iMyanmarHouse.com - Best Property Website for Myanmar
×

“ည”႐ုပ္ရွင္ဇာတ္ကားႀကီးနဲ႔ ပရိသတ္ရဲ႕ အားေပးေထာက္ခံမႈရရွိခဲ့တဲ့ လူငယ္ ဒါ႐ိုက္တာ ထူးပိုင္ေဇာ္ဦးဟာ ယခုႏွစ္ အကယ္ဒမီေပးပြဲမွာ ပရိသတ္ရဲ႕ အကယ္ဒမီ ထင္ေၾကးေပးခံရမႈကို ရရွိခဲ့ေသာ္လည္း အကယ္ဒမီဆုနဲ႔ လြဲေခ်ာ္ခဲ့ ပါတယ္။

ဒါ႐ိုက္တာ ထူးပိုင္ေဇာ္ဦးဟာ၂၀၁၂ ခုႏွစ္က ဆရာဝန္ဘြဲ႕ရရွိခဲ့ၿပီး သူ႔ရဲ႕ရည္မွန္းခ်က္ ေနာက္တခုျဖစ္တဲ့ ဒါ႐ိုက္တာ အလုပ္ကို လုပ္ကိုင္ခဲ့ၿပီး ႐ုပ္ရွင္ပြဲေတာ္မ်ားမွာ ဇာတ္လမ္းတိုမ်ား ႐ိုက္ကူးကာ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ပါတယ္။ အဲဒီမွ ဆုမ်ားစြာ ရရွိၿပီး Music Video မ်ားကို ႐ိုက္ကူးျဖစ္ခဲ့ရာေန ဒါ႐ိုက္တာ ထူးပိုင္ေဇာ္ဦးဆိုတဲ့ နာမည္ကို လူအမ်ား သိရွိလာခဲ့တာ ျဖစ္ပါတယ္။

အဲဒီေနာက္မွာေတာ့ ၂၀၁၅ ခုႏွစ္မွာ “ည” ႐ုပ္ရွင္ဇာတ္ကားႀကီးကို သ႐ုပ္ေဆာင္အသစ္မ်ားစြာ ႐ိုက္ကူးခဲ့ၿပီး ၂၀၁၇ ခုႏွစ္ အတြင္း ႐ုံတင္ျပသခဲ့ရာ ပုံမွန္ ျပသေနက် ႐ုပ္ရွင္ဇာတ္ကားမ်ားနဲ႔ မတူတဲ့ အႏုပညာ ရသတခုအျဖစ္ ေပးစြမ္း ႏိုင္ခဲ့လို႔ ပရိသတ္အားေပးမႈမ်ားစြာ ရရွိခဲ့သူ ျဖစ္ပါတယ္။ ဒါ့အျပင္ ေ႐ႊ FM က ခ်ီးျမႇင့္ေပးတဲ့ အေကာင္းဆုံး Music Video ဖန္တီး ႐ိုက္ကူးသူ၊ ဒါ႐ိုက္တာဆုကိုလည္း ရရွိထားပါတယ္။

ဒါေၾကာင့္မို႔လို႔ လူငယ္ ဒါ႐ိုက္တာ ထူးပိုင္ေဇာ္ဦးကို ျမန္မာ့႐ုပ္ရွင္ေလာကအေပၚ သူ႔ရဲ႕အျမင္၊ အႏုပညာခံယူခ်က္၊ ႐ုပ္ရွင္ ဒါ႐ိုက္တာ တဦးအေနနဲ႔ သူ႔ရဲ႕ရပ္တည္ခ်က္မ်ားနဲ႔ သူ႔ရဲ႕ ရည္မွန္းခ်က္ေတြက ဘယ္လို ရွိမလဲဆိုတာ ဧရာဝတီ သတင္းေထာက္ ယုျဖဴဟန္က ေတြ႕ဆုံေမးျမန္း ထားပါတယ္။

ေမး။ ။ လတ္တေလာ အႏုပညာလႈပ္ရွားမႈကေန စၿပီးေျပာျပေပးပါ။

ေျဖ။ ။ က်ေနာ္ အခု ဒီ ၆ လပိုင္းမွာေတာ့ Suspense Horror ကား ႐ိုက္မယ္။ အဲဒီကားမွာက ေဖြးေဖြးရယ္၊ ထြန္းအိျႏၵာဗိုလ္ ေနာက္ထပ္ ဝါရင့္သ႐ုပ္ေဆာင္ မင္းသားႀကီး တေယာက္နဲ႔ မင္းသမီးႀကီးတေယာက္ ပါေသးတယ္။ အသစ္ ၄ ေယာက္ ပါမယ္။ အဲဒီ အသစ္ ၄ ေယာက္က က်ေနာ္တို႔ရဲ႕ ထုတ္လုပ္ေရးက တင္မယ့္ သူေတြပါမယ္။ သူတို႔ေတြနဲ႔ ႐ိုက္ဖို႔ ရွိပါတယ္။

ေမး။ ။ ဒီထဲမွာဆိုရင္ အသစ္ေတြ တင္မကဘဲနဲ႔ ဝါရင့္သ႐ုပ္ေဆာင္ေတြ ပါဝင္လာတာ ေတြ႕ရတယ္။ သူတို႔ေတြကို ေ႐ြးခ်ယ္ျဖစ္ခဲ့တာကေရာ။

