iMyanmarHouse.com - Best Property Website for Myanmar
×

သခြားသီးက က်န္းမာေရးအတြက္ေတာ္ေတာ္ေလးအေထာက္အကူျပဳေပးပါတယ္။ ေႏြရာသီမွာဆိုရင္လည္း သခြားသီးကေရဓာတ္ျပည့္ဝေစပါတယ္။ သခြားသီးမွာ ဗီတာမင္ေအ၊ ဗီတာ မင္စီ၊ ေဖာလစ္အက္ဆစ္တို႔ပါဝင္သလို အမွ်င္ဓာတ္လည္းၾကြယ္ဝစြာပါဝင္ပါတယ္။ မဂၢနီဆီယမ္၊ molybdenum နဲ႔ ပိုတက္ဆီယမ္ တို႔လိုမ်ိဳး သတၳဳဓာတ္ေတြလည္းပါဝင္ပါတယ္။ သခြားသီးမွာတြယ္ဆက္တစ္သွ်ဴးေတြကို အားျဖည့္ေပးႏိုုင္တဲ့ သတၳဳဓာတ္တစ္မ်ိဳးျဖစ္တဲ့ silica ပါဝင္ေနပါတယ္။ သခြားသီးမွာေရဓာတ္ဆံုး႐ံႈးမႈကို ကာကြယ္ေပးႏိုင္တဲ့ ascorbic နဲ႔ caffeic အက္ဆစ္တို႔ပါဝင္ေနပါတယ္။ အနာလည္းက်က္ေစႏိုင္ပါတယ္။ မ်က္ရည္အိတ္ေဖာင္းတာနဲေနေလာင္ တာေတြကိုလည္း သက္သာေစႏိုင္ပါတယ္။

အေရျပားက်န္းမာေစႏိုင္
သခြားသီးမွာ ဆီလီကာဓာတ္ၾကြယ္ဝစြာပါဝင္ေနတာေၾကာင့္ တြယ္ဆက္တစ္သွ်ဴးေတြ၊ ၾကြက္သားေတြ၊ အရြတ္၊ အ႐ိုးႏုနဲ႔အ႐ိုးေတြကိုက်န္းမာသန္စြမ္းေစႏိုင္ပါတယ္။ သခြားသီးမွာေရဓာတ္ၾကြယ္ဝစြာပါဝင္တာေၾကာင့္ ခႏၶာကိုယ္ကိုေရဓာတ္ျဖည့္ေပးႏိုင္ပါတယ္။ သခြားသီးကိုအေရျပားမွာ ေနေလာင္ကြက္ေတြျဖစ္ေနတာကိုသက္သာေစဖို႔အတြက္လည္း အသံုးျပဳႏိုင္ပါတယ္။ ဝက္ၿခံနဲ႔အေရ ျပားေရာဂါအမ်ိဳးမ်ိဳးအတြက္လည္းအသံုးဝင္ပါတယ္။

ေက်ာက္ကပ္ေက်ာက္တည္တာနဲ႔
ဝမ္းခ်ဳပ္တာကို သက္သာေစႏိုင္
သခြားသီးမွာ အမွ်င္ဓာတ္နဲ႔ ေရဓာတ္ပါဝင္ေနတာေၾကာင့္ ဝမ္းခ်ဳပ္တာနဲ႔ ေက်ာက္ကပ္ေက်ာက္တည္တာမ်ိဳး မျဖစ္ ေအာင္ကာကြယ္ေပးပါတယ္။ သခြားသီးကို ေန႔စဥ္မွန္မွန္စားေပးမယ္ဆိုရင္ အမွ်င္ဓာတ္ကိုရရွိေစမွာျဖစ္ပါတယ္။ သခြားသီးမွာ ဗီတာမင္စီ၊ ဆီလီကာ၊ ပိုတက္ဆီယမ္ နဲ႔ မဂၢနီဆီယမ္တို႔ပါဝင္ေနတာေၾကာင့္ က်န္းမာေရးကိုုေကာင္းမြန္ေစပါတယ္။ ဗီတာမင္ေအပါဝင္တာေၾကာင့္ အာဟာရဓာတ္လည္း ျပည့္ဝေစႏိုင္ပါတယ္။

ေသြးေပါင္ခ်ိန္ကိုထိန္းညႇိေပးႏိုင္
သခြားသီးမွာ မဂၢနီဆီယမ္၊ ပိုတက္ ဆီယမ္နဲ႔ အမွ်င္ဓာတ္ေတြပါဝင္တာေၾကာင့္ ေသြးတိုးေနရင္ ေသြးတိုးက်ေစႏိုုင္ၿပီး ေသြးေပါင္ခ်ိန္ကိုလည္းထိန္းညႇိေပးပါတယ္။ သခြားသီးကို ပင္လယ္စာ၊ အဆီနည္းတဲ့ႏို႔ထြက္ပစၥည္း၊ အဆီမပါတဲ့ အသား၊ ၾကက္သား၊ ဘဲသားေတြနဲ႔လည္းတြဲဖက္စားသံုးႏိုင္ပါတယ္။ ၾကြက္သား၊ အ႐ိုး၊ အရြတ္၊ အ႐ိုးႏုနဲ႔ အေၾကာေတြကိုလည္း သန္မာေစႏိုင္ပါတယ္။

