iMyanmarHouse.com - Best Property Website for Myanmar
×

ဟိုးအရင္တုန္းကဆို ခ်စ္သူရည္းစားရဖုိ႔ အရမ္းခက္တာ။ ခုေခတ္မွာေတာ့ ေဖ့စ္ဘုတ္တုိ႔လို လူမႈကြန္ရက္ေတြ ႐ွိေနေတာ့ အေပါင္းအသင္းေတြလည္း တိုးလာတယ္။ ခ်စ္သူရဖုိ႔လည္း ပိုနီးစပ္လာတယ္။ အြန္လိုင္းကေနခ်စ္သူထားမယ္ဆုိရင္ေတာ့ ကိုယ့္ရဲ႕လံုျခံဳမႈနဲ႔ ေပ်ာ္႐ႊင္မႈကို ခ်ိန္ဆတတ္ဖုိ႔ အေရးႀကီးပါတယ္။

၁။ လံုျခံဳမႈ႐ွိပါေစ

အြန္လိုင္းကေန ခ်စ္သူထားမယ္ဆုိ အေရးႀကီးဆံုးက ကိုယ့္ကိုယ္ကိုယ္ကာကြယ္ေနဖုိ႔ပဲ။ သူငယ္ခ်င္းေတြမိတ္ဆက္ေပးလို႔ သိၿပီး ခ်စ္သူျဖစ္သြားတာမ်ိဳးနဲ႔ အြန္လိုင္းကေနေတြ႕ၿပီး ခ်စ္သူျဖစ္သြားတာမ်ိဳးက မတူဘူးေလ။ သူ႕အေၾကာင္း ကိုယ္မွ သိပ္မသိေသးတာကိုး။ သူနဲ႔အြန္လိုင္းမွာေတြ႕ၿပီး အျပင္မွာစခ်ိန္းၿပီဆို ကိုယ့္ရဲ႕သူငယ္ခ်င္း ဒါမွမဟုတ္ မိသားစုဝင္ေတြကို အသိေပးၿပီးမွသြား။ သူ႔အိမ္ကို တစ္ေယာက္တည္းမသြားနဲ႔။ လူျမင္ကြင္း ပန္းျခံ၊ စားေသာက္ဆိုင္တုိ႔မွာ ေတြ႕တာ အေကာင္းဆံုးပါပဲ။ ကိုယ့္ရဲ႕လံုျခံဳမႈကို ဦးစားေပးပါ။

၂။ အ႐ွိကိုအ႐ွိအတိုင္း

ပံုအတုေတြ၊ effect ေတြ အလြန္အကၽြံသံုးထားတဲ့ပံုေတြ၊ လက္႐ွိပင္ကိုယ္႐ုပ္ရည္နဲ႔ ကြာျခားလြန္းေနတဲ့ ပံုေတြကို တင္တာလည္း မေကာင္းပါဘူး။ ကိုယ့္ရဲ႕ပင္ကိုယ္႐ုပ္ရည္ အေနအထားကို အမွန္အတိုင္းပဲ ျပထားတာ ေကာင္းပါတယ္။ ပံုေတြထဲမွာ ျဖဴေဖြးၿပီးအ႐ုပ္ေလးလို လွေနေပမဲ့ အျပင္မွာ တျခားစီပဲဆုိရင္ ဟိုဘက္က စိတ္ပ်က္သြားမွာအမွန္ပဲ။ ကိုယ့္ကိုအ႐ွိအတိုင္း ခ်စ္တတ္သူကမွ အခ်စ္စစ္နဲ႔ ၾကာၾကာခ်စ္မွာပါ။

၃။ ကိုယ့္ကိုယ္ကိုယ္သိေနဖုိ႔လိုတယ္

သူနဲ႔ ဒိတ္ရတာ ေပ်ာ္လား၊ ကိုယ္လိုခ်င္တာကေရာဘာလဲ၊ ေရရွည္တြဲခ်င္တာလား စတဲ့ ကိုယ့္ခံစားခ်က္ေတြကို ကိုယ္တိုင္သိေနရမယ္။ အြန္လိုင္းမွာခ်စ္သူေတြျဖစ္ၿပီး အဆင္ေျပေနတယ္ဆုိရင္ ဘဝအတြက္ပါ ဘယ္လိုဆက္သြားမလဲဆုိတာလည္း ထည့္စဥ္းစားရေတာ့မွာေပါ့။

၄။ ေပ်ာ္ေပ်ာ္ေန

အထီးက်န္ေနခ်ိန္မွာ တစ္ေယာက္ေယာက္နဲ႔ စကားေျပာေနရတာ ေကာင္းတယ္မဟုတ္လား။ အြန္လိုင္းကေန ခ်စ္သူထားတယ္ဆုိတာလည္း အခ်ိန္နဲ႔ အင္တာနက္ဖိုးပဲကုန္တာ။ တျခားဘာမွမကုန္ဘူး။ သူေရာ ကိုယ္ေရာ ေပ်ာ္႐ႊင္ေနတယ္ဆုိ အက်ိဳး႐ွိတာပဲေပါ့။ အြန္လိုင္းမွာေတြ႕ၿပီး လက္ထပ္သြားတဲ့စံုတြဲေတြလည္း အမ်ားႀကီး။

၅။ ပိုႀကီးမားတဲ့ပန္းတိုင္ကို စိတ္ထဲမွာထား

တခ်ိဳ႕ေတြက အခ်စ္နဲ႔ေတြ႕ရင္ ဘဝပန္းတုိင္ေတြကို လက္ေလွ်ာ့လိုက္ၾကတယ္။ အြန္လိုင္းမွာေတြ႕တာကေတာ့ မ်ားေသာအားျဖင့္ ဝါသနာတူသူအခ်င္းခ်င္း သိကၽြမ္းၾကတာ မ်ားပါတယ္။ ဒီေတာ့ ကိုယ့္ရည္မွန္းခ်က္ေတြနဲ႔ တူေနတဲ့လူကို ေတြ႕ရဖုိ႔ ရာခိုင္ႏႈန္းမ်ားတယ္။