ေျဖ။ ။ အဓိက က်ေနာ္က ႐ုပ္ရွင္႐ိုက္မယ္ဆိုရင္ မင္းသား၊ မင္းသမီး စမစဥ္းစားဘူး။ ဘယ္သူနဲ႔ ႐ိုက္ရမလဲကို အရင္ မစဥ္းစားဘူး။ ဘယ္ဇာတ္လမ္း ႐ိုက္ရမလဲကို အရင္စဥ္းစားတယ္။ ထုတ္လုပ္ေရးကလည္း က်ေနာ္ ဘယ္ဇာတ္လမ္း မ်ိဳးကို ဖန္တီးခ်င္လဲ။ က်ေနာ္ အဲဒီ ဇာတ္လမ္းရလာၿပီဆိုရင္ အဲဒီဇာတ္လမ္းရဲ႕ ဇာတ္ေကာင္ေတြကို ခြဲၿပီေပါ့။ အဲဒီဇာတ္ေကာင္ေတြ ေနရာမွာ ဘယ္သူကသင့္ေတာ္မလဲ သင့္ေတာ္မယ့္ေနရာမွာ က်ေနာ္တို႔ က ေဈးကြက္ကို မၾကည့္ဘူး။ ေဈးကြက္ကေတာ့ အမ်ိဳးမ်ိဳး ေျပာင္းလဲႏိုင္တယ္။ အဲဒီေတာ့ က်ေနာ္တို႔က ေဈးကြက္ ေနာက္ကို လိုက္ၿပီးေတာ့ ေဈးကြက္ဝင္တဲ့ လူေတြနဲ႔ လိုက္႐ိုက္မယ္ဆိုတဲ့ စိတ္မ်ိဳး မထားထားဘူး။

က်ေနာ္တို႔ေ႐ြး လိုက္တဲ့ ဇာတ္ေကာင္ကို ဘယ္သူက အေကာင္းဆုံး ပုံေဖာ္ႏိုင္မလဲဆိုတာ ၾကည့္တဲ့အခါ “ည”တုန္းကေတာ့ ဇာတ္ေကာင္ ၁၀ ေယာက္လုံး ေနရာမွာ အသစ္ေတြပဲျဖစ္ရင္ ကားကိုပံ့ပိုးမႈ အားေကာင္းမယ္ ယူဆေတာ့ အသစ္ေတြ ခ်ည္းပဲ သုံးတယ္။ ဒီဇာတ္ကားမွာ က်ေတာ့ ဇာတ္ေကာင္ေတြကို ခြဲခ်လိုက္တဲ့အခါက်ေတာ့ ၈ ေယာက္ေပါ့။ ဇာတ္ေကာင္ ၄ ေယာက္ ေနရာကေတာ့ အသက္အ႐ြယ္ အရေရာ အေၾကာင္း အျခင္းအရာအရ အသစ္တင္ဖို႔ ခဲယဥ္းတယ္ ေပါ့ ။ အသက္အ႐ြယ္ နည္းနည္းရွိတဲ့ ဇာတ္႐ုပ္ကိုေတာ့ အသစ္တင္ဖို႔အတြက္ မျဖစ္ႏိုင္တဲ့အခါက်ေတာ့ ရွိၿပီးသား သ႐ုပ္ေဆာင္ေတြထဲက ဘယ္သူအေကာင္းဆုံး လုပ္ႏိုင္မလဲဆိုတာကို ေသခ်ာ ေ႐ြးခ်ယ္၊ ျပင္ဆင္ညႇိႏႈိင္းၿပီး လုပ္ျဖစ္သြားတာပါ။

ေမး။ ။ ကိုယ္ကလည္း အသစ္တေယာက္ျဖစ္တယ္။ အသစ္ေတြကိုလည္း လက္တြဲေခၚယူေနတယ္။ အသစ္ေတြကို တင္တဲ့အခါမွာ ဘယ္လိုစိန္ေခၚမႈမ်ိဳးရွိလဲ။

ေျဖ။ ။ အဓိကကေတာ့ အသစ္တင္တယ္ရယ္လို႔ စိတ္ထဲမွာ မထည့္ထားဘူး။ ဒီဇာတ္ေကာင္ေတြက အသစ္ပဲျဖစ္ျဖစ္ အေဟာင္းပဲျဖစ္ျဖစ္ က်ေနာ္ဖန္တီးခ်င္ေသာ ဇာတ္ေကာင္ေတြအေနနဲ႔ပဲ က်ေနာ္က ျမင္တယ္။ ဒီလိုပဲ က်ေနာ္ ဇာတ္လမ္းတခု ဖန္တီးလိုက္လို႔ သ႐ုပ္ေဆာင္အသစ္ေတြပဲျဖစ္ျဖစ္ အေဟာင္းေတြပဲျဖစ္ျဖစ္ ဒါႀကီးကို ပရိသတ္ ႀကိဳက္ေအာင္လို႔ မစဥ္းစား ျဖစ္ဘူး။ က်ေနာ္ရဲ႕ ဇာတ္ေကာင္ကို သူတို႔ ဘယ္ေလာက္ထိ အေကာင္းဆုံးလုပ္ႏိုင္မလဲ။ ဘယ္ေလာက္ထိ ပုံေဖာ္ႏိုင္မလဲ။

အဲဒီအခ်က္ကိုပဲ စဥ္းစားတဲ့အတြက္ စိန္ေခၚမႈကေတာ့ ႐ုံတင္တဲ့အခါမွသာ ပရိသတ္ အားေပးပါ့မလားဆိုၿပီး နည္းနည္းေလး စိုးရိမ္သြားတာပါ။ ႐ိုက္ကူးေနတဲ့ အခ်ိန္စတင္ ေ႐ြးခ်ယ္တဲ့အခ်ိန္မွာေတာ့ စိုးရိမ္စိတ္ေတြကို ေဖ်ာက္ၿပီးေတာ့ ဇာတ္အေပၚမွာပဲ သစၥာရွိၿပီးေတာ့ အလိုက္ဖက္ဆုံးသူ ကို ေ႐ြးျဖစ္သြားတာေပါ့။ ေနာက္ပိုင္း ပရိသတ္ေတြကလည္း အသစ္ေတြကို ပိုၿပီး လက္ခံလာတယ္။ က်ေနာ္တို႔ဖန္တီးတဲ့ ပုံစံအသစ္ အရည္အေသြး ေတြကိုလည္း အားေပး ေထာက္ခံလာတယ္ဆိုေတာ့ က်ေနာ္တို႔ အေနနဲ႔ ထပ္ၿပီးလုပ္ဖို႔က အမ်ားႀကီး အားပိုရွိ သြားတယ္။

