iMyanmarHouse.com - Best Property Website for Myanmar
×

အေမရိကန္ႏိုင္ငံလက္ဖက္ရည္ေသာက္သံုးသူမ်ားအသင္း၏အဆိုအရကမာၻေပၚရွိလူမ်ားသည္ လက္ဖက္ရည္ကို အျခားေဖ်ာ္ရည္မ်ားထက္ပိုမိုေသာက္သံုးၾကသည္ဟုဆိုပါသည္။လက္ဖက္ရည္ ေသာက္သံုးျခင္းျဖင့္အက်ိဳးေက်းဇူးမ်ားရရွိႏိုင္ေသာ္လည္းလက္ဖက္ရည္တြင္ပါ၀င္ေသာကဖင္း ဓာတ္မွာက်န္းမာေရးအတြက္မေကာင္းပါ။လက္ဖက္ရည္ေသာက္သံုးေသာနည္းလမ္းႏွင့္ပမာဏ ေပၚမူတည္၍ ကဖင္းဓာတ္ကေကာင္းက်ိဳးဆိုးျပစ္မ်ားျဖစ္ေစပါသည္။သင့္ေတာ္ေသာပမာဏတြင္ လက္ဖက္ရည္သည္လူကိုလန္းဆန္းေစႏိုင္ၿပီးစြမ္းအင္ရေအာင္ႏွိဳးဆြေပးႏိုင္ေသာ္လည္းမ်ားျပားစြာေသာက္သံုးပါက ကဖင္းဓာတ္ကို စြဲလန္းေစပါသည္။

ကဖင္းဓာတ္ကိုစြဲလန္းေစျခင္း

ကဖင္းဓာတ္သည္ဗဟိုအာရံုေၾကာမစနစ္ကိုလွံဳေဆာ္ေပးျပီး ပံုမွန္သံုးစြဲျခင္းျဖင့္ စြဲလန္းျခင္းျဖစ္လာႏိုင္ပါသည္။ေဆးစြဲျခင္းကဲ့သို ့ေတာ့ ကဖင္းဓာတ္သည္ခႏၶာကိုယ္၏က်န္းမာေရးကိုအႏၲရာယ္မေပးပါ။သို႔ေသာ္လည္း ကဖင္းဓာတ္ကို စြဲလန္းပါကစြဲလန္းေနမွန္းသတိျပဳမိမည္လည္းမဟုတ္ပါ။ ခႏၶာကိုယ္လုပ္ငန္းေဆာင္တာမ်ားျပဳလုပ္ရန္ကဖင္းဓာတ္ကို ပံုမွန္သံုးစြဲေနရၿပီးျဖစ္သည္။ထိုအခါလန္းဆန္း၍စြမ္းအင္ျပည့္ရန္ကဖင္းဓာတ္ကိုပို၍ပို၍လိုအပ္လာသည္။အိပ္ယာမ၀င္ခင္ ၆နာရီအတြင္း လက္ဖက္ရည္မ်ားမ်ား ေသာက္တတ္သူမ်ားသည္ အိပ္မေပ်ာ္ျခင္းေ၀ဒနာကိုခံစားရသည္။ထို႔ျပင္ပိုမိုထိခိုက္လြယ္သူမ်ားတြင္ အိပ္ေပ်ာ္ရန္ခက္ခဲျခင္းႏွင့္တကြ ကဖင္းဓာတ္ေၾကာင့္ စိတ္လွဳပ္ရွားျခား၊ဂနာမၿငိမ္ ျဖစ္ျခင္းႏွင့္အစာအိမ္ေ၀ဒနာမ်ားကိုလည္းခံစားရပါသည္။
ကဖင္းျဖတ္ျခင္း

အကယ္၍ကဖင္းကိုရုတ္တရက္ျဖတ္လိုက္လွ်င္ခႏၶာကိုယ္အတြက္ပံုမွန္ရေနက်ကဖင္းဓာတ္
မရ ေတာ့သျဖင့္ေရာဂါလကၡဏာမ်ားခံစားရသည္။ကဖင္းျဖတ္ျခင္းေၾကာင့္ျဖစ္ေပၚလာေသာ လကၡဏာမ်ားမွာ

