iMyanmarHouse.com - Best Property Website for Myanmar
×

RS ရှိတဲ့ယောက်ျားလေး တော်တော်များများတော့သိကြမယ်ထင်ပါတယ် မသိတဲ့လူတွေလည်းရှိနေမယ်ထင်လို့ ဒီစာကိုရေးဖြစ်တာပါ ရေရှည်သွားမယ့်

RS တွေအနေနဲ့ ဒီကိစ္စက သိကိုသိထားသင့်တဲ့အချက်ထဲမှာပါတယ်လို့ပဲပြောပါရစေ ‘ ဓမ္မတာကိစ္စက မိန်းကလေးကိစ္စဆိုပေမယ့် ကျနော်တို့လို RS ရှိတဲ့ယောက်ျားလေးတွေအဖို့တော့ တစ်လတစ်ခါအမြဲတိုင်ပါတ်တဲ့ပြဿနာပဲ အဲ့ဒီ့ရက်နီးလာပြီဆိုမိန်းကလေးတွေက စိတ်ပိုင်းဆိုင်ရာပြဿနာပေါင်းစုံဖြစ်



ခင်ဗျားအနေနဲ့လည်း အတော်ကိုမခံချိမခံသာဖြစ်မှာပဲ ကိုယ်ဘာမှမလုပ်ထားပဲနဲ့ ရေရေရာရာသေသေချာချာမရှိတဲ့ အကြောင်းအရာတွေအတွက် ရန်ဖြစ်နေရတာ နားမလည်နိုင်ဘူးဖြစ်ရလိမ့်မယ် အဲ့ဒါကြောင့် ယောက်ျားလေးတွေကို တစ်လတစ်ခါဒုက္ခပေးနေတဲ့ ဓမ္မတာလို့ ကျနော်ပြောတာ ကျနော်လည်း အဲ့ဒါတွေမသိခင်တုန်းက ငါလည်းဘာမှမလုပ်ပဲနဲ့ဆိုပြီး စိတ်တွေတိုရ ဒေါသထွက်ရနဲ့ လတိုင်းသူနဲ့ရန်ဖြစ်ရတာ စိတ်အရမ်းပင်ပန်းခဲ့ရတယ် နောက်ပိုင်းသိလာတော့ အဲ့ဒီပြဿနာကိုဖြေရှင်းဖို့ကြိုးစားရတော့တယ်







Credit : လင်းနစ်

RS ရှိတဲ့ယောကျ်ားလေး တော်တော်များများတော့သိကြမယ်ထင်ပါတယ် မသိတဲ့လူတွေလည်းရှိနေမယ်ထင်လို့ ဒီစာကိုရေးဖြစ်တာပါ ရေရှည်သွားမယ့်

RS တွေအနေနဲ့ ဒီကိစ္စက သိကိုသိထားသင့်တဲ့အချက်ထဲမှာပါတယ်လို့ပဲပြောပါရစေ ‘ ဓမ္မတာကိစ္စက မိန်းကလေးကိစ္စဆိုပေမယ့် ကျနော်တို့လို RS ရှိတဲ့ယောကျ်ားလေးတွေအဖို့တော့ တစ်လတစ်ခါအမြဲတိုင်ပါတ်တဲ့ပြဿနာပဲ အဲ့ဒီ့ရက်နီးလာပြီဆိုမိန်းကလေးတွေက စိတ်ပိုင်းဆိုင်ရာပြဿနာပေါင်းစုံဖြစ်

လာတော့တာပဲ စိတ်ဓာတ်ကျမယ် အနားမှာတစ်ယောက်မှမရှိဘူးလို့ခံစားလာရမယ် အထီးကျန်လာမယ် သတ်သေချင်စိတ်ပေါက်လာမယ် ဝမ်းနည်းမယ် အားငယ်မယ် ဒေါသထွက်မယ် အဆိုးဆုံးအချက်က အဲ့ဒါတွေအားလုံးကို ကိုယ့်ချစ်သူအပေါ်ပုံချပြီး ပြဿနာရှာတာပဲ ခင်ဗျားမထင်ထားတဲ့ထောင့်ကနေ

