iMyanmarHouse.com - Best Property Website for Myanmar
×






Credit : Lwinpyin

“ကျွန်မ ဝတ်ပုံစားပုံကို အတုယူကြပါ.. ကျွန်မက အားကျစရာကြီးပါ “လို့လဲ တစ်ခါမှ မပြောဖူးပါဘူး.. ကိုယ်တိုင်ကလဲ အဲလို စဆရက လုပ်လို့ရတဲ့ အဆင့် , အသက်အရွယ်လဲ မဟုတ်ပါဘူး.. နောက်လဲ ကိုယ့်စိတ်ကြိုက် ကိုယ့်ဘာကိုယ် ကြိုက်သလို နေသွားမှာ ဖြစ်တဲ့ အတွက် မမြင်ချင်ရင် ခုတည်းက ကြိုတင် ဘလော့ထားလို့ရပါတယ် .. ပြီးတော့ ကျွန်မအရည်အချင်းတွေကို ကျွန်မ ဝတ်ပုံစားပုံနဲ့ ဘယ်တော့ကမှ မတိုင်းခဲ့ဖူးပါဘူး .. သက်သက်စီပါ.. အဝတ်အစားဝတ်တာမှားလို့ဆိုပြီးလဲ တစ်ခါမှ ဒုက္ခမရောက်ဖူးပါဘူး…

အဓိကကတော့ ကာလံဒေသံနဲ့ ညီအောင် ဝတ်စားတတ်ဖို့က ပို အရေးကြီးတယ်လို့ ခံယူထားပါတယ် .. ကျွန်မကတော့ ကျွန်မဘာဝတ်ဝတ် ယုံကြည်မှု အပြည့်ရှိပါတယ် .. ဘယ်သူကြိုက်ကြိုက် မကြိုက်ကြိုက် ကျွန်မကို ကျွန်မကြိုက်ရင် ပြီးတာပါပဲ.. ပြီးတော့ ကျွန်မက rebellious type ပါ ..

မိဘဆရာ ဆုံးမရင်တောင် အကန့်တစ်ခုထိပဲ နာခံတတ်တဲ့သူပါ.. အဲ့တော့ ကျန်တဲ့သူတွေစေတနာနဲ့ပြောပြော ဒေါသနဲ့ပြောပြော ကျွန်မ နာခံဖို့ဆိုတာ သိပ်မဖြစ်နိုင်ပါဘူး.. ကျွန်မကို ကျွန်မက လွဲပြီး ဘယ်သူမှ ပြောင်းလဲလို့မရပါဘူး.. အဲ့အတွက်လဲ ဆောရီးပါ…ကိုယ့် IG မှာ ကိုယ်ကြိုက်တဲ့ပုံကို ကိုယ့်လွတ်လပ်ခွင့်နဲ့ကို တင်တဲ့သူပဲမှားလား.. အဲ့ဒီသူကိုပဲ အရည်မရ အဖတ်မရ တကူးတက အကုသိုယ်အများခံပြီး ဝေဖန်ပြောဆိုနေတဲ့ သူတွေပဲ မှားလားဆိုတာ ကိုယ့်ဘာကိုယ်စဉ်းစားပါ…

နောက်ဆုံးတစ်ခုပြောချင်တာက ကျွန်မ ဘဝတစ်လျှောက်လုံးမှာ ဘယ်သူ့ အိမ်ထောင်ရေးကိုမှ မဖြိုခွဲဖူးပါဘူး ..

အဲ့အတွက် ကိုယ့်လိပ်ပြာကိုယ်လုံပါတယ် .. အဲ့ထက်လဲ ထပ်မရှင်းပြတတ်တော့ပါဘူး.. ပိုသိချင်ရင် အဲ့ပို့စ်ကို တင်တဲ့ / ကျွန်မအကြောင်းကို ကျွန်မထက်ပိုသိတဲ့သူဆီပဲ သွားမေးကြပါ..

Credit : Lwinpyin

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top