iMyanmarHouse.com - Best Property Website for Myanmar
×

ဒီ ပုံေလးေတြကို ကၽြန္မတို႔ ဦးေႏွာက္က ေရြးခ်ယ္ရမွာ မဟုတ္ပါဘူး။ ကၽြန္မတို႔ရဲ႕ စိတ္၀ိဥာဥ္က ေရြးခ်ယ္ရမွာ ျဖစ္ပါတယ္။

ဒါေၾကာင့္ သေကၤတကို မေရြးခင္ သင့္ေခါင္းကို ရွင္းရွင္းထားပါ။ ၿပီးမွ ပုံကို ၾကည့္ပါ။ ဦးေႏွာက္ကေန စဥ္းစားတာမ်ိဳး၊ ေရြးခ်ယ္တာမ်ိဳး မလုပ္ပါနဲ႔။

သင့္ရဲ႕ ႏွလုံးသားက ေစခိုင္းတဲ့ သေကၤတကိုသာ ေရြးခ်ယ္လိုက္ပါ။ သင့္ စိတ္ထဲက ဆာေလာင္ေနတဲ့ အရာတစ္ခုကို သင္ေတြ႕ရပါလိမ့္မယ္။

ျခေသၤ့ကို ေရြးခ်ယ္တယ္ ဆိုရင္ ကံၾကမၼာကို ကိုယ္တိုင္ ထိန္းခ်ဳပ္ႏိုင္ဖို႔ လိုအပ္ေနပါတယ္။

သင္ဟာ သင္တကယ္ ႀကိဳးစားပမ္းစားနဲ႔ တည္ေဆာက္ခဲ့တဲ့ အရာတစ္ခုကေန လြတ္ေျမာက္ဖု႔ိ လိုအပ္ေနတဲ့ အေျခအေနမွာ ရိွေနပါတယ္။

ျခေသၤ့ဟာ ေနမင္းကို ကိုယ္စားျပဳတဲ့ သေကၤတျဖစ္ၿပီး ၾသဇာခြန္အား ႀကီးမားတဲ့ ျပယုဂ္တစ္ခု ျဖစ္ပါတယ္။ ဒီလိုပါပဲ။

သင္ဟာ သင့္ဘ၀အတြက္ အေကာင္းဆုံး ႀကိဳးစား ဖန္တီးခဲ့ေပမယ့္လည္း ယခုအခါမွာ ေနာက္ကေန လိုက္ပါလာတဲ့ တာ၀န္၊ ၀တၱရားေတြရဲ႕ ဖိစီးႏွိပ္စက္မႈေၾကာင့္ ေခ်ာင္ပိတ္မိေနသလို ခံစားေနရလိမ့္မယ္။

ဒါေၾကာင့္ ဘ၀ကို ေနာက္ထပ္ ဘယ္လို လမ္းေၾကာင္းကေန ဘယ္လို နည္းလမ္းနဲ႔ ေလွ်ာက္လွမ္းရမယ္ ဆိုတာကို စဥ္းစား ေတြးေတာေနခ်ိန္လည္း ျဖစ္ႏိုင္ပါတယ္။

လြတ္ေျမာက္ႏိုင္မယ့္ နည္းလမ္း – တာ၀န္ေတြ ကိုယ့္အေပၚ ပုံက်လာလို႔ ထြက္ေပါက္ မရိွေတာ့သလို မြန္းၾကပ္ ခံစားေနရတယ္ ဆိုရင္ သင္ ဘာအတြက္ေၾကာင့္ ဒီလုိ လမ္းကို ေလွ်ာက္ခဲ့ရတယ္၊ ဒီလို ေရြးခ်ယ္မႈေတြကို လုပ္ခဲ့ရတယ္ ဆိုတဲ့ အေၾကာင္းျပခ်က္ကို ျပန္စဥ္းစားပါ။

သင္ကိုယ္တိုင္ ေရြးခ်ယ္ခဲ့တဲ့ ကံတရားကို ကိုယ္တိုင္ ျပန္လက္ခံ လိုက္ပါ။ ၿပီးတဲ့အခါ ဘယ္လိုပုံစံနဲ႔ ေရွ႕ဆက္မယ္ ဆိုတာ ကိုလည္း ကိုယ့္ဘာသာ ဆုံးျဖတ္ပါ။

