iMyanmarHouse.com - Best Property Website for Myanmar
×












စကားများတာ





Credit : My Style

တခါတလေ ကိုယ်သတိမထားမိဘဲ လုပ်လိုက်တဲ့အပြုအမူတွေက သူများကို ထိခိုက်နိုင်ပါတယ်။ Gym အားကစားခန်းမလိုနေရာမျိုးက တခြားသူတွေနဲ့ ဝေမျှသုံးစွဲရတာကြောင့် ပိုပြီး သတိထားသင့်ပါတယ်။

ကိုယ့်ချွေးစက်တွေ အားကစားလုပ်တဲ့ ပစ္စည်းတွေအပေါ်မှာ ပေကျံခဲ့ခြင်း

အားကစားလုပ်ရင်တော့ ချွေးထွက်မှာဘဲ။ ဒါ့ကြောင့် သန်ဘက်ယူသွားသင့်ပါတယ်။ တချို့ဆို အပြေးစက်တွေအပေါ်၊ ထိုင်ခုံတွေအပေါ်မှာ ချွေးတွေအကွက်လောက် ပေကျံခဲ့ရင်တော့ နောက်ဆော့မယ့်သူအတွက် အဆင်မပြေဘူးပေါ့။

အားကစားပစ္စည်းတွေကို တစ်ယောက် မောင်ပိုင်စီးထားတာ

တချို့ဆို အပြေးစက်အပေါ်မှာ တစ်ယောက်တည်း ၁ နာရီလောက်ပြေးနေတာမျိုး၊ အလေးတွေကို အများကြီးယူထားပြီး ဘေးနားမှာပုံထားတာမျိုး လုပ်သူတွေရှိပါတယ်။

သီချင်းကို အကျယ်ကြီးဖွင့်ထားတာမျိုး

အားကစားလုပ်ရင်း သီချင်းနားထောင်ရတာကောင်းပါတယ်။ ဒါပေမယ့် သီချင်းသံအကျယ်ကြီး ဖွင့်ထားရင် ဘယ်လောက်ဘဲ နားကျပ်နဲ့ နားထောင် သူများအနှောင့်အယှက်ဖြစ်ပါတယ်နော်။

ကိုယ်မပြီးသားအလေးတုံးတွေ နေရာမှာ ပြန်မထားတာ။

အလေးတုံးတွေက သူများနဲ့ ဝေမျှသုံးရတာကြောင့် နေရာမှာ ပြန်မထားရင် အလေးမချင်သူက လိုက်ရှာရတာက အလုပ်တစ်ခုဖြစ်နေပါတယ်။

တစ်ယောက်တည်းနေရာအကျယ်ကြီးယူထားတာ

Belly ရိုက်တာတို့ စတဲ့ လေ့ကျင့်ခန်းတွေလုပ်ရာမှာ လူတစ်ယောက်စာဘဲ နေရာလိုပေမယ့် အကျယ်ကြီးတွေယူထားရင် တခြားသူလုပ်ဖို့အတွက် အဆင်မပြေတော့ပါဘူး။

စကားများတာ

Gym လာတာ အပေါင်းအသင်းဝင်ဆံ့ဖို့လည်း လိုသလို၊ လေ့ကျင့်ခန်းလုပ်ဖို့လည်းလိုအပ်ပါတယ်။ ကိုယ်စကားများတာက တခြားသူတွေလည်း အနှောင့်အယှက်ဖြစ်တာကြောင့် သာမန်လောက်ဘဲ စကားပြောသင့်ပါတယ်။

Locker အခန်းကို အိမ်က ရေချိုးခန်းနဲ့မှားနေသောအခါ

မနက်မှာ Gym လာဆော့ပြီး ရုံးပြေးမယ့်သူတွေ၊ ရုံးဆင်းချိန် Gym လာဆော့ပြီး မိသားစုဆီပြန်မယ့်သူတွေရှိပါတယ်။

ဒါ့ကြောင့် ကိုယ်တစ်ယောက်တည်း အေးဆေး ရေချိုးနေတာတို့ကို မလုပ်သင့်ပါဘူး။

Credit : My Style

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top