iMyanmarHouse.com - Best Property Website for Myanmar
×

သင့္ေသြးေပါင္ခ်ိန္ကို ေလွ်ာ့ခ်ဖို႔ အျမန္ဆံုးနည္းလမ္းကေတာ့ (အထူးသျဖင့္ သင့္မွာ ေသြးေပါင္တက္ေနတယ္ဆိုရင္) ဆားေလွ်ာ့စားျခင္းပဲ ျဖစ္ပါတယ္။ ႏွစ္ေပါင္းမ်ားစြာတည္းက သင္ဟာ ဒီအၾကံဥာဏ္ကို ၾကားဖူးၿပီးသားျဖစ္ႏုိင္ပါတယ္။ ဆားကိုေလွ်ာ့စားပါ။ ဘာလို႔လဲဆိုေတာ့ ဒါဟာ သင့္ႏွလံုးအတြက္ မေကာင္းပါဘူး (ေက်ာက္ကပ္နဲ႔ အျခားအဂၤါေတြကိုေတာ့ ေျပာမေနပါနဲ႔ေတာ့)

ဆားဟာ ေသြးေပါင္ခ်ိန္ကို ျမင့္တက္ေစပါတယ္။ ဆားမ်ားမ်ား စားေလေလ ေသြးေပါင္ခ်ိန္တက္ေလေလပါပဲ။

ဆားဟာ သင့္ခႏၶာကိုယ္က ေရဓါတ္ကို သုိေလွာင္ထားမႈ မ်ားေစပါတယ္။ ဆားစားတာ မ်ားျပားရင္ သင့္ခႏၶာကိုယ္မွာ ပိုလွ်ံတဲ့ ေရေတြ သိုေလွာင္ထားၿပီး ေသြးေပါင္တက္ေစပါတယ္။ ဒါဟာ သင့္မွာသာေသြးတိုးရွိေနမယ္ဆိုရင္ေတာ့ ျပႆနာ ျဖစ္ေစမွာပါ။ ၿပီးေတာ့ ဆားအမ်ားႀကီးစားျခင္းဟာ ေသြးေပါင္က်ေဆးေတြျဖစ္တဲ့ ဆီးေဆး ေတြကို ေကာင္းေကာင္း အလုပ္မလုပ္ေစပါဘူး။

ဆားဘယ္ေလာက္စားရင ္မ်ားတယ္လို႔ေျပာသလဲ။

ဆား (သို႔) ဆိုဒီယမ္ဟာ အသက္ရွင္ဖို႔အတြက္ အေရးႀကီးတဲ့ သတၱဳဓါတ္တစ္မ်ိဳးျဖစ္ပါတယ္။ သူ႔ကို ေက်ာက္ကပ္က ထိန္းညွိေပးၿပီးေတာ့ သူက သင္ခႏၶာကိုယ္ရဲ႕ အရည္ပမာဏ ထိန္းညွိမႈကို လုပ္ေဆာင္ပါတယ္။ ဆားဟာ အာရံုေၾကာ ႏိႈးဆြမႈ ျဖစ္ေစၿပီး ႂကြက္သားေတြရဲ႕ လုပ္ငန္းေဆာင္တာကုိ အက်ိဳးသက္ေရာက္ပါတယ္။ ဆားဟာ ေရ သိုေလွာင္ျခင္းကို ထိန္းညွိေပးတဲ့အတြက္ သင့္ခႏၶာကိုယ္အတြက္ မရွိမျဖစ္လုိအပ္ပါတယ္။ ဒါဟာ ေသြးပမာဏနဲ႔ ဖိအားကို ထိန္းခ်ဳပ္တဲ့ေနရာမွာ အလြန္အေရးႀကီးတဲ့ က႑ကပါ၀င္ပါတယ္။ အရြယ္ေရာက္ၿပီးတဲ့ လူတစ္ေယာက္ဟာ ဆားကို တစ္ေန႔ ၆ဂရမ္ထက္ပိုၿပီး မစားသင့္ပါဘူး။ ဒါေပမယ့္ လူအေတာ္မ်ားမ်ားကေတာ့ ပိုၿပီး စားေနၾကပါတယ္။