သင့္ကံၾကမၼာဟာ သင့္ လက္ ထဲ မွာ ရိွ ေနတာ ေၾကာင့္ ဒီ မြန္းၾကပ္မႈက ေန ကိုယ္တိုင္ ရုန္းထြက္ လိုက္ပါ။

သဲနာရီကို ေရြးခ်ယ္တယ္ ဆိုရင္ အခ်ိန္နဲ႔ ၿငိမ္းခ်မ္းေရးယူဖို႔ လိုအပ္ေနပါတယ္။

သင္ဟာ အခ်ိန္ရဲ႕ စက္၀ိုင္းထဲမွာ ပိတ္မိေနသလို ခံစားေနရပါလိမ့္မယ္။

သင့္ကို နာက်င္ေၾကကြဲေစတဲ့ (သို႔မဟုတ္) ၀မ္းနည္းပူေဆြးေစတဲ့ အတိတ္က ျဖစ္ရပ္တစ္ခုေၾကာင့္ သင့္အတြက္ေတာ့ အခ်ိန္ေတြဟာ ရပ္တန္႔ေနသလို ခံစားေနရမွာပါ။ ေန႔ရက္တိုင္းကို အားအင္မရိွဘဲ တေရြ႕ေရြ႕ နာက်င္ခံစားရင္း ျဖတ္သန္းေနရပါလိမ့္မယ္။

လြတ္ေျမာက္ႏိုင္မယ့္ နည္းလမ္း – အခ်ိန္နဲ႔ ၿငိမ္းခ်မ္းေရး ယူလိုက္ပါ။ ဆိုလိုခ်င္တာကေတာ့ သင့္ရဲ႕အတိတ္ကို လက္ခံလိုက္ၿပီး နာက်င္စရာေတြ ျဖစ္ခဲ့ရတဲ့ အေၾကာင္းရင္းေတြကိုလည္း လက္ခံေပးလိုက္ပါ။

ဒါဆိုရင္ အရင္ကထက္ ပိုေနလို႔ေကာင္းသြားမွာ ျဖစ္ၿပီး စိတ္ဓာတ္ေရးရာအရလည္း အရင္ကထက္ ပိုသန္မာလာပါလိမ့္မယ္။ အေကာင္းဆုံးနည္းလမ္း တစ္ခုကေတာ့ လက္ရိွပစၥဳပၸါန္မွာ ေနထိုင္ျခင္းပါပဲ။

လက္ရိွ ပိုင္ဆိုင္ထားတဲ့အခ်ိန္ကို တန္ဖိုးရိွရိွ အသုံးခ်ျခင္းအားျဖင့္ သင္မုန္းတီးတဲ့ အတိတ္ရဲ႕အခ်ိန္ေတြကို ေဖ်ာက္ဖ်က္ပစ္ႏိုင္ပါလိမ့္မယ္။

လကို ေရြးခ်ယ္တယ္ဆိုရင္ စိတ္ၿငိမ္းခ်မ္းဖို႔ လိုအပ္ေနပါတယ္။

သင့္ႏွလုံးသားဟာ စစ္ေျမျပင္မွာ က်ေရာက္ေနသလို ခံစားေန ရပါလိမ့္မယ္။ သင့္ရင္ထဲက အင္အား ျပင္းထန္လြန္းတဲ့ တစ္စုံတစ္ရာဟာ အိပ္စက္ျခင္းကင္းတဲ့ ညေတြကိုလည္း ယူေဆာင္ေပးပါလိမ့္မယ္။

သင္ တစ္ခ်ိန္လုံး ထိန္းခ်ဳပ္လွ်ိဳ႕၀ွက္ ထားရတဲ့ ခံစားမႈ ေတြဟာ ဘာေတြမ်ား ျဖစ္ပါသလဲ။ အမုန္းေတြလား။ ေဒါသ ေတြလား။ အာဃာတ ေတြလား။

လြတ္ေျမာက္ႏိုင္မယ့္ နည္းလမ္း – သင့္ စိတ္၀ိဥာဥ္အတြက္ ၿငိမ္းခ်မ္းဖို႔ လိုအပ္ေနပါတယ္။ အေကာင္းဆုံး နည္းလမ္း တစ္ခုကေတာ့ လွ်ိဳ႕၀ွက္ထားမေနေတာ့ဘဲ ကိုယ့္ရဲ႕ ခံစားခ်က္ေတြကို လက္ခံေပး လိုက္ဖို႔ပါပဲ။

