iMyanmarHouse.com - Best Property Website for Myanmar
×

ျမန္မာႏိုင္ငံမွာေတာ့ ကရေဝးရြက္ (Bay Leave) က ေစ်းမႀကီးေပမယ့္ ႏိုင္ငံတကာမွာေတာ့ ကရေဝးရြက္ကို ေဆးဘက္ဝင္အရြက္အျဖစ္ ဝယ္ယူေနၾကပါၿပီ။

Amazon တို႔ Alibaba တို႔လို အြန္လိုင္း ေစ်းေရာင္းဌာနႀကီးေတြမွာ ကရေဝးရြက္ရဲ႕ အရည္အေသြးအေပၚမူတည္ၿပီး ၂ေပါင္စာ (အရြက္ ၂၀စာေလာက္ )ကို ၂ ေဒၚလာကေန ၁၀ ေဒၚလာေလာက္အထိ ေရာင္းခ်ေနၾကပါတယ္။

အဓိကကေတာ့ ကရေဝးရြက္က ဟင္းလ်ာေတြကုိ အနံ႔အရသာေကာင္းေအာင္ကူညီေပးရုံသာမကဘဲ ေဆးဘက္ဝင္တဲ့ အက်ိဳးေတြလည္းရွိလို႔ပါ။

ကရေဝးရြက္ရဲ႕အနံ႔က ေမႊးၿပီး အလွအပဆိုင္ရာ အာဟာရဓာတ္ေတြလည္းပါဝင္တာေၾကာင့္ အလွကုန္၊ ဆပ္ျပာစတာေတြထုတ္လုပ္ရာမွာလည္း အသံုးျပဳပါတယ္။

ကရေဝးရြက္ရဲ႕ အက်ိဳးေက်းဇူး

ပိုးမႊားေတြကိုေသေစၿပီး Antioxidants ဓာတ္ေတြလည္း အမ်ားႀကီးပါဝင္

ကရေဝးရြက္ (Bay Leave) မွာ ပိုးမႊားေတြကိုေသေစတဲ့ ဓာတ္ေတြနဲ႔ Antioxidants ဓာတ္ေတြပါဝင္ပါတယ္။

ကာရိုလိုင္းနားျပည္နယ္ ေျမာက္ပိုင္း စိုက္ပ်ိဳးေရးနဲ႔ နည္းပညာ တကၠသိုလ္က ေလ့လာခဲ့တဲ့ သုေတသနအရ အရမ္းျပင္းထန္တဲ့ ဘက္တီးရီးယားေတြျဖစ္တဲ့၊ ဝမ္းပ်က္ဝမ္းေလွ်ာကိုျဖစ္ေစတဲ့ E.coli တို႔ Salmonella တို႔ကို တိုက္ဖ်က္ေပးႏိုင္ပါတယ္။ အဲ့ဒီအျပင္ Antioxidants အမ်ာႀကီးပါဝင္ပါတယ္။

အနာကို အျမန္က်က္ေစကရေဝးရြက္မွာ ဘက္တီးရီးယားေတြ ပိုးမႊားေတြ တိုက္ဖ်က္ႏိုင္စြမ္းရွိတာေၾကာင့္ အနာကုိပိုးမဝင္ေအာင္ ကာကြယ္ေပးႏိုင္တဲ့အျပင္ အနာကို အျမန္က်က္ေစပါတယ္။

ကင္ဆာ ေရာဂါကိုလည္း တိုက္ဖ်က္ေပးႏိုင္

ကရေဝးရြက္ေတြမွာ ပါဝင္တဲ့ အာဟာရေတြက ကင္ဆာေရာဂါကိုလည္း တိုက္ဖ်က္ေပးႏိုင္ပါတယ္။ အထူးသျဖင့္ အစာအိမ္ေဟာင္းကင္ဆာနဲ႔ ရင္သားကင္ဆာကို ကာကြယ္ေပးပါတယ္။

ဆီးခ်ိဳ ေရာဂါကို သက္သာေစ

ေသြးအတြင္း အခ်ိဳဓာတ္ နဲ႔ ကိုလက္စထေရာကို သဘာဝနည္းျဖင့္ ေလ်ာ့ခ်ေပးႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ဆီးခ်ိဳကိုလည္း ထိန္းေပးႏိုင္ၿပီး ဆီးခ်ိဳရဲ႕ ေနာက္ဆက္တြဲျပႆနာေတြျဖစ္တဲ့ ႏွလံုးေရာဂါနဲ႔ တျခားေရာဂါျဖစ္ပြားႏိုင္ေခ်ကိုလည္း ေလ်ာ့ခ်ေပးႏိုင္ပါတယ္။

အစာေျခစနစ္အတြက္ေကာင္းမြန္

ကရေဝးရြက္က အစာေျခစနစ္ကို ျမွင့္တင္ေပးႏိုင္ပါတယ္။ ဆီးသြားႏႈန္းကို မ်ားေစၿပီး ခႏၶာကိုယ္ထဲက အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးပါတယ္။ အစာအိမ္ထဲမွာ မအီမသာျဖစ္ျခင္း၊ ဂက္စ္မ်ားျခင္း၊ ဝမ္းခ်ဳပ္ျခင္း၊ဝမ္းသြားျခင္းစတဲ့ အစာအိမ္ဆိုင္ရာ ေရာဂါေတြကိုလည္း ေပ်ာက္ကင္းေစပါတယ္။