ေမး။ ။အကယ္ဒမီေပးပြဲမွာ ဆန္ကာတင္စာရင္း မဝင္ခဲ့ဘဲ လြဲေခ်ာ္ခဲ့ေပမယ့္ ပရိသတ္ေတြက “ည”ဇာတ္ကားကို ဆုတဆုအေနနဲ႔ ရည္႐ြယ္ၿပီးေပးမယ္ဆိုၿပီး ေျပာေနတာေတြရွိတယ္။ အဲဒီအေပၚကိုေကာ ဘယ္လိုခံစားရလဲ။

ေမ။ ။အဲဒီအေပၚမွာ အရမ္းကို ပီတိျဖစ္ပါတယ္။ က်ေနာ္တို႔ “ည”ကို အဲဒီေလာက္ အားေပးတဲ့သူေတြ ရွိပါလားဆိုၿပီး အခုမ ပိုသိလိုက္ရတယ္ေပါ့။ “ည”တုန္းကလည္း အသစ္ေတြေပမယ့္ က်ေနာ္တို႔ ေမွ်ာ္မွန္းတာထက္ ပိုၿပီးေတာ့ အားေပးၾကတယ္။ သူတို႔စိတ္ထဲမွာ က်ေနာ္တို႔ကို အကယ္ဒမီေတြ ရေစခ်င္တဲ့အထိကို သူတို႔ရဲ႕ အသိအမွတ္ျပဳစိတ္ အႀကီးႀကီးရွိတယ္ ဆိုတာကို ဒီခ်ိန္က်မွ ခံစားလိုက္ရတယ္ဆိုတာကို အဲ့ဒီအေပၚမွာ အမ်ားႀကီး ပီတိျဖစ္တယ္။ အဲ့ဒါနဲ႔တင္ လုံေလာက္ေနၿပီ။ ဒါဟာ အေရးအႀကီးဆုံး အသိအမွတ္ျပဳမႈေပါ့ေနာ္။ ႐ုပ္ရွင္ဖန္တီးသူေတြ အေနနဲ႔ လူမ်ားစုေသာ ပရိသတ္ဟာ တကယ္ကို ယုံယုံၾကည္ၾကည္နဲ႔ အားေပးေထာက္ခံပါလားဆိုတဲ့ အခ်က္တခ်က္ထဲနဲ႔တင္ ဒါဟာထူးခြၽန္ဆုရလိုက္သလိုပါပဲ။

ေမး။ ။ဒီႏွစ္မွာဆိုရင္ အကယ္ဒမီနဲ႔လြဲေခ်ာ္သြားခဲ့တယ္။ ေနာက္ႏွစ္ေတြမွာလည္း ကိုယ့္ဇာတ္ကားေတြရွိလာႏိုင္တယ္။ အဲ့ဒီအတြက္ ေနာက္ႏွစ္အကယ္ဒမီကိုေရာ ဘယ္လိုျဖစ္လာႏိုင္မယ္လို႔ ထင္ပါသလဲ။

ေျဖ။ ။၂၀၁၈မွာေတာ့ က်ေနာ္တို႔ကားက မဝင္ေလာက္ဘူး။ က်ေနာ္တို႔ကားက အခုမွ႐ိုက္ရမွာ ဆိုေတာ့ ဒီႏွစ္မွာေတာ့ လူငယ္ဒါ႐ိုက္တာေတြရဲ႕ ကားကပိုမ်ားလာတယ္။ အရည္အေသြးေပၚမွာလည္း ပရိသတ္ေတြက အားရေက်နပ္မႈ ရွိတယ္ ဆိုေတာ့ က်ေနာ့္ အေနနဲ႔ကေတာ့ လုံးဝႀကီးကို အသိအမွတ္ ျပဳေစခ်င္ပါတယ္။ အေရွ႕က က်ေနာ္တို႔ စီနီယာေတြ ႐ိုက္တဲ့ ကားေတြ တကယ္ေကာင္းရင္ တကယ္ေပး။ အသစ္ေတြအေနနဲ႔ တကယ္ေကာင္းတယ္ဆိုရင္ ႀကိဳးစားထားတယ္ဆိုရင္ က်ေနာ္တို႔ကို အသိအမွတ္ျပဳၿပီး ခ်ီးျမႇင့္ေစခ်င္တယ္။

သစ္တယ္၊ ေဟာင္းတယ္ရယ္လို႔ မရွိဘဲ နဲ႔ က်ေနာ္တို႔ အရမ္းကိုျဖစ္ေစခ်င္တယ္။ အခုထြက္လာတဲ့ ကားေတြမွာ အေပၚမွာ က်ေနာ္တို႔ မ်ိဳးဆက္သစ္ ဒါ႐ိုက္တာေတြ အေနနဲ႔ မဟုတ္ပဲ ပရိသတ္အေနနဲ႔ အရမ္အားရ ေက်နပ္ဖို႔ ေကာင္းတယ္။ ဇာတ္လမ္းေတြက ႐ိုက္ထားတဲ့ ကြာလတီအရေရာ ဖန္တီးထားတဲ့ ပုံစံအရေရာ ေနာက္ထြက္လာတဲ့ Result အရေရာ က်ေနာ္တို႔တခါမွ ျမန္မာကားေတြထဲမွာ မျမင္ဖူးေသးတဲ့ပုံစံေတြကို ေနာက္ပိုင္းဒါ႐ိုက္တာေတြ ႐ိုက္လာၾကတယ္။ က်ေနာ္တို႔ ကိုယ္တိုင္ ပရိသတ္အေနနဲ႔ ျမင္ရတဲ့အတြက္ အရမ္းကို အားအရမ္းရွိတယ္။ ဒီလိုပုံစံ အသစ္ေတြထြက္လာပါလားဆိုၿပီး အသိအမွတ္ ျပဳေစခ်င္တယ္။ ဒီႏွစ္က က်ေနာ္တို႔ အကယ္ဒမီ မရတာကေတာ့ ကံနဲ႔လည္း ဆိုင္တာေပါ့။ အေၾကာင္းေၾကာင္း အခ်က္ေတြ မတိုက္ဆိုင္လို႔ မရေပမယ့္ ေနာက္ႏွစ္ေတြမွာ တကယ္ ေကာင္းမြန္ေသာ အရည္အေသြး နည္းပညာ အတတ္ပညာအႏုပညာနဲ႔လုပ္ထားတဲ့ ကားေတြကိုလည္း တကယ္ ေကာင္းေကာင္း မြန္မြန္ေလး သုံးသပ္ၿပီးေတာ့ ဆုေပးေစခ်င္ပါတယ္။