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ဟိုးအရင်တုန်းကဆို ချစ်သူရည်းစားရဖို့ အရမ်းခက်တာ။ ခုခေတ်မှာတော့ ဖေ့စ်ဘုတ်တို့လို လူမှုကွန်ရက်တွေ ရှိနေတော့ အပေါင်းအသင်းတွေလည်း တိုးလာတယ်။ ချစ်သူရဖို့လည်း ပိုနီးစပ်လာတယ်။ အွန်လိုင်းကနေချစ်သူထားမယ်ဆိုရင်တော့ ကိုယ့်ရဲ့လုံခြုံမှုနဲ့ ပျော်ရွှင်မှုကို ချိန်ဆတတ်ဖို့ အရေးကြီးပါတယ်။

၁။ လုံခြုံမှုရှိပါစေ

အွန်လိုင်းကနေ ချစ်သူထားမယ်ဆို အရေးကြီးဆုံးက ကိုယ့်ကိုယ်ကိုယ်ကာကွယ်နေဖို့ပဲ။ သူငယ်ချင်းတွေမိတ်ဆက်ပေးလို့ သိပြီး ချစ်သူဖြစ်သွားတာမျိုးနဲ့ အွန်လိုင်းကနေတွေ့ပြီး ချစ်သူဖြစ်သွားတာမျိုးက မတူဘူးလေ။ သူ့အကြောင်း ကိုယ်မှ သိပ်မသိသေးတာကိုး။ သူနဲ့အွန်လိုင်းမှာတွေ့ပြီး အပြင်မှာစချိန်းပြီဆို ကိုယ့်ရဲ့သူငယ်ချင်း ဒါမှမဟုတ် မိသားစုဝင်တွေကို အသိပေးပြီးမှသွား။ သူ့အိမ်ကို တစ်ယောက်တည်းမသွားနဲ့။ လူမြင်ကွင်း ပန်းခြံ၊ စားသောက်ဆိုင်တို့မှာ တွေ့တာ အကောင်းဆုံးပါပဲ။ ကိုယ့်ရဲ့လုံခြုံမှုကို ဦးစားပေးပါ။

၂။ အရှိကိုအရှိအတိုင်း

ပုံအတုတွေ၊ effect တွေ အလွန်အကျွံသုံးထားတဲ့ပုံတွေ၊ လက်ရှိပင်ကိုယ်ရုပ်ရည်နဲ့ ကွာခြားလွန်းနေတဲ့ ပုံတွေကို တင်တာလည်း မကောင်းပါဘူး။ ကိုယ့်ရဲ့ပင်ကိုယ်ရုပ်ရည် အနေအထားကို အမှန်အတိုင်းပဲ ပြထားတာ ကောင်းပါတယ်။ ပုံတွေထဲမှာ ဖြူဖွေးပြီးအရုပ်လေးလို လှနေပေမဲ့ အပြင်မှာ တခြားစီပဲဆိုရင် ဟိုဘက်က စိတ်ပျက်သွားမှာအမှန်ပဲ။ ကိုယ့်ကိုအရှိအတိုင်း ချစ်တတ်သူကမှ အချစ်စစ်နဲ့ ကြာကြာချစ်မှာပါ။

၃။ ကိုယ့်ကိုယ်ကိုယ်သိနေဖို့လိုတယ်

သူနဲ့ ဒိတ်ရတာ ပျော်လား၊ ကိုယ်လိုချင်တာကရောဘာလဲ၊ ရေရှည်တွဲချင်တာလား စတဲ့ ကိုယ့်ခံစားချက်တွေကို ကိုယ်တိုင်သိနေရမယ်။ အွန်လိုင်းမှာချစ်သူတွေဖြစ်ပြီး အဆင်ပြေနေတယ်ဆိုရင် ဘဝအတွက်ပါ ဘယ်လိုဆက်သွားမလဲဆိုတာလည်း ထည့်စဉ်းစားရတော့မှာပေါ့။

၄။ ပျော်ပျော်နေ

အထီးကျန်နေချိန်မှာ တစ်ယောက်ယောက်နဲ့ စကားပြောနေရတာ ကောင်းတယ်မဟုတ်လား။ အွန်လိုင်းကနေ ချစ်သူထားတယ်ဆိုတာလည်း အချိန်နဲ့ အင်တာနက်ဖိုးပဲကုန်တာ။ တခြားဘာမှမကုန်ဘူး။ သူရော ကိုယ်ရော ပျော်ရွှင်နေတယ်ဆို အကျိုးရှိတာပဲပေါ့။ အွန်လိုင်းမှာတွေ့ပြီး လက်ထပ်သွားတဲ့စုံတွဲတွေလည်း အများကြီး။

၅။ ပိုကြီးမားတဲ့ပန်းတိုင်ကို စိတ်ထဲမှာထား

တချို့တွေက အချစ်နဲ့တွေ့ရင် ဘဝပန်းတိုင်တွေကို လက်လျှော့လိုက်ကြတယ်။ အွန်လိုင်းမှာတွေ့တာကတော့ များသောအားဖြင့် ဝါသနာတူသူအချင်းချင်း သိကျွမ်းကြတာ များပါတယ်။ ဒီတော့ ကိုယ့်ရည်မှန်းချက်တွေနဲ့ တူနေတဲ့လူကို တွေ့ရဖို့ ရာခိုင်နှုန်းများတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top