iMyanmarHouse.com - Best Property Website for Myanmar
×

ျမန္မာ႐ုပ္ရွင္ဇာတ္ကားေတြ ေျပာင္းလဲဖို႔အတြက္ လမ္းစတစ္ခုေပၚထြက္လာၿပီလို႔ဆိုရမွာပါ။ လက္ရွိအေျခအေန မွာက လူငယ္ဒါ႐ုိက္တာေတြရဲ႕ လက္ရာ႐ုပ္ရွင္ဇာတ္ကားေတြ ေတာ္ေတာ္မ်ားမ်ားေပၚထြက္လာၾကၿပီ။ သိပ္မၾကာခင္ အခ်ိန္မွာဆိုရင္လည္း ဒါ႐ုိက္တာအာကာ ႐ုိက္ကူးထားတဲ့ ‘ဒု႒ဝတီကိုလြန္၍’ ႐ုပ္ရွင္ဇာတ္ကားႀကီး ႐ုံတင္ျပသေတာ့မယ္။ Golden Hour Entertainmentကေန ထုတ္လုပ္မယ့္ ႐ုပ္ရွင္ဇာတ္ကား မိတ္ဆက္ပြဲကို အကယ္ဒမီသက္မြန္ျမင့္ တက္ေရာက္လာခဲ့ပါတယ္။ သူမလည္း Golden Hour နဲ႔ ႐ုပ္ရွင္ဇာတ္ကားတစ္ကား႐ုိက္ကူးဖို႔ရွိတယ္လို႔ေျပာတဲ့ သက္မြန္ျမင့္က ….

“သက္မြန္ ပါဝင္႐ုိက္ကူးမယ့္ကားေလးကေတာ့ ဒါ႐ုိက္တာက ကိုစတီးလ္ပါ။ ကိုႏိုင္းႏိုင္းရယ္၊ ထြန္းကိုကိုရယ္၊ သက္မြန္ရယ္ပါဝင္မယ္။ အခ်စ္ဒရာမာဇာတ္ကားေလးပါ”လို႔ေျပာပါတယ္။ ျမန္မာ႐ုပ္ရွင္ဇာတ္ကားေတြကို လူငယ္ဒါ ႐ုိက္တာေတြနဲ႔သ႐ုပ္ေဆာင္အသစ္ေတြနဲ႔႐ုိက္ေနၾကၿပီ။ ဇာတ္လမ္းေတြကလည္း သမား႐ုိးက်ဇာတ္လမ္းေတြ ထဲကေန ကြဲထြက္လာတာ ေတြ႕ရတာမို႔ သက္မြန္ဘယ္လိုျမင္လဲလို႔ ေမးတဲ့အခါ “အမ်ားႀကီး ေျပာင္းလဲသြား မွာပါ။ ေရွ႕မွာ လည္းရွိ ၿပီးသြားၿပီ။ ပရိသတ္ ေတြကလည္း လက္ခံတယ္။ အားေပးၾကတယ္။

သူတို႔ရဲ႕Trailer ေလးေတြ ကို ၾကည့္တဲ့အခါမွာ သူ တို႔ရဲ႕ ရည္ရြယ္ခ်က္၊ သူတို႔ရဲ႕ စိတ္သေဘာထားကို တကယ္ကို ေလး စားပါတယ္။ တကယ္ ကိုလည္း ေက်းဇူးတင္ပါတယ္။ ဒီ႐ုပ္ရွင္ေလာကသားတစ္ေယာက္ အေနနဲ႔၊ ျမန္မာ ျပည္ကို ခ်စ္တဲ့သူတစ္ေယာက္အေနနဲ႔၊ ျမန္မာ့႐ုပ္ရွင္ကို ခ်စ္တဲ့ သူအေနနဲ႔သက္မြန္ သူတို႔ကို ေက်းဇူးတကယ္တင္ပါတယ္။ တကယ္ကိုႀကိဳဆိုပါတယ္”လို႔ သက္မြန္ျမင့္က ေျပာပါတယ္။ဒါဆိုရင္ သက္မြန္က အသစ္ေတြကို ႀကိဳဆိုတယ္ ေပါ့။ ကိုယ္ကိုယ္တိုင္ကလည္း အသစ္တစ္ေယာက္ က ေန စခဲ့ရတာဆိုေတာ့ သက္မြန္တို႔ေခတ္နဲ႔ အခုေခတ္ ဘာေတြ ကြာျခားသြားၿပီလဲ။ အနည္းငယ္သံုးသပ္ေပးပါဦးလို႔ ဆိုေတာ့…