ေမး။ ။အကယ္ဒမီေပးပြဲ မတိုင္ခင္ကလည္း အင္တာဗ်ဴးေတြမွာ အကယ္ဒမီ ရင္ခုန္သံကို ေျဖခဲ့ရတယ္။ တကယ့္ေန႔ ေရာက္ေတာ့ ဆန္ကာတင္ စာရင္းထဲကို မပါဝင္ခဲ့ဘူး။ အဲဒီတုန္းက ခံစားခ်က္ေလး ေျပာျပေပးပါဦး။

ေျဖ။ ။အဲ့ဒီတုန္းက က်ေနာ္တို႔လည္း စေတးတပ္ေတြလည္း တင္ၿပီးေတာ့ က်ေနာ္တို႔ေျပာခ်င္သေလာက္ ေျပာၿပီးၿပီ ဆိုေတာ့ အမ်ားႀကီးေတာ့ ေထြေထြထူးထူး မရွိေတာ့ပါဘူး။ အဓိကက က်ေနာ္တို႔ကိုယ္တိုင္ ေျပာတာထက္ကို တျခားသူေတြက က်ေနာ္တို႔ဘက္ကေန ရေစခ်င္လြန္းလို႔ အားမလို အားမရေတြ ျဖစ္ေပးၾကတယ္။ လာၿပီး ႏွစ္သိမ့္ ေပးၾကတယ္။ စိတ္မေကာင္း ျဖစ္တာကေနေတာင္ ေမတၱာေတြ ေတာ္ေတာ္ ရလိုက္ပါလားဆိုၿပီး အဲ့ဒီလို စိတ္မေကာင္းျဖစ္တာက ဘာမွ အေရးမပါေတာ့ဘူး။ ရလိုက္တဲ့ခြန္အားရယ္ ေမတၱာရယ္ ဝမ္းသာပီတိျဖစ္မႈေတြနဲ႔ ဆက္ၿပီး ယုံၾကည္ထားတဲ့ သူတို႔ ေမွ်ာ္လင့္ထားတဲ့ပုံစံေတြကို ဖန္တီးေပးႏိုင္မယ့္ ဒါ႐ိုက္တာအေနနဲ႔ပဲ ဆက္သြားခ်င္ပါတယ္။

ေမး။ ။ ဒီႏွစ္အကယ္ဒမီေပးပြဲ အျမင္ေလးလည္း ေျပာျပေပးပါဦး။

ေျဖ။ ။ဒီႏွစ္ အကယ္ဒမီေပးပြဲကေတာ့ အမွတ္တရေပါ့။ က်ေနာ္တို႔ပထမဆုံး အကယ္ဒမီေပးပြဲ တက္ရတဲ့ အေတြ႕အႀကဳံလည္း ျဖစ္တယ္။ ၿပီးေတာ့ထူးဆန္းတယ္ေလ။ ေပးလာတဲ့ ေတာက္ေလွ်ာက္မွာ ဒီႏွစ္မွာ အေမစု ကိုယ္တိုင္ တက္ေရာက္ၿပီးေတာ့ ၾသဝါဒစကား ေျပာေပးတယ္။ ဘဘဘိုကေလးတင့္ေအာင္လည္း တသက္တာဆု ရရွိတယ္။ ပါေဖာမန႔္ေတြလည္း မိုက္တယ္။ ႐ုပ္ရွင္အႏုပညာရွင္ တေယာက္အေနနဲ႔ ၾကက္သီးထရေလာက္ေအာင္ ပီတိျဖစ္တယ္။ အဲ့ဒီအခ်က္ေတြေပၚမွာ အမ်ားႀကီး ေက်နပ္ပါတယ္။ ၿပီးေတာ့ ရသြားတဲ့ အႏုပညာရွင္ေတြဆိုတာလည္း က်ေနာ္တို႔ ငယ္ငယ္တည္းက ႀကိဳက္ႏွစ္သက္ရတဲ့ အႏုပညာရွင္ႀကီးေတြဆိုေတာ့ အရမ္းကို မုဒိတာပြားပါတယ္။ ပိုၿပီးေတာ့လည္း အသိအမွတ္ျပဳ ခံေစခ်င္တဲ့စိတ္နဲ႔ ပိုၿပီးေတာ့ ႀကိဳးစားခ်င္စိတ္ျဖစ္လာပါတယ္။

ေမး။ ။အခုဆိုရင္ ထူးပိုင္ေဇာ္ဦးကို ဝန္းရံၾကတဲ့သူေတြနဲ႔ “ည” ႐ုပ္ရွင္ဇာတ္ကားႀကီးကို အားေပးတဲ့သူေတြအတြက္ ဘာမ်ားေျပာခ်င္ပါေသးလဲ။