အစာအိမ္ကေန အစာအာဟာရေတြကို ပိုၿပီး စုပ္ယူႏိုင္ေအာင္ ကူညီေပးပါတယ္။

Credit : My Food
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
မြန်မာနိုင်ငံမှာတော့ ကရဝေးရွက် (Bay Leave) က ဈေးမကြီးပေမယ့် နိုင်ငံတကာမှာတော့ ကရဝေးရွက်ကို ဆေးဘက်ဝင်အရွက်အဖြစ် ဝယ်ယူနေကြပါပြီ။

Amazon တို့ Alibaba တို့လို အွန်လိုင်း ဈေးရောင်းဌာနကြီးတွေမှာ ကရဝေးရွက်ရဲ့ အရည်အသွေးအပေါ်မူတည်ပြီး ၂ပေါင်စာ (အရွက် ၂၀စာလောက် )ကို ၂ ဒေါ်လာကနေ ၁၀ ဒေါ်လာလောက်အထိ ရောင်းချနေကြပါတယ်။

အဓိကကတော့ ကရဝေးရွက်က ဟင်းလျာတွေကို အနံ့အရသာကောင်းအောင်ကူညီပေးရုံသာမကဘဲ ဆေးဘက်ဝင်တဲ့ အကျိုးတွေလည်းရှိလို့ပါ။

ကရဝေးရွက်ရဲ့အနံ့က မွှေးပြီး အလှအပဆိုင်ရာ အာဟာရဓာတ်တွေလည်းပါဝင်တာကြောင့် အလှကုန်၊ ဆပ်ပြာစတာတွေထုတ်လုပ်ရာမှာလည်း အသုံးပြုပါတယ်။

ကရဝေးရွက်ရဲ့ အကျိုးကျေးဇူး

ပိုးမွှားတွေကိုသေစေပြီး Antioxidants ဓာတ်တွေလည်း အများကြီးပါဝင်

ကရဝေးရွက် (Bay Leave) မှာ ပိုးမွှားတွေကိုသေစေတဲ့ ဓာတ်တွေနဲ့ Antioxidants ဓာတ်တွေပါဝင်ပါတယ်။

ကာရိုလိုင်းနားပြည်နယ် မြောက်ပိုင်း စိုက်ပျိုးရေးနဲ့ နည်းပညာ တက္ကသိုလ်က လေ့လာခဲ့တဲ့ သုတေသနအရ အရမ်းပြင်းထန်တဲ့ ဘက်တီးရီးယားတွေဖြစ်တဲ့၊ ဝမ်းပျက်ဝမ်းလျှောကိုဖြစ်စေတဲ့ E.coli တို့ Salmonella တို့ကို တိုက်ဖျက်ပေးနိုင်ပါတယ်။ အဲ့ဒီအပြင် Antioxidants အမျာကြီးပါဝင်ပါတယ်။

အနာကို အမြန်ကျက်စေကရဝေးရွက်မှာ ဘက်တီးရီးယားတွေ ပိုးမွှားတွေ တိုက်ဖျက်နိုင်စွမ်းရှိတာကြောင့် အနာကိုပိုးမဝင်အောင် ကာကွယ်ပေးနိုင်တဲ့အပြင် အနာကို အမြန်ကျက်စေပါတယ်။

ကင်ဆာ ရောဂါကိုလည်း တိုက်ဖျက်ပေးနိုင်

ကရဝေးရွက်တွေမှာ ပါဝင်တဲ့ အာဟာရတွေက ကင်ဆာရောဂါကိုလည်း တိုက်ဖျက်ပေးနိုင်ပါတယ်။ အထူးသဖြင့် အစာအိမ်ဟောင်းကင်ဆာနဲ့ ရင်သားကင်ဆာကို ကာကွယ်ပေးပါတယ်။

ဆီးချို ရောဂါကို သက်သာစေ

သွေးအတွင်း အချိုဓာတ် နဲ့ ကိုလက်စထရောကို သဘာဝနည်းဖြင့် လျော့ချပေးနိုင်ပါတယ်။ ဒါ့ကြောင့် ဆီးချိုကိုလည်း ထိန်းပေးနိုင်ပြီး ဆီးချိုရဲ့ နောက်ဆက်တွဲပြဿနာတွေဖြစ်တဲ့ နှလုံးရောဂါနဲ့ တခြားရောဂါဖြစ်ပွားနိုင်ချေကိုလည်း လျော့ချပေးနိုင်ပါတယ်။

အစာခြေစနစ်အတွက်ကောင်းမွန်

ကရဝေးရွက်က အစာခြေစနစ်ကို မြှင့်တင်ပေးနိုင်ပါတယ်။ ဆီးသွားနှုန်းကို များစေပြီး ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ အစာအိမ်ထဲမှာ မအီမသာဖြစ်ခြင်း၊ ဂက်စ်များခြင်း၊ ဝမ်းချုပ်ခြင်း၊ဝမ်းသွားခြင်းစတဲ့ အစာအိမ်ဆိုင်ရာ ရောဂါတွေကိုလည်း ပျောက်ကင်းစေပါတယ်။

အစာအိမ်ကနေ အစာအာဟာရတွေကို ပိုပြီး စုပ်ယူနိုင်အောင် ကူညီပေးပါတယ်။

Credit : My Food

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top