iMyanmarHouse.com - Best Property Website for Myanmar
×

အဆိုေတာ္စိုင္းစိုင္းခမ္းလႈိင္ကေတာ့ ပရိသတ္ေတြရဲ႕ အားေပးမႈကို အခ်ိန္အၾကာႀကီး ရရွိပိုင္ဆိုင္ထားတဲ့ အႏုပညာရွင္ တစ္ေယာက္ပါ။ အထူးသျဖင့္ မိန္းကေလးပရိသတ္ေတြ သဲသဲလႈပ္ ၀န္းရံအားေပးျခင္းခံရတဲ့ ထိပ္တန္း အႏုပညာရွင္စာရင္း မွာ အခုထိရပ္တည္ေနတဲ့ အႏုပညာရွင္တစ္ေယာက္ပါ။ အဆိုေတာ္၊သရုပ္ေဆာင္ အလုပ္ေတြအျပင္ အခုဆိုရင္ေတာ့ စိုင္းစိုင္းက ႏႈတ္ခမ္းနီပါထုတ္ၿပီး ေရာင္းခ်ေနပါတယ္။ စိုင္းစိုင္းရဲ႕ ဂီတကို ခ်စ္တဲ့ ပရိသတ္ေတြ အတြက္ ကေတာ့ စိုင္းစိုင္း တစ္ေယာက္ မၾကာခင္ အေခြသစ္ထြက္ေတာ့မွာပါ။

စိုင္းစိုင္းရဲ႕ (၉)ခုေျမာက္အယ္ဘမ္ “စိုင္းစိုင္းကစိုင္းစိုင္း” ကိုေတာ့ ဧၿပီ (၁)ရက္ေန႔မွာ ထြက္ရွိမွာပါ။အေခြကိုေတာ့ Junction Square မွာ ေန႔လည္ (1) နာရီ က်ရင္ ျဖန္႔ခ်ီမွာပါ။ဒီအေခြအတြက္ စိုင္းစိုင္းတစ္ေယာက္ အရမ္းကို ႀကိဳးစား ထား တာကို ေတြ႔ရပါတယ္။သီခ်င္းလွလွေလးေတြတင္မဟုတ္ပဲ စာသားလွလွေလးေတြကို FB မွာ တင္တတ္တဲ့ စိုင္းစိုင္း ကေတာ့ မတ္(၂၇)ရက္ေန႔က သူ႔ရဲ႕ FB မွာ Post အသစ္တင္ထားပါတယ္။သူ႔ရဲ႕ Post ကိုေတာ့ မိန္းကေလး ပရိသတ္ ေတြ အေတာ္ေလး ေၾကြသြားခဲ့တာကိုေတြ႔ရပါတယ္။

“ေကာင္မေလးေတြလွလိုက္တာ

က်ေနာ့္မ်က္စိထဲေတာ့ ျမင္ျမင္ရာကိုလွေနေတာ့တာပဲ ေယာက္က်ားေလးဆိုေတာ့ ေဖ်ာ္ေျဖပြဲေတြ ပြဲလမ္းသဘင္ေတြသြားတဲ့အခါ မိန္းမေခ်ာေလးေတြျမင္ရင္ ၾကည့္မိ ေငးမိတာေပါ့ ဥပမာ ၿပိဳင္ကားလွလွေလးေတြေတြ႕ရင္လည္း ငမ္းမိတတ္ၾကတာပဲ မဟုတ္ဘူးလား

ေနာက္ထပ္ၿပီးစဥ္းစားမိတာက တျခားေကာင္မေလးေတြလွသလို နင္လည္းလွတာပဲ ဘယ္သူပိုလွသလဲ မေမးပါနဲ႔ က်ေနာ္မနွိုင္းယွဥ္တတ္ပါ ဥယ်ာဥ္ထဲကပန္းေလးေတြလို တစ္ေယာက္တစ္မ်ိဳးေတာ့ လွၾကတာပဲ Avengers ထဲက ဇာတ္လိုက္ေတြလို တစ္ေယာက္တစ္မ်ိဳးေတာ့ စြမ္းၾကတာပဲ

မတူတာတစ္ခုေတာ့ျဖင့္ရွိပါတယ္

နင္႔ကိုက်ေတာ့ ငါခ်စ္တယ္

ဒါေၾကာင့္ ငါ့စိတ္ခ်မ္းေျမ႕ျခင္းဆိုတာက နင့္ဆီမွာေပါ့ အခ်စ္ရယ္ ..” ဆိုၿပီး ေရးၿပီး တင္ထားတာပါ။