မ်ိဳသိပ္သို၀ွက္ ထားျခင္းဟာ မေကာင္းတဲ့ စိတ္ခံစားမႈေတြကို ပိုၿပီး အင္အားႀကီးမားေစပါတယ္။ ေပါက္ကြဲ ထြက္လာတဲ့ အခါမွာလည္း ကိုယ္ကိုယ္တိုင္ ကိုေရာ၊ ကိုယ့္ပတ္၀န္းက်င္ ကိုပါ ႀကီးႀကီးမားမား ထိခိုက္မႈေတြ ျဖစ္ေစႏိုင္ပါတယ္။

ေသာ့ကို ေရြးခ်ယ္တယ္ဆိုရင္ ရင္ထဲက ေမးခြန္းေတြအတြက္ အေျဖတစ္ခု လိုေနပါတယ္။

သင့္ရင္ထဲ၊ စိတ္၀ိဥာဥ္ထဲမွာ အေျဖ တစ္ခုကို အသည္းအသန္ လိုခ်င္ေနပါလိမ့္မယ္။ တစ္ခ်ိန္က ေမးခြန္းထုတ္စရာ မလုိဘူးလို႔ ကိုယ့္ဘာသာ သတ္မွတ္ထားခဲ့တဲ့ အရာေတြကအစ အခုအခ်ိန္မွာ ေမးခြန္းေတြနဲ႔ ျပည့္ႏွက္ ေနပါလိမ့္မယ္။

သင့္ဘ၀ထဲက အရာအားလုံးနဲ႔ ပတ္သက္လို႔ သင့္မွာ ေမးခြန္းေပါင္း ေျမာက္မ်ားစြာ ရိွေနၿပီး အဲ့ဒီ့အတြက္ အေျဖေတြကို ေနရာတိုင္းမွာ ရွာေဖြေနရတာကိုလည္း ေမာပန္းသလို ခံစားရပါလိမ့္မယ္။

ယခုအခ်ိန္မွာ ဘယ္အရာကမွ သင့္အတြက္ စိတ္၀င္စားဖို႔ မေကာင္းသလို အသက္ရွင္ ရတာကိုလည္း ပ်င္းရိၿငီးေငြ႕ ေနပါလိမ့္မယ္။

လြတ္ေျမာက္ႏိုင္မယ့္ နည္းလမ္း – အမွန္တရားကို ရွာပုံေတာ္ ဖြင့္ရမယ့္ အခ်ိန္ပါပဲ။ သင့္အတြက္ ရင္ခုန္စိတ္လႈပ္ရွားစရာ အေတြ႕အႀကံဳ၊ အသစ္အဆန္းေတြ လိုအပ္ေနတာေတာ့ အမွန္ျဖစ္ပါတယ္။

အေကာင္းဆုံးနည္းလမ္းကေတာ့ ခရီးသြားျခင္းပါပဲ။ ခရီးတစ္ခုကို သြားၿပီး ပတ္၀န္းက်င္အသစ္၊ မိတ္ေဆြအသစ္ေတြနဲ႔ ဘ၀ရဲ႕စာမ်က္ႏွာအသစ္ေတြကို စိတ္ၾကည္လင္ လန္းဆန္းစြာနဲ႔ ျဖတ္သန္းႏိုင္ဖို႔ ခြန္အားေတြ ရရိွလာပါလိမ့္မယ္။

လက္ကို ေရြးခ်ယ္တယ္ ဆိုရင္ လြတ္လပ္မႈကို ဆာေလာင္မြတ္သိပ္ ေနပါတယ္။

သင့္ရဲ႕ စိတ္၀ိဥာဥ္ဟာ လြတ္လပ္မႈကို ဆာေလာင္မြတ္သိပ္ေနတာ ျဖစ္ႏိုင္ပါတယ္။ ဘ၀ရဲ႕ အေမွာင္ဆုံးအခ်ိန္ေတြ၊ အခက္ခဲဆုံး အခ်ိန္ေတြထဲမွာ ဘယ္လိုပဲ မြန္းၾကပ္ေလွာင္ပိတ္ ေနပါေစ။

