iMyanmarHouse.com - Best Property Website for Myanmar
×

ခံတြင္းသန္႔ရွင္းမႈမရွိျခင္းဟာ ဆီးခ်ဳိေသြးခ်ဳိ၊ ႏွလုံးေရာဂါ၊ကုိယ္၀န္သည္ ေနာက္ဆက္တြဲျပႆနာမ်ား၊သြားပိုးစားျခင္း၊ သြားဖုံးဆုိင္ရာေရာဂါမ်ားအစရွိသည္တုိ႔နွင့္ ဆက္စပ္ေနတဲ့အတြက္ သင့္သြားမ်ားကုိ အစဥ္အၿမဲ ဂ႐ုတစုိက္ထိန္းသိမ္းသင့္ပါတယ္။ ခံတြင္းသန္႔ရွင္းမႈရွိတဲ့သူေတြဟာ မိမိကုိယ္ကုိယုံၾကည္မႈပုိရွိၿပီး ခ်ဳိျမေသာအၿပဳံး၊ ျဖဴေဖြးေသာသြားမ်ားႏွင့္ သန္႔ရွင္းလတ္ဆတ္ေသာ ခံတြင္းရနံ ့ႏွင့္အျခားသူမ်ားကုိ ထက္ျမက္တဲ့အသြင္ကို ျပသႏုိင္ၾကပါတယ္။ ဒါေပမယ့္ တစ္ေန႔ႏွစ္ႀကိမ္သြားတုိက္႐ုံ တစ္ေန႔တစ္ႀကိမ္ သြားသန္႔ရွင္းေရးျပဳလုပ္႐ုံႏွင့္ သင့္သြားမ်ားကုိက်န္းမာႀကံ႕ခုိင္ေစဖို႔ လံုေလာက္ျပီဟု သင္ထင္ေနပါသလား။
ဤေဆာင္းပါးတြင္ က်န္းမာႀကံ႕ခုိင္ေသာသြားမ်ားကုိ ပိုင္ဆုိင္ႏုိင္ရန္ အတြက္လြယ္ကူ႐ုိးရွင္းတဲ့နည္းလမ္း (၅) သြယ္ကုိေဖာ္ျပလုိက္ပါတယ္။

၁။ သြားပြတ္တံကုိ သန္႔ရွင္းစင္ၾကယ္စြာထားပါ။

သြားပြတ္တံကုိ သန္႔ရွင္းစင္ၾကယ္ေအာင္ထားဖုိ႔အတြက္ မိမိႏွင့္လုိက္ဖက္ညီၿပီး သက္ေတာင့္သက္သာရွိမယ့္ သြားပြတ္တံကုိေရြးခ်ယ္တတ္ဖုိ႔ အေရးႀကီးပါတယ္။ သြားပြတ္တံဟာ ဘက္တီးရီးယားပုိးမႊားမ်ားေနဖုိ႔နွင့္ ေပါက္ပြားဖုိ႔ သင့္ေတာ္တဲ့ေနရာျဖစ္တဲ့အတြက္ လ်စ္လ်ဴ႐ႈလုိ႔မရပါ။ သြားတုိက္ၿပီးတဲ့