“အခုအသစ္ေတြက ေတာ္ေတာ္ခ်ီးက်ဴးဖို႔ေကာင္း ပါတယ္။ သက္မြန္နဲ႔ ယွဥ္ၿပီးေျပာရရင္ သက္မြန္ေတာင္ မလုပ္ႏိုင္ပါဘူး။ သူတို႔ရဲ႕ ပထမဆံုး ဇာတ္ကားေတြ မွာ ေအာင္ျမင္ေအာင္ စြမ္းေဆာင္ႏိုင္တယ္ဆိုတာ တကယ္ခ်ီးက်ဴးဖို႔ေကာင္းပါတယ္။ ကိုယ္ေတြ ျဖတ္ ေက်ာ္လာခဲ့တဲ့ ပံုစံမ်ဳိးမဟုတ္ဘူး။ သူတို႔အတြက္ လမ္းစေတြ၊ အခြင့္အေရးေတြကအမ်ားႀကီးရွိတယ္။ အခုဆိုရင္ ဇာတ္ကားတစ္ကား႐ုိက္ကူးဖို႔ဆိုရင္ အသစ္ေတြ ေခၚၾကတယ္။ လက္တြဲေခၚၾကတယ္။ ေသေသ ခ်ာခ်ာ Plan ကိုခ်ၿပီးေတာ့ အကုန္လံုး Trainning ေတြနဲ႔ဘာနဲ႔ လံုးဝစနစ္တက်ႀကီးကို တြန္းပို႔ၾကတယ္။ အခြင့္အေရးအမ်ားႀကီး ေပၚလာတယ္။ ဒါကို ဆုပ္ကိုင္ၿပီးေတာ့ အမ်ား ႀကီး ႀကိဳးစားေစခ်င္တယ္။ ကိုယ္ေတြတုန္းက အဲဒီလိုမ်ဳိးမရွိခဲ့ဘူး။ ကိုယ့္လမ္းကိုယ္ေဖာက္ရ တယ္။ ကိုယ့္ဘာသာကိုယ္ေလ့လာရတယ္။ သူမ်ား ေျပာတာ၊ ဆိုတာေလးကို မွတ္သားၿပီးေတာ့ မရရ ေအာင္ ပညာကိုယူရတဲ့အေနအထား။ သူတို႔ေတြက် ေတာ့ အဲဒီလိုမ်ဳိးမဟုတ္ဘူးဆိုေတာ့ တကယ္ကိုႀကိဳး စားေစခ်င္တယ္။ ေတာ္လည္းေတာ္ၾကတယ္။ သက္ မြန္ကေတာ့ ႐ုပ္ရွင္ေလာကသား တစ္ေယာက္အေန နဲ႔မ်ဳိးဆက္သစ္ေတြကို ျဖစ္လည္းျဖစ္ေစခ်င္တယ္။ အဲဒါမွ မိသားစုဝင္ေတြ အမ်ားႀကီးရွိလာမယ္။ ဇာတ္ကားေတြ အမ်ားႀကီးဖန္တီးႏိုင္ၾကမယ္။ ပရိ သတ္အတြက္ ေရြးခ်ယ္စရာေတြ အမ်ားႀကီးရွိ လာမယ္။ အဲဒီလိုမ်ဳိးေတြးပါတယ္”လို႔ သက္မြန္ ျမင့္က ေျပာျပခဲ့ပါတယ္။

Credit : Mr NgaKwal
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
မြန်မာရုပ်ရှင်ဇာတ်ကားတွေ ပြောင်းလဲဖို့အတွက် လမ်းစတစ်ခုပေါ်ထွက်လာပြီလို့ဆိုရမှာပါ။ လက်ရှိအခြေအနေ မှာက လူငယ်ဒါရိုက်တာတွေရဲ့ လက်ရာရုပ်ရှင်ဇာတ်ကားတွေ တော်တော်များများပေါ်ထွက်လာကြပြီ။ သိပ်မကြာခင် အချိန်မှာဆိုရင်လည်း ဒါရိုက်တာအာကာ ရိုက်ကူးထားတဲ့ ‘ဒုဋ္ဌဝတီကိုလွန်၍’ ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ပြသတော့မယ်။ Golden Hour Entertainmentကနေ ထုတ်လုပ်မယ့် ရုပ်ရှင်ဇာတ်ကား မိတ်ဆက်ပွဲကို အကယ်ဒမီသက်မွန်မြင့် တက်ရောက်လာခဲ့ပါတယ်။ သူမလည်း Golden Hour နဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားရိုက်ကူးဖို့ရှိတယ်လို့ပြောတဲ့ သက်မွန်မြင့်က ….