Credit : Lwinpyin
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အဆိုတော်စိုင်းစိုင်းခမ်းလှိုင်ကတော့ ပရိသတ်တွေရဲ့ အားပေးမှုကို အချိန်အကြာကြီး ရရှိပိုင်ဆိုင်ထားတဲ့ အနုပညာရှင် တစ်ယောက်ပါ။ အထူးသဖြင့် မိန်းကလေးပရိသတ်တွေ သဲသဲလှုပ် ဝန်းရံအားပေးခြင်းခံရတဲ့ ထိပ်တန်း အနုပညာရှင်စာရင်း မှာ အခုထိရပ်တည်နေတဲ့ အနုပညာရှင်တစ်ယောက်ပါ။ အဆိုတော်၊သရုပ်ဆောင် အလုပ်တွေအပြင် အခုဆိုရင်တော့ စိုင်းစိုင်းက နှုတ်ခမ်းနီပါထုတ်ပြီး ရောင်းချနေပါတယ်။ စိုင်းစိုင်းရဲ့ ဂီတကို ချစ်တဲ့ ပရိသတ်တွေ အတွက် ကတော့ စိုင်းစိုင်း တစ်ယောက် မကြာခင် အခွေသစ်ထွက်တော့မှာပါ။

စိုင်းစိုင်းရဲ့ (၉)ခုမြောက်အယ်ဘမ် “စိုင်းစိုင်းကစိုင်းစိုင်း” ကိုတော့ ဧပြီ (၁)ရက်နေ့မှာ ထွက်ရှိမှာပါ။အခွေကိုတော့ Junction Square မှာ နေ့လည် (1) နာရီ ကျရင် ဖြန့်ချီမှာပါ။ဒီအခွေအတွက် စိုင်းစိုင်းတစ်ယောက် အရမ်းကို ကြိုးစား ထား တာကို တွေ့ရပါတယ်။သီချင်းလှလှလေးတွေတင်မဟုတ်ပဲ စာသားလှလှလေးတွေကို FB မှာ တင်တတ်တဲ့ စိုင်းစိုင်း ကတော့ မတ်(၂၇)ရက်နေ့က သူ့ရဲ့ FB မှာ Post အသစ်တင်ထားပါတယ်။သူ့ရဲ့ Post ကိုတော့ မိန်းကလေး ပရိသတ် တွေ အတော်လေး ကြွေသွားခဲ့တာကိုတွေ့ရပါတယ်။

“ကောင်မလေးတွေလှလိုက်တာ

ကျနော့်မျက်စိထဲတော့ မြင်မြင်ရာကိုလှနေတော့တာပဲ ယောက်ကျားလေးဆိုတော့ ဖျော်ဖြေပွဲတွေ ပွဲလမ်းသဘင်တွေသွားတဲ့အခါ မိန်းမချောလေးတွေမြင်ရင် ကြည့်မိ ငေးမိတာပေါ့ ဥပမာ ပြိုင်ကားလှလှလေးတွေတွေ့ရင်လည်း ငမ်းမိတတ်ကြတာပဲ မဟုတ်ဘူးလား

နောက်ထပ်ပြီးစဉ်းစားမိတာက တခြားကောင်မလေးတွေလှသလို နင်လည်းလှတာပဲ ဘယ်သူပိုလှသလဲ မမေးပါနဲ့ ကျနော်မနှိုင်းယှဉ်တတ်ပါ ဥယျာဉ်ထဲကပန်းလေးတွေလို တစ်ယောက်တစ်မျိုးတော့ လှကြတာပဲ Avengers ထဲက ဇာတ်လိုက်တွေလို တစ်ယောက်တစ်မျိုးတော့ စွမ်းကြတာပဲ

မတူတာတစ်ခုတော့ဖြင့်ရှိပါတယ်

နင့်ကိုကျတော့ ငါချစ်တယ်

ဒါကြောင့် ငါ့စိတ်ချမ်းမြေ့ခြင်းဆိုတာက နင့်ဆီမှာပေါ့ အချစ်ရယ် ..” ဆိုပြီး ရေးပြီး တင်ထားတာပါ။

Credit : Lwinpyin

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top