ေျဖ။ ။ အဓိကက “ည”တုန္းကတည္းက အရမ္းအားေပးတဲ့ ပရိသတ္ေတြ ရွိတယ္။ အခု“ည”႐ုပ္ရွင္ဇာတ္ကားႀကီးကို ၾကည့္ၿပီးတဲ့သူေတြေရာ မၾကည့္ရေသးတဲ့သူေတြေရာ ဝန္းရံၾကတာပိုၿပီးမ်ားလာတယ္။ အဲ့ဒီအတြက္ ေက်းဇူးအမ်ားႀကီး တင္တယ္။ သူတို႔အေနနဲ႔ က်ေနာ္တို႔ဆီက ေမွ်ာ္လင့္ထားတာ တခုပဲရွိတယ္ဆိုတာ က်ေနာ္တို႔သိတယ္။ အဲ့ဒါဘာလဲ ဆိုေတာ့ ေစတနာပါပါ အရည္အေသြးေကာင္းေကာင္းနဲ႔ ဖန္တီးထားတဲ့ ႐ုပ္ရွင္ေတြကို က်ေနာ္တို႔ဆီက ေမွ်ာ္လင့္ ထားတဲ့အတြက္ သူတို႔ေမွ်ာ္လင့္ထားတဲ့ ေမွ်ာ္လင့္ခ်က္ႀကီးကို ဘယ္ေတာ့မွ သစၥာေဖာက္မွာ မဟုတ္ပါဘူး။ က်ေနာ္တို႔ အေနနဲ႔ ကိုယ္ေခါင္းေမာ့ ႏိုင္တယ္၊ လိပ္ျပာလုံတယ္၊ ကိုယ့္ကိုယ္ကိုယ္ အ႐ိုးသားဆုံးဖန္တီးၿပီး ဂုဏ္ယူႏိုင္တဲ့ ႐ုပ္ရွင္ ဇာတ္ကားေတြကိုပဲ ဖန္တီး သြားမွာပါ။ အဲ့ဒီအတြက္ က်ေနာ္တို႔ ႐ုပ္ရွင္ထြက္လာတဲ့အခ်ိန္က်ရင္လည္း ထပ္ၿပီး အားေပးပါဦးလို႔။ က်ေနာ္တို႔အေနနဲ႔ အေရအတြက္ အမ်ားႀကီးမ႐ိုက္ႏိုင္ဘူး။ အရည္အေသြး ေကာင္းတဲ့ ဇာတ္ကားေတြကိုပဲ ႐ိုက္ႏိုင္သေလာက္ကို ႐ိုက္သြားမွာ ျဖစ္တယ္။ ထြက္လာတဲ့ကားေတြကိုလည္း အားေပးၾကပါဦးလို႔ ေျပာခ်င္ပါတယ္။ ။

Credit : burma.irrawaddy
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
“ည”ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပရိသတ်ရဲ့ အားပေးထောက်ခံမှုရရှိခဲ့တဲ့ လူငယ် ဒါရိုက်တာ ထူးပိုင်ဇော်ဦးဟာ ယခုနှစ် အကယ်ဒမီပေးပွဲမှာ ပရိသတ်ရဲ့ အကယ်ဒမီ ထင်ကြေးပေးခံရမှုကို ရရှိခဲ့သော်လည်း အကယ်ဒမီဆုနဲ့ လွဲချော်ခဲ့ ပါတယ်။

ဒါရိုက်တာ ထူးပိုင်ဇော်ဦးဟာ၂၀၁၂ ခုနှစ်က ဆရာဝန်ဘွဲ့ရရှိခဲ့ပြီး သူ့ရဲ့ရည်မှန်းချက် နောက်တခုဖြစ်တဲ့ ဒါရိုက်တာ အလုပ်ကို လုပ်ကိုင်ခဲ့ပြီး ရုပ်ရှင်ပွဲတော်များမှာ ဇာတ်လမ်းတိုများ ရိုက်ကူးကာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ အဲဒီမှ ဆုများစွာ ရရှိပြီး Music Video များကို ရိုက်ကူးဖြစ်ခဲ့ရာနေ ဒါရိုက်တာ ထူးပိုင်ဇော်ဦးဆိုတဲ့ နာမည်ကို လူအများ သိရှိလာခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ ၂၀၁၅ ခုနှစ်မှာ “ည” ရုပ်ရှင်ဇာတ်ကားကြီးကို သရုပ်ဆောင်အသစ်များစွာ ရိုက်ကူးခဲ့ပြီး ၂၀၁၇ ခုနှစ် အတွင်း ရုံတင်ပြသခဲ့ရာ ပုံမှန် ပြသနေကျ ရုပ်ရှင်ဇာတ်ကားများနဲ့ မတူတဲ့ အနုပညာ ရသတခုအဖြစ် ပေးစွမ်း နိုင်ခဲ့လို့ ပရိသတ်အားပေးမှုများစွာ ရရှိခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် ရွှေ FM က ချီးမြှင့်ပေးတဲ့ အကောင်းဆုံး Music Video ဖန်တီး ရိုက်ကူးသူ၊ ဒါရိုက်တာဆုကိုလည်း ရရှိထားပါတယ်။

ဒါကြောင့်မို့လို့ လူငယ် ဒါရိုက်တာ ထူးပိုင်ဇော်ဦးကို မြန်မာ့ရုပ်ရှင်လောကအပေါ် သူ့ရဲ့အမြင်၊ အနုပညာခံယူချက်၊ ရုပ်ရှင် ဒါရိုက်တာ တဦးအနေနဲ့ သူ့ရဲ့ရပ်တည်ချက်များနဲ့ သူ့ရဲ့ ရည်မှန်းချက်တွေက ဘယ်လို ရှိမလဲဆိုတာ ဧရာဝတီ သတင်းထောက် ယုဖြူဟန်က တွေ့ဆုံမေးမြန်း ထားပါတယ်။

မေး။ ။ လတ်တလော အနုပညာလှုပ်ရှားမှုကနေ စပြီးပြောပြပေးပါ။

ဖြေ။ ။ ကျနော် အခု ဒီ ၆ လပိုင်းမှာတော့ Suspense Horror ကား ရိုက်မယ်။ အဲဒီကားမှာက ဖွေးဖွေးရယ်၊ ထွန်းအိန္ဒြာဗိုလ် နောက်ထပ် ဝါရင့်သရုပ်ဆောင် မင်းသားကြီး တယောက်နဲ့ မင်းသမီးကြီးတယောက် ပါသေးတယ်။ အသစ် ၄ ယောက် ပါမယ်။ အဲဒီ အသစ် ၄ ယောက်က ကျနော်တို့ရဲ့ ထုတ်လုပ်ရေးက တင်မယ့် သူတွေပါမယ်။ သူတို့တွေနဲ့ ရိုက်ဖို့ ရှိပါတယ်။

မေး။ ။ ဒီထဲမှာဆိုရင် အသစ်တွေ တင်မကဘဲနဲ့ ဝါရင့်သရုပ်ဆောင်တွေ ပါဝင်လာတာ တွေ့ရတယ်။ သူတို့တွေကို ရွေးချယ်ဖြစ်ခဲ့တာကရော။