“သက်မွန် ပါဝင်ရိုက်ကူးမယ့်ကားလေးကတော့ ဒါရိုက်တာက ကိုစတီးလ်ပါ။ ကိုနိုင်းနိုင်းရယ်၊ ထွန်းကိုကိုရယ်၊ သက်မွန်ရယ်ပါဝင်မယ်။ အချစ်ဒရာမာဇာတ်ကားလေးပါ”လို့ပြောပါတယ်။ မြန်မာရုပ်ရှင်ဇာတ်ကားတွေကို လူငယ်ဒါ ရိုက်တာတွေနဲ့သရုပ်ဆောင်အသစ်တွေနဲ့ရိုက်နေကြပြီ။ ဇာတ်လမ်းတွေကလည်း သမားရိုးကျဇာတ်လမ်းတွေ ထဲကနေ ကွဲထွက်လာတာ တွေ့ရတာမို့ သက်မွန်ဘယ်လိုမြင်လဲလို့ မေးတဲ့အခါ “အများကြီး ပြောင်းလဲသွား မှာပါ။ ရှေ့မှာ လည်းရှိ ပြီးသွားပြီ။ ပရိသတ် တွေကလည်း လက်ခံတယ်။ အားပေးကြတယ်။

သူတို့ရဲ့Trailer လေးတွေ ကို ကြည့်တဲ့အခါမှာ သူ တို့ရဲ့ ရည်ရွယ်ချက်၊ သူတို့ရဲ့ စိတ်သဘောထားကို တကယ်ကို လေး စားပါတယ်။ တကယ် ကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီရုပ်ရှင်လောကသားတစ်ယောက် အနေနဲ့၊ မြန်မာ ပြည်ကို ချစ်တဲ့သူတစ်ယောက်အနေနဲ့၊ မြန်မာ့ရုပ်ရှင်ကို ချစ်တဲ့ သူအနေနဲ့သက်မွန် သူတို့ကို ကျေးဇူးတကယ်တင်ပါတယ်။ တကယ်ကိုကြိုဆိုပါတယ်”လို့ သက်မွန်မြင့်က ပြောပါတယ်။ဒါဆိုရင် သက်မွန်က အသစ်တွေကို ကြိုဆိုတယ် ပေါ့။ ကိုယ်ကိုယ်တိုင်ကလည်း အသစ်တစ်ယောက် က နေ စခဲ့ရတာဆိုတော့ သက်မွန်တို့ခေတ်နဲ့ အခုခေတ် ဘာတွေ ကွာခြားသွားပြီလဲ။ အနည်းငယ်သုံးသပ်ပေးပါဦးလို့ ဆိုတော့…

“အခုအသစ်တွေက တော်တော်ချီးကျူးဖို့ကောင်း ပါတယ်။ သက်မွန်နဲ့ ယှဉ်ပြီးပြောရရင် သက်မွန်တောင် မလုပ်နိုင်ပါဘူး။ သူတို့ရဲ့ ပထမဆုံး ဇာတ်ကားတွေ မှာ အောင်မြင်အောင် စွမ်းဆောင်နိုင်တယ်ဆိုတာ တကယ်ချီးကျူးဖို့ကောင်းပါတယ်။ ကိုယ်တွေ ဖြတ် ကျော်လာခဲ့တဲ့ ပုံစံမျိုးမဟုတ်ဘူး။ သူတို့အတွက် လမ်းစတွေ၊ အခွင့်အရေးတွေကအများကြီးရှိတယ်။ အခုဆိုရင် ဇာတ်ကားတစ်ကားရိုက်ကူးဖို့ဆိုရင် အသစ်တွေ ခေါ်ကြတယ်။ လက်တွဲခေါ်ကြတယ်။ သေသေ ချာချာ Plan ကိုချပြီးတော့ အကုန်လုံး Trainning တွေနဲ့ဘာနဲ့ လုံးဝစနစ်တကျကြီးကို တွန်းပို့ကြတယ်။ အခွင့်အရေးအများကြီး ပေါ်လာတယ်။ ဒါကို ဆုပ်ကိုင်ပြီးတော့ အများ ကြီး ကြိုးစားစေချင်တယ်။ ကိုယ်တွေတုန်းက အဲဒီလိုမျိုးမရှိခဲ့ဘူး။ ကိုယ့်လမ်းကိုယ်ဖောက်ရ တယ်။ ကိုယ့်ဘာသာကိုယ်လေ့လာရတယ်။ သူများ ပြောတာ၊ ဆိုတာလေးကို မှတ်သားပြီးတော့ မရရ အောင် ပညာကိုယူရတဲ့အနေအထား။ သူတို့တွေကျ တော့ အဲဒီလိုမျိုးမဟုတ်ဘူးဆိုတော့ တကယ်ကိုကြိုး စားစေချင်တယ်။ တော်လည်းတော်ကြတယ်။ သက် မွန်ကတော့ ရုပ်ရှင်လောကသား တစ်ယောက်အနေ နဲ့မျိုးဆက်သစ်တွေကို ဖြစ်လည်းဖြစ်စေချင်တယ်။ အဲဒါမှ မိသားစုဝင်တွေ အများကြီးရှိလာမယ်။ ဇာတ်ကားတွေ အများကြီးဖန်တီးနိုင်ကြမယ်။ ပရိ သတ်အတွက် ရွေးချယ်စရာတွေ အများကြီးရှိ လာမယ်။ အဲဒီလိုမျိုးတွေးပါတယ်”လို့ သက်မွန် မြင့်က ပြောပြခဲ့ပါတယ်။

Credit : Mr NgaKwal

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top