iMyanmarHouse.com - Best Property Website for Myanmar
×





Credit : 7DayDaily

ကြက်သွန်ဖြူတွင်ပါဝင်သော ဗိုင်းရပ်စ်နှင့် ဘက်တီးရီးယားများကာကွယ်နိုင်သော အာနိသင်များသည် ကိုယ်ခံအားကိုတိုးမြှင့်ပေးနိုင်ပြီး ကျန်းမာလန်းဆန်းစေနိုင်သည်။ ကြက်သွန်ဖြူဖြင့်ဖော်စပ်ထားသော ဆေးဝါးများကို သာမန်အအေးမိတုပ်ကွေးရောဂါများကာကွယ်ရန် ဆရာဝန်များအသုံးပြုသည်။ အနံ့အသက်အလွန်မထွက်ဘဲ ကြက်သွန်ဖြူစားနိုင်သော နည်းလမ်းများကိုဖောပြလိုက်ပါသည်။

ဟင်းချိုရည်များတွင် ကြက်သွန်ဖြူထည့်၍စားသုံးနိုင်သည်။ အိမ်တွင်ချက်ပြုတ်သော ဟင်းသီးဟင်းရွက်၊ ဟင်းချို (သို့မဟုတ်) ကြက်စွပ်ပြုတ်များတွင် ကြက်သွန်ဖြူထည့်ခြင်းဖြင့် အနံ့အရသာအတွက်သာမက ပိုးသတ်နိုင်သောအကျိုးကျေးဇူးပါရရှိနိုင်သည်။

ကြက်သွန်ဖြူကို ဖျော်ရည်အဖြစ်ပြုလုပ်သောက်နိုင်သည်။ ရေသုံးခွက်ခန့်ကို ဒယ်အိုးထဲထည့်၍ ကြက်သွန်ဖြူအမြွာငါးမြွာကိုပါ တစ်ပါတည်းထည့်ပြီးနောက် အဖုံးပိတ်၍ရေဆူအောင်တည်ပါ။ ထို့နောက် မီးလျော့လိုက်ပြီး ပျားရည်နှစ်ဇွန်းနှင့် သံပုရာသီးတစ်လုံးစာအချဉ်ရည်ထည့်ပြီး သမအောင်မွှေလိုက်ပါက ကျန်းမာရေးအတွက် အလွန်ကောင်းသော ကြက်သွန်ဖြူဖျော်ရည်ကိုရနိုင်ပါသည်။

အအေးမိခြင်းတာရှည်နေပါကလည်း ကြက်သွန်ဖြူတစ်လုံးကို ရှလကာရည် ( Vinegar )ထဲ စိမ်ထားပြီးသောက်သုံးပါကချက်ချင်းသက်သာသည်။ ကြက်သွန်ဖြူဥကြီးတစ်လူံ (၁၅ မြွာခန့်)ကို နုပ်နုပ်စဉ်း၍ အနေတော်ပန်းကန်လုံးထဲတွင် ထက်ဝက်ခန့်ထည့်ထားသော ရှလကာရည်ထဲထည့်ကာ တစ်နာရီခန့်အဖုံးအုပ်ထားလိုက်ပါ။ ကြက်သွန်ဖြူ၏ အာနိသင်များကို ရှာလကာရည်ကစုပ်ယူထားလိုက်ပြီဖြစ်၍တာရှည်နေသော အအေးမိခြင်းချက်ချင်းသက်သာရန် ရေစစ်ဖြင့်ကြက်သွန်ဖြူဖတ်များ ဖယ်ရှားပြီးကျန်ရှိသောအရသာပြင်းသည့် အရည်ကိုသောက်သုံးနိုင်သည်။ သို့မဟုတ်ပါကလည်း ရှာလကာရည်အသုံးပြုသောအခြားဟင်းအမည်များတွင် ထည့်သွင်းအသုံးပြုနိုင်သည်။ အချဉ်ရည်အဖြစ်လည်းစားသုံးနိုင်သည်။

Credit : 7DayDaily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top