သင့္ကို လြတ္ေျမာက္ေစမွာ သင္ကိုယ္တိုင္ပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ ကိုယ့္ကိုယ္ကို ခ်စ္ပါ။ ကိုယ့္ကိုယ္ကို လက္ခံပါ။ အထူးသျဖင့္ ကိုယ္လုပ္ခဲ့ဖူးတဲ့ အမွားေတြ၊ ကိုယ့္ရဲ႕အားနည္းခ်က္ေတြကိုလည္း လက္ခံေပးပါ။

အေကာင္းဆုံးနည္းလမ္းကေတာ့ အခ်ိန္ယူၿပီး စိတ္ကို အနားေပးပါ။ အားအင္အသစ္ေတြ ရရိွလာပါလိမ့္မယ္။

Credit : Love အတိုအစေလးမ်ား
ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ဒီ ပုံလေးတွေကို ကျွန်မတို့ ဦးနှောက်က ရွေးချယ်ရမှာ မဟုတ်ပါဘူး။ ကျွန်မတို့ရဲ့ စိတ်ဝိဉာဉ်က ရွေးချယ်ရမှာ ဖြစ်ပါတယ်။

ဒါကြောင့် သင်္ကေတကို မရွေးခင် သင့်ခေါင်းကို ရှင်းရှင်းထားပါ။ ပြီးမှ ပုံကို ကြည့်ပါ။ ဦးနှောက်ကနေ စဉ်းစားတာမျိုး၊ ရွေးချယ်တာမျိုး မလုပ်ပါနဲ့။

သင့်ရဲ့ နှလုံးသားက စေခိုင်းတဲ့ သင်္ကေတကိုသာ ရွေးချယ်လိုက်ပါ။ သင့် စိတ်ထဲက ဆာလောင်နေတဲ့ အရာတစ်ခုကို သင်တွေ့ရပါလိမ့်မယ်။

ခင်္သြေ့ကို ရွေးချယ်တယ် ဆိုရင် ကံကြမ္မာကို ကိုယ်တိုင် ထိန်းချုပ်နိုင်ဖို့ လိုအပ်နေပါတယ်။

သင်ဟာ သင်တကယ် ကြိုးစားပမ်းစားနဲ့ တည်ဆောက်ခဲ့တဲ့ အရာတစ်ခုကနေ လွတ်မြောက်ဖု့ိ လိုအပ်နေတဲ့ အခြေအနေမှာ ရှိနေပါတယ်။

ခင်္သြေ့ဟာ နေမင်းကို ကိုယ်စားပြုတဲ့ သင်္ကေတဖြစ်ပြီး သြဇာခွန်အား ကြီးမားတဲ့ ပြယုဂ်တစ်ခု ဖြစ်ပါတယ်။ ဒီလိုပါပဲ။

သင်ဟာ သင့်ဘဝအတွက် အကောင်းဆုံး ကြိုးစား ဖန်တီးခဲ့ပေမယ့်လည်း ယခုအခါမှာ နောက်ကနေ လိုက်ပါလာတဲ့ တာဝန်၊ ဝတ္တရားတွေရဲ့ ဖိစီးနှိပ်စက်မှုကြောင့် ချောင်ပိတ်မိနေသလို ခံစားနေရလိမ့်မယ်။

ဒါကြောင့် ဘဝကို နောက်ထပ် ဘယ်လို လမ်းကြောင်းကနေ ဘယ်လို နည်းလမ်းနဲ့ လျှောက်လှမ်းရမယ် ဆိုတာကို စဉ်းစား တွေးတောနေချိန်လည်း ဖြစ်နိုင်ပါတယ်။

လွတ်မြောက်နိုင်မယ့် နည်းလမ်း – တာဝန်တွေ ကိုယ့်အပေါ် ပုံကျလာလို့ ထွက်ပေါက် မရှိတော့သလို မွန်းကြပ် ခံစားနေရတယ် ဆိုရင် သင် ဘာအတွက်ကြောင့် ဒီလို လမ်းကို လျှောက်ခဲ့ရတယ်၊ ဒီလို ရွေးချယ်မှုတွေကို လုပ်ခဲ့ရတယ် ဆိုတဲ့ အကြောင်းပြချက်ကို ပြန်စဉ်းစားပါ။

သင်ကိုယ်တိုင် ရွေးချယ်ခဲ့တဲ့ ကံတရားကို ကိုယ်တိုင် ပြန်လက်ခံ လိုက်ပါ။ ပြီးတဲ့အခါ ဘယ်လိုပုံစံနဲ့ ရှေ့ဆက်မယ် ဆိုတာ ကိုလည်း ကိုယ့်ဘာသာ ဆုံးဖြတ်ပါ။

