iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ္အေလးခ်ိန္ေလ်ာ့ခ်ဖို႔ ဆံုးျဖတ္ထားသူေတြအေနနဲ႔ က်န္းမာေရးနဲ႔ ညီညြတ္တဲ့အစားအစာေတြ စားရံုသာမက ေလ့က်င့္ခန္းလည္းပံုမွန္လုပ္ေပးဖို႔ လိုအပ္တယ္ဆိုတာ သိထားၾကပါတယ္။ အစာစားရံု၊ ေလ့က်င့္ခန္းလုပ္ရံုသာမက အဆီေတြကိုျမန္ျမန္ေလာင္က်ြမ္းေစႏိုင္တဲ့ ေသာက္စရာေတြမွန္ကန္ေရြးခ်ယ္ႏိုင္ဖို႔အတြက္ ေဖာ္ျပေပးလိုက္ပါတယ္။

ေရခဲေရ

ေရခဲေရဟာ ခႏၶာကိုယ္တြင္းဇီဝျဖစ္စဥ္လုပ္ငန္းစဥ္မ်ားကို ျမွင့္တင္ေပးႏိုင္တာေၾကာင့္ ကယ္လုိရီပမာဏမ်ားေနတာေတြကို ဖယ္ရွားေပးပါတယ္။ ေန႔တိုင္းေရခဲေရ အနည္းဆံုး၁၆ေအာင္စေလာက္ေသာက္ရင္ ထူးျခားတဲ့ရလဒ္ေတြ႔ရမွာပါ။

အုန္းရည္

အျခားေသာေဖ်ာ္ရည္ေတြထက္ လ်ပ္လိုက္ရည္ (အီလက္ထရိုလိုက္) မ်ားမ်ားပါဝင္တာေၾကာင့္ ေရဓာတ္အျမဲျပည့္ဝေနေစပါတယ္။ အုန္းရည္ထဲကို သၾကားနဲ႔အျခားအရသာတုေတြမထည့္ဘဲ ေသာက္သင့္ျပီးခႏၶာကိုယ္တြင္းလုပ္ငန္းစဥ္ေတြနဲ႔ စြမ္းအင္ျပည့္ဝေနဖို႔ေထာက္ကူပါတယ္။

အဆီထုတ္ႏြားႏို႔

ခႏၶာကိုယ္ထဲကအဆီေတြ ျမန္ျမန္ေခ်ဖ်က္ရာမွာ အက်ိဳးျပဳတာေၾကာင့္အဆီထုတ္ႏြားႏို႔ ပံုမွန္ေသာက္ျပီးဘာေတြထူးျခားလဲ ေစာင့္ၾကည့္ႏိုင္ပါတယ္။

ဟင္းသီးဟင္းရြက္ေဖ်ာ္ရည္

က်န္းမာေရးအတြက္ ေကာင္းက်ိဳးျပဳရံုသာမက ကယ္လိုရီပမာဏမ်ာေနတာေတြကိုလည္း ေလ်ာ့ခ်ေပးႏိုင္ပါတယ္။

အာဟာရေဖ်ာ္ရည္

ေစ်းကြက္ထဲမွာ အသင့္ေရာင္းခ်တဲ့အာဟာရေဖ်ာ္ရည္ေတြကေတာ့ ပံုမွန္အားျဖင့္က်န္းမာေရးအတြက္ အေထာက္အကူျပဳေပမယ့္ ကိုယ္ေရြးခ်ယ္ေသာက္တဲ့ေဖ်ာ္ရည္က သင့္ေလ်ာ္မႈရွိ၊ မရွိကိုေတာ့ ဆရာဝန္နဲ႔တိုင္ပင္သင့္ပါတယ္။

လက္ဖက္စိမ္းႏွင့္ ႏို႔မပါလက္ဖက္ရည္

အဆီဓာတ္ကို ၄၃ ရာခိုင္ႏႈန္းဖယ္ရွားေပးတာေၾကာင့္ ပိန္ပိန္ပါးပါးျဖစ္လိုသူေတြကေတာ့ ပံုမွန္ေသာက္သင့္ပါတယ္။

