iMyanmarHouse.com - Best Property Website for Myanmar
×




Credit : Cele road

မတ်လ ၂၃ ရက်ညမှာ ဇာတ်ဆောင်ဆု အကယ်ဒမီရသွားတဲ့ နေတိုးကတော့ သူငယ်ချင်းတွေနဲ့ အကယ်ဒမီအောင်ပွဲပါတီလေးတစ်ခုလုပ်ခဲ့ပါတယ်။ အကယ်ဒမီ ဆုလေးခုံပေါ်မှာတင်ပြီး ရှန်ပိန်တွေဖောက်ခဲ့ကြပါတယ်။ ဘေးမှာလည်း သားညီ၊ ကျော်ကျော်ဗိုလ်၊ မင်းမော်ကွန်း၊ ထွန်းထွန်း စတဲ့ သူငယ်ချင်း တွေနဲ့ အတူရှိနေခဲ့တာ ဖြစ်ပါတယ်။

ပရိတ်သတ်တွေ အားပေးခဲ့တဲ့ တာတေကြီးဇာတ်ကားမှ မမတာအဖြစ်နဲ့ နေတိုးတစ်ယောက် အမျိုးသားဇာတ်ဆောင်ဆု အကယ်ဒမီကို ရရှိခဲ့တာဖြစ်ပြီး ဝေဖန်မှုမရှိ အားလုံးကလည်း လက်ခံခဲ့ကြပါတယ်။ နေတိုးကိုယ်တိုင်ကလည်း ကျေကျေနပ်နပ်နဲပ ဆုတက်ယူခဲ့တာဖြစ်ပါတယ်။

နေတိုးသည် ၂၀0၉ ခုနှစ်က မိုးညအိပ်မက်မြူ ဇာတ်ကားဖြင့် အမျိုးသားဇာတ်ဆောင် အကယ်ဒမီဆု၊ ၂၀၁၅ ခုနှစ်က နက္ခတ်မှားတဲ့တိုက်ပွဲ ဇာတ်ကားဖြင့် အမျိုးသားဇာတ်ဆောင်ဆု အကယ်ဒမီများ ရရှိထားသူဖြစ်သည်။ ခုတော့ တာတေကြီး ဇာတ်ကားနဲ့ အကယ်ဒမီ ၃ဆုရှင်ဖြစ်သွားပါပြီ။

Credit : Cele road

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top