သင့်ကံကြမ္မာဟာ သင့် လက် ထဲ မှာ ရှိ နေတာ ကြောင့် ဒီ မွန်းကြပ်မှုက နေ ကိုယ်တိုင် ရုန်းထွက် လိုက်ပါ။

သဲနာရီကို ရွေးချယ်တယ် ဆိုရင် အချိန်နဲ့ ငြိမ်းချမ်းရေးယူဖို့ လိုအပ်နေပါတယ်။

သင်ဟာ အချိန်ရဲ့ စက်ဝိုင်းထဲမှာ ပိတ်မိနေသလို ခံစားနေရပါလိမ့်မယ်။

သင့်ကို နာကျင်ကြေကွဲစေတဲ့ (သို့မဟုတ်) ဝမ်းနည်းပူဆွေးစေတဲ့ အတိတ်က ဖြစ်ရပ်တစ်ခုကြောင့် သင့်အတွက်တော့ အချိန်တွေဟာ ရပ်တန့်နေသလို ခံစားနေရမှာပါ။ နေ့ရက်တိုင်းကို အားအင်မရှိဘဲ တရွေ့ရွေ့ နာကျင်ခံစားရင်း ဖြတ်သန်းနေရပါလိမ့်မယ်။

လွတ်မြောက်နိုင်မယ့် နည်းလမ်း – အချိန်နဲ့ ငြိမ်းချမ်းရေး ယူလိုက်ပါ။ ဆိုလိုချင်တာကတော့ သင့်ရဲ့အတိတ်ကို လက်ခံလိုက်ပြီး နာကျင်စရာတွေ ဖြစ်ခဲ့ရတဲ့ အကြောင်းရင်းတွေကိုလည်း လက်ခံပေးလိုက်ပါ။

ဒါဆိုရင် အရင်ကထက် ပိုနေလို့ကောင်းသွားမှာ ဖြစ်ပြီး စိတ်ဓာတ်ရေးရာအရလည်း အရင်ကထက် ပိုသန်မာလာပါလိမ့်မယ်။ အကောင်းဆုံးနည်းလမ်း တစ်ခုကတော့ လက်ရှိပစ္စုပ္ပါန်မှာ နေထိုင်ခြင်းပါပဲ။

လက်ရှိ ပိုင်ဆိုင်ထားတဲ့အချိန်ကို တန်ဖိုးရှိရှိ အသုံးချခြင်းအားဖြင့် သင်မုန်းတီးတဲ့ အတိတ်ရဲ့အချိန်တွေကို ဖျောက်ဖျက်ပစ်နိုင်ပါလိမ့်မယ်။

လကို ရွေးချယ်တယ်ဆိုရင် စိတ်ငြိမ်းချမ်းဖို့ လိုအပ်နေပါတယ်။

သင့်နှလုံးသားဟာ စစ်မြေပြင်မှာ ကျရောက်နေသလို ခံစားနေ ရပါလိမ့်မယ်။ သင့်ရင်ထဲက အင်အား ပြင်းထန်လွန်းတဲ့ တစ်စုံတစ်ရာဟာ အိပ်စက်ခြင်းကင်းတဲ့ ညတွေကိုလည်း ယူဆောင်ပေးပါလိမ့်မယ်။

သင် တစ်ချိန်လုံး ထိန်းချုပ်လျှို့ဝှက် ထားရတဲ့ ခံစားမှု တွေဟာ ဘာတွေများ ဖြစ်ပါသလဲ။ အမုန်းတွေလား။ ဒေါသ တွေလား။ အာဃာတ တွေလား။

လွတ်မြောက်နိုင်မယ့် နည်းလမ်း – သင့် စိတ်ဝိဉာဉ်အတွက် ငြိမ်းချမ်းဖို့ လိုအပ်နေပါတယ်။ အကောင်းဆုံး နည်းလမ်း တစ်ခုကတော့ လျှို့ဝှက်ထားမနေတော့ဘဲ ကိုယ့်ရဲ့ ခံစားချက်တွေကို လက်ခံပေး လိုက်ဖို့ပါပဲ။