ညီမွ်မႈကေတာ့ အလြန္အေသးစိတ္ပါတယ္။ ဆားအမ်ားႀကီး စားျခင္းဟာ ေသြးဖိအားနဲ႔ဆက္ႏြယ္ေနတဲ့ ကိုယ္ခႏၶာထဲမွာ အရည္ေတြ သိုေလွာင္ထားျခင္းကို ျဖစ္ေစပါတယ္။ ဒါေပမယ့္ သိပၸံပညာရွင္ေတြကေတာ့ ဒါဟာ ေမာ္လီက်ဴးအဆင့္မွာ ဘယ္လိုအလုပ္လုပ္လဲဆိုတာ သိရွိမႈ နည္းပါးတယ္လို႔ ဆိုပါတယ္။

ေန႔စဥ္စားေသာက္တဲ့ ဆားပမာဏအမ်ားစုဟာ မျမင္ႏုိင္ပါဘူး။ အၾကမ္းဖ်င္းအားျဖင့္ ၈၀ ရာခိုင္ႏႈန္းေသာ ဆားေတြဟာ ျပဳလုပ္ျပီးသား အစားအစာေတြျဖစ္တဲ့ ေပါင္မုန္႔၊ ဘီစကစ္၊ မနက္စာ စားေသာက္ဖြယ္၊ အသင့္စား အစားအေသာက္ေတြနဲ႔ ယူေဆာင္သြားလို ့ရတဲ့ အစားအေသာက္ေတြ အတြင္းမွာ တည္ရွိေနပါတယ္။ ၂၀ ရာခိုင္ႏႈန္းကသာ ဟင္းခ်က္တဲ့ေနရာမွာ အသံုးျပဳတဲ့ ဆား ပံုစံနဲ႔ လာပါတယ္။

ဆားပမာဏဆိုတာ ဘာကိုဆိုလိုပါသလဲ။

မျမင္ႏုိင္တဲ့ ဆားပမာဏကို ေလွ်ာ့ခ်ဖို႔ နဲ ့ဆားစားတာ ေလွ်ာ့ ဖုိ ့ဆုိရင္  ဆားနည္းနည္းပဲ ပါတဲ့အစားအေသာက္ေတြ စားေသာက္ျခင္းနဲ႔ ဟင္းခ်က္တဲ့အခါ ဆားမထည့္ျခင္းက အေကာင္းဆံုး နည္းလမ္းပါပဲ။

အစားအေသာက္ အညႊန္းေတြမွာ ဆားပမာဏ နည္းလား၊ အေနေတာ္လား၊ မ်ားလားဆိုတာ ျမင္ေတြ႔ႏိုင္ပါတယ္။ (ဆိုဒီယမ္နဲ႔ မမွားသင့္ပါဘူး)

    နည္း – အစားအေသာက္ ၁၀၀ဂရမ္မွာ ၀.၃ ဂရမ္ ဆား (သို႔) ၀.၃ ဂရမ္ေအာက္ (ဒီလိုအစားမ်ိဳးကို မ်ားမ်ားစားပါ)
    အသင့္အတင့္ – အစားအေသာက္ ၁၀၀ဂရမ္မွာ ၀.၃ ကေန ၁.၅ ဂရမ္ ဆား (ဒီလိုအစားမ်ိဳးကို တစ္ခါတရံစားပါ)
    မ်ား – အစားအေသာက္ ၁၀၀ဂရမ္မွာ ၁.၅ ဂရမ္ နဲ အထက္ ဆား (ဒီလိုအစားမ်ိဳးကို လံုးဝေရွာင္ၾကဥ္ပါ)

ဆိုဒီယမ္ ပမာဏဆိုတာ ဘာကိုဆိုလိုပါသလဲ

တခ်ိဳ႕အညႊန္းေတြမွာေတာ့ ဆားဘယ္ေလာက္ပါတယ္ဆိုတာ ေျပာမွာ မဟုတ္ပဲ ဆိုဒီယမ္ ဘယ္ေလာက္ပါလဲဆိုတာသာ ပါႏိုင္ပါတယ္။ ဆိုဒီယမ္ဟာ ဆားမွာပါတဲ့ ဓါတုပစၥည္းတစ္မ်ိဳးျဖစ္ၿပီး ဆိုဒီယမ္ ၁ ဂရမ္ ဟာ ဆား ၂.၅ ဂရမ္နဲ႔ ညီမွ်ပါတယ္။