ဖြေ။ ။ အဓိက ကျနော်က ရုပ်ရှင်ရိုက်မယ်ဆိုရင် မင်းသား၊ မင်းသမီး စမစဉ်းစားဘူး။ ဘယ်သူနဲ့ ရိုက်ရမလဲကို အရင် မစဉ်းစားဘူး။ ဘယ်ဇာတ်လမ်း ရိုက်ရမလဲကို အရင်စဉ်းစားတယ်။ ထုတ်လုပ်ရေးကလည်း ကျနော် ဘယ်ဇာတ်လမ်း မျိုးကို ဖန်တီးချင်လဲ။ ကျနော် အဲဒီ ဇာတ်လမ်းရလာပြီဆိုရင် အဲဒီဇာတ်လမ်းရဲ့ ဇာတ်ကောင်တွေကို ခွဲပြီပေါ့။ အဲဒီဇာတ်ကောင်တွေ နေရာမှာ ဘယ်သူကသင့်တော်မလဲ သင့်တော်မယ့်နေရာမှာ ကျနော်တို့ က ဈေးကွက်ကို မကြည့်ဘူး။ ဈေးကွက်ကတော့ အမျိုးမျိုး ပြောင်းလဲနိုင်တယ်။ အဲဒီတော့ ကျနော်တို့က ဈေးကွက် နောက်ကို လိုက်ပြီးတော့ ဈေးကွက်ဝင်တဲ့ လူတွေနဲ့ လိုက်ရိုက်မယ်ဆိုတဲ့ စိတ်မျိုး မထားထားဘူး။

ကျနော်တို့ရွေး လိုက်တဲ့ ဇာတ်ကောင်ကို ဘယ်သူက အကောင်းဆုံး ပုံဖော်နိုင်မလဲဆိုတာ ကြည့်တဲ့အခါ “ည”တုန်းကတော့ ဇာတ်ကောင် ၁၀ ယောက်လုံး နေရာမှာ အသစ်တွေပဲဖြစ်ရင် ကားကိုပံ့ပိုးမှု အားကောင်းမယ် ယူဆတော့ အသစ်တွေ ချည်းပဲ သုံးတယ်။ ဒီဇာတ်ကားမှာ ကျတော့ ဇာတ်ကောင်တွေကို ခွဲချလိုက်တဲ့အခါကျတော့ ၈ ယောက်ပေါ့။ ဇာတ်ကောင် ၄ ယောက် နေရာကတော့ အသက်အရွယ် အရရော အကြောင်း အခြင်းအရာအရ အသစ်တင်ဖို့ ခဲယဉ်းတယ် ပေါ့ ။ အသက်အရွယ် နည်းနည်းရှိတဲ့ ဇာတ်ရုပ်ကိုတော့ အသစ်တင်ဖို့အတွက် မဖြစ်နိုင်တဲ့အခါကျတော့ ရှိပြီးသား သရုပ်ဆောင်တွေထဲက ဘယ်သူအကောင်းဆုံး လုပ်နိုင်မလဲဆိုတာကို သေချာ ရွေးချယ်၊ ပြင်ဆင်ညှိနှိုင်းပြီး လုပ်ဖြစ်သွားတာပါ။

မေး။ ။ ကိုယ်ကလည်း အသစ်တယောက်ဖြစ်တယ်။ အသစ်တွေကိုလည်း လက်တွဲခေါ်ယူနေတယ်။ အသစ်တွေကို တင်တဲ့အခါမှာ ဘယ်လိုစိန်ခေါ်မှုမျိုးရှိလဲ။

ဖြေ။ ။ အဓိကကတော့ အသစ်တင်တယ်ရယ်လို့ စိတ်ထဲမှာ မထည့်ထားဘူး။ ဒီဇာတ်ကောင်တွေက အသစ်ပဲဖြစ်ဖြစ် အဟောင်းပဲဖြစ်ဖြစ် ကျနော်ဖန်တီးချင်သော ဇာတ်ကောင်တွေအနေနဲ့ပဲ ကျနော်က မြင်တယ်။ ဒီလိုပဲ ကျနော် ဇာတ်လမ်းတခု ဖန်တီးလိုက်လို့ သရုပ်ဆောင်အသစ်တွေပဲဖြစ်ဖြစ် အဟောင်းတွေပဲဖြစ်ဖြစ် ဒါကြီးကို ပရိသတ် ကြိုက်အောင်လို့ မစဉ်းစား ဖြစ်ဘူး။ ကျနော်ရဲ့ ဇာတ်ကောင်ကို သူတို့ ဘယ်လောက်ထိ အကောင်းဆုံးလုပ်နိုင်မလဲ။ ဘယ်လောက်ထိ ပုံဖော်နိုင်မလဲ။

အဲဒီအချက်ကိုပဲ စဉ်းစားတဲ့အတွက် စိန်ခေါ်မှုကတော့ ရုံတင်တဲ့အခါမှသာ ပရိသတ် အားပေးပါ့မလားဆိုပြီး နည်းနည်းလေး စိုးရိမ်သွားတာပါ။ ရိုက်ကူးနေတဲ့ အချိန်စတင် ရွေးချယ်တဲ့အချိန်မှာတော့ စိုးရိမ်စိတ်တွေကို ဖျောက်ပြီးတော့ ဇာတ်အပေါ်မှာပဲ သစ္စာရှိပြီးတော့ အလိုက်ဖက်ဆုံးသူ ကို ရွေးဖြစ်သွားတာပေါ့။ နောက်ပိုင်း ပရိသတ်တွေကလည်း အသစ်တွေကို ပိုပြီး လက်ခံလာတယ်။ ကျနော်တို့ဖန်တီးတဲ့ ပုံစံအသစ် အရည်အသွေး တွေကိုလည်း အားပေး ထောက်ခံလာတယ်ဆိုတော့ ကျနော်တို့ အနေနဲ့ ထပ်ပြီးလုပ်ဖို့က အများကြီး အားပိုရှိ သွားတယ်။

မေး။ ။အကယ်ဒမီပေးပွဲမှာ ဆန်ကာတင်စာရင်း မဝင်ခဲ့ဘဲ လွဲချော်ခဲ့ပေမယ့် ပရိသတ်တွေက “ည”ဇာတ်ကားကို ဆုတဆုအနေနဲ့ ရည်ရွယ်ပြီးပေးမယ်ဆိုပြီး ပြောနေတာတွေရှိတယ်။ အဲဒီအပေါ်ကိုကော ဘယ်လိုခံစားရလဲ။

