iMyanmarHouse.com - Best Property Website for Myanmar
×

လက္ရွိတြင္ ေၾကာ္ျငာ သံုးခု ႐ိုက္ထားေသာ္လည္း လာ ေရာက္ကမ္းလွမ္းသည့္ ေၾကာ္ျငာ တိုင္း လက္မခံျဖစ္ေၾကာင္း အဆို ေတာ္၊ သ႐ုပ္ေဆာင္ ဇဏ္ခီက ေျပာသည္။

‘‘ေၾကာ္ျငာေရြးရတဲ့သေဘာ က ကုန္ပစၥည္းအကုန္လံုးက ကြၽန္ ေတာ့္မ်က္ႏွာေတြ ျဖစ္ေနမွာကို ကြၽန္ေတာ္မႀကိဳက္ဘူး။ ဒါ ေၾကာင့္ ေၾကာ္ျငာေတြကို ေသခ်ာ ေရြးတယ္။ ကြာလတီတစ္ခုရွိတဲ့ Product ကိုပဲ ကြၽန္ေတာ္ေရြးၿပီး လုပ္တယ္။ အဲဒီလိုလုပ္ျခင္းအား ျဖင့္ ကြၽန္ေတာ္ထင္တာက ဒီ ပစၥည္းအေပၚမွာ လူေတြရဲ႕ ယံု ၾကည္မႈပဲ ပိုၿပီးတက္လာမယ္လို႔ ထင္တယ္’’ ဟု ၎ကေျပာသည္။

လက္ရွိတြင္ ဇာတ္ကားတစ္ ကားႏွင့္ မႈခင္းေနာက္ခံ ႐ုပ္သံ ဇာတ္လမ္းတြဲ႐ိုက္ကူးရန္ ဇာတ္ ၫႊန္းမ်ား အျမန္ဆံုးၿပီးေအာင္တစ္ၿပိဳင္နက္ ျပင္ဆင္ေနသည္ဟု ဆိုသည္။

‘‘Crime တီဗီစီးရီးတစ္ခုကို လည္း ဇာတ္ၫႊန္းဆရာေလး ေယာက္နဲ႔ ေရးေနပါတယ္။ Crime စီးရီးက ျမန္မာျပည္မွာ နည္းေသး တယ္။ ထူးျခားမႈဘာထပ္ေတြ႕ရမ လဲဆိုေတာ့ ကြၽန္ေတာ္တုိ႔စီးရီးကို ခ်ိန္းထားတာကေတာ့ ႐ိုး႐ိုးတီဗီ စီးရီးထက္ Episode တိုင္းမွာ ႐ုပ္ရွင္ကြာလတီကို တြန္းခ်င္ တယ္။ ဇာတ္လမ္းက်စ္လ်စ္သိပ္ သည္းမႈအျပင္ Presentation ကပါ ႐ုပ္ရွင္ကြာလတီကို သြားဖို႔ ကြၽန္ေတာ္တို႔ ႀကိဳးစားမွာပါ။ ႐ုပ္ ရွင္ဇာတ္ကားကေတာ့ မိုးတြင္း စ႐ိုက္ျဖစ္မယ္။ ဘယ္ကားလဲ ေတာ့ မေျပာတတ္ဘူး။ ကြၽန္ေတာ္အခုေရးေနတာက အခ်စ္ဇာတ္ လမ္းေပါ့။ လူေရြးပြဲေတြလုပ္ၿပီး လူေတြရွာရဦးမွာပါ’’ ဟုဇဏ္ခီက ေျပာသည္။

ဂီတႏွင့္ပတ္သက္၍ ၂၀၁၂ က ‘ေပ်ာက္ဆံုးေနတဲ့ကမၻာ’ အ မည္ရ ေတးအယ္လ္ဘမ္တစ္ခု ထြက္ခဲ့ေသာ္လည္း ေနာက္ပိုင္း ဆက္မလုပ္ျဖစ္ဘဲ လက္ရွိ၌ သီခ်င္းေရးသားၿပီးစီးထားသည့္ တစ္ေခြစာ လက္ထဲတြင္ အသင့္ရွိေနၿပီး လာမည့္ပြင့္လင္းရာသီအမီ ထြက္ႏိုင္ေအာင္ ႀကိဳးစားမည္ဟု ဆို သည္။

‘‘စတူဒီယို ျပန္မေရာက္ေသး လို႔ပါ။ မိုးတြင္းက်ေတာ့ စတူဒီယို ျပန္သြားၿပီး သီခ်င္းေတြသြင္းျဖစ္ မယ္။ ကြၽန္ေတာ္ေရာ့ခ္ပဲသြား မယ္။ အရင္တုန္းကလိုေတာ့ မ ဟုတ္ေတာ့ဘူး။ ဒီကာလနဲ႔ပိုၿပီး အစပ္အဟပ္တည့္တဲ့ ပံုစံမ်ိဳးကို သြားျဖစ္မယ္။ ေရာ့ခ္ေပမယ့္ အ ရမ္းႀကီးမၾကမ္းဘူးေပါ့။ ဒႆန ေတြ၊ စိတ္ခံစားခ်က္ေတြ ေရး သားထားတာမ်ားတယ္’’ ဟု ၎ ကေျပာသည္။