    နည္း – အစားအေသာက္ ၁၀၀ဂရမ္မွာ ၀.၁ ဂရမ္ ဆိုဒီယမ္ (သို႔) ၀.၁ ဂရမ္ေအာက္ (ဒီလိုအစားမ်ိဳးကို မ်ားမ်ားစားပါ)
    အသင့္အတင့္ – အစားအေသာက္ ၁၀၀ဂရမ္မွာ ၀.၁ ကေန ၀.၆ ဂရမ္ ဆိုဒီယမ္ (ဒီလိုအစားမ်ိဳးကို တခါတရံစားပါ)
    မ်ား – အစားအေသာက္ ၁၀၀ဂရမ္မွာ ၀.၆ ဂရမ္ နဲ ့ အထက္ ဆိုဒီယမ္ (ဒီလိုအစားမ်ိဳးကို လံုးဝေရွာင္ၾကဥ္ပါ)

တကယ္လို႔ အညႊန္းမွာ ဆား (သို႔) ဆိုဒီယမ္ ဘယ္ေလာက္ပါလဲ ေျပာမထားဘူးဆိုရင္ ပါဝင္ပစၥည္း စာရင္းကို ၾကည့္ပါ။ ဆားဟာ စာရင္းရဲ႕ အေပၚကိုေရာက္ေလေလ ဆားမ်ားမ်ား ပါႏုိင္ေလေလပါပဲ။

ဆိုဒီယမ္ဟာ က်န္းမာေရးအေပၚ ဘယ္လိုသက္ေရာက္မႈ ရွိသလဲ။

သူဟာ ေသြးေပါင္ထိုးတက္ေစကာ အသံတိတ္လူသတ္သမားလို႔လဲ ေခၚၾကပါတယ္။ ဘာလို႔လဲဆိုေတာ့ လကၡဏာေတြဟာ အျမဲတမ္း ထင္ထင္ရွားရွား မရွိေသာေၾကာင့္ ျဖစ္တယ္။

    ဒါဟာ ႏွလံုးေရာဂါျဖစ္ပြားေစတဲ့ အဓိက အေၾကာင္းရင္းမ်ားထဲက တစ္ခုျဖစ္ၿပီးေတာ့ ကမာၻတလႊား ေသႏႈန္း အျမင့္ဆံုး နံပါတ္တစ္ လည္း ျဖစ္ပါတယ္။
    အေမရိကမွာ အမ်ိဳးသမီးေသဆံုးမႈအတြက္ အဓိက က်တဲ့ အေၾကာင္းရင္းျဖစ္ၿပီး အမ်ိဳးသားေသဆံုးမႈအတြက္ကေတာ့ ဒုတိယေျမာက္ အေၾကာင္းရင္းျဖစ္ပါတယ္။
    အေမရိကန္အရြယ္ေရာက္ျပီးသူ သံုးပံုတစ္ပံုဟာ ေသြးတိုးေရာဂါ ရွိပါတယ္။ ၉၀ရာခိုင္ႏႈန္းေသာ အေမရိကန္အရြယ္ေရာက္ျပီးသူေတြဟာ သူတုိ႔ရဲ႕ ဘဝတစ္ေလွ်ာက္မွာ ေသြးတုိးဖို ့ အလားအလာ ရွိပါတယ္။
    စပိန္ (သို ့ စပိန္စကားေျပာႏုိင္ငံမ်ားမွ မဟုတ္ေသာ လူမည္း ၄၀ရာခိုင္ႏႈန္း ေက်ာ္မွာလည္း ေသြးေပါင္တက္ၾကပါတယ္။ လူမည္းေတြမွာ လူျဖဴေတြထက္ ေသြးတိုးပိုျဖစ္ပြားရံုသာမက အသက္ငယ္ငယ္မွာလဲ ပိုစျဖစ္တတ္ၾကပါတယ္။

