iMyanmarHouse.com - Best Property Website for Myanmar
×
မိႆရာသီဖြား (မတ္လ ၂၁ရက္မွ – ဧၿပီ ၁၉ ရက္အထိ)
ဒီလိုနေ့မျိုးမှာ ကန်ရာသီဖွားတွေ ဥာဏ်အထူးရှိနေဖို့ လိုအပ်ပါတယ်။ အေးဆေးတည်ငြိမ်စွာနဲ့ ရှာဖွေထားတဲ့ဥာဏ်ပညာကို သေချာလက်တွေ့အသုံးချတတ်မယ်ဆိုရင် သေချာပြန်ပြီး အသိအမှတ်ပြုခံရမှာပါ။ ကိုယ်သိထားတဲ့ ဗဟုသုတတွေ၊ အသိဥာဏ်တေါကို အခြားသူများထံ ပြန်လည်ဖြန့်ဝေပေးရင် ဖြန့်ဝေသလောက် အကျိုးကျေးဇူးတွေ ဖြစ်ထွန်းလာမှာပါ။
Credit : My Style
မိဿရာသီဖွား (မတ်လ ၂၁ရက်မှ – ဧပြီ ၁၉ ရက်အထိ)
မိဿရာသီဖွားတွေအတွက်ကတော့ ကိုယ့်ကိုယ်ကိုသေချာသိနားလည်အောင်လုပ်ရမယ့် အချိန်ပါ။ ကျန်းမာရေး၊ စိတ်အခြေအနေ၊ ပေါင်းသင်းဆက်ဆံရေး စတဲ့အရာတွေနဲ့ ပတ်သက်ပြီး အချို့အခြေအနေတွေရဲ့ ဘယ်လိုအချိန်မှာငြင်းဆန်ရမလဲဆိုတာကို သင်သိတာပေါ် မူတည်နေပါတယ်။
ပြိဿရာသီဖွား (ဧပြီ ၂၀ မှ – မေ ၂၀ အထိ)
ပြိဿရာသီဖွားတွေ သတိရှိရှိနဲ့ နေရမယ့်အချိန်ပါ။ အမှန်ကိုမြင်ဖို့ အတင်းအကြပ်ငြင်းဆန်လိုတဲ့ အတိုင်းအတာကိုဖြတ်သန်းရမှာဖြစ်လို့ မျက်လုံးကျယ်ကျယ်ဖွင့်၊ နားသေချာစွင့်ပြီး ပျော်ရွှင်မှုတွေကို ရှာဖွေရယူပါ။ စိတ်ပိုင်းရော၊ အသိဉာဏ်ပိုင်းမှာပါ ကိုယ့်ကိုအမှန်တကယ် စိတ်မချမ်းမြေ့စေနိုင်မယ့် အပေါ်ယံတုန့်ပြန်မှုပေါ်မှာ မသာယာမိအောင် ကြိုးစားပါ။
မေထုန်ရာသီဖွား (မေ ၂၁ ရက်မှ – ဇွန် ၂၀ အထိ)
မှန်ထဲကိုကြည့်ပြီး စိတ်ချမ်းမြေ့ဖွယ်မကောင်းတဲ့ အရာတွေကိုတွေးပြီး မြင်နေမိမှာပါ။ အရင်အတိတ်ကအရာတွေ မကြာခဏ ခေါင်းထဲရောက်ရောက်လာနိုင်လို့ ကိုယ့်ဘဝကိုမနှောင့်ယှက်နိုင်အောင် ကြိုးစားပါ။ အကယ်၍ပြဿနာတစ်ခုခု ခေါင်ထဲရောက်နေရင်လည်း ပြဿနာအရင်းခံကို ရှာပြီး ဖြေရှင်းနိုင်အောင် ကြိုးစားပါ။
ကရကဋ်ရာသီဖွား (ဇွန် ၂၁ ရက်မှ – ဇူလိုင် ၂၂ ရက်အထိ)