မေ။ ။အဲဒီအပေါ်မှာ အရမ်းကို ပီတိဖြစ်ပါတယ်။ ကျနော်တို့ “ည”ကို အဲဒီလောက် အားပေးတဲ့သူတွေ ရှိပါလားဆိုပြီး အခုမ ပိုသိလိုက်ရတယ်ပေါ့။ “ည”တုန်းကလည်း အသစ်တွေပေမယ့် ကျနော်တို့ မျှော်မှန်းတာထက် ပိုပြီးတော့ အားပေးကြတယ်။ သူတို့စိတ်ထဲမှာ ကျနော်တို့ကို အကယ်ဒမီတွေ ရစေချင်တဲ့အထိကို သူတို့ရဲ့ အသိအမှတ်ပြုစိတ် အကြီးကြီးရှိတယ် ဆိုတာကို ဒီချိန်ကျမှ ခံစားလိုက်ရတယ်ဆိုတာကို အဲ့ဒီအပေါ်မှာ အများကြီး ပီတိဖြစ်တယ်။ အဲ့ဒါနဲ့တင် လုံလောက်နေပြီ။ ဒါဟာ အရေးအကြီးဆုံး အသိအမှတ်ပြုမှုပေါ့နော်။ ရုပ်ရှင်ဖန်တီးသူတွေ အနေနဲ့ လူများစုသော ပရိသတ်ဟာ တကယ်ကို ယုံယုံကြည်ကြည်နဲ့ အားပေးထောက်ခံပါလားဆိုတဲ့ အချက်တချက်ထဲနဲ့တင် ဒါဟာထူးချွန်ဆုရလိုက်သလိုပါပဲ။

မေး။ ။ဒီနှစ်မှာဆိုရင် အကယ်ဒမီနဲ့လွဲချော်သွားခဲ့တယ်။ နောက်နှစ်တွေမှာလည်း ကိုယ့်ဇာတ်ကားတွေရှိလာနိုင်တယ်။ အဲ့ဒီအတွက် နောက်နှစ်အကယ်ဒမီကိုရော ဘယ်လိုဖြစ်လာနိုင်မယ်လို့ ထင်ပါသလဲ။

ဖြေ။ ။၂၀၁၈မှာတော့ ကျနော်တို့ကားက မဝင်လောက်ဘူး။ ကျနော်တို့ကားက အခုမှရိုက်ရမှာ ဆိုတော့ ဒီနှစ်မှာတော့ လူငယ်ဒါရိုက်တာတွေရဲ့ ကားကပိုများလာတယ်။ အရည်အသွေးပေါ်မှာလည်း ပရိသတ်တွေက အားရကျေနပ်မှု ရှိတယ် ဆိုတော့ ကျနော့် အနေနဲ့ကတော့ လုံးဝကြီးကို အသိအမှတ် ပြုစေချင်ပါတယ်။ အရှေ့က ကျနော်တို့ စီနီယာတွေ ရိုက်တဲ့ ကားတွေ တကယ်ကောင်းရင် တကယ်ပေး။ အသစ်တွေအနေနဲ့ တကယ်ကောင်းတယ်ဆိုရင် ကြိုးစားထားတယ်ဆိုရင် ကျနော်တို့ကို အသိအမှတ်ပြုပြီး ချီးမြှင့်စေချင်တယ်။

သစ်တယ်၊ ဟောင်းတယ်ရယ်လို့ မရှိဘဲ နဲ့ ကျနော်တို့ အရမ်းကိုဖြစ်စေချင်တယ်။ အခုထွက်လာတဲ့ ကားတွေမှာ အပေါ်မှာ ကျနော်တို့ မျိုးဆက်သစ် ဒါရိုက်တာတွေ အနေနဲ့ မဟုတ်ပဲ ပရိသတ်အနေနဲ့ အရမ်အားရ ကျေနပ်ဖို့ ကောင်းတယ်။ ဇာတ်လမ်းတွေက ရိုက်ထားတဲ့ ကွာလတီအရရော ဖန်တီးထားတဲ့ ပုံစံအရရော နောက်ထွက်လာတဲ့ Result အရရော ကျနော်တို့တခါမှ မြန်မာကားတွေထဲမှာ မမြင်ဖူးသေးတဲ့ပုံစံတွေကို နောက်ပိုင်းဒါရိုက်တာတွေ ရိုက်လာကြတယ်။ ကျနော်တို့ ကိုယ်တိုင် ပရိသတ်အနေနဲ့ မြင်ရတဲ့အတွက် အရမ်းကို အားအရမ်းရှိတယ်။ ဒီလိုပုံစံ အသစ်တွေထွက်လာပါလားဆိုပြီး အသိအမှတ် ပြုစေချင်တယ်။ ဒီနှစ်က ကျနော်တို့ အကယ်ဒမီ မရတာကတော့ ကံနဲ့လည်း ဆိုင်တာပေါ့။ အကြောင်းကြောင်း အချက်တွေ မတိုက်ဆိုင်လို့ မရပေမယ့် နောက်နှစ်တွေမှာ တကယ် ကောင်းမွန်သော အရည်အသွေး နည်းပညာ အတတ်ပညာအနုပညာနဲ့လုပ်ထားတဲ့ ကားတွေကိုလည်း တကယ် ကောင်းကောင်း မွန်မွန်လေး သုံးသပ်ပြီးတော့ ဆုပေးစေချင်ပါတယ်။

မေး။ ။အကယ်ဒမီပေးပွဲ မတိုင်ခင်ကလည်း အင်တာဗျူးတွေမှာ အကယ်ဒမီ ရင်ခုန်သံကို ဖြေခဲ့ရတယ်။ တကယ့်နေ့ ရောက်တော့ ဆန်ကာတင် စာရင်းထဲကို မပါဝင်ခဲ့ဘူး။ အဲဒီတုန်းက ခံစားချက်လေး ပြောပြပေးပါဦး။

