iMyanmarHouse.com - Best Property Website for Myanmar
×

သင္ဟာ ညဘက္အိပ္ေနရင္းနဲ႔ သင့္ရဲ႕ မ်က္ခမ္းေတြလႈပ္လာတာကိုႀကံဳရတတ္ပါတယ္။

သိပၸံပညာရွင္ေတြယံုၾကည္ထားတာကေတာ့ အိပ္ေနတဲ့အခ်ိန္မွာ မ်က္ခမ္းေတြလႈပ္တာဟာ ကၽြႏ္ုပ္တို႔ အိပ္မက္ထဲမွာ ျမင္ေတြ႕ေနရတာကို စိတ္အေနအထားရဲ႕ တံု႕ျပန္မႈ ေၾကာင္ျဖစ္တယ္ဆိုတာပါပဲ။ ဒါေပမယ့္လည္း အခုခ်ိန္ထိေတာ့ ဘယ္သူကမွ သက္ေသမျပႏိုင္ေသးပါဘူး။

သုေတသီေတြက ဒါကို အေျဖရွာၿပီး သပ္ေသျပဖို႔ႀကိဳးစားခဲ့ပါတယ္။ အိပ္မက္မက္ေနစဥ္မွာ  ကၽြႏ္ုပ္တို႔ရဲ႕ မ်က္လံုးေတြနဲ႔ ဦးေႏွာက္ဟာ ကၽြႏ္ုပ္တို႔ ႏိုးၾကားေနစဥ္မွာတုန္းက ပံုရိပ္ေတြကို တံု႔ျပန္တဲ့အတိုင္းပဲ အိပ္မက္ထဲက ပံုရိပ္ေတြကို တံု႔ျပန္တယ္ဆိုတာကို သုေတသီေတြက သက္ေသျပဖို႔ ႀကိဳးစားခဲ့တာပဲ ျဖစ္ပါတယ္။

ထို ေလ့လာမႈကိုေတာ့ Nature Communications ဆိုတဲ့ မဂၢဇင္းမွာ ပံုႏွိပ္ေဖာ္ျပခဲ့ၿပီး သုေတသီေတြဟာ အိပ္စက္ေနခ်ိန္မွာ အလုပ္လုပ္ေနတဲ့ ဦးေႏွာက္ထဲက ဆဲလ္ ေတြ တစ္ခုခ်င္းစီ ရဲ႕ အလုပ္လုပ္ပံုကို ေလ့လာခဲ့ၾကတာပဲ ျဖစ္ပါတယ္။ ကယ္လီဖိုးနီးယား တကၠသိုလ္ က ေဒါက္တာ Itzhak Frie ဟာ လူ ၁၉ ေယာက္ရဲ႕ ဦးေႏွာက္ေတြထဲကို အီလက္ထရုတ္ ေတြထည့္သြင္းၿပီး ေလ့လာခဲ့ပါတယ္။

၂ ပတ္ခန္႔ ၾကာတဲ့အခါမွာ အီလက္ထုတ္ေတြက ဦးေႏွာက္ထဲမွာရွိတဲ့ အာရံုေၾကာ တစ္ခုခ်င္းစီ ရဲ႕လွ်ပ္စစ္စီးေၾကာင္းဆိုင္ရာ လႈပ္ရွားမႈေတြကို မွတ္တမ္းတင္ထားႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္လည္း သုေတသီေတြက အီလက္ထရုတ္ မွတ္တမ္းေတြက ရတဲ့ ေဒတာ ေတြကို ေလ့လာၾကည့္တဲ့အခါမွာ အိပ္စက္ခ်ိန္ေတြမွာ ဦးေႏွာက္ထဲက ဆဲလ္ တစ္ခုခ်င္းစီရဲ႕ မေမွ်ာ္လင့္ထားတဲ့ တံု႔ျပန္မႈ ကို ေတြ႕လိုက္ရပါတယ္။

ေလ့လာေတြ႕ရွိခ်က္အရေတာ့ အိပ္စက္ေနခ်ိန္မွာ မ်က္လံုး နဲ႔ မ်က္ခမ္းေတြ လႈပ္ခတ္သြားတာဟာ အိပ္မက္ထဲက ပံုရိပ္ေတြအသစ္ေျပာင္းလဲတဲ့ အခါမွာ ျဖစ္ေပၚတယ္လို႔ ဆုိပါတယ္။ ကၽြႏ္ုပ္တို႔ ႏိုးၾကားေနတဲ့အခ်ိန္မွာ ပံုရိပ္ အသစ္တစ္ခုကို ကၽြႏ္ုပ္တို႔ ၾကည့္လိုက္ရင္ ထို လွ်ပ္စစ္စီးေၾကာင္းဆိုင္ရာ လႈပ္ရွားမႈေတြဟာ အိပ္မက္ထဲက ျဖစ္ရပ္အခ်ိဳ႕ကို ျပန္လည္ ျမင္ေယာင္သြားေစတာပဲ ျဖစ္ပါတယ္။

သုေတသီေတြစဥ္းစားလိုက္တာကေတာ့ အနာဂါတ္မွာ ထပ္မံ ျပဳလုပ္မယ့္ သုေတသန ကေတာ့ ဦးေႏွာက္ ထဲမွာ ရွိတဲ့ ဆဲလ္ေတြရဲ႕ လႈပ္ရွားမႈေတြကို စာသား (သို႔) ပံုရိပ္ေတြအျဖစ္ ဘာသာျပန္ဆိုၿပီး အိပ္မက္ထဲက အေၾကာင္းအရာေတြကို သိရွိႏိုင္မယ့္ နည္းလမ္း ပဲ ျဖစ္တယ္လို႔လည္းသိရပါတယ္။

