iMyanmarHouse.com - Best Property Website for Myanmar
×

သခြားေမႊးလို႔ ဆိုလိုက္ရင္ အနံ႔ေမႊးေမႊးနဲ႔ အရမ္းအရသာရွိတဲ့ အသီးဆိုတာ လူတိုင္းျငင္းႏိုင္မယ္မထင္ပါဘူးေနာ္။ ႏူးညံ့ေမႊးပ်ံ႕ၿပီးအရသာရွိလွတဲ့ သခြားေမႊးကိုစားေပးရင္ အံ့မခန္းက်န္းမာေရးအက်ိဳးေက်းဇူးေတြ ရတယ္ဆိုေတာ့ အသီးလည္းစားရင္း က်န္းမာေရးအက်ိဳးေက်းဇူးေတြလည္းသိသြားေအာင္ ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

အျမင္အာရံုတိုးတက္ေစျခင္း

ဗီတာမင္ A နဲ႔ ဗီတာကရိုတင္းဓါတ္ေတြ ၾကြယ္၀စြာပါ၀င္လို႔ အျမင္အာရံုကို ေကာင္းမြန္ေစပါတယ္။ အသက္အရြယ္ရလာလို႔ အျမင္အာရံုေ၀၀ါးလာတာကို ေနွာင့္ေနွးေစပါတယ္။

ကူးစက္ေရာဂါကို တိုက္ဖ်က္ေပးျခင္း

လတ္လတ္ဆတ္ဆတ္ သခြားေမႊးကိုစားေပးမယ္ဆိုရင္ေတာ့ ကေလးငယ္ေတြအတြက္ အထူးေကာင္းမြန္ပါတယ္။ ကိုယ္ခံအာစနစ္ကိုေကာင္းမြန္ေစၿပီး ကူးစက္ေရာဂါကိုတိုက္ဖ်က္ေပးလို႔ ကေလးေတြကို မ်ားမ်ားေကၽြးပါေနာ္။

သြားနဲ႔ခံတြင္းက်န္းမာေရး

ဗီတာမင္ C ၾကြယ္၀စြာပါ၀င္လို႔ သြားဖံုးေသြးယိုတာနဲ႔ သြားျပႆနာေတြကို goodbye လို႔ႏုတ္ဆက္ႏိုင္ပါၿပီ။

ေသြးဖိအားက်ေစျခင္း

ေသြးဖိအားကိုထိန္းေပးထားတာဟာ ကင္ဆာျဖစ္ပြားမႈကိုကာကြယ္ေပးႏိုင္ပါတယ္။ ေသြးလည္ပတ္မႈေကာင္းမြန္မွ ကိုလက္စထေရာပမာဏကို ေလွ်ာ့ခ်ေပးႏိုင္မွာျဖစ္ပါတယ္။ သခြားေမႊးမွာ ေရဓါတ္ျမင့္အားစြာပါ၀င္ၿပီး ကယ္လိုရိပါ၀င္မႈနည္းပါးပါတယ္။ ဒါ့အျပင္ ပိတက္ဆီယမ္နဲ႔ တျခားသတၱဳဓါတ္ေတြပါ၀င္လို႔ ေသြးဖိအားကို ထိန္းခ်ဳပ္ေပးႏိုင္ပါတယ္။

ေျခေထာက္ၾကြက္တက္ျခင္းကိုကာကြယ္ေပးျခင္း

သခြားေမႊးကိုစားတာပဲျဖစ္ျဖစ္ ေဖ်ာ္ရည္လုပ္ၿပီးေသာက္တာပဲျဖစ္ျဖစ္ ေျခေထာက္ၾကြက္တက္တဲ့လကၡဏာရပ္ကိုကာကြယ္ေပးႏိုင္ပါတယ္။

ကိုယ္၀န္ေဆာင္မိခင္ေတြအတြက္ေကာင္းမြန္ျခင္း

ကို၀န္ေဆာင္မိခင္ေလာင္းေတြဟာ ေဖာလိတ္အက္ဆစ္ဓါတ္ပါ၀င္တဲ့ ဒီအသီးကိုစားေပးမယ္ဆိုရင္ ကေလးေမႊးတဲ့ခ်ိန္မွာ ေမႊးဖို႔ခက္ခဲတာကို ကူညီေပးပါတယ္။ ဗီတာမင္ C လည္းပါ၀င္လို႔ ကေလးနဲ႔ မိခင္ကိုက်န္းမာေစပါတယ္။ အမ်ိဳးသားေတြေရာအမ်ိဳးသမီးေရာ ကေလးေမႊးဖြားမႈႏႈန္းကို တိုးတက္ေစဖို႔ စားေပးသင့္ပါတယ္။

ေသြးအားနည္းေရာဂါျဖစ္ပြားမႈကိုကာကြယ္ေပးျခင္း

ႏြားႏို႔၊ ငါးနဲ႔ အသားေတြမွာပါ၀င္တဲ့ ဗီတာမင္ B12, C စတဲ့ဓါတ္ေတြပါ၀င္လို႔ ေသြးအားနည္းေရာဂါျဖစ္ပြားမႈကို ကာကြယ္ေပးႏိုင္ပါတယ္။