ဖရဲသီးေဖ်ာ္ရည္

ဗိုက္ခ်ပ္ဖို႔အတြက္ဆိုရင္ သၾကားမထည့္ဘဲသဘာဝအတိုင္း ေသာက္ဖို႔ေတာ့လိုပါတယ္။ ကယ္လိုရီကိုေလ်ာ့က်ေစျပီး ေရဓာတ္ကိုအျမဲျပည့္ဝေနေစပါတယ္။

Credit : 7DayDaily
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ကိုယ်အလေးချိန်လျော့ချဖို့ ဆုံးဖြတ်ထားသူတွေအနေနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာတွေ စားရုံသာမက လေ့ကျင့်ခန်းလည်းပုံမှန်လုပ်ပေးဖို့ လိုအပ်တယ်ဆိုတာ သိထားကြပါတယ်။ အစာစားရုံ၊ လေ့ကျင့်ခန်းလုပ်ရုံသာမက အဆီတွေကိုမြန်မြန်လောင်ကျွမ်းစေနိုင်တဲ့ သောက်စရာတွေမှန်ကန်ရွေးချယ်နိုင်ဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

ရေခဲရေ

ရေခဲရေဟာ ခန္ဓာကိုယ်တွင်းဇီဝဖြစ်စဉ်လုပ်ငန်းစဉ်များကို မြှင့်တင်ပေးနိုင်တာကြောင့် ကယ်လိုရီပမာဏများနေတာတွေကို ဖယ်ရှားပေးပါတယ်။ နေ့တိုင်းရေခဲရေ အနည်းဆုံး၁၆အောင်စလောက်သောက်ရင် ထူးခြားတဲ့ရလဒ်တွေ့ရမှာပါ။

အုန်းရည်

အခြားသောဖျော်ရည်တွေထက် လျပ်လိုက်ရည် (အီလက်ထရိုလိုက်) များများပါဝင်တာကြောင့် ရေဓာတ်အမြဲပြည့်ဝနေစေပါတယ်။ အုန်းရည်ထဲကို သကြားနဲ့အခြားအရသာတုတွေမထည့်ဘဲ သောက်သင့်ပြီးခန္ဓာကိုယ်တွင်းလုပ်ငန်းစဉ်တွေနဲ့ စွမ်းအင်ပြည့်ဝနေဖို့ထောက်ကူပါတယ်။

အဆီထုတ်နွားနို့

ခန္ဓာကိုယ်ထဲကအဆီတွေ မြန်မြန်ချေဖျက်ရာမှာ အကျိုးပြုတာကြောင့်အဆီထုတ်နွားနို့ ပုံမှန်သောက်ပြီးဘာတွေထူးခြားလဲ စောင့်ကြည့်နိုင်ပါတယ်။

ဟင်းသီးဟင်းရွက်ဖျော်ရည်

ကျန်းမာရေးအတွက် ကောင်းကျိုးပြုရုံသာမက ကယ်လိုရီပမာဏမျာနေတာတွေကိုလည်း လျော့ချပေးနိုင်ပါတယ်။

အာဟာရဖျော်ရည်

ဈေးကွက်ထဲမှာ အသင့်ရောင်းချတဲ့အာဟာရဖျော်ရည်တွေကတော့ ပုံမှန်အားဖြင့်ကျန်းမာရေးအတွက် အထောက်အကူပြုပေမယ့် ကိုယ်ရွေးချယ်သောက်တဲ့ဖျော်ရည်က သင့်လျော်မှုရှိ၊ မရှိကိုတော့ ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။

လက်ဖက်စိမ်းနှင့် နို့မပါလက်ဖက်ရည်

အဆီဓာတ်ကို ၄၃ ရာခိုင်နှုန်းဖယ်ရှားပေးတာကြောင့် ပိန်ပိန်ပါးပါးဖြစ်လိုသူတွေကတော့ ပုံမှန်သောက်သင့်ပါတယ်။

ဖရဲသီးဖျော်ရည်

ဗိုက်ချပ်ဖို့အတွက်ဆိုရင် သကြားမထည့်ဘဲသဘာဝအတိုင်း သောက်ဖို့တော့လိုပါတယ်။ ကယ်လိုရီကိုလျော့ကျစေပြီး ရေဓာတ်ကိုအမြဲပြည့်ဝနေစေပါတယ်။

Credit : 7DayDaily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top