iMyanmarHouse.com - Best Property Website for Myanmar
×





ဆား



ကဖိန်းဓာတ်


Credit : My Food

သူငယ်ချင်းတွေနဲ့ Night Out ထွက်ရင် အနည်းနဲ့ အများတော့ စားကြသောက်ကြမှာပါပဲ။ အစာအိမ်ထဲမှာ ဘာမှမရှိဘဲ အရက်သောက်ရင် အစာအိမ်မှ အက်ဆစ်ဓာတ်ထွက်တာများလာပြီး အစာအိမ်အောင့်တာ၊ အရက်နာကျတာ၊ အမူးလွယ်တာတို့ ဖြစ်တတ်ပါတယ်။

ဒါပေမယ့် တချို့ အစားအစာတွေကလည်း အရက်မသောက်ခင်မှာ စားမိရင် ပိုဆိုးတတ်ပါတယ်။

ချောကလက်၊ ခရမ်းချဉ်သီး

ချောကလက်၊ ခရမ်းချဉ်းသီး တို့က အစာအိမ်ထဲမှာရှိနေချိန်မှာ အရက်သောက်တဲ့အခါမှာ အရက်တွေကို ခန္ဓာကိုယ်ထဲ မြန်မြန်ရောက်စေပြီး ပိုမူးတတ်ပါတယ်။ အဲ့ဒီအပြင် ကျန်းမာရေးဆိုးကျိုးတွေလည်း ပိုဖြစ်စေပါတယ်။

ဆား

ဆားပါတဲ့ အစားအစာတွေ စားတာများသွားပြီး အရက်သောက်တဲ့အခါမှာ  ရင်ပြည့်သလိုခံစားရပါလိမ့်မယ်။

ရင်ပြည့်နေရင် ရေသောက်ချင်စိတ်လျော့ပါလိမ့်မယ်။ အရက်ချည်းပဲ သောက်နေမိရင် ရေဓာတ်ခမ်းခြောက်တာနဲ့တခြား ပြဿနာတွေဖြစ်လာတတ်ပါတယ်။

ကဖိန်းဓာတ်

ကော်ဖီသောက်ထားရင် ချက်ခြင်း အရက်မသောက်သင့်ပါဘူး။ ကဖိန်းဓာတ်က လူကိုလန်းဆန်းတက်ကြွစေပြီး အရက်ကို ပိုသောက်အောင် လုပ်ဆောင်ပေးနေပါတယ်။ ကိုယ်သတိမထားမိဘဲ အရက်တွေအများကြီး ပိုသောက်မိစေပြီး အသိစိတ်လွတ်သွားတာမျိုးအထိဖြစ်နိုင်ပါတယ်။

Credit : My Food

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top