iMyanmarHouse.com - Best Property Website for Myanmar
×







သခွားသီးအရည် သံပုရာရည်တစ်ဇွန်းနှင့် ရေအေးရောစပ်ကာ မျက်နှာနှင့် ခန္ဓာကိုယ်အနှံ့လိမ်းပေးပါက ဆီးနှင့်အသားပူခြင်းရောဂါများပျောက်ကင်းနိုင်  အသားအရေပူသူများ၊ ဆီးရောဂါနှင့်အမျိုးသမီးများဓမ္မတာသွေးပုပ်ကျန်သည့် အမျိုးသမီးရောဂါများကို ခံစားနေရပါကမိမိအိမ်တွင်းမှာ ကုသပျောက်ကင်းစေနိုင်သည့်သဘာဝသစ်သီးများနှင့် ဆေးကုသနည်းတစ်ရပ်ကိုရေးသားဖော်ပြလိုက်ရပါသည်။

သခွားသီးတစ်လုံးကိုအစေ့ထုတ်၍ အရည်ရသလောက်ညှစ်ယူထားပြီး သံပုရာရည်တစ်ဇွန်းနှင့်ရေအေးအေးတွင်ရောစပ်ကာ သမအောင်မွှေပြီးလျှင်မျက်နှာနှင့်ခြေ၊ လက်၊ ခန္ဓာကိုယ်မကျန်လိမ်းကျံပေးခြင်းအားဖြင့် အသားအရေချောမွတ်စိုပြည်လာပြီးပူနေသည့် အသားကိုအေးမြလာစေမည်ဖြစ်သည်။ နေ့စဉ်ညအိပ်ရာဝင်တိုင်းအမြဲပြုလုပ်ပေးပါက မျက်စိကြည်လင်ခြင်းအပြင် ဆီးရောဂါနှင့် ဓမ္မတာသွေးပုပ်ကျန်အမျိုးသမီးများအတွက် ရောဂါများကိုပျောက်ကင်းစေနိုင်သည်ဟု ဆေးသုတေသနမှတ်တမ်းများအရသိရသည်။

အခုနောက်ပိုင်းရောဂါတစ်ခုခုဖြစ်ရင်ပဲဖြစ်ဖြစ်၊ ဝေဒနာတစ်ခုခုဖြစ်ရင်ပဲဖြစ်ဖြစ် ဆေးခန်းကိုသွားပြီးမချင်ကြဘူး။ အိမ်ထဲမှာပဲ ဆေးမြီးတိုတွေနဲ့ကျိတ်ကုကြတယ်။ ဒါကကောင်းတော့ မကောင်းဘူး၊ အနာနဲ့ဆေးမတည့်ရင်ရောဂါတွေပိုဆိုးလာမယ်။ ဒါပေမဲ့ သဘာဝသစ်သီးတွေနဲ့ကုသရင်တော့ ဘေးထွက်ဆေးကျိုးမရှိနိုင်ပါဘူးဟု တိုင်းရင်းဆေးသမားတော်ကြီး ဒေါ်သီသီထွန်းကပြောသည်။

အရေပြားဆိုင်ရာ ချောမွတ်လာစေရန်နှင့်ဝင်းဝါသော အသားအရောင်၊ အေးမြသောကိုယ်ရေ ကိုယ်သားတို့ကိုရရှိစေရန်အတွက် မက်မွန်သီးတစ်လုံး၊ နှစ်လုံးကိုရေနွေးဖြောပြီးအစေ့ထုတ်ကြိတ်၍ အရည်ညှစ်ယူထားကာ သံပုရာရည်၊ ခရမ်းချဉ်သီးရည်နှင့် လက်ဖက်စိုရည်တစ်ဇွန်းစီရောမွှေရမည်ဖြစ်သည်။ ယင်းနောက် မိမိခန္ဓာကိုယ်ကိုသုတ်လိမ်းပေးမည်ဆိုပါက အဆီပြန်ခြင်းကင်းဝေးသွားပြီးအေးမြသည့် အသားအရေကိုပိုင်ဆိုင်ရရှိလာမည်ဖြစ်သည်။

ထို့အပြင် ပါးရေတွန့်ခြင်းနှင့် အရေပြားဆိုင်ရာ ပြယုဂ်တစ်ခုဖြစ်သောနဖူးရေတွန့်ခြင်းတို့မှာလည်း လိမ်ညာ၍မရသည့် အရေပြားလျော့ရဲသည့် လက္ခဏာတစ်ရပ်ဖြစ်ပြီး ထိုအရေးအကြောင်းများနှင့် အသားရေတွန့်ခြင်းတို့ကို ပြေပျောက်စေမည့် နည်းလမ်းမှာ ဂေါ်ဖီထုပ်အလွယ်ရွက်ဖြစ်သော အရည်ရွမ်းမည့် အရွက်သုံးရွက်ခန့်ကို သန့်စင်အောင်ဆေးကြော၍ပျားရည်လက်ဖက်ရည်တစ်ဇွန်းနှင့် ရေထည့်ကာသမအောင်မွှေ၍ အရည်ရအောင်ညှစ်ယူလိုက်ပြီး ရရှိသောအရည်ကိုမျက်နှာ၊ လက်မောင်း၊ လည်ပင်းနှင့် ခြေလက်တို့ကို လိမ်းကျံပေးခြင်းဖြင့် အရေပြားတွန့်ခြင်းကို သက်သာစေနိုင်မည်ဖြစ်သည်။

Credit : Original Writer

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top