Credit : Thithtoolwin
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
သင်ဟာ ညဘက်အိပ်နေရင်းနဲ့ သင့်ရဲ့ မျက်ခမ်းတွေလှုပ်လာတာကိုကြုံရတတ်ပါတယ်။

သိပ္ပံပညာရှင်တွေယုံကြည်ထားတာကတော့ အိပ်နေတဲ့အချိန်မှာ မျက်ခမ်းတွေလှုပ်တာဟာ ကျွန်ုပ်တို့ အိပ်မက်ထဲမှာ မြင်တွေ့နေရတာကို စိတ်အနေအထားရဲ့ တုံ့ပြန်မှု ကြောင်ဖြစ်တယ်ဆိုတာပါပဲ။ ဒါပေမယ့်လည်း အခုချိန်ထိတော့ ဘယ်သူကမှ သက်သေမပြနိုင်သေးပါဘူး။

သုတေသီတွေက ဒါကို အဖြေရှာပြီး သပ်သေပြဖို့ကြိုးစားခဲ့ပါတယ်။ အိပ်မက်မက်နေစဉ်မှာ  ကျွန်ုပ်တို့ရဲ့ မျက်လုံးတွေနဲ့ ဦးနှောက်ဟာ ကျွန်ုပ်တို့ နိုးကြားနေစဉ်မှာတုန်းက ပုံရိပ်တွေကို တုံ့ပြန်တဲ့အတိုင်းပဲ အိပ်မက်ထဲက ပုံရိပ်တွေကို တုံ့ပြန်တယ်ဆိုတာကို သုတေသီတွေက သက်သေပြဖို့ ကြိုးစားခဲ့တာပဲ ဖြစ်ပါတယ်။

ထို လေ့လာမှုကိုတော့ Nature Communications ဆိုတဲ့ မဂ္ဂဇင်းမှာ ပုံနှိပ်ဖော်ပြခဲ့ပြီး သုတေသီတွေဟာ အိပ်စက်နေချိန်မှာ အလုပ်လုပ်နေတဲ့ ဦးနှောက်ထဲက ဆဲလ် တွေ တစ်ခုချင်းစီ ရဲ့ အလုပ်လုပ်ပုံကို လေ့လာခဲ့ကြတာပဲ ဖြစ်ပါတယ်။ ကယ်လီဖိုးနီးယား တက္ကသိုလ် က ဒေါက်တာ Itzhak Frie ဟာ လူ ၁၉ ယောက်ရဲ့ ဦးနှောက်တွေထဲကို အီလက်ထရုတ် တွေထည့်သွင်းပြီး လေ့လာခဲ့ပါတယ်။

၂ ပတ်ခန့် ကြာတဲ့အခါမှာ အီလက်ထုတ်တွေက ဦးနှောက်ထဲမှာရှိတဲ့ အာရုံကြော တစ်ခုချင်းစီ ရဲ့လျှပ်စစ်စီးကြောင်းဆိုင်ရာ လှုပ်ရှားမှုတွေကို မှတ်တမ်းတင်ထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း သုတေသီတွေက အီလက်ထရုတ် မှတ်တမ်းတွေက ရတဲ့ ဒေတာ တွေကို လေ့လာကြည့်တဲ့အခါမှာ အိပ်စက်ချိန်တွေမှာ ဦးနှောက်ထဲက ဆဲလ် တစ်ခုချင်းစီရဲ့ မမျှော်လင့်ထားတဲ့ တုံ့ပြန်မှု ကို တွေ့လိုက်ရပါတယ်။

လေ့လာတွေ့ရှိချက်အရတော့ အိပ်စက်နေချိန်မှာ မျက်လုံး နဲ့ မျက်ခမ်းတွေ လှုပ်ခတ်သွားတာဟာ အိပ်မက်ထဲက ပုံရိပ်တွေအသစ်ပြောင်းလဲတဲ့ အခါမှာ ဖြစ်ပေါ်တယ်လို့ ဆိုပါတယ်။ ကျွန်ုပ်တို့ နိုးကြားနေတဲ့အချိန်မှာ ပုံရိပ် အသစ်တစ်ခုကို ကျွန်ုပ်တို့ ကြည့်လိုက်ရင် ထို လျှပ်စစ်စီးကြောင်းဆိုင်ရာ လှုပ်ရှားမှုတွေဟာ အိပ်မက်ထဲက ဖြစ်ရပ်အချို့ကို ပြန်လည် မြင်ယောင်သွားစေတာပဲ ဖြစ်ပါတယ်။

သုတေသီတွေစဉ်းစားလိုက်တာကတော့ အနာဂါတ်မှာ ထပ်မံ ပြုလုပ်မယ့် သုတေသန ကတော့ ဦးနှောက် ထဲမှာ ရှိတဲ့ ဆဲလ်တွေရဲ့ လှုပ်ရှားမှုတွေကို စာသား (သို့) ပုံရိပ်တွေအဖြစ် ဘာသာပြန်ဆိုပြီး အိပ်မက်ထဲက အကြောင်းအရာတွေကို သိရှိနိုင်မယ့် နည်းလမ်း ပဲ ဖြစ်တယ်လို့လည်းသိရပါတယ်။

Credit : Thithtoolwin

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top