    ေခါင္းကိုက္ျခင္း
    ေမာပန္းႏွံဳးခ်ိျခင္း
    စိတ္ပူပန္ျခင္း
    ဂနာမၿငိမ္ျဖစ္ျခင္း
    စိတ္ဓာတ္က်ျခင္း
    အာရံုစူးစိုက္ရန္ခက္ခဲျခင္း
    ၾကြက္သားမ်ားနာက်င္ကိုက္ခဲျခင္းတို႔ျဖစ္ပါသည္။

သို႔ေသာ္မူးယစ္ေဆး၀ါးမ်ားႏွင့္အရက္စြဲျခင္းတို႔ေၾကာင့္ျဖစ္ေပၚလာေသာလကၡဏာမ်ားေလာက္ ေတာ့မဆိုးရြားပါ။ယခင္ေသာက္ေနက်လက္ဖက္ရည္(သို႔မဟုတ္)ေသာက္ေနက်ထက္အနည္းငယ္ပိုမို ေသာက္သံုးလိုက္ပါကထိုလကၡဏာမ်ားခ်က္ျခင္းသက္သာသြားမည္။
ကဖင္းစြဲျခင္းကိုကာာကြယ္ရန္

ကဖင္းစြဲျခင္းမွကာကြရန္ေအာက္ပါအႀကံျပဳခ်က္မ်ားကိုလိုက္နာႏိုင္ပါသည္
သင္ေသာက္သံုးေသာကဖင္းဓာက္ပမာဏကိုေလွ်ာ့ခ်ပါ၊လက္ဖက္ရည္တစ္ခြက္ကို၃ၾကိမ္မွ၄ၾကိမ္ ခြဲ၍ေသာက္သံုးျခင္းျဖင့္လည္းေကာင္း၊လက္ဖက္ရည္ကိုခဏတာ ႏွပ္၍ေသာ္လည္းေကာင္း၊လက္ဖက္ရည္ေသာက္မည့္ေရေႏြး၏အပူခ်ိန္ကိုေလွ်ာ့၍လည္းေကာင္း ကဖင္းဓာတ္ ပမာဏ ကိုေလွ်ာ့ခ်ႏိုင္သည္။

လက္ဖက္စိမ္း၊လက္ဖက္ျဖဴႏွင့္အျခားအရြက္မ်ားျဖင့္ျပဳလုပ္ထားေသာလက္ဖက္ရည္ကိုအစားထိုး
သံုးစြဲပါ။လက္ဖက္ေျခာက္အမည္းမွရေသာလက္ဖက္ရည္သည္ကဖင္းဓာတ္ပါ၀င္မွဳအမ်ားဆံုးျဖစ္သည္ထို႔ေၾကာင့္အျခားလက္ဖက္စိမ္း၊လက္ဖက္ျဖဴႏွင့္အျခားအရြက္မ်ားကိုျပဳလုပ္ ေသာလက္ဖက္ရည္ကိုသံုးေဆာင္ပါ။

ကဖင္းဓာတ္ဖယ္ထားေသာ(သို ့)ကဖင္းဓာတ္မပါေသာေဖ်ာ္ရည္မ်ားကိုေျပာင္းလဲသံုးစြဲပါ။
ကဖင္းဓာက္လြန္ကဲစြာပါေသာလက္ဖက္ရည္မ်ားကိုမၾကာခဏေသာက္သံုးျခင္းမွေရွာင္ၾကဥ္ပါ။ -သင္ေသာက္သံုးေနေသာကဖင္းဓာတ္ကိုျဖည္းျဖည္းစီေလွ်ာ့ခ်ပါ။

လက္ဖက္ရည္ကိုခ်က္ျခင္းျဖတ္ပါကမလိုလားအပ္ေသာေရာဂါလကၡဏာမ်ားျဖစ္ႏိုင္သည္႔အတြက္ တျဖည္းျဖည္းေလွ်ာ့ခ်ျခင္းျဖင့္ထိုလကၡဏာမ်ားကိုကာကြယ္ႏိုင္ပါသည္။

