iMyanmarHouse.com - Best Property Website for Myanmar
×

ေခ်ာကလက္စားတာက က်န္းမာေရးကို ေတာ္ေတာ္ေလးအ ေထာက္အကူျပဳတယ္လို႔ သုေတသနေတာ္ေတာ္မ်ားမ်ားအရ သိရပါတယ္။
ေခ်ာကလက္အနက္ေရာင္က လူကို ေတာ္ေတာ္ေလးအက်ိဳးျပဳပါတယ္။ အဆီမ်ားၿပီးအခ်ိဳကဲတဲ့ေခ်ာကလက္ေတြကေတာ့ က်န္းမာေရးကို အက်ိဳးမျပဳႏိုင္ဘူးဆိုတာေတာ့ မေမ့ပါနဲ႔။
အရသာရွိၿပီး စားေကာင္းလွတဲ့ေခ်ာ ကလက္အနက္ေရာင္ရဲ႕က်န္းမာေရးအက်ိဳးေက်းဇူးေတြက  ဘာေတြမ်ားျဖစ္မလဲ၊ ၾကည့္ၾကည့္ရေအာင္ပါ။

၁။ အာဟာရဓာတ္ၾကြယ္ဝစြာပါဝင္

အနက္ေရာင္ေခ်ာကလက္မွာ ခႏၶာကိုယ္ရဲ႕လုပ္ငန္းေဆာင္တာေတြအတြက္ မရွိမျဖစ္လိုအပ္တဲ့ဗီတာမင္နဲ႔ သတၱဳဓာတ္ေတြ ၾကြယ္ဝစြာ ပါဝင္ပါတယ္။ ေခ်ာက လက္ထဲမွာ မဂၢနီဆီယမ္၊ သံဓာတ္၊ ပိုတက္ဆီယမ္နဲ႔ ေကာ့ပါးဓာတ္ေတြ အမ်ား အျပားပါဝင္ပါတယ္။ မဂၢနီဆီယမ္က ေသြးတိုးမျဖစ္ေအာင္ ကာကြယ္ေပးၿပီး အမ်ိဳးအစား-၂ ဆီးခ်ိဳေရာဂါနဲ႔ႏွလံုးေရာဂါတို႔ကို ကာကြယ္ေပးႏိုင္ၿပီး သံဓာတ္က ေသြးအားနည္းေရာဂါမျဖစ္ေအာင္ ကာကြယ္ေပးပါတယ္။

၂။ ေသြးတိုးက်ေစႏိုင္ျခင္း

အနက္ေရာင္ေခ်ာကလက္ရဲ႕လူသိ မ်ားတဲ့က်န္းမာေရးအက်ိဳးေက်းဇူးတစ္ရပ္က ေသြးစီးဆင္းမႈကို တိုးတက္ေကာင္းမြန္ေစၿပီး ေသြးတိုးက်ေစႏိုင္တာေၾကာင့္ ႏွလံုးနဲ႔ ေသြးကိုေကာင္းမြန္ေစတာပါပဲ။အနက္ေရာင္ေခ်ာကလက္မွာႏိုက္ထရိတ္ ေအာက္ဆိုက္လို႔ေခၚတဲ့ ဂတ္စ္တစ္မ်ိဳး ထုတ္လႊတ္ေအာင္ ေသြးေၾကာနံရံေတြကို လံႈ႕ေဆာ္ေပးႏိုင္တဲ့ဖေလဗာေနာလို႔ေခၚတဲ့ ဓာတုျဒပ္ေပါင္း ပါဝင္ပါတယ္။ သည္ျဒပ္ေပါင္းက ေသြးခဲတာနဲ႔ ေသြးေၾကာမာေၾကာ ေတာင့္တင္းတာေတြျဖစ္ႏိုင္ေျခကို ေလ်ာ့က်ေစႏိုင္ပါတယ္။

၃။  အင္ဆူလင္မတံု႔ျပန္ႏိုင္မႈအတြက္ေကာင္းမြန္ျခင္း

ဆီးခ်ိဳေဝဒနာသည္ေတြအေနနဲ႔ ေခ်ာ ကလက္အနက္ေရာင္ကို စားေပးမယ္ဆိုရင္ glycemic index ကို ေလ်ာ့က်ေစႏိုင္ၿပီး ေသြးတြင္းသၾကားဓာတ္ကိုလည္း မတိုးေစႏိုင္ပါဘူး။  အဆီနဲ႔အခ်ိဳဓာတ္မကဲတဲ့ ေခ်ာကလက္စစ္စစ္ျဖစ္ဖို႔ေတာ့ လိုပါတယ္။ ေခ်ာကလက္အနက္က ခႏၶာကိုယ္ က  အင္ဆူလင္ကို ထိထိေရာက္ေရာက္ အသံုးျပဳႏိုင္ဖို႔လည္း  အေထာက္အကူျပဳေပးပါတယ္။

၄။ ကိုလက္စထေရာ ေလ်ာ့က်ေစ

ေခ်ာကလက္အနက္ကို ပံုမွန္စားေပးမယ္ဆိုရင္ ေသြးတြင္းက ခႏၶာကိုယ္အတြက္  အက်ိဳးမျပဳတဲ့ LDL ကို လက္စထ ေရာကို က်ဆင္းေစႏိုင္တယ္လို႔ သုေတသီေတြက ေတြ႕ရွိထားပါတယ္။ ေခ်ာကလက္ မွာ oxidative damage ေတြ မျဖစ္ေအာင္ ကာကြယ္ေပးႏိုင္တဲ့ဓာတ္တိုးဆန္႔က်င္ပစၥည္းေတြ ပါဝင္ပါတယ္။

၅။ အေရျပား ေထာက္ကူေပး

အနက္ေရာင္ေခ်ာကလက္ေတြက အေရျပားကို က်န္းမာသန္စြမ္းေစပါတယ္။ အနက္ေရာင္ေခ်ာကလက္မွာပါတဲ့ ဖေလဗာႏြဳိက္က အသားအေရကို က်စ္လ်စ္ေစႏိုင္သလို ေရဓာတ္ျဖည့္ေပးတဲ့အျပင္ ေသြးစီးဆင္းမႈကိုလည္း ေကာင္းမြန္ေစပါတယ္။

၆။ သြားေတြကို ကာကြယ္ေပးႏိုင္ျခင္း

အနက္ေရာင္ေခ်ာကလက္မွာ သြားေၾကြလႊာကို ခိုင္ခံ့ေစၿပီး သြားေၾကြလႊာေပၚက  ဘက္တီးရီးယားေတြကိုဖယ္ရွားေပးႏိုင္တဲ့ Theobromine ပါဝင္ပါ တယ္။ အနက္ေရာင္ေခ်ာကလက္က သြားနဲ႔ ခံတြင္းေဝဒနာခံစားရႏိုင္ေျခကို ေလ်ာ့က်ေစႏိုင္ပါတယ္။

၇။ ေခ်ာင္းဆိုးသက္သာေစႏိုင္ျခင္း

Theobromine ကခြ်ဲေပ်ာ္ေစႏိုင္သလို ေခ်ာင္းဆိုးတာကိုလည္းသက္သာေစႏိုင္ပါတယ္။ သည္ဓာတုျဒပ္ေပါင္းက အာ႐ံုခံနာ့ဗ္ေၾကာေတြကို  အာ႐ံုေၾကာသတင္းေပးပို႔မႈေတြ လက္ခံရရွိျခင္းကေနတားဆီးေပးတာေၾကာင့္ ေခ်ာင္းဆိုးတာကိုရပ္တန္႔ေစႏိုင္ပါတယ္။

၈။ အရြယ္တင္ေစႏိုင္

အနက္ေရာင္ ေခ်ာကလက္ထဲမွာ အ ေရျပားဆဲလ္ေတြကို ထိခိုက္ေစႏိုင္တဲ့ ခႏၶာကိုယ္ထဲက အဆိပ္အေတာက္ေတြနဲ႔ free redicals ေတြကို တိုက္ထုတ္ေပးႏိုင္ တဲ့ဓာတ္တိုးဆန္႔က်င္ပစၥည္းေတြ ပါဝင္ပါတယ္။ ဓာတ္တိုးဆန္႔က်င္ပစၥည္းေတြက  အိုမင္းမႈျဖစ္စU္ကို ေႏွာင့္ေႏွးေစႏိုင္သလို အခ်ိဳ႕ေသာကင္ဆာဆဲလ္ေတြကိုလည္း  ဖယ္ရွားေပးႏိုင္စြမ္းရွိပါတယ္။

အနက္ေရာင္ေခ်ာကလက္ထဲမွာပါတဲ့ flavanols, polyphenols နဲ႔ proanthocyanidins တို႔လိုမ်ိဳးဓာတ္တိုးဆန္႔က်င္ ပစၥည္းေတြက ကင္ဆာဆဲလ္ေတြ ျပန္႔ပြားမႈကို ေႏွးေကြးေစႏိုင္စြမ္းရွိပါတယ္။

၉။ စိတ္ခံစားမႈကို ေကာင္းမြန္ေစႏိုင္

အနက္ေရာင္ ေခ်ာကလက္က စိတ္ခံစားမႈကို ေကာင္းမြန္ေစၿပီး စိတ္ေပ်ာ္ရႊင္ ေစႏိုင္တဲ့ေဟာ္မုန္းေတြျဖစ္တဲ့ endorphin နဲ႔ serotonin ေဟာ္မုန္းေတြ ထုတ္လႊတ္ေအာင္ လံႈ႕ေဆာ္ေပးႏိုင္တာေၾကာင့္ အနက္ေရာင္ေခ်ာကလက္ကို စားသံုးေပး တာက စိတ္ခံစားမႈကို ေကာင္းမြန္ေစႏိုင္ပါတယ္။

၁၀။ စိတ္ဖိစီးမႈ ကင္းေဝးေစႏိုင္

အနက္ေရာင္ေခ်ာကလက္ကို ေန႔စဥ္စားသံုးေပးမယ္ဆိုရင္ ေသြးတြင္းမွာ စိတ္ဖိစီးမႈကို ျဖစ္ေစႏိုင္တဲ့ေဟာ္မုန္းေတြ စီးဆင္းမႈကို ေလ်ာ့က်ေစႏိုင္ပါတယ္။

Credit : Kumudra
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
 ချောကလက်စားတာက ကျန်းမာရေးကို တော်တော်လေးအ ထောက်အကူပြုတယ်လို့ သုတေသနတော်တော်များများအရ သိရပါတယ်။
ချောကလက်အနက်ရောင်က လူကို တော်တော်လေးအကျိုးပြုပါတယ်။ အဆီများပြီးအချိုကဲတဲ့ချောကလက်တွေကတော့ ကျန်းမာရေးကို အကျိုးမပြုနိုင်ဘူးဆိုတာတော့ မမေ့ပါနဲ့။
အရသာရှိပြီး စားကောင်းလှတဲ့ချော ကလက်အနက်ရောင်ရဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေက  ဘာတွေများဖြစ်မလဲ၊ ကြည့်ကြည့်ရအောင်ပါ။

၁။ အာဟာရဓာတ်ကြွယ်ဝစွာပါဝင်

အနက်ရောင်ချောကလက်မှာ ခန္ဓာကိုယ်ရဲ့လုပ်ငန်းဆောင်တာတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ချောက လက်ထဲမှာ မဂ္ဂနီဆီယမ်၊ သံဓာတ်၊ ပိုတက်ဆီယမ်နဲ့ ကော့ပါးဓာတ်တွေ အများ အပြားပါဝင်ပါတယ်။ မဂ္ဂနီဆီယမ်က သွေးတိုးမဖြစ်အောင် ကာကွယ်ပေးပြီး အမျိုးအစား-၂ ဆီးချိုရောဂါနဲ့နှလုံးရောဂါတို့ကို ကာကွယ်ပေးနိုင်ပြီး သံဓာတ်က သွေးအားနည်းရောဂါမဖြစ်အောင် ကာကွယ်ပေးပါတယ်။

၂။ သွေးတိုးကျစေနိုင်ခြင်း

အနက်ရောင်ချောကလက်ရဲ့လူသိ များတဲ့ကျန်းမာရေးအကျိုးကျေးဇူးတစ်ရပ်က သွေးစီးဆင်းမှုကို တိုးတက်ကောင်းမွန်စေပြီး သွေးတိုးကျစေနိုင်တာကြောင့် နှလုံးနဲ့ သွေးကိုကောင်းမွန်စေတာပါပဲ။အနက်ရောင်ချောကလက်မှာနိုက်ထရိတ် အောက်ဆိုက်လို့ခေါ်တဲ့ ဂတ်စ်တစ်မျိုး ထုတ်လွှတ်အောင် သွေးကြောနံရံတွေကို လှုံ့ဆော်ပေးနိုင်တဲ့ဖလေဗာနောလို့ခေါ်တဲ့ ဓာတုဒြပ်ပေါင်း ပါဝင်ပါတယ်။ သည်ဒြပ်ပေါင်းက သွေးခဲတာနဲ့ သွေးကြောမာကြော တောင့်တင်းတာတွေဖြစ်နိုင်ခြေကို လျော့ကျစေနိုင်ပါတယ်။

၃။  အင်ဆူလင်မတုံ့ပြန်နိုင်မှုအတွက်ကောင်းမွန်ခြင်း

ဆီးချိုဝေဒနာသည်တွေအနေနဲ့ ချော ကလက်အနက်ရောင်ကို စားပေးမယ်ဆိုရင် glycemic index ကို လျော့ကျစေနိုင်ပြီး သွေးတွင်းသကြားဓာတ်ကိုလည်း မတိုးစေနိုင်ပါဘူး။  အဆီနဲ့အချိုဓာတ်မကဲတဲ့ ချောကလက်စစ်စစ်ဖြစ်ဖို့တော့ လိုပါတယ်။ ချောကလက်အနက်က ခန္ဓာကိုယ် က  အင်ဆူလင်ကို ထိထိရောက်ရောက် အသုံးပြုနိုင်ဖို့လည်း  အထောက်အကူပြုပေးပါတယ်။

၄။ ကိုလက်စထရော လျော့ကျစေ

ချောကလက်အနက်ကို ပုံမှန်စားပေးမယ်ဆိုရင် သွေးတွင်းက ခန္ဓာကိုယ်အတွက်  အကျိုးမပြုတဲ့ LDL ကို လက်စထ ရောကို ကျဆင်းစေနိုင်တယ်လို့ သုတေသီတွေက တွေ့ရှိထားပါတယ်။ ချောကလက် မှာ oxidative damage တွေ မဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်ပါတယ်။

၅။ အရေပြား ထောက်ကူပေး

အနက်ရောင်ချောကလက်တွေက အရေပြားကို ကျန်းမာသန်စွမ်းစေပါတယ်။ အနက်ရောင်ချောကလက်မှာပါတဲ့ ဖလေဗာနွိုက်က အသားအရေကို ကျစ်လျစ်စေနိုင်သလို ရေဓာတ်ဖြည့်ပေးတဲ့အပြင် သွေးစီးဆင်းမှုကိုလည်း ကောင်းမွန်စေပါတယ်။

၆။ သွားတွေကို ကာကွယ်ပေးနိုင်ခြင်း

အနက်ရောင်ချောကလက်မှာ သွားကြွေလွှာကို ခိုင်ခံ့စေပြီး သွားကြွေလွှာပေါ်က  ဘက်တီးရီးယားတွေကိုဖယ်ရှားပေးနိုင်တဲ့ Theobromine ပါဝင်ပါ တယ်။ အနက်ရောင်ချောကလက်က သွားနဲ့ ခံတွင်းဝေဒနာခံစားရနိုင်ခြေကို လျော့ကျစေနိုင်ပါတယ်။

၇။ ချောင်းဆိုးသက်သာစေနိုင်ခြင်း

Theobromine ကချွဲပျော်စေနိုင်သလို ချောင်းဆိုးတာကိုလည်းသက်သာစေနိုင်ပါတယ်။ သည်ဓာတုဒြပ်ပေါင်းက အာရုံခံနာ့ဗ်ကြောတွေကို  အာရုံကြောသတင်းပေးပို့မှုတွေ လက်ခံရရှိခြင်းကနေတားဆီးပေးတာကြောင့် ချောင်းဆိုးတာကိုရပ်တန့်စေနိုင်ပါတယ်။

၈။ အရွယ်တင်စေနိုင်

အနက်ရောင် ချောကလက်ထဲမှာ အ ရေပြားဆဲလ်တွေကို ထိခိုက်စေနိုင်တဲ့ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေနဲ့ free redicals တွေကို တိုက်ထုတ်ပေးနိုင် တဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်ပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက  အိုမင်းမှုဖြစ်စU်ကို နှောင့်နှေးစေနိုင်သလို အချို့သောကင်ဆာဆဲလ်တွေကိုလည်း  ဖယ်ရှားပေးနိုင်စွမ်းရှိပါတယ်။

အနက်ရောင်ချောကလက်ထဲမှာပါတဲ့ flavanols, polyphenols နဲ့ proanthocyanidins တို့လိုမျိုးဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေက ကင်ဆာဆဲလ်တွေ ပြန့်ပွားမှုကို နှေးကွေးစေနိုင်စွမ်းရှိပါတယ်။

၉။ စိတ်ခံစားမှုကို ကောင်းမွန်စေနိုင်

အနက်ရောင် ချောကလက်က စိတ်ခံစားမှုကို ကောင်းမွန်စေပြီး စိတ်ပျော်ရွှင် စေနိုင်တဲ့ဟော်မုန်းတွေဖြစ်တဲ့ endorphin နဲ့ serotonin ဟော်မုန်းတွေ ထုတ်လွှတ်အောင် လှုံ့ဆော်ပေးနိုင်တာကြောင့် အနက်ရောင်ချောကလက်ကို စားသုံးပေး တာက စိတ်ခံစားမှုကို ကောင်းမွန်စေနိုင်ပါတယ်။

၁၀။ စိတ်ဖိစီးမှု ကင်းဝေးစေနိုင်

အနက်ရောင်ချောကလက်ကို နေ့စဉ်စားသုံးပေးမယ်ဆိုရင် သွေးတွင်းမှာ စိတ်ဖိစီးမှုကို ဖြစ်စေနိုင်တဲ့ဟော်မုန်းတွေ စီးဆင်းမှုကို လျော့ကျစေနိုင်ပါတယ်။

Credit : Kumudra

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top