မခံနိုင်လောက်အောင်တိုက်ခိုက်လိမ့်မယ် ရစ်မယ် ခင်ဗျားမကြိုက်ပါဘူးဆိုတဲ့ဟာတွေရွေးပြောရွေးလုပ်လိမ့်မယ် နောက်ဆုံးရန်ဖြစ်ကြမယ် သူကအော်ဟစ်ပေါက်ကွဲငိုမယ်

ခင်ဗျားအနေနဲ့လည်း အတော်ကိုမခံချိမခံသာဖြစ်မှာပဲ ကိုယ်ဘာမှမလုပ်ထားပဲနဲ့ ရေရေရာရာသေသေချာချာမရှိတဲ့ အကြောင်းအရာတွေအတွက် ရန်ဖြစ်နေရတာ နားမလည်နိုင်ဘူးဖြစ်ရလိမ့်မယ် အဲ့ဒါကြောင့် ယောကျ်ားလေးတွေကို တစ်လတစ်ခါဒုက္ခပေးနေတဲ့ ဓမ္မတာလို့ ကျနော်ပြောတာ ကျနော်လည်း အဲ့ဒါတွေမသိခင်တုန်းက ငါလည်းဘာမှမလုပ်ပဲနဲ့ဆိုပြီး စိတ်တွေတိုရ ဒေါသထွက်ရနဲ့ လတိုင်းသူနဲ့ရန်ဖြစ်ရတာ စိတ်အရမ်းပင်ပန်းခဲ့ရတယ် နောက်ပိုင်းသိလာတော့ အဲ့ဒီပြဿနာကိုဖြေရှင်းဖို့ကြိုးစားရတော့တယ်

ကျနော်လေ့လာထားသလောက်နဲ့ အတွေ့အကြုံတစ်ချို့ကိုပြောပြထားပါတယ် ခင်ဗျားတို့အတွေ့အကြုံတွေရှိရငါလည်း ဝေမျှကြပါဦး အဲ့လိုမှမလေ့လာထားရင် ဓမ္မတာမတိုင်ခင် တစ်ပါတ်လောက်က ကျနော်တို့အတွက်တော့ စိတ်အဆင်းရဲရဆုံး အချိန်တွေဖြစ်ပါလိမ့်မယ် ဒါတွေကလည်းကျနော့်အတွေ့အကြုံရယ် ဘေးပါတ်ဝန်းကျင်က သူငယ်ချင်းစုံတွဲတွေရဲ့ပြဿနာတွေကိုပါ အခြေခံပြီးရေးထားတာပါ ပြဿနာမရှာတတ်တဲ့ မိန်းကလေးတစ်ချို့လည်းရှိနိုင်မယ်ထင်ပါတယ်

အရေးကြီးဆုံးအချက်တစ်ခုက အဲ့ဒီအချိန်မှာ သူမကတစ်ခြားတစ်ယောက်ဖြစ်နေပြီလို့ နားလည်ထားပါ တင်စားပြီးပြောရရင်တော့ ခင်ဗျားတို့ကို သပ်လျှိုသွေးခွဲမယ့် နတ်ဆိုးတစ်ကောင်ပူးကပ်နေတယ်လို့ နားလည်ထားပါ အဲ့လိုမှမဟုတ်ရင် တစ်ချို့စကားလုံးတွေ အပြုအမူတွေက စိတ်အတော်နာစရာကောင်းနေတာမို့ ခွင့်လွှတ်ဖို့ခက်နေပါလိမ့်မယ်

အဲ့လိုပြောဆို ပြုမူနေတာကို သူမကိုယ်တိုင်လည်း မထိန်းချုပ်နိုင်ပါဘူး နောက်တစ်ချက် အစားအသောက် အချိုအစိမ့်တတ်နိုင်သမျှမစားစေပါနဲ့ အဲ့ဒါကစိတ်ပိုင်းဆိုင်ရာကိုပိုဆိုးစေပါတယ် ကဖိန်းဓာတ်လည်း ရအောင်လျှော့ခိုင်းပါ ချောကလက်ကျွေးပါ သူမရဲ့စိတ်ပိုင်းဆိုင်ရာအတွက် ကောင်းသောအချင်းအရာတွေဖြည့်ပေးနိုင်သလို နာကျင်မှုအတွက်လည်းသက်သာစေပါတယ် သင်္ဘောသီးထောင်းလိုဟာမျိုးကလည်း မြန်မြန်ဖြစ်စေဖို့အထောက်အကူဖြစ်တာ