မွတ္ခ်က္- သၾကားဓါတ္နဲ႔ ကာဗြန္ဟိုက္ဒရိတ္ဓါတ္ပါ၀င္မႈမ်ားလို႔ ဆီးခ်ိဳသမားေတြ မ်ားမ်ားအစားသင့္ပါဘူး။

Credit : My Food
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
သခွားမွှေးလို့ ဆိုလိုက်ရင် အနံ့မွှေးမွှေးနဲ့ အရမ်းအရသာရှိတဲ့ အသီးဆိုတာ လူတိုင်းငြင်းနိုင်မယ်မထင်ပါဘူးနော်။ နူးညံ့မွှေးပျံ့ပြီးအရသာရှိလှတဲ့ သခွားမွှေးကိုစားပေးရင် အံ့မခန်းကျန်းမာရေးအကျိုးကျေးဇူးတွေ ရတယ်ဆိုတော့ အသီးလည်းစားရင်း ကျန်းမာရေးအကျိုးကျေးဇူးတွေလည်းသိသွားအောင် ဖော်ပြပေးလိုက်ပါတယ်နော်။

အမြင်အာရုံတိုးတက်စေခြင်း

ဗီတာမင် A နဲ့ ဗီတာကရိုတင်းဓါတ်တွေ ကြွယ်ဝစွာပါဝင်လို့ အမြင်အာရုံကို ကောင်းမွန်စေပါတယ်။ အသက်အရွယ်ရလာလို့ အမြင်အာရုံေ၀ဝါးလာတာကို နှောင့်နှေးစေပါတယ်။

ကူးစက်ရောဂါကို တိုက်ဖျက်ပေးခြင်း

လတ်လတ်ဆတ်ဆတ် သခွားမွှေးကိုစားပေးမယ်ဆိုရင်တော့ ကလေးငယ်တွေအတွက် အထူးကောင်းမွန်ပါတယ်။ ကိုယ်ခံအာစနစ်ကိုကောင်းမွန်စေပြီး ကူးစက်ရောဂါကိုတိုက်ဖျက်ပေးလို့ ကလေးတွေကို များများကျွေးပါနော်။

သွားနဲ့ခံတွင်းကျန်းမာရေး

ဗီတာမင် C ကြွယ်ဝစွာပါဝင်လို့ သွားဖုံးသွေးယိုတာနဲ့ သွားပြဿနာတွေကို goodbye လို့နုတ်ဆက်နိုင်ပါပြီ။

သွေးဖိအားကျစေခြင်း

သွေးဖိအားကိုထိန်းပေးထားတာဟာ ကင်ဆာဖြစ်ပွားမှုကိုကာကွယ်ပေးနိုင်ပါတယ်။ သွေးလည်ပတ်မှုကောင်းမွန်မှ ကိုလက်စထရောပမာဏကို လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။ သခွားမွှေးမှာ ရေဓါတ်မြင့်အားစွာပါဝင်ပြီး ကယ်လိုရိပါဝင်မှုနည်းပါးပါတယ်။ ဒါ့အပြင် ပိတက်ဆီယမ်နဲ့ တခြားသတ္တုဓါတ်တွေပါဝင်လို့ သွေးဖိအားကို ထိန်းချုပ်ပေးနိုင်ပါတယ်။

ခြေထောက်ကြွက်တက်ခြင်းကိုကာကွယ်ပေးခြင်း

သခွားမွှေးကိုစားတာပဲဖြစ်ဖြစ် ဖျော်ရည်လုပ်ပြီးသောက်တာပဲဖြစ်ဖြစ် ခြေထောက်ကြွက်တက်တဲ့လက္ခဏာရပ်ကိုကာကွယ်ပေးနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်မိခင်တွေအတွက်ကောင်းမွန်ခြင်း

ကိုဝန်ဆောင်မိခင်လောင်းတွေဟာ ဖောလိတ်အက်ဆစ်ဓါတ်ပါဝင်တဲ့ ဒီအသီးကိုစားပေးမယ်ဆိုရင် ကလေးမွှေးတဲ့ချိန်မှာ မွှေးဖို့ခက်ခဲတာကို ကူညီပေးပါတယ်။ ဗီတာမင် C လည်းပါဝင်လို့ ကလေးနဲ့ မိခင်ကိုကျန်းမာစေပါတယ်။ အမျိုးသားတွေရောအမျိုးသမီးရော ကလေးမွှေးဖွားမှုနှုန်းကို တိုးတက်စေဖို့ စားပေးသင့်ပါတယ်။

သွေးအားနည်းရောဂါဖြစ်ပွားမှုကိုကာကွယ်ပေးခြင်း

နွားနို့၊ ငါးနဲ့ အသားတွေမှာပါဝင်တဲ့ ဗီတာမင် B12, C စတဲ့ဓါတ်တွေပါဝင်လို့ သွေးအားနည်းရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါတယ်။

မှတ်ချက်- သကြားဓါတ်နဲ့ ကာဗွန်ဟိုက်ဒရိတ်ဓါတ်ပါဝင်မှုများလို့ ဆီးချိုသမားတွေ များများအစားသင့်ပါဘူး။

Credit : My Food

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top