iMyanmarHouse.com - Best Property Website for Myanmar
×

အစိမ္း၊ အဝါ၊ အနီစတဲ့ အေရာင္သံုးမ်ိဳးေတြ႔ရတဲ့ ငရုတ္ပြသီးေတြမွာ ေအာက္ပါက်န္းမာေရး အက်ိဳးေက်းဇူးေတြရွိေနပါတယ္။

(၁) ကယ္လိုရီေလ်ာ့နည္းျခင္း ငရုတ္ပြသီးေတြက ကယ္လိုရိပါဝင္မႈ ေလ်ာ့နည္းပါတယ္။ တကယ္လုိ႔ ငရုတ္ပြသီးတစ္ခြက္လံုးအျပည့္စားရင္ေတာင္ ၄၅ ကယ္လိုရီပဲ ရရွိႏိုင္ပါတယ္။ ငရုတ္ပြသီးတစ္ခြက္စာပမာဏမွာ တစ္ေန႔တာလိုအပ္တဲ့ ဗီတာမင္ေအနဲ႔ စီပမာဏထင္ပိုမို ပါဝင္မႈရွိပါတယ္။

(၂) ဗီတာမင္စီမ်ားမ်ားပါဝင္ျခင္း ငရုတ္ပြသီးမွာ ဗီတာမင္စီမ်ားစြာပါဝင္တဲ့အတြက္ ကိုယ္ခံအားစနစ္ကို အားေကာင္းေစျပီး အသားအေရကိုႏုပ်ိဳငယ္ရြယ္ေစပါတယ္။ ငရုတ္ပြသီးအမွည့့္ျဖစ္တဲ့ အနီေရာင္ငရုတ္ပြသီးထဲမွာ ဗီတာမင္စီအျမင့္ဆံုးပမာဏပါဝင္ပါတယ္။

(၃) ေရာင္ရမ္းမႈေလ်ာ့က်ေစျခင္း ငရုတ္ပြသီးမွာ ဖိုင္တိုကမ္မီကယ္နဲ႔ကာရိုတင္း၊ အထူးသျဖင့္ ဘီတာကယ္ရိုတင္းေတြ ပါဝင္ေနပါတယ္။ ဒါေၾကာင့္ အင္တီေအာက္ဆီးဒင့္ကို ရရွိေစသလို ေရာင္ရမ္းမႈကို ေလ်ာ့က်ေစတဲ့အစြမ္းရွိပါတယ္

(၄) ကိုလက္စထေရာေလ်ာ့က်ေစျခင္း ငရုတ္ပြသီးထဲမွာပါဝင္တဲ့ ကပ္ဆုိက္စင္ဓာတ္မွာ က်န္းမာေရးအက်ိဳးေက်းဇူးအမ်ားအျပား ရွိပါတယ္။ ေလ့လာမႈအရ ငရုတ္ပြသီးဟာ မေကာင္းတဲ့ ကိုလက္စထေရာအဆင့္ကို ေလ်ာ့က်ေစျပီး ဆီးခ်ိဳေသြးခ်ိဳေရာဂါကို ထိန္းခ်ဳပ္ႏိုင္စြမ္းရွိတဲ့အျပင္ နာက်င္မႈနဲ့ ေရာင္ရမ္းမႈကို ေလ်ာ့ပါးသက္သာေစေၾကာင္းသိရပါတယ္။

(၅) အစြမ္းထက္အာဟာရဓာတ္ကိုရရွိေစျခင္း ငရုတ္ပြသီးကို အပူနည္းနည္းနဲ႔ အခ်ိန္တိုအတြင္းခ်က္ျပဳတ္ရင္ အခ်ိဳအရသာနဲ႔ သစ္သီးရနံ႔မပ်က္တဲ့အျပင္ အစြမ္းထက္အာဟာရဓာတ္ ဖေလဗိုးႏိြဳက္ကို ရရွိေစပါတယ္။

(၆) ကင္ဆာျဖစ္ႏႈန္းေလ်ာ့နည္းျခင္း ငရုတ္ပြသီးမွာပါဝင္တဲ့ ဆာလဖာပမာဏဟာ တခိ်ဳ႔ေသာကင္ဆာေရာဂါေတြကို ကာကြယ္ႏိုင္စြမ္းရွိပါတယ္။

(၇) အသားအေရႏွင့္ ဆံေကသာကို ႏုပ်ိဳလွပေစျခင္း ငရုတ္ပြသီးမွာ ဗီတာမင္အီးအဆင့္ ေကာင္းေကာင္းပါဝင္တဲ့အတြက္ အသားအေရနဲ႔ ဆံေကသာကိုလွပႏုပ်ိဳ ၾကည့္ေကာင္းေစပါတယ္။

(၈) နာ့ဗ္ေၾကာစနစ္ကို က်န္းမာေစျခင္း ငရုတ္ပြသီးမွာ ဗီတာမင္ပါဝင္တာေၾကာင့္ နာ့ဗ္ေၾကာစနစ္က်န္းမာေရးအတြက္ မရွိမျဖစ္အေရးပါျပီး ဆဲလ္အသစ္ေတြျဖစ္ေပၚေအာင္ ကူညီေပးပါတယ္။

(၉) အတြင္းတိမ္ေရာဂါႏွင့္ မက္ကူလာယိုယြင္းပ်က္စီးမႈ မျဖစ္ေစရန္မ်က္စိကို ကာကြယ္ေပးျခင္း ငရုတ္ပြသီးမွာပါဝင္တဲ့ လူတင္လို တခိ်ဳ႔အင္ဇိုင္းေတြကအသက္ၾကီးလာခ်ိန္မွာ မက္ကူလာယိုယြင္းပ်က္စီးမႈနဲ႔ အတြင္းတိမ္ေရာဂါတို့ေၾကာင့္ မ်က္စိထိခိုက္မႈမျဖစ္ေအာင္ ကာကြယ္ေပးႏိုင္ပါတယ္။