မို့ အဲ့ရက်နားနီးရင်ကျွေးသင့်တဲ့အထဲပါပါတယ် နောက်အဲ့ရက်ပိုင်းမှာပူအစပ်ကလည်းစားသင့်ပါတယ်တဲ့ (ဒီနေရာမှာဆေးပညာဘက်က အပူအစပ်မစားသင့်ဘူးလို့ရေးကြပြီး forum တွေမှာကြ စားတာပိုကောင်းတယ်လို့ မိန်းကလေးတွေကဆွေးနွေးထားပြန်ပါတယ်) အိပ်ရေးဝဝအိပ်ဖို့ကလည်းအရေးကြီးသလို အအေးအရမ်းမခံဖို့နဲ့ နွေးနွေးထွေးထွေးထားဖို့လည်း မမေ့ပါနဲ့ Calcium 1200 mg တစ်နေ့တစ်လုံးတိုက်ဖို့လည်းဖတ်ရပါတယ် ကျနော်ကတော့

1200mg ရှာမတွေ့လို့ 500mg ပဲဝယ်ပြီး မနက်တစ်လုံး ညတစ်လုံးသောက်ခိုင်းကြည့်ပါတယ် တော်တော်အလုပ်ဖြစ်ပါတယ် ဈေးလည်းမကြီးသလိုဝယ်ရလည်းလွယ်ပါတယ် ဒါပေမယ့် အဲ့ဒါတွေအားလုံးထက်အရေးကြီးတာက အဲ့ရက်ကို ကိုယ်ကသတိထားမှ စောစောကပြောတဲ့ ဟာတွေအားလုံးကိုကြိုတင်ပြင်ဆင်နိုင်မှာပါ မဟုတ်ရင် ပြဿနာတွေတက် ရန်တွေဖြစ်မှဆိုရင်တော့ ဘာမှမစားဘူး လာမကျွေးနဲ့တို့ ဆေးလည်းမသောက်ဘူးတို့ ဘာတို့နဲ့ ရန်ထပ်ဖြစ်ရပါလိမ့်ဦးမယ်စိတ်ပိုင်းဆိုင်ရာပြဿနာဖြစ်တဲ့အတွက် သူမကိုပုံမှန်အချိန်ထက်ပိုပြီး အလျှော့ပေးပြီး စိတ်ချင်းနီးကပ်ဖို့သာကြိုးစားပါ
အမြဲတမ်းမလုပ်နိုင်ရင်တောင်မှ ဒီအချိန်မှာတော့ Treat her like a princess လို့ အကြံပေးပါရစေ ဒီအချိန်ကြောင့် အဲ့လို့ဖြစ်နေတယ်ဆိုတာကို

သတိထားဖို့ အေးအေးဆေးဆေးပြောရင်းသတိပေးပါ ကိုယ့်ကိုပြဿနာရှာတဲ့ဘက်မလှည့်လာအောင် တစ်ခြားဝမ်းနည်းစရာအကြောင်းအရာတွေ လှည့်ပြောရင်လည်း သူမငိုစရာအကြောင်းအရာတစ်ခုရပါလိမ့်မယ် ငိုချလိုက်ရင် သူလည်းနည်းနည်းစိတ်သက်သာသွားပါလိမ့်မယ် မိန်းကလေးတွေအနေနဲ့လည်း အဲ့အချိန်မှာ ကိုယ့်ဘာသာ သတိထားရင်း စကားအရမ်းကြမ်းကြမ်းတွေမပြောမိအောင်ထိန်းပါ ဘယ်လိုပဲသိနေပေမယ့်လည်း ပြောလိုက်တဲ့စကားတွေက စိတ်ထဲမှာတော့ အနည်းအများခုနေတတ်တာမျိုးမို့ပါ ကြာလာရင်ကျစိတ်ချင်းပိုဝေးသွားစေတတ်လို့ပါ အားလုံးပဲဒီလိုရက်တွေကို အဆင်ပြေပြေကျော်ဖြတ်နိုင်ကြပါစေဗျာ..........

Credit : လင်းနစ်

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top