သင့္မွာ ေသြးတိုးမရွိဘူးရင္ေတာင္ ဆိုဒီယံကိုအနည္းငယ္သာ စားသံုးျခင္းဟာ အသက္အရြယ္ႀကီးရင့္ျခင္းေၾကာင့္ ျဖစ္လာတဲ့ ေသြးေပါင္တက္ျခင္း၊ ႏွလံုးရပ္ျခင္း၊ ေလျဖတ္ျခင္း၊ ေက်ာက္ကပ္ေရာဂါ၊ အရိုးပြေရာဂါ၊ အစားအိမ္ကင္ဆာနဲ႔ ေခါင္းကိုက္ျခင္းတို႔ ျဖစ္ပြားႏႈန္းကို ေလွ်ာ့ခ်ေပးပါတယ္။ ကိုယ္ခႏၶာထဲ ရွိ ပိုလွ်ံေနတဲ့ ေရေတြဟာ ကိုယ္အေလးခ်ိန္တက္ျခင္းကိုလဲ ျဖစ္ေစပါတယ္။

ဆားေလွ်ာ ့စားၿပီး ေသြးဖိအားထိန္းသိမ္းနည္း ရွစ္ခ်က္

    ဟင္းခ်က္စဥ္ ဆားမထည့္ပါနဲ႔။ ဒါဟာ ပဲငံျပာရည္၊ ဟင္းခတ္မႈန္႔နဲ႔ ဟင္းခတ္တံုးေတြလည္း ပါဝင္ပါတယ္။
    အရသာကို ဟင္းခတ္အေမႊးအႀကိဳင္ေတြနဲ႔ ငရုတ္သီး၊ ဂ်င္း၊ သံပရာသီးနဲ႔ သံပရိုသီးတို႔က တစ္ဆင့္ ရယူပါ။
    သင္ဟာ ဆားအရသာ မရလို႔ မျဖစ္ဘူးဆိုရင္ ဆိုဒီယမ္မာဏနည္းတဲ့ ဆားအစားထိုးအရာကို အသံုးျပဳႏိုင္ပါတယ္။ ေက်ာက္ကပ္နဲ႔ ဆီးခ်ိဳ ေရာဂါရွိရင္ ဆရာဝန္ (သို႔) သူနာျပဳဆရာမ နဲ႔ ျပသပါ။
    ေဆာ့စ္ နဲ႔ ဆားရည္စိမ္ ပာင္းသီးပာင္းရြက္ေတြဟာ ဆားအမ်ားအျပားပါဝင္ပါတယ္။ အညႊန္းကိုၾကည့္ၿပီး ဆားနည္းတာကို ေရြးခ်ယ္ပါ။
    မနက္စာ အစားအစာနဲ႔ ေပါင္မုန္႔ေတြမွာလည္း ဆားမ်ားစြာ ပါဝင္ပါတယ္။ တံဆိပ္ေတြယွဥ္ၾကည့္ၿပီး အညႊန္းေတြကို ၾကည့္ရႈပါ။
    က်ပ္တိုက္ထားတဲ့ အသားငါးေတြမွာလည္း ဆားမ်ားစြာပါဝင္ပါတယ္။ တတ္ႏိုင္သမွ် ေရွာင္ၾကဥ္ပါ။
    အျပင္ထြက္စားေသာက္မယ္ဆိုရင္ သင့္အစားအစာကို ဆားေလွ်ာ့ထည့္ခိုင္းပါ။ ဒါဟာ ေျပာလို ့ရခ်င္မွရႏိုင္ေပမယ့္ ၾကိဳးစားၾကည့္သင့္ပါတယ္။
    ဆားအနည္းငယ္သာပါဝင္တဲ့ ဟင္းခ်က္နည္းေတြကို ရွာေဖြပါ။ အျပင္မွာ ရွာေဖြလို႔ရတဲ့ ဆားအနည္းငယ္သာ အသံုးျပဳတဲ့ ဟင္းခ်က္နည္း စာအုပ္ေတြ ရွိၿပီး အင္တာနက္ေပၚကလည္း ရွာေဖြႏိုင္ပါတယ္။
    သင္စားတဲ့ ဆားပမာဏအတိအက်ကိို လိုက္ၿပီး ပူပန္မေနသင့္ပဲ ဆားအနည္းငယ္ပါဝင္တဲ့ အစားအစာကိုသာ စားသံုးပါ။ တစ္ေန႔ကို ၆ဂရမ္ဟာ သင္ အမ်ားဆံုး စားသင့္တဲ့ ပမာဏျဖစ္ၿပီး နည္းနည္း စားေလ ေကာင္းေလပါပဲ။
    အစမွာေတာ့ အရသာတစ္မ်ိဳးႀကီး ျဖစ္ေနႏိုင္ပါတယ္။ ရက္သတၱပတ္ အနည္းငယ္အၾကာမွာေတာ့ သင့္ရဲ႕ အရသာအရုံခံတဲ့ အဖုေလးေတြဟာ သူ႔ဟာသူ ထိန္းညွိေပးၿပီး ဆားအနည္းငယ္သာ ပါတဲ့ အစားအစာေတြကို သင္ႀကိဳက္ႏွစ္သက္လာပါလိမ့္မယ္။

