iMyanmarHouse.com - Best Property Website for Myanmar
×

လာမယ့္ ၂၀၁၇-၂၀၁၈ ဘ႑ာႏွစ္အတြက္ ဘ႑ာေရး ႏွစ္ခ်ဳပ္စာရင္းပိတ္လုပ္ငန္းစဥ္ေတြ ျပဳလုပ္မွာျဖစ္လို႔ ဘဏ္ေတြရဲ႕ အြန္လိုင္း ဝန္ေဆာင္မႈေတြကုိ ယာယီပိတ္ထားမယ္လို႔ ျပည္တြင္းပုဂၢလိက ဘဏ္တခ်ိဳ႕က ေၾကညာခ်က္ထုတ္ျပန္ထားပါတယ္။

ထိပ္တန္းဘဏ္တစ္ခုျဖစ္တဲ့ ကေမၻာဇဘဏ္က ႏွစ္ခ်ဳပ္စာရင္းပိတ္တာ၊ ၀န္ေဆာင္မႈတခ်ိဳ႕ကုိ အဆင့္ျမွင့္တင္တာေတြျပဳလုပ္မွာျဖစ္လို႔ မတ္လ (၃၀)ရက္ေန႔မွာ Quick Pay ၀န္ေဆာင္မႈေတြအသံုးျပဳႏိုင္မွာ မဟုတ္ဘဲ မတ္လ (၃၀)ရက္ ေသာၾကာေန႔ ည (၈)နာရီကေန ဧျပီလ (၁)ရက္ တနဂၤေႏြေန႔ မနက္ (၆) နာရီ အထိ iBanking / mBanking ၀န္ေဆာင္မႈမ်ားကို ရပ္ဆိုင္းထားမယ္လို႔ ေၾကညာထားပါတယ္။

CB ဘဏ္ကေတာ့ ႏွစ္ခ်ဳပ္စာရင္းပိတ္တဲ့လုပ္ငန္းေတြကုိ မတ္လ ၃၀ ရက္ ည ၁၀ နာရီကေန ၃၁ ရက္ ေန႔လယ္ ၁၂ နာရီအထိ ျပဳလုပ္မွာ ျဖစ္ၿပီး Mobile Banking၊ Internet Banking၊ ATM၊ CRM၊ PUM၊ Cheque Deposit Machine ေတြက မိမိအေကာင့္နဲ႔ ခ်ိတ္ဆက္ထားတဲ့ ကတ္ေတြ၊ မိုဘိုင္းလ္ေအးဂ်င့္ ဝန္ေဆာင္မႈေတြကို ရပ္နားထားမယ္လို႔ ဆိုပါတယ္။

ATM စက္ေတြကိုလည္း မတ္လ ၃၀ ရက္ ေသာၾကာေန႔ ည ၁၀ နာရီကေန ၁၂ နာရီအထိ၊ ဧၿပီလ ၁ ရက္ တနဂၤေႏြေန႔ ည ၁ နာရီခြဲကေန မနက္ ၈ နာရီခြဲအထိ အဆင့္ျမႇင့္တင္မွာျဖစ္လို႔ သံုးစြဲရာမွာ အဆင္မေျပျဖစ္ႏိုင္တယ္လို႔ အသိေပးထားပါတယ္။

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
လာမယ့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် ဘဏ္ဍာရေး နှစ်ချုပ်စာရင်းပိတ်လုပ်ငန်းစဉ်တွေ ပြုလုပ်မှာဖြစ်လို့ ဘဏ်တွေရဲ့ အွန်လိုင်း ဝန်ဆောင်မှုတွေကို ယာယီပိတ်ထားမယ်လို့ ပြည်တွင်းပုဂ္ဂလိက ဘဏ်တချို့က ကြေညာချက်ထုတ်ပြန်ထားပါတယ်။

ထိပ်တန်းဘဏ်တစ်ခုဖြစ်တဲ့ ကမ္ဘောဇဘဏ်က နှစ်ချုပ်စာရင်းပိတ်တာ၊ ဝန်ဆောင်မှုတချို့ကို အဆင့်မြှင့်တင်တာတွေပြုလုပ်မှာဖြစ်လို့ မတ်လ (၃၀)ရက်နေ့မှာ Quick Pay ဝန်ဆောင်မှုတွေအသုံးပြုနိုင်မှာ မဟုတ်ဘဲ မတ်လ (၃၀)ရက် သောကြာနေ့ ည (၈)နာရီကနေ ဧပြီလ (၁)ရက် တနင်္ဂနွေနေ့ မနက် (၆) နာရီ အထိ iBanking / mBanking ဝန်ဆောင်မှုများကို ရပ်ဆိုင်းထားမယ်လို့ ကြေညာထားပါတယ်။

CB ဘဏ်ကတော့ နှစ်ချုပ်စာရင်းပိတ်တဲ့လုပ်ငန်းတွေကို မတ်လ ၃၀ ရက် ည ၁၀ နာရီကနေ ၃၁ ရက် နေ့လယ် ၁၂ နာရီအထိ ပြုလုပ်မှာ ဖြစ်ပြီး Mobile Banking၊ Internet Banking၊ ATM၊ CRM၊ PUM၊ Cheque Deposit Machine တွေက မိမိအကောင့်နဲ့ ချိတ်ဆက်ထားတဲ့ ကတ်တွေ၊ မိုဘိုင်းလ်အေးဂျင့် ဝန်ဆောင်မှုတွေကို ရပ်နားထားမယ်လို့ ဆိုပါတယ်။

ATM စက်တွေကိုလည်း မတ်လ ၃၀ ရက် သောကြာနေ့ ည ၁၀ နာရီကနေ ၁၂ နာရီအထိ၊ ဧပြီလ ၁ ရက် တနင်္ဂနွေနေ့ ည ၁ နာရီခွဲကနေ မနက် ၈ နာရီခွဲအထိ အဆင့်မြှင့်တင်မှာဖြစ်လို့ သုံးစွဲရာမှာ အဆင်မပြေဖြစ်နိုင်တယ်လို့ အသိပေးထားပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top