iMyanmarHouse.com - Best Property Website for Myanmar
×

ပရိသတ္ေတြအားက်စရာေစႏုိင္ေလာက္တဲ့ မိသားစုဘဝေလးကုိ ပုိင္ဆုိင္ထားတဲ့ သရုပ္ေဆာင္ႏုိင္းႏုိင္း ဟာ ဇနီးျဖစ္သူ စႏၵီခ်ဳိနဲ႔ သားသမီးေတြအေပၚ အရမ္းကုိ ခ်စ္တတ္တဲ့ ခင္ပြန္းေကာင္း၊ ဖခင္ေကာင္းတစ္ေယာက္ျဖစ္ပါတယ္။ သူ႔အလုပ္ေတြနားတဲ့အခ်ိန္တိုင္း မိသားစုေတြနဲ႔သာ အခ်ိန္ကုန္ဆုံးတတ္တယ္လုိ႔ ေျပာျပခဲ့ပါတယ္။

'' အစ္ကုိကေတာ့ သြားလိုက္ျပန္လုိက္ပါပဲ။ ဒီမွာအလုပ္ေတြရွိရင္ၿပီးေအာင္လုပ္သြားတယ္ ၿပီးၿပီဆုိရင္ မိသားစုဆီ ျပန္သြားတယ္ေပါ့ ဒီမွာဆိုရင္ အလုပ္ေပၚမူတည္ၿပီးျပန္လာျဖစ္တယ္။ ကေလးေတြရဲ႕ ဝါသနာကေတာ့ သူတုိ႔သဘာဝေပါ့ေနာ္ဟုိဟာလည္းျဖစ္ခ်င္၊ ဒီဟာလည္းျဖစ္ခ်င္ဆုိေတာ့ မမွန္းတတ္ေသးဘူး'' လုိ႔ ႏိုင္းႏုိင္းကေျပာပါတယ္။

အားက်စရာေကာင္းတဲ့ မိသားစုဓာတ္ပုံေလးေတြကအေၾကာင္းကုိလည္း ေျပာျပခဲ့ပါတယ္။

'' အစ္ကုိ႔အႏုပညာတင္မကပဲ Family type ေလးကုိ အားေပးတဲ့ပရိသတ္ေတြရွိတယ္။ အဲ့ဒီအတြက္ ဟုိေရာက္ၿပီဆုိရင္ မိသားစုလုိက္ ေလးေတြဓာတ္ပုံရုိက္ဖုိ႔အတြက္ အစ္ကုိရယ္၊ အစ္ကုိ႔ဇနီးရယ္ တုိင္ပင္ၿပီးေတာ့ ရုိက္ျဖစ္ၾကတာပါ။ ေလာေလာဆယ္ ကေတာ့ ကေလး ေတြလည္း ေက်ာင္းတက္ေနရေသးေတာ့ ျမန္မာႏုိင္ငံကုိ ျပန္မလာျဖစ္ေသးပါဘူး'' လုိ႔ ဆိုပါတယ္။

လက္ရွိပုိင္ဆုိင္ထားတဲ့ မိသားစုဘဝေလးအေပၚ သူ႔ရဲ႕ခံစားခ်က္ကုိလည္း အခုလုိဖြင့္ဟေျပာျပခဲ့ပါတယ္။

'' အရမ္းလည္းေပ်ာ္စရာေကာင္းတယ္၊ အရမ္းလည္းပင္ပန္းပါတယ္။ အခုဆုိရင္ ကေလးေတြရဲ႕ ေက်ာင္းေဝရာဝစၥေတြလည္းရွိတယ္။ ေက်ာင္းပုိ႔ေက်ာင္းႀကိဳေတြေပါ့ အစ္ကုိျပန္ရင္လည္း ကေလးေတြနဲ႔ဘာေတြလုပ္တယ္ ဆုိတာကအစ မစႏၵီခ်ိဳရဲ႕ အေကာင့္ကေန တင္ တာေတြ ေတြ႔မွာပါ။ သူတုိ႔ေတြနဲ႔ပဲ အခ်ိန္ကုန္တာမ်ားပါတယ္၊ ဒီမွာဆိုရင္ေတာ့ အစ္ကုိ႔အလုပ္ေပါ့ ဟုိမွာဆုိရင္ေတာ့ မိသားစုေတြ ကုိ အခ်ိန္ျပည့္ေပးၿပီးေတာ့ ေနလုိက္တယ္။ ကေလးေတြနဲ႔ပဲ အခ်ိန္ကုန္သြားတာမ်ားပါတယ္'' လုိ႔ ဆုိပါတယ္။

'' သမီးႀကီးက အခုဆုိရင္ ၃ တန္းေရာက္သြားပါၿပီ။ သားသားကေတာ့ ပထမတန္းေပါ့။ အငယ္ ၂ ေယာက္ကေတာ့ အခု Pre School ေရာက္သြားပါၿပီ'' လုိ႔ ဆုိပါတယ္။

၂၀၀၈ခုႏွစ္ကတည္းက လက္တြဲခဲ့တဲ့ ႏုိင္းႏုိင္းနဲ႕ စႏၵီခ်ိဳတို႕ဟာ ယခုဆိုရင္ သားသမီးေလးဦး ထြန္းကားလို႕ ေနၿပီ ျဖစ္ပါတယ္။ နားလည္မႈေတြနဲ႕ တည္ေဆာက္ထားတဲ့ ႏုိင္းႏိုင္းတို႕ရဲ႕ အိမ္ေထာင္ေရးကေတာ့ ျမင္ရသူ ပရိသတ္ေတြအဖုိ႕ ၾကည္ႏူးဖို႕ေကာင္း ပါတယ္။

Photo: စႏၵီခ်ဳိေဖ့စ္ဘုတ္

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ပရိသတ်တွေအားကျစရာစေနိုင်လောက်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင်နိုင်းနိုင်း ဟာ ဇနီးဖြစ်သူ စန္ဒီချိုနဲ့ သားသမီးတွေအပေါ် အရမ်းကို ချစ်တတ်တဲ့ ခင်ပွန်းကောင်း၊ ဖခင်ကောင်းတစ်ယောက်ဖြစ်ပါတယ်။ သူ့အလုပ်တွေနားတဲ့အချိန်တိုင်း မိသားစုတွေနဲ့သာ အချိန်ကုန်ဆုံးတတ်တယ်လို့ပြောပြခဲ့ပါတယ်။

'' အစ်ကိုကတော့ သွားလိုက်ပြန်လိုက်ပါပဲ။ ဒီမှာအလုပ်တွေရှိရင်ပြီးအောင်လုပ်သွားတယ် ပြီးပြီဆိုရင် မိသားစုဆီ ပြန်သွားတယ်ပေါ့ ဒီမှာဆိုရင် အလုပ်ပေါ်မူတည်ပြီးပြန်လာဖြစ်တယ်။ ကလေးတွေရဲ့ ဝါသနာကတော့ သူတို့သဘာဝပေါ့နော်ဟိုဟာလည်းဖြစ်ချင်၊ ဒီဟာလည်းဖြစ်ချင်ဆိုတော့ မမှန်းတတ်သေးဘူး'' လို့ နိုင်းနိုင်းကပြောပါတယ်။

အားကျစရာကောင်းတဲ့ မိသားစုဓာတ်ပုံလေးတွေကအကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။

'' အစ်ကို့အနုပညာတင်မကပဲ Family type လေးကို အားပေးတဲ့ပရိသတ်တွေရှိတယ်။ အဲ့ဒီအတွက် ဟိုရောက်ပြီဆိုရင် မိသားစုလိုက် လေးတွေဓာတ်ပုံရိုက်ဖို့အတွက် အစ်ကိုရယ်၊ အစ်ကို့ဇနီးရယ် တိုင်ပင်ပြီးတော့ ရိုက်ဖြစ်ကြတာပါ။ လောလောဆယ် ကတော့ ကလေး တွေလည်း ကျောင်းတက်နေရသေးတော့ မြန်မာနိုင်ငံကို ပြန်မလာဖြစ်သေးပါဘူး'' လို့ ဆိုပါတယ်။

လက်ရှိပိုင်ဆိုင်ထားတဲ့ မိသားစုဘဝလေးအပေါ် သူ့ရဲ့ခံစားချက်ကိုလည်း အခုလိုဖွင့်ဟပြောပြခဲ့ပါတယ်။

'' အရမ်းလည်းပျော်စရာကောင်းတယ်၊ အရမ်းလည်းပင်ပန်းပါတယ်။ အခုဆိုရင် ကလေးတွေရဲ့ ကျောင်းဝေရာဝစ္စတွေလည်းရှိတယ်။ ကျောင်းပို့ကျောင်းကြိုတွေပေါ့ အစ်ကိုပြန်ရင်လည်း ကလေးတွေနဲ့ဘာတွေလုပ်တယ် ဆိုတာကအစ မစန္ဒီချိုရဲ့ အကောင့်ကနေ တင် တာတွေ တွေ့မှာပါ။ သူတို့တွေနဲ့ပဲ အချိန်ကုန်တာများပါတယ်၊ ဒီမှာဆိုရင်တော့ အစ်ကို့အလုပ်ပေါ့ ဟိုမှာဆိုရင်တော့ မိသားစုတွေ ကို အချိန်ပြည့်ပေးပြီးတော့ နေလိုက်တယ်။ ကလေးတွေနဲ့ပဲ အချိန်ကုန်သွားတာများပါတယ်'' လို့ ဆိုပါတယ်။

'' သမီးကြီးက အခုဆိုရင် ၃ တန်းရောက်သွားပါပြီ။ သားသားကတော့ ပထမတန်းပေါ့။ အငယ် ၂ ယောက်ကတော့ အခု Pre School ရောက်သွားပါပြီ'' လို့ ဆိုပါတယ်။

၂၀၀၈ခုနှစ်ကတည်းက လက်တွဲခဲ့တဲ့ နိုင်းနိုင်းနဲ့ စန္ဒီချိုတို့ဟာ ယခုဆိုရင် သားသမီးလေးဦး ထွန်းကားလို့ နေပြီ ဖြစ်ပါတယ်။ နားလည်မှုတွေနဲ့ တည်ဆောက်ထားတဲ့ နိုင်းနိုင်းတို့ရဲ့ အိမ်ထောင်ရေးကတော့ မြင်ရသူ ပရိသတ်တွေအဖို့ ကြည်နူးဖို့ကောင်း ပါတယ်။

Photo: စန္ဒီချိုဖေ့စ်ဘုတ်

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top