ဖြေ။ ။အဲ့ဒီတုန်းက ကျနော်တို့လည်း စတေးတပ်တွေလည်း တင်ပြီးတော့ ကျနော်တို့ပြောချင်သလောက် ပြောပြီးပြီ ဆိုတော့ အများကြီးတော့ ထွေထွေထူးထူး မရှိတော့ပါဘူး။ အဓိကက ကျနော်တို့ကိုယ်တိုင် ပြောတာထက်ကို တခြားသူတွေက ကျနော်တို့ဘက်ကနေ ရစေချင်လွန်းလို့ အားမလို အားမရတွေ ဖြစ်ပေးကြတယ်။ လာပြီး နှစ်သိမ့် ပေးကြတယ်။ စိတ်မကောင်း ဖြစ်တာကနေတောင် မေတ္တာတွေ တော်တော် ရလိုက်ပါလားဆိုပြီး အဲ့ဒီလို စိတ်မကောင်းဖြစ်တာက ဘာမှ အရေးမပါတော့ဘူး။ ရလိုက်တဲ့ခွန်အားရယ် မေတ္တာရယ် ဝမ်းသာပီတိဖြစ်မှုတွေနဲ့ ဆက်ပြီး ယုံကြည်ထားတဲ့ သူတို့ မျှော်လင့်ထားတဲ့ပုံစံတွေကို ဖန်တီးပေးနိုင်မယ့် ဒါရိုက်တာအနေနဲ့ပဲ ဆက်သွားချင်ပါတယ်။

မေး။ ။ ဒီနှစ်အကယ်ဒမီပေးပွဲ အမြင်လေးလည်း ပြောပြပေးပါဦး။

ဖြေ။ ။ဒီနှစ် အကယ်ဒမီပေးပွဲကတော့ အမှတ်တရပေါ့။ ကျနော်တို့ပထမဆုံး အကယ်ဒမီပေးပွဲ တက်ရတဲ့ အတွေ့အကြုံလည်း ဖြစ်တယ်။ ပြီးတော့ထူးဆန်းတယ်လေ။ ပေးလာတဲ့ တောက်လျှောက်မှာ ဒီနှစ်မှာ အမေစု ကိုယ်တိုင် တက်ရောက်ပြီးတော့ သြဝါဒစကား ပြောပေးတယ်။ ဘဘဘိုကလေးတင့်အောင်လည်း တသက်တာဆု ရရှိတယ်။ ပါဖောမန့်တွေလည်း မိုက်တယ်။ ရုပ်ရှင်အနုပညာရှင် တယောက်အနေနဲ့ ကြက်သီးထရလောက်အောင် ပီတိဖြစ်တယ်။ အဲ့ဒီအချက်တွေပေါ်မှာ အများကြီး ကျေနပ်ပါတယ်။ ပြီးတော့ ရသွားတဲ့ အနုပညာရှင်တွေဆိုတာလည်း ကျနော်တို့ ငယ်ငယ်တည်းက ကြိုက်နှစ်သက်ရတဲ့ အနုပညာရှင်ကြီးတွေဆိုတော့ အရမ်းကို မုဒိတာပွားပါတယ်။ ပိုပြီးတော့လည်း အသိအမှတ်ပြု ခံစေချင်တဲ့စိတ်နဲ့ ပိုပြီးတော့ ကြိုးစားချင်စိတ်ဖြစ်လာပါတယ်။

မေး။ ။အခုဆိုရင် ထူးပိုင်ဇော်ဦးကို ဝန်းရံကြတဲ့သူတွေနဲ့ “ည” ရုပ်ရှင်ဇာတ်ကားကြီးကို အားပေးတဲ့သူတွေအတွက် ဘာများပြောချင်ပါသေးလဲ။

ဖြေ။ ။ အဓိကက “ည”တုန်းကတည်းက အရမ်းအားပေးတဲ့ ပရိသတ်တွေ ရှိတယ်။ အခု“ည”ရုပ်ရှင်ဇာတ်ကားကြီးကို ကြည့်ပြီးတဲ့သူတွေရော မကြည့်ရသေးတဲ့သူတွေရော ဝန်းရံကြတာပိုပြီးများလာတယ်။ အဲ့ဒီအတွက် ကျေးဇူးအများကြီး တင်တယ်။ သူတို့အနေနဲ့ ကျနော်တို့ဆီက မျှော်လင့်ထားတာ တခုပဲရှိတယ်ဆိုတာ ကျနော်တို့သိတယ်။ အဲ့ဒါဘာလဲ ဆိုတော့ စေတနာပါပါ အရည်အသွေးကောင်းကောင်းနဲ့ ဖန်တီးထားတဲ့ ရုပ်ရှင်တွေကို ကျနော်တို့ဆီက မျှော်လင့် ထားတဲ့အတွက် သူတို့မျှော်လင့်ထားတဲ့ မျှော်လင့်ချက်ကြီးကို ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ပါဘူး။ ကျနော်တို့ အနေနဲ့ ကိုယ်ခေါင်းမော့ နိုင်တယ်၊ လိပ်ပြာလုံတယ်၊ ကိုယ့်ကိုယ်ကိုယ် အရိုးသားဆုံးဖန်တီးပြီး ဂုဏ်ယူနိုင်တဲ့ ရုပ်ရှင် ဇာတ်ကားတွေကိုပဲ ဖန်တီး သွားမှာပါ။ အဲ့ဒီအတွက် ကျနော်တို့ ရုပ်ရှင်ထွက်လာတဲ့အချိန်ကျရင်လည်း ထပ်ပြီး အားပေးပါဦးလို့။ ကျနော်တို့အနေနဲ့ အရေအတွက် အများကြီးမရိုက်နိုင်ဘူး။ အရည်အသွေး ကောင်းတဲ့ ဇာတ်ကားတွေကိုပဲ ရိုက်နိုင်သလောက်ကို ရိုက်သွားမှာ ဖြစ်တယ်။ ထွက်လာတဲ့ကားတွေကိုလည်း အားပေးကြပါဦးလို့ ပြောချင်ပါတယ်။ ။

Credit : burma.irrawaddy

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top