Credit : thithtoolwin
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အစိမ်း၊ အဝါ၊ အနီစတဲ့ အရောင်သုံးမျိုးတွေ့ရတဲ့ ငရုတ်ပွသီးတွေမှာ အောက်ပါကျန်းမာရေး အကျိုးကျေးဇူးတွေရှိနေပါတယ်။

(၁) ကယ်လိုရီလျော့နည်းခြင်း ငရုတ်ပွသီးတွေက ကယ်လိုရိပါဝင်မှု လျော့နည်းပါတယ်။ တကယ်လို့ ငရုတ်ပွသီးတစ်ခွက်လုံးအပြည့်စားရင်တောင် ၄၅ ကယ်လိုရီပဲ ရရှိနိုင်ပါတယ်။ ငရုတ်ပွသီးတစ်ခွက်စာပမာဏမှာ တစ်နေ့တာလိုအပ်တဲ့ ဗီတာမင်အေနဲ့ စီပမာဏထင်ပိုမို ပါဝင်မှုရှိပါတယ်။

(၂) ဗီတာမင်စီများများပါဝင်ခြင်း ငရုတ်ပွသီးမှာ ဗီတာမင်စီများစွာပါဝင်တဲ့အတွက် ကိုယ်ခံအားစနစ်ကို အားကောင်းစေပြီး အသားအရေကိုနုပျိုငယ်ရွယ်စေပါတယ်။ ငရုတ်ပွသီးအမှည့့်ဖြစ်တဲ့ အနီရောင်ငရုတ်ပွသီးထဲမှာ ဗီတာမင်စီအမြင့်ဆုံးပမာဏပါဝင်ပါတယ်။

(၃) ရောင်ရမ်းမှုလျော့ကျစေခြင်း ငရုတ်ပွသီးမှာ ဖိုင်တိုကမ်မီကယ်နဲ့ကာရိုတင်း၊ အထူးသဖြင့် ဘီတာကယ်ရိုတင်းတွေ ပါဝင်နေပါတယ်။ ဒါကြောင့် အင်တီအောက်ဆီးဒင့်ကို ရရှိစေသလို ရောင်ရမ်းမှုကို လျော့ကျစေတဲ့အစွမ်းရှိပါတယ်

(၄) ကိုလက်စထရောလျော့ကျစေခြင်း ငရုတ်ပွသီးထဲမှာပါဝင်တဲ့ ကပ်ဆိုက်စင်ဓာတ်မှာ ကျန်းမာရေးအကျိုးကျေးဇူးအများအပြား ရှိပါတယ်။ လေ့လာမှုအရ ငရုတ်ပွသီးဟာ မကောင်းတဲ့ ကိုလက်စထရောအဆင့်ကို လျော့ကျစေပြီး ဆီးချိုသွေးချိုရောဂါကို ထိန်းချုပ်နိုင်စွမ်းရှိတဲ့အပြင် နာကျင်မှုနဲ့ ရောင်ရမ်းမှုကို လျော့ပါးသက်သာစေကြောင်းသိရပါတယ်။

(၅) အစွမ်းထက်အာဟာရဓာတ်ကိုရရှိစေခြင်း ငရုတ်ပွသီးကို အပူနည်းနည်းနဲ့ အချိန်တိုအတွင်းချက်ပြုတ်ရင် အချိုအရသာနဲ့ သစ်သီးရနံ့မပျက်တဲ့အပြင် အစွမ်းထက်အာဟာရဓာတ် ဖလေဗိုးနွိုက်ကို ရရှိစေပါတယ်။

(၆) ကင်ဆာဖြစ်နှုန်းလျော့နည်းခြင်း ငရုတ်ပွသီးမှာပါဝင်တဲ့ ဆာလဖာပမာဏဟာ တချို့သောကင်ဆာရောဂါတွေကို ကာကွယ်နိုင်စွမ်းရှိပါတယ်။

(၇) အသားအရေနှင့် ဆံကေသာကို နုပျိုလှပစေခြင်း ငရုတ်ပွသီးမှာ ဗီတာမင်အီးအဆင့် ကောင်းကောင်းပါဝင်တဲ့အတွက် အသားအရေနဲ့ ဆံကေသာကိုလှပနုပျို ကြည့်ကောင်းစေပါတယ်။

(၈) နာ့ဗ်ကြောစနစ်ကို ကျန်းမာစေခြင်း ငရုတ်ပွသီးမှာ ဗီတာမင်ပါဝင်တာကြောင့် နာ့ဗ်ကြောစနစ်ကျန်းမာရေးအတွက် မရှိမဖြစ်အရေးပါပြီး ဆဲလ်အသစ်တွေဖြစ်ပေါ်အောင် ကူညီပေးပါတယ်။

(၉) အတွင်းတိမ်ရောဂါနှင့် မက်ကူလာယိုယွင်းပျက်စီးမှု မဖြစ်စေရန်မျက်စိကို ကာကွယ်ပေးခြင်း ငရုတ်ပွသီးမှာပါဝင်တဲ့ လူတင်လို တချို့အင်ဇိုင်းတွေကအသက်ကြီးလာချိန်မှာ မက်ကူလာယိုယွင်းပျက်စီးမှုနဲ့ အတွင်းတိမ်ရောဂါတို့ကြောင့် မျက်စိထိခိုက်မှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

Credit : thithtoolwin

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top