ေတးေရးဆရာတစ္ဦးအေန ျဖင့္ ရပ္တည္ရန္အစီအစဥ္ မရွိ ေသာ္လည္း ႀကိဳက္ႏွစ္သက္သည့္ အဆိုေတာ္မ်ားႏွင့္ လက္တြဲ အ လုပ္လုပ္ရန္ရွိေၾကာင္း အဆို ေတာ္၊ သ႐ုပ္ေဆာင္ ဇဏ္ခီက ေျပာသည္။

Credit : 7Day
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
လက်ရှိတွင် ကြော်ငြာ သုံးခု ရိုက်ထားသော်လည်း လာ ရောက်ကမ်းလှမ်းသည့် ကြော်ငြာ တိုင်း လက်မခံဖြစ်ကြောင်း အဆို တော်၊ သရုပ်ဆောင် ဇဏ်ခီက ပြောသည်။

‘‘ကြော်ငြာရွေးရတဲ့သဘော က ကုန်ပစ္စည်းအကုန်လုံးက ကျွန် တော့်မျက်နှာတွေ ဖြစ်နေမှာကို ကျွန်တော်မကြိုက်ဘူး။ ဒါ ကြောင့် ကြော်ငြာတွေကို သေချာ ရွေးတယ်။ ကွာလတီတစ်ခုရှိတဲ့ Product ကိုပဲ ကျွန်တော်ရွေးပြီး လုပ်တယ်။ အဲဒီလိုလုပ်ခြင်းအား ဖြင့် ကျွန်တော်ထင်တာက ဒီ ပစ္စည်းအပေါ်မှာ လူတွေရဲ့ ယုံ ကြည်မှုပဲ ပိုပြီးတက်လာမယ်လို့ ထင်တယ်’’ ဟု ၎င်းကပြောသည်။

လက်ရှိတွင် ဇာတ်ကားတစ် ကားနှင့် မှုခင်းနောက်ခံ ရုပ်သံ ဇာတ်လမ်းတွဲရိုက်ကူးရန် ဇာတ် ညွှန်းများ အမြန်ဆုံးပြီးအောင်တစ်ပြိုင်နက် ပြင်ဆင်နေသည်ဟု ဆိုသည်။

‘‘Crime တီဗီစီးရီးတစ်ခုကို လည်း ဇာတ်ညွှန်းဆရာလေး ယောက်နဲ့ ရေးနေပါတယ်။ Crime စီးရီးက မြန်မာပြည်မှာ နည်းသေး တယ်။ ထူးခြားမှုဘာထပ်တွေ့ရမ လဲဆိုတော့ ကျွန်တော်တို့စီးရီးကို ချိန်းထားတာကတော့ ရိုးရိုးတီဗီ စီးရီးထက် Episode တိုင်းမှာ ရုပ်ရှင်ကွာလတီကို တွန်းချင် တယ်။ ဇာတ်လမ်းကျစ်လျစ်သိပ် သည်းမှုအပြင် Presentation ကပါ ရုပ်ရှင်ကွာလတီကို သွားဖို့ ကျွန်တော်တို့ ကြိုးစားမှာပါ။ ရုပ် ရှင်ဇာတ်ကားကတော့ မိုးတွင်း စရိုက်ဖြစ်မယ်။ ဘယ်ကားလဲ တော့ မပြောတတ်ဘူး။ ကျွန်တော်အခုရေးနေတာက အချစ်ဇာတ် လမ်းပေါ့။ လူရွေးပွဲတွေလုပ်ပြီး လူတွေရှာရဦးမှာပါ’’ ဟုဇဏ်ခီက ပြောသည်။

ဂီတနှင့်ပတ်သက်၍ ၂၀၁၂ က ‘ပျောက်ဆုံးနေတဲ့ကမ္ဘာ’ အ မည်ရ တေးအယ်လ်ဘမ်တစ်ခု ထွက်ခဲ့သော်လည်း နောက်ပိုင်း ဆက်မလုပ်ဖြစ်ဘဲ လက်ရှိ၌ သီချင်းရေးသားပြီးစီးထားသည့် တစ်ခွေစာ လက်ထဲတွင် အသင့်ရှိနေပြီး လာမည့်ပွင့်လင်းရာသီအမီ ထွက်နိုင်အောင် ကြိုးစားမည်ဟု ဆို သည်။

‘‘စတူဒီယို ပြန်မရောက်သေး လို့ပါ။ မိုးတွင်းကျတော့ စတူဒီယို ပြန်သွားပြီး သီချင်းတွေသွင်းဖြစ် မယ်။ ကျွန်တော်ရော့ခ်ပဲသွား မယ်။ အရင်တုန်းကလိုတော့ မ ဟုတ်တော့ဘူး။ ဒီကာလနဲ့ပိုပြီး အစပ်အဟပ်တည့်တဲ့ ပုံစံမျိုးကို သွားဖြစ်မယ်။ ရော့ခ်ပေမယ့် အ ရမ်းကြီးမကြမ်းဘူးပေါ့။ ဒဿန တွေ၊ စိတ်ခံစားချက်တွေ ရေး သားထားတာများတယ်’’ ဟု ၎င်း ကပြောသည်။

တေးရေးဆရာတစ်ဦးအနေ ဖြင့် ရပ်တည်ရန်အစီအစဉ် မရှိ သော်လည်း ကြိုက်နှစ်သက်သည့် အဆိုတော်များနှင့် လက်တွဲ အ လုပ်လုပ်ရန်ရှိကြောင်း အဆို တော်၊ သရုပ်ဆောင် ဇဏ်ခီက ပြောသည်။

Credit : 7Day

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top