ေကာ္ဖီကဲ႔သို႔ပင္ လက္ဖက္ရည္သည္လည္းဦးေႏွာက္ကိုလွံဳ႔ေဆာ္၍စြမ္းအင္ျမင့္ေစၿပီးစိတ္အာရံုစူးစိုက္မွဳကိုေကာင္းမြန္ေစသည္။သို႔ေသာ္လည္းသင့္တင့္မွ်တေသာပမာဏထက္ပို၍ေသာက္သံုးပါကစြဲလန္းျခင္းအျပင္ ကဖင္းဓာက္၏ေဘးထြက္ဆိုးကိ်ဳးမ်ားပါရႏိုင္ေၾကာင္းသတိခ်ပ္သင့္ပါသည္။

Credit : Hellosayarwon
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အမေရိကန်နိုင်ငံလက်ဖက်ရည်သောက်သုံးသူများအသင်း၏အဆိုအရကမ္ဘာပေါ်ရှိလူများသည် လက်ဖက်ရည်ကို အခြားဖျော်ရည်များထက်ပိုမိုသောက်သုံးကြသည်ဟုဆိုပါသည်။လက်ဖက်ရည် သောက်သုံးခြင်းဖြင့်အကျိုးကျေးဇူးများရရှိနိုင်သော်လည်းလက်ဖက်ရည်တွင်ပါဝင်သောကဖင်း ဓာတ်မှာကျန်းမာရေးအတွက်မကောင်းပါ။လက်ဖက်ရည်သောက်သုံးသောနည်းလမ်းနှင့်ပမာဏ ပေါ်မူတည်၍ ကဖင်းဓာတ်ကကောင်းကျိုးဆိုးပြစ်များဖြစ်စေပါသည်။သင့်တော်သောပမာဏတွင် လက်ဖက်ရည်သည်လူကိုလန်းဆန်းစေနိုင်ပြီးစွမ်းအင်ရအောင်နှိုးဆွပေးနိုင်သော်လည်းများပြားစွာသောက်သုံးပါက ကဖင်းဓာတ်ကို စွဲလန်းစေပါသည်။

ကဖင်းဓာတ်ကိုစွဲလန်းစေခြင်း

ကဖင်းဓာတ်သည်ဗဟိုအာရုံကြောမစနစ်ကိုလှုံဆော်ပေးပြီး ပုံမှန်သုံးစွဲခြင်းဖြင့် စွဲလန်းခြင်းဖြစ်လာနိုင်ပါသည်။ဆေးစွဲခြင်းကဲ့သို့တော့ ကဖင်းဓာတ်သည်ခန္ဓာကိုယ်၏ကျန်းမာရေးကိုအန္တရာယ်မပေးပါ။သို့သော်လည်း ကဖင်းဓာတ်ကို စွဲလန်းပါကစွဲလန်းနေမှန်းသတိပြုမိမည်လည်းမဟုတ်ပါ။ ခန္ဓာကိုယ်လုပ်ငန်းဆောင်တာများပြုလုပ်ရန်ကဖင်းဓာတ်ကို ပုံမှန်သုံးစွဲနေရပြီးဖြစ်သည်။ထိုအခါလန်းဆန်း၍စွမ်းအင်ပြည့်ရန်ကဖင်းဓာတ်ကိုပို၍ပို၍လိုအပ်လာသည်။အိပ်ယာမဝင်ခင် ၆နာရီအတွင်း လက်ဖက်ရည်များများ သောက်တတ်သူများသည် အိပ်မပျော်ခြင်းဝေဒနာကိုခံစားရသည်။ထို့ပြင်ပိုမိုထိခိုက်လွယ်သူများတွင် အိပ်ပျော်ရန်ခက်ခဲခြင်းနှင့်တကွ ကဖင်းဓာတ်ကြောင့် စိတ်လှုပ်ရှားခြား၊ဂနာမငြိမ် ဖြစ်ခြင်းနှင့်အစာအိမ်ဝေဒနာများကိုလည်းခံစားရပါသည်။
ကဖင်းဖြတ်ခြင်း

အကယ်၍ကဖင်းကိုရုတ်တရက်ဖြတ်လိုက်လျှင်ခန္ဓာကိုယ်အတွက်ပုံမှန်ရနေကျကဖင်းဓာတ်
မရ တော့သဖြင့်ရောဂါလက္ခဏာများခံစားရသည်။ကဖင်းဖြတ်ခြင်းကြောင့်ဖြစ်ပေါ်လာသော လက္ခဏာများမှာ