ဆီးခ်ိဳ ထိန္းညႇိေပးႏိုင္
သခြားသီးက ဆီးခ်ိဳသမားေတြစားသံုးေပးသင့္တဲ့ အသီးတစ္ခုပါ။ သခြားသီးမွာ အင္ဆူလင္ထုတ္လႊတ္ေပးတဲ့ ဘီတာဆဲလ္ေတြအတြက္ လိုအပ္တဲ့ေဟာ္မုန္းပါဝင္ပါတယ္။ သခြားသီးမွာ ေသြးတြင္းသၾကားဓာတ္ကို ျမင့္တက္ႏိုင္တဲ့ကာဘိုဟိုက္ဒရိတ္ကို အလြယ္တကူေခ်ဖ်က္ေပးႏိုင္ပါတယ္။ သခြားသီးက ဆီးခ်ိဳကိုထိန္းညႇိေပးႏိုင္ပါတယ္။

က်န္းမာေရးအေထာက္အကူ
သခြားသီးက ကိုယ္တြင္းကအဆိပ္အေတာက္ေတြနဲ႔ ခႏၶာကိုယ္အတြက္အက်ိဳးမျပဳတဲ့အရာေတြကိုသက္သာေစႏိုုင္စြမ္းရွိပါတယ္။ ဆီးအိမ္၊ ေက်ာက္ကပ္၊ အသည္းနဲ႔ ပန္ကရိယတို႔ရဲ႕ လုပ္ေဆာင္မႈကိုေကာင္းမြန္ေစႏိုု င္ပါတယ္။ သခြားသီးမွာ မဂၢနီဆီယမ္ပါဝင္တာေၾကာင့္ ေသြးလည္ပတ္မႈကိုေကာင္းမြန္ေစၿပီး အာ႐ံုေၾကာေတြကိုလည္းအနားရေစႏိုင္ပါတယ္။ သခြားသီးမွာသတၳဳဓာတ္ေတြ ၾကြယ္ဝစြာပါဝင္တာေၾကာင့္ လက္သည္း၊ ေျခသည္းေတြကြဲအက္တာကိုလည္းသက္သာေစႏိုင္ပါတယ္။ သခြားသီးမွာ ဓာတ္တိုးဆန္႔က်င္ပစၥည္းပါဝင္တာေၾကာင့္ ခႏၶာကိုယ္ အတြက္ အက်ိဳးျပဳပါတယ္။

Credit : Kumudra
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
သခွားသီးက ကျန်းမာရေးအတွက်တော်တော်လေးအထောက်အကူပြုပေးပါတယ်။ နွေရာသီမှာဆိုရင်လည်း သခွားသီးကရေဓာတ်ပြည့်ဝစေပါတယ်။ သခွားသီးမှာ ဗီတာမင်အေ၊ ဗီတာ မင်စီ၊ ဖောလစ်အက်ဆစ်တို့ပါဝင်သလို အမျှင်ဓာတ်လည်းကြွယ်ဝစွာပါဝင်ပါတယ်။ မဂ္ဂနီဆီယမ်၊ molybdenum နဲ့ ပိုတက်ဆီယမ် တို့လိုမျိုး သတ္ထုဓာတ်တွေလည်းပါဝင်ပါတယ်။ သခွားသီးမှာတွယ်ဆက်တစ်သျှူးတွေကို အားဖြည့်ပေးနိုုင်တဲ့ သတ္ထုဓာတ်တစ်မျိုးဖြစ်တဲ့ silica ပါဝင်နေပါတယ်။ သခွားသီးမှာရေဓာတ်ဆုံးရှုံးမှုကို ကာကွယ်ပေးနိုင်တဲ့ ascorbic နဲ့ caffeic အက်ဆစ်တို့ပါဝင်နေပါတယ်။ အနာလည်းကျက်စေနိုင်ပါတယ်။ မျက်ရည်အိတ်ဖောင်းတာနဲနေလောင် တာတွေကိုလည်း သက်သာစေနိုင်ပါတယ်။