Credit : Hellosayarwon
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
သင့်သွေးပေါင်ချိန်ကို လျှော့ချဖို့ အမြန်ဆုံးနည်းလမ်းကတော့ (အထူးသဖြင့် သင့်မှာ သွေးပေါင်တက်နေတယ်ဆိုရင်) ဆားလျှော့စားခြင်းပဲ ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာတည်းက သင်ဟာ ဒီအကြံဉာဏ်ကို ကြားဖူးပြီးသားဖြစ်နိုင်ပါတယ်။ ဆားကိုလျှော့စားပါ။ ဘာလို့လဲဆိုတော့ ဒါဟာ သင့်နှလုံးအတွက် မကောင်းပါဘူး (ကျောက်ကပ်နဲ့ အခြားအင်္ဂါတွေကိုတော့ ပြောမနေပါနဲ့တော့)

ဆားဟာ သွေးပေါင်ချိန်ကို မြင့်တက်စေပါတယ်။ ဆားများများ စားလေလေ သွေးပေါင်ချိန်တက်လေလေပါပဲ။

ဆားဟာ သင့်ခန္ဓာကိုယ်က ရေဓါတ်ကို သိုလှောင်ထားမှု များစေပါတယ်။ ဆားစားတာ များပြားရင် သင့်ခန္ဓာကိုယ်မှာ ပိုလျှံတဲ့ ရေတွေ သိုလှောင်ထားပြီး သွေးပေါင်တက်စေပါတယ်။ ဒါဟာ သင့်မှာသာသွေးတိုးရှိနေမယ်ဆိုရင်တော့ ပြဿနာ ဖြစ်စေမှာပါ။ ပြီးတော့ ဆားအများကြီးစားခြင်းဟာ သွေးပေါင်ကျဆေးတွေဖြစ်တဲ့ ဆီးဆေး တွေကို ကောင်းကောင်း အလုပ်မလုပ်စေပါဘူး။

ဆားဘယ်လောက်စားရင ်များတယ်လို့ပြောသလဲ။

ဆား (သို့) ဆိုဒီယမ်ဟာ အသက်ရှင်ဖို့အတွက် အရေးကြီးတဲ့ သတ္တုဓါတ်တစ်မျိုးဖြစ်ပါတယ်။ သူ့ကို ကျောက်ကပ်က ထိန်းညှိပေးပြီးတော့ သူက သင်ခန္ဓာကိုယ်ရဲ့ အရည်ပမာဏ ထိန်းညှိမှုကို လုပ်ဆောင်ပါတယ်။ ဆားဟာ အာရုံကြော နှိုးဆွမှု ဖြစ်စေပြီး ကြွက်သားတွေရဲ့ လုပ်ငန်းဆောင်တာကို အကျိုးသက်ရောက်ပါတယ်။ ဆားဟာ ရေ သိုလှောင်ခြင်းကို ထိန်းညှိပေးတဲ့အတွက် သင့်ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ဒါဟာ သွေးပမာဏနဲ့ ဖိအားကို ထိန်းချုပ်တဲ့နေရာမှာ အလွန်အရေးကြီးတဲ့ ကဏ္ဍကပါဝင်ပါတယ်။ အရွယ်ရောက်ပြီးတဲ့ လူတစ်ယောက်ဟာ ဆားကို တစ်နေ့ ၆ဂရမ်ထက်ပိုပြီး မစားသင့်ပါဘူး။ ဒါပေမယ့် လူအတော်များများကတော့ ပိုပြီး စားနေကြပါတယ်။