    ခေါင်းကိုက်ခြင်း
    မောပန်းနှုံးချိခြင်း
    စိတ်ပူပန်ခြင်း
    ဂနာမငြိမ်ဖြစ်ခြင်း
    စိတ်ဓာတ်ကျခြင်း
    အာရုံစူးစိုက်ရန်ခက်ခဲခြင်း
    ကြွက်သားများနာကျင်ကိုက်ခဲခြင်းတို့ဖြစ်ပါသည်။

သို့သော်မူးယစ်ဆေးဝါးများနှင့်အရက်စွဲခြင်းတို့ကြောင့်ဖြစ်ပေါ်လာသောလက္ခဏာများလောက် တော့မဆိုးရွားပါ။ယခင်သောက်နေကျလက်ဖက်ရည်(သို့မဟုတ်)သောက်နေကျထက်အနည်းငယ်ပိုမို သောက်သုံးလိုက်ပါကထိုလက္ခဏာများချက်ခြင်းသက်သာသွားမည်။
ကဖင်းစွဲခြင်းကိုကာာကွယ်ရန်

ကဖင်းစွဲခြင်းမှကာကွရန်အောက်ပါအကြံပြုချက်များကိုလိုက်နာနိုင်ပါသည်
သင်သောက်သုံးသောကဖင်းဓာက်ပမာဏကိုလျှော့ချပါ၊လက်ဖက်ရည်တစ်ခွက်ကို၃ကြိမ်မှ၄ကြိမ် ခွဲ၍သောက်သုံးခြင်းဖြင့်လည်းကောင်း၊လက်ဖက်ရည်ကိုခဏတာ နှပ်၍သော်လည်းကောင်း၊လက်ဖက်ရည်သောက်မည့်ရေနွေး၏အပူချိန်ကိုလျှော့၍လည်းကောင်း ကဖင်းဓာတ် ပမာဏ ကိုလျှော့ချနိုင်သည်။

လက်ဖက်စိမ်း၊လက်ဖက်ဖြူနှင့်အခြားအရွက်များဖြင့်ပြုလုပ်ထားသောလက်ဖက်ရည်ကိုအစားထိုး
သုံးစွဲပါ။လက်ဖက်ခြောက်အမည်းမှရသောလက်ဖက်ရည်သည်ကဖင်းဓာတ်ပါဝင်မှုအများဆုံးဖြစ်သည်ထို့ကြောင့်အခြားလက်ဖက်စိမ်း၊လက်ဖက်ဖြူနှင့်အခြားအရွက်များကိုပြုလုပ် သောလက်ဖက်ရည်ကိုသုံးဆောင်ပါ။

ကဖင်းဓာတ်ဖယ်ထားသော(သို့)ကဖင်းဓာတ်မပါသောဖျော်ရည်များကိုပြောင်းလဲသုံးစွဲပါ။
ကဖင်းဓာက်လွန်ကဲစွာပါသောလက်ဖက်ရည်များကိုမကြာခဏသောက်သုံးခြင်းမှရှောင်ကြဉ်ပါ။ -သင်သောက်သုံးနေသောကဖင်းဓာတ်ကိုဖြည်းဖြည်းစီလျှော့ချပါ။

လက်ဖက်ရည်ကိုချက်ခြင်းဖြတ်ပါကမလိုလားအပ်သောရောဂါလက္ခဏာများဖြစ်နိုင်သည့်အတွက် တဖြည်းဖြည်းလျှော့ချခြင်းဖြင့်ထိုလက္ခဏာများကိုကာကွယ်နိုင်ပါသည်။

ကော်ဖီကဲ့သို့ပင် လက်ဖက်ရည်သည်လည်းဦးနှောက်ကိုလှုံ့ဆော်၍စွမ်းအင်မြင့်စေပြီးစိတ်အာရုံစူးစိုက်မှုကိုကောင်းမွန်စေသည်။သို့သော်လည်းသင့်တင့်မျှတသောပမာဏထက်ပို၍သောက်သုံးပါကစွဲလန်းခြင်းအပြင် ကဖင်းဓာက်၏ဘေးထွက်ဆိုးကျိုးများပါရနိုင်ကြောင်းသတိချပ်သင့်ပါသည်။

Credit : Hellosayarwon

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top