အရေပြားကျန်းမာစေနိုင်
သခွားသီးမှာ ဆီလီကာဓာတ်ကြွယ်ဝစွာပါဝင်နေတာကြောင့် တွယ်ဆက်တစ်သျှူးတွေ၊ ကြွက်သားတွေ၊ အရွတ်၊ အရိုးနုနဲ့အရိုးတွေကိုကျန်းမာသန်စွမ်းစေနိုင်ပါတယ်။ သခွားသီးမှာရေဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် ခန္ဓာကိုယ်ကိုရေဓာတ်ဖြည့်ပေးနိုင်ပါတယ်။ သခွားသီးကိုအရေပြားမှာ နေလောင်ကွက်တွေဖြစ်နေတာကိုသက်သာစေဖို့အတွက်လည်း အသုံးပြုနိုင်ပါတယ်။ ဝက်ခြံနဲ့အရေ ပြားရောဂါအမျိုးမျိုးအတွက်လည်းအသုံးဝင်ပါတယ်။

ကျောက်ကပ်ကျောက်တည်တာနဲ့
ဝမ်းချုပ်တာကို သက်သာစေနိုင်
သခွားသီးမှာ အမျှင်ဓာတ်နဲ့ ရေဓာတ်ပါဝင်နေတာကြောင့် ဝမ်းချုပ်တာနဲ့ ကျောက်ကပ်ကျောက်တည်တာမျိုး မဖြစ် အောင်ကာကွယ်ပေးပါတယ်။ သခွားသီးကို နေ့စဉ်မှန်မှန်စားပေးမယ်ဆိုရင် အမျှင်ဓာတ်ကိုရရှိစေမှာဖြစ်ပါတယ်။ သခွားသီးမှာ ဗီတာမင်စီ၊ ဆီလီကာ၊ ပိုတက်ဆီယမ် နဲ့ မဂ္ဂနီဆီယမ်တို့ပါဝင်နေတာကြောင့် ကျန်းမာရေးကိုုကောင်းမွန်စေပါတယ်။ ဗီတာမင်အေပါဝင်တာကြောင့် အာဟာရဓာတ်လည်း ပြည့်ဝစေနိုင်ပါတယ်။

သွေးပေါင်ချိန်ကိုထိန်းညှိပေးနိုင်
သခွားသီးမှာ မဂ္ဂနီဆီယမ်၊ ပိုတက် ဆီယမ်နဲ့ အမျှင်ဓာတ်တွေပါဝင်တာကြောင့် သွေးတိုးနေရင် သွေးတိုးကျစေနိုုင်ပြီး သွေးပေါင်ချိန်ကိုလည်းထိန်းညှိပေးပါတယ်။ သခွားသီးကို ပင်လယ်စာ၊ အဆီနည်းတဲ့နို့ထွက်ပစ္စည်း၊ အဆီမပါတဲ့ အသား၊ ကြက်သား၊ ဘဲသားတွေနဲ့လည်းတွဲဖက်စားသုံးနိုင်ပါတယ်။ ကြွက်သား၊ အရိုး၊ အရွတ်၊ အရိုးနုနဲ့ အကြောတွေကိုလည်း သန်မာစေနိုင်ပါတယ်။

ဆီးချို ထိန်းညှိပေးနိုင်
သခွားသီးက ဆီးချိုသမားတွေစားသုံးပေးသင့်တဲ့ အသီးတစ်ခုပါ။ သခွားသီးမှာ အင်ဆူလင်ထုတ်လွှတ်ပေးတဲ့ ဘီတာဆဲလ်တွေအတွက် လိုအပ်တဲ့ဟော်မုန်းပါဝင်ပါတယ်။ သခွားသီးမှာ သွေးတွင်းသကြားဓာတ်ကို မြင့်တက်နိုင်တဲ့ကာဘိုဟိုက်ဒရိတ်ကို အလွယ်တကူချေဖျက်ပေးနိုင်ပါတယ်။ သခွားသီးက ဆီးချိုကိုထိန်းညှိပေးနိုင်ပါတယ်။

ကျန်းမာရေးအထောက်အကူ
သခွားသီးက ကိုယ်တွင်းကအဆိပ်အတောက်တွေနဲ့ ခန္ဓာကိုယ်အတွက်အကျိုးမပြုတဲ့အရာတွေကိုသက်သာစေနိုုင်စွမ်းရှိပါတယ်။ ဆီးအိမ်၊ ကျောက်ကပ်၊ အသည်းနဲ့ ပန်ကရိယတို့ရဲ့ လုပ်ဆောင်မှုကိုကောင်းမွန်စေနိုု င်ပါတယ်။ သခွားသီးမှာ မဂ္ဂနီဆီယမ်ပါဝင်တာကြောင့် သွေးလည်ပတ်မှုကိုကောင်းမွန်စေပြီး အာရုံကြောတွေကိုလည်းအနားရစေနိုင်ပါတယ်။ သခွားသီးမှာသတ္ထုဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် လက်သည်း၊ ခြေသည်းတွေကွဲအက်တာကိုလည်းသက်သာစေနိုင်ပါတယ်။ သခွားသီးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်တာကြောင့် ခန္ဓာကိုယ် အတွက် အကျိုးပြုပါတယ်။

Credit : Kumudra

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top