချိုးအဆစ်ညီမျှမှု့အတွက်ပါ အကျိုးများစေသည်၊
အိပ်ရေးဝအောင် အိပ်စက်ရန်လိုအပ်ပါသည်
။ အိပ်ရေမဝခြင်း အိပ်ရေးပျက်တာကြောင့် ခုခံအားစနစ်ကျဆင်းစေခြင်း ၊ အရေပြား အတွက် ကော်လာဂျင် ထုတ်လှုပ်မှု ကို နှေးစေးပြီး မိမိအရေပြား အရေးကြောင်းဖြစ်ပေါ်ခြင်းနှင့်အတူ အသည်းနှင့်သည်းခြေ၏ဇီဝကမ္မဖြစ်စဉ်ကိုပါ ထိခိုက်စေသည့်အတွက် အိပ်ရေဝဝ အိပ်စက်ရန်လိုအပ်ပါသည် ။
ရေများများသောက်ရန်လိုအပ်ပါသည်။
ရိုးရိုးရေ ( ရေခဲရေ အေးနေသောရေ ရှောင်ပါ )
ရေသောက်မနည်းစေဘဲ မိမိအစာမစားခင် ရေအနည်းငယ်သောက်ပေးပြီးမှ စားသောက်ရန်လိုအပ်ပါသည် ။ ရေများများသောက်ခြင်းသည်လည်း ကယ်လိုရီလျော့ကျစေနိုင်ပါသည် ။
မလိုအပ်သောစားသုံးမှုများကို ထိန်းသိမ်းပြီး တက်နိုင်သမျှ ရှောင်ကြဉ်သင့်ပါသည် ။ အစားအစာများကို နည်းနည်းခြင်းစား များများဝါးပေးပါ ။
ငါးအသားနှင့် အသီးအရွက်များ ပိုမိုစားသင့်ပြီး
အဆီအဆိမ့်ပါသော အသား ၊ မုန့်သရေစာများ ရှောင်ရှားပေးပါ ။
လက်ဖက်ရည် နှင့် ကော်ဖီများကို လျှော့၍ သောက်သုံးပေးသင့်ပြီး အချိုဓာတ်များသော အစားအစာများ စားသုံးခြင်းမှလည်း ရှောင်ကြဉ်ပါ ။
စိတ်ဖိစီးမှု့မများရန်လိုအပ်ပါသည်။
စိတ်ဖိစီးမှုများတဲ့ အခြေအနေမှာ သင့်ခန္ဓာကိုယ်က ကော်တီဇော ဟော်မုန်းကို ထုတ်လုပ်ပါတယ်။ ဒီဟော်မုန်းက အဆီထုတ်လုပ်မှုကို တိုးစေပြီး အစာစားချင်စိတ်ပါ ပိုများ စေပါတယ်။
အဆီသည် ဗိုက်တစ်ဝိုက်တွင်စုစည်းများသဖြင့် ဗိုက်ခေါက်ထူခြင်း ဗိုက်ပူဗိုက်ဆူထွက်လာခြင်းကို သိသိသာသာ ဖြစ်ပေါ်စေပါသည် ။ ဒါကြောင့်မိမိတွင်
စိတ်ဖိစီးမှု့နည်းရန်လည်း လိုအပ်ပါသည် ။
အပြင်အစားအသောက်များ လျော့နိုင်သမျှ လျှော့ခါ စားပါ ။ အချိုမှုန့်သုံးစွဲပါဝင်မှု့လွန်ကဲခြင်းနှင့်အတူ အကြိမ်ကြိမ်အပူများထားသောဆီများဖြင့် ကြော်လှော်ချက်ပြုတ်တက်ကြသဖြင့် အပြင်အစားအစာများကိုသာ စားသောက်မှု့များလာပါက ကျန်းမာရေးအတွက် ရေရှည်တွင် ဆိုးကျိုးများလာနိုင်သဖြင့် လျှော့လျရန်လည်းလိုပါသည် ။ အသီးအနှံ သစ်သီးသစ်ရွက်ဟင်း ၊ အရည်များ ပိုမို စားသောက်ပေးပါ။
မိမိခန္ဓာကိုယ်အလေးချိန်တိုးခြင်း ဝဖြိုးခြင်းတို့သည် ချက်ခြင်းတိုး ဝဖြိုးလာခြင်း မဟုတ်သဖြင့် ကိုယ်အလေးချိန်ချက်ခြင်း ကျစေနိုင်သော နည်းလမ်းများသုံးခြင်းထက် တဖြေးဖြေးလျှော့ကျစေသည့် အပြင်
မိမိကျန်းမာရေးအတွက်ပါ အကျိုးများစေသည့်ဖော်ပြပါ အချက်အလက်များကို အလေ့အကျင့်ဖြင့်
နေထိုင်စားသောက်ခြင်းသည်သာ
အကောင်းဆုံးဖြစ်ပါသည် ။
Credit : Thithtoolwin
 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top