မျိုသိပ်သိုဝှက် ထားခြင်းဟာ မကောင်းတဲ့ စိတ်ခံစားမှုတွေကို ပိုပြီး အင်အားကြီးမားစေပါတယ်။ ပေါက်ကွဲ ထွက်လာတဲ့ အခါမှာလည်း ကိုယ်ကိုယ်တိုင် ကိုရော၊ ကိုယ့်ပတ်ဝန်းကျင် ကိုပါ ကြီးကြီးမားမား ထိခိုက်မှုတွေ ဖြစ်စေနိုင်ပါတယ်။

သော့ကို ရွေးချယ်တယ်ဆိုရင် ရင်ထဲက မေးခွန်းတွေအတွက် အဖြေတစ်ခု လိုနေပါတယ်။

သင့်ရင်ထဲ၊ စိတ်ဝိဉာဉ်ထဲမှာ အဖြေ တစ်ခုကို အသည်းအသန် လိုချင်နေပါလိမ့်မယ်။ တစ်ချိန်က မေးခွန်းထုတ်စရာ မလိုဘူးလို့ ကိုယ့်ဘာသာ သတ်မှတ်ထားခဲ့တဲ့ အရာတွေကအစ အခုအချိန်မှာ မေးခွန်းတွေနဲ့ ပြည့်နှက် နေပါလိမ့်မယ်။

သင့်ဘဝထဲက အရာအားလုံးနဲ့ ပတ်သက်လို့ သင့်မှာ မေးခွန်းပေါင်း မြောက်များစွာ ရှိနေပြီး အဲ့ဒီ့အတွက် အဖြေတွေကို နေရာတိုင်းမှာ ရှာဖွေနေရတာကိုလည်း မောပန်းသလို ခံစားရပါလိမ့်မယ်။

ယခုအချိန်မှာ ဘယ်အရာကမှ သင့်အတွက် စိတ်ဝင်စားဖို့ မကောင်းသလို အသက်ရှင် ရတာကိုလည်း ပျင်းရိငြီးငွေ့ နေပါလိမ့်မယ်။

လွတ်မြောက်နိုင်မယ့် နည်းလမ်း – အမှန်တရားကို ရှာပုံတော် ဖွင့်ရမယ့် အချိန်ပါပဲ။ သင့်အတွက် ရင်ခုန်စိတ်လှုပ်ရှားစရာ အတွေ့အကြုံ၊ အသစ်အဆန်းတွေ လိုအပ်နေတာတော့ အမှန်ဖြစ်ပါတယ်။

အကောင်းဆုံးနည်းလမ်းကတော့ ခရီးသွားခြင်းပါပဲ။ ခရီးတစ်ခုကို သွားပြီး ပတ်ဝန်းကျင်အသစ်၊ မိတ်ဆွေအသစ်တွေနဲ့ ဘဝရဲ့စာမျက်နှာအသစ်တွေကို စိတ်ကြည်လင် လန်းဆန်းစွာနဲ့ ဖြတ်သန်းနိုင်ဖို့ ခွန်အားတွေ ရရှိလာပါလိမ့်မယ်။

လက်ကို ရွေးချယ်တယ် ဆိုရင် လွတ်လပ်မှုကို ဆာလောင်မွတ်သိပ် နေပါတယ်။

သင့်ရဲ့ စိတ်ဝိဉာဉ်ဟာ လွတ်လပ်မှုကို ဆာလောင်မွတ်သိပ်နေတာ ဖြစ်နိုင်ပါတယ်။ ဘဝရဲ့ အမှောင်ဆုံးအချိန်တွေ၊ အခက်ခဲဆုံး အချိန်တွေထဲမှာ ဘယ်လိုပဲ မွန်းကြပ်လှောင်ပိတ် နေပါစေ။

သင့်ကို လွတ်မြောက်စေမှာ သင်ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို ချစ်ပါ။ ကိုယ့်ကိုယ်ကို လက်ခံပါ။ အထူးသဖြင့် ကိုယ်လုပ်ခဲ့ဖူးတဲ့ အမှားတွေ၊ ကိုယ့်ရဲ့အားနည်းချက်တွေကိုလည်း လက်ခံပေးပါ။

အကောင်းဆုံးနည်းလမ်းကတော့ အချိန်ယူပြီး စိတ်ကို အနားပေးပါ။ အားအင်အသစ်တွေ ရရှိလာပါလိမ့်မယ်။

Credit : Love အတိုအစလေးများ

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top