အချစ်ရဲ့အရေးပါမှုကို ဖော်ပြနေမယ့် နေ့တစ်နေ့ပဲဖြစ်ပါတယ်။ ရယူမှုနဲ့ ပိုင်ဆိုင်မှုလို့ မတွေးဘဲနဲ့ သင်ကမ္ဘာကြီးကို ဘယ်လိုမြင်သလဲဆိုတာအပေါ်မှာ ချစ်ခြင်းမေတ္တာက အများကြီးသက်ရောက်မှုရှိတယ်ဆိုတာကို သဘောပေါက်ပါ။ မိမိဝန်းကျင်ကရှိတဲ့လူတွေအပေါ် သို့မဟုတ် သူစိမ်းအပေါ်မှာပါ ချစ်ခြင်းမေတ္တာနဲ့ မြင်ကြည့်ပေးမယ်ဆိုရင် ထိုအလင်းရောင်ရဲ့ ဖြန့်ကျက်မှုကို ခံစားရမှာပါ။
သိဟ်ရာသီဖွား (ဇူလိုင် ၂၃ ရက်မှ – သြဂုတ် ၂၂ ရက်အထိ)
မာနကြောင့် လုပ်ခဲ့မိတဲ့ အရာတစ်ခုခုကို ပြန်လည်တွေးနေပြီး အပြစ်စိတ်ဝင်နေနိုင်ပါတယ်။ စိတ်ကြောင့် အခြားသူများအပေါ် ဆိုးဆိုးရွားရွားပြုမူမိပြီး တောင်းပန်ရမယ့်ကိန်းတွေ ဆိုက်လာနိုင်လို့ အထူးသတိထားပါ။ မလိုအပ်တဲ့ စိတ်ခံစားချက်ကြောင့် ပြဿနာတွေဖြစ်လာနိုင်လို့ အတတ်နိုင်ဆုံး ကြိုးစားပြီးတော့ ဖျောက်ဖျက်ပစ်ပါ။ ကိုယ့်ရဲ့ဖြူစင်စိတ်ကလေးကို အရောင်မဆိုးမိပါစေနဲ့။
ကန်ရာသီဖွား (သြဂုတ် ၂၃ ရက်မှ – စက်တင်ဘာ ၂၂ ရက်အထိ)
ဒီလိုနေ့မျိုးမှာ ကန်ရာသီဖွားတွေ ဉာဏ်အထူးရှိနေဖို့ လိုအပ်ပါတယ်။ အေးဆေးတည်ငြိမ်စွာနဲ့ ရှာဖွေထားတဲ့ဉာဏ်ပညာကို သေချာလက်တွေ့အသုံးချတတ်မယ်ဆိုရင် သေချာပြန်ပြီး အသိအမှတ်ပြုခံရမှာပါ။ ကိုယ်သိထားတဲ့ ဗဟုသုတတွေ၊ အသိဉာဏ်တေါကို အခြားသူများထံ ပြန်လည်ဖြန့်ဝေပေးရင် ဖြန့်ဝေသလောက် အကျိုးကျေးဇူးတွေ ဖြစ်ထွန်းလာမှာပါ။
တူရာသီဖွား (စက်တင်ဘာ ၂၃ ရက်မှ – အောက်တိုဘာ ၂၂ ရက်အထိ)
ဘာကြောင့် ကိုယ့်ကိုယ်ကိုနဲ့ အခြားသူတွေကို အရူးလုပ်ပြီးတော့ အဖြေအားလုံးသိချင်ယောင်ဆောင်နေမှာပါလဲ။ တောင့်ခံနေမယ့်အစား လက်မြှောက်အရှုံးပေးလိုက်ပြီး အမှန်တရားအတွက် အခြားသူတွေဖေးမကမ်းလှမ်းတဲ့ လက်တစ်စုံကို ဆုပ်ကိုင်လိုက်ပါ။ အဓိကသော့ချက်ကတော့ သေချာနားစိုက်ထောင်ပေးဖို့ပါပဲ။
ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ ရက်မှ – နိုဝင်ဘာ ၂၁ ရက်အထိ)
ဒီနေ့တစ်နေ့လုံးကို ဒေါသကပတ်မွှေနေမှာဖြစ်လို့ သင့်ရဲ့အပြုအမူတွေကို အထူးသတိထားပါ။ ဒီလိုဖြစ်ပေါ်နေတဲ့ ဒေါသရဲ့ အဓိကအရင်းခံကို သေချာရှာဖွေပြီး မတရားဘူးလို့ခံစားရရင်တော့ ဒီအခြေအနေကို အခွင့်ကောင်းတစ်ခုလို့ ယူမှတ်ပြီး တရားညီမျှမှုကို ရယူလိုက်ပါ။
ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ ရက်မှ – ဒီဇင်ဘာ ၂၁ ရက်အထိ)
မိမိပတ်ဝန်းကျင်မှာ ရှိနေတဲ့လူတွေအားလုံးကို ကျေးဇူးတင်ကြောင်းပြသပါ။ အခြားသူတွေက အကူအညီတောင်းတာပဲဖြစ်ဖြစ်၊ ကိုယ့်ကိုကူညီတာဖြစ်ဖြစ် ရိုးရိုးလေးပြုံးပြလိုက်တာ၊ ကျေးဇူးတင်ကြောင်းပြသလိုက်မယ်ဆိုရင် နှစ်ဦးနှစ်ဖက်လုံး စိတ်ချမ်းမြေ့ဖွယ်ရာ အခိုက်အတန့်လေးဖြစ်မှာပါ။
မကရရာသီဖွား (ဒီဇင်ဘာ ၂၂ ရက်မှ – ဇန်နဝါရီ ၁၉ ရက်အထိ)
မိမိကိုယ်ကိုနဲ့ ကိုယ့်ဘေးပတ်ဝန်းကျင်မှာ ရှိနေတဲ့လူတွေကို ယုံကြည်မှုထားရှိပြီး လက်တွေ့အမှန်တရားကို သေချာမျက်စိဖွင့် အားစိုက်ရှာဖွေနေပါ။ အကယ်၍ အလွန်တရာအရေးကြီးတဲ့ အပြောင်းအလဲတွေကို ကြုံတွေ့နေရတယ်ဆိုရင် ဘယ်လိုဖြစ်ဖြစ် အဆင်ပြေသွားမယ်ဆိုတာကို ယုံကြည်နေပါ။
ကုံရာသီဖွား (ဇန်နဝါရီ ၂၀ ရက်မှ – ဖေဖော်ဝါရီ ၁၈ ရက်အထိ)
ကုံရာသီဖွားတွေအတွက် ဒီနေ့ရဲ့ Keyword ကတော့ သည်းခံမှုပဲဖြစ်ပါတယ်။ ဂနာမငြိမ်မဖြစ်ဘဲ ဘယ်လိုသည်းခံစောင့်ဆိုင်းရမလဲဆိုတာကို သင်ယူပါ။ အချိန်ကြာကြာစောင့်ဆိုင်းပြီးနောက် ရရှိလာတဲ့တည်ငြိမ်မှုက ဘယ်လိုအကျိုးကျေးဇူးပေးစွမ်းနိုင်မလဲဆိုတာကို သိရှိလာမှာပါ။
မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ ရက်မှ – မတ် ၂၀ ရက်အထိ)
လိုအပ်ဆန္ဒတွေ၊ မနာလိုအားကျမှုတွေကနေ ဖောက်ထွက်ပြီး တည်ငြိမ်အေးချမ်းတဲ့နေရာကို ရောက်အောင်ကြိုးစားပါ။ သယ်ဆောင်ထားရတဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ခါချပစ်ပြီး တရက်လောက်ဖြစ်ဖြစ် ကိုယ့်အတွက် သက်သာမှုကို ရယူပါ။ ဒီလိုမျိုးဝန်ထုပ်ဝန်ပျိုး အတန်ငယ်လျော့သွားတယ်ဆိုရင်ကို သင့်ရဲ့ဖန်တီးနိုင်စွမ်းရည်ကလည်း အနည်းငယ်တိုးတက်သွားမှာပါ။
Credit : My Style
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top