ညီမျှမှုကတော့ အလွန်အသေးစိတ်ပါတယ်။ ဆားအများကြီး စားခြင်းဟာ သွေးဖိအားနဲ့ဆက်နွယ်နေတဲ့ ကိုယ်ခန္ဓာထဲမှာ အရည်တွေ သိုလှောင်ထားခြင်းကို ဖြစ်စေပါတယ်။ ဒါပေမယ့် သိပ္ပံပညာရှင်တွေကတော့ ဒါဟာ မော်လီကျူးအဆင့်မှာ ဘယ်လိုအလုပ်လုပ်လဲဆိုတာ သိရှိမှု နည်းပါးတယ်လို့ ဆိုပါတယ်။

နေ့စဉ်စားသောက်တဲ့ ဆားပမာဏအများစုဟာ မမြင်နိုင်ပါဘူး။ အကြမ်းဖျင်းအားဖြင့် ၈၀ ရာခိုင်နှုန်းသော ဆားတွေဟာ ပြုလုပ်ပြီးသား အစားအစာတွေဖြစ်တဲ့ ပေါင်မုန့်၊ ဘီစကစ်၊ မနက်စာ စားသောက်ဖွယ်၊ အသင့်စား အစားအသောက်တွေနဲ့ ယူဆောင်သွားလို့ရတဲ့ အစားအသောက်တွေ အတွင်းမှာ တည်ရှိနေပါတယ်။ ၂၀ ရာခိုင်နှုန်းကသာ ဟင်းချက်တဲ့နေရာမှာ အသုံးပြုတဲ့ ဆား ပုံစံနဲ့ လာပါတယ်။

ဆားပမာဏဆိုတာ ဘာကိုဆိုလိုပါသလဲ။

မမြင်နိုင်တဲ့ ဆားပမာဏကို လျှော့ချဖို့ နဲ့ဆားစားတာ လျှော့ ဖို့ဆိုရင်  ဆားနည်းနည်းပဲ ပါတဲ့အစားအသောက်တွေ စားသောက်ခြင်းနဲ့ ဟင်းချက်တဲ့အခါ ဆားမထည့်ခြင်းက အကောင်းဆုံး နည်းလမ်းပါပဲ။

အစားအသောက် အညွှန်းတွေမှာ ဆားပမာဏ နည်းလား၊ အနေတော်လား၊ များလားဆိုတာ မြင်တွေ့နိုင်ပါတယ်။ (ဆိုဒီယမ်နဲ့ မမှားသင့်ပါဘူး)

    နည်း – အစားအသောက် ၁၀၀ဂရမ်မှာ ဝ.၃ ဂရမ် ဆား (သို့) ဝ.၃ ဂရမ်အောက် (ဒီလိုအစားမျိုးကို များများစားပါ)
    အသင့်အတင့် – အစားအသောက် ၁၀၀ဂရမ်မှာ ဝ.၃ ကနေ ၁.၅ ဂရမ် ဆား (ဒီလိုအစားမျိုးကို တစ်ခါတရံစားပါ)
    များ – အစားအသောက် ၁၀၀ဂရမ်မှာ ၁.၅ ဂရမ် နဲ အထက် ဆား (ဒီလိုအစားမျိုးကို လုံးဝရှောင်ကြဉ်ပါ)

ဆိုဒီယမ် ပမာဏဆိုတာ ဘာကိုဆိုလိုပါသလဲ

တချို့အညွှန်းတွေမှာတော့ ဆားဘယ်လောက်ပါတယ်ဆိုတာ ပြောမှာ မဟုတ်ပဲ ဆိုဒီယမ် ဘယ်လောက်ပါလဲဆိုတာသာ ပါနိုင်ပါတယ်။ ဆိုဒီယမ်ဟာ ဆားမှာပါတဲ့ ဓါတုပစ္စည်းတစ်မျိုးဖြစ်ပြီး ဆိုဒီယမ် ၁ ဂရမ် ဟာ ဆား ၂.၅ ဂရမ်နဲ့ ညီမျှပါတယ်။

    နည်း – အစားအသောက် ၁၀၀ဂရမ်မှာ ဝ.၁ ဂရမ် ဆိုဒီယမ် (သို့) ဝ.၁ ဂရမ်အောက် (ဒီလိုအစားမျိုးကို များများစားပါ)
    အသင့်အတင့် – အစားအသောက် ၁၀၀ဂရမ်မှာ ဝ.၁ ကနေ ဝ.၆ ဂရမ် ဆိုဒီယမ် (ဒီလိုအစားမျိုးကို တခါတရံစားပါ)
    များ – အစားအသောက် ၁၀၀ဂရမ်မှာ ဝ.၆ ဂရမ် နဲ့ အထက် ဆိုဒီယမ် (ဒီလိုအစားမျိုးကို လုံးဝရှောင်ကြဉ်ပါ)

တကယ်လို့ အညွှန်းမှာ ဆား (သို့) ဆိုဒီယမ် ဘယ်လောက်ပါလဲ ပြောမထားဘူးဆိုရင် ပါဝင်ပစ္စည်း စာရင်းကို ကြည့်ပါ။ ဆားဟာ စာရင်းရဲ့ အပေါ်ကိုရောက်လေလေ ဆားများများ ပါနိုင်လေလေပါပဲ။

ဆိုဒီယမ်ဟာ ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်မှု ရှိသလဲ။

သူဟာ သွေးပေါင်ထိုးတက်စေကာ အသံတိတ်လူသတ်သမားလို့လဲ ခေါ်ကြပါတယ်။ ဘာလို့လဲဆိုတော့ လက္ခဏာတွေဟာ အမြဲတမ်း ထင်ထင်ရှားရှား မရှိသောကြောင့် ဖြစ်တယ်။

    ဒါဟာ နှလုံးရောဂါဖြစ်ပွားစေတဲ့ အဓိက အကြောင်းရင်းများထဲက တစ်ခုဖြစ်ပြီးတော့ ကမ္ဘာတလွှား သေနှုန်း အမြင့်ဆုံး နံပါတ်တစ် လည်း ဖြစ်ပါတယ်။
    အမေရိကမှာ အမျိုးသမီးသေဆုံးမှုအတွက် အဓိက ကျတဲ့ အကြောင်းရင်းဖြစ်ပြီး အမျိုးသားသေဆုံးမှုအတွက်ကတော့ ဒုတိယမြောက် အကြောင်းရင်းဖြစ်ပါတယ်။
    အမေရိကန်အရွယ်ရောက်ပြီးသူ သုံးပုံတစ်ပုံဟာ သွေးတိုးရောဂါ ရှိပါတယ်။ ၉၀ရာခိုင်နှုန်းသော အမေရိကန်အရွယ်ရောက်ပြီးသူတွေဟာ သူတို့ရဲ့ ဘဝတစ်လျှောက်မှာ သွေးတိုးဖို့ အလားအလာ ရှိပါတယ်။
    စပိန် (သို့ စပိန်စကားပြောနိုင်ငံများမှ မဟုတ်သော လူမည်း ၄၀ရာခိုင်နှုန်း ကျော်မှာလည်း သွေးပေါင်တက်ကြပါတယ်။ လူမည်းတွေမှာ လူဖြူတွေထက် သွေးတိုးပိုဖြစ်ပွားရုံသာမက အသက်ငယ်ငယ်မှာလဲ ပိုစဖြစ်တတ်ကြပါတယ်။

သင့်မှာ သွေးတိုးမရှိဘူးရင်တောင် ဆိုဒီယံကိုအနည်းငယ်သာ စားသုံးခြင်းဟာ အသက်အရွယ်ကြီးရင့်ခြင်းကြောင့် ဖြစ်လာတဲ့ သွေးပေါင်တက်ခြင်း၊ နှလုံးရပ်ခြင်း၊ လေဖြတ်ခြင်း၊ ကျောက်ကပ်ရောဂါ၊ အရိုးပွရောဂါ၊ အစားအိမ်ကင်ဆာနဲ့ ခေါင်းကိုက်ခြင်းတို့ ဖြစ်ပွားနှုန်းကို လျှော့ချပေးပါတယ်။ ကိုယ်ခန္ဓာထဲ ရှိ ပိုလျှံနေတဲ့ ရေတွေဟာ ကိုယ်အလေးချိန်တက်ခြင်းကိုလဲ ဖြစ်စေပါတယ်။

ဆားလျှော့စားပြီး သွေးဖိအားထိန်းသိမ်းနည်း ရှစ်ချက်

    ဟင်းချက်စဉ် ဆားမထည့်ပါနဲ့။ ဒါဟာ ပဲငံပြာရည်၊ ဟင်းခတ်မှုန့်နဲ့ ဟင်းခတ်တုံးတွေလည်း ပါဝင်ပါတယ်။
    အရသာကို ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ ငရုတ်သီး၊ ဂျင်း၊ သံပရာသီးနဲ့ သံပရိုသီးတို့က တစ်ဆင့် ရယူပါ။
    သင်ဟာ ဆားအရသာ မရလို့ မဖြစ်ဘူးဆိုရင် ဆိုဒီယမ်မာဏနည်းတဲ့ ဆားအစားထိုးအရာကို အသုံးပြုနိုင်ပါတယ်။ ကျောက်ကပ်နဲ့ ဆီးချို ရောဂါရှိရင် ဆရာဝန် (သို့) သူနာပြုဆရာမ နဲ့ ပြသပါ။
    ဆော့စ် နဲ့ ဆားရည်စိမ် ပာင်းသီးပာင်းရွက်တွေဟာ ဆားအများအပြားပါဝင်ပါတယ်။ အညွှန်းကိုကြည့်ပြီး ဆားနည်းတာကို ရွေးချယ်ပါ။
    မနက်စာ အစားအစာနဲ့ ပေါင်မုန့်တွေမှာလည်း ဆားများစွာ ပါဝင်ပါတယ်။ တံဆိပ်တွေယှဉ်ကြည့်ပြီး အညွှန်းတွေကို ကြည့်ရှုပါ။
    ကျပ်တိုက်ထားတဲ့ အသားငါးတွေမှာလည်း ဆားများစွာပါဝင်ပါတယ်။ တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။
    အပြင်ထွက်စားသောက်မယ်ဆိုရင် သင့်အစားအစာကို ဆားလျှော့ထည့်ခိုင်းပါ။ ဒါဟာ ပြောလို့ရချင်မှရနိုင်ပေမယ့် ကြိုးစားကြည့်သင့်ပါတယ်။
    ဆားအနည်းငယ်သာပါဝင်တဲ့ ဟင်းချက်နည်းတွေကို ရှာဖွေပါ။ အပြင်မှာ ရှာဖွေလို့ရတဲ့ ဆားအနည်းငယ်သာ အသုံးပြုတဲ့ ဟင်းချက်နည်း စာအုပ်တွေ ရှိပြီး အင်တာနက်ပေါ်ကလည်း ရှာဖွေနိုင်ပါတယ်။
    သင်စားတဲ့ ဆားပမာဏအတိအကျကို လိုက်ပြီး ပူပန်မနေသင့်ပဲ ဆားအနည်းငယ်ပါဝင်တဲ့ အစားအစာကိုသာ စားသုံးပါ။ တစ်နေ့ကို ၆ဂရမ်ဟာ သင် အများဆုံး စားသင့်တဲ့ ပမာဏဖြစ်ပြီး နည်းနည်း စားလေ ကောင်းလေပါပဲ။
    အစမှာတော့ အရသာတစ်မျိုးကြီး ဖြစ်နေနိုင်ပါတယ်။ ရက်သတ္တပတ် အနည်းငယ်အကြာမှာတော့ သင့်ရဲ့ အရသာအရုံခံတဲ့ အဖုလေးတွေဟာ သူ့ဟာသူ ထိန်းညှိပေးပြီး ဆားအနည်းငယ်သာ ပါတဲ့ အစားအစာတွေကို သင်ကြိုက်နှစ်သက်လာပါလိမ့်မယ်။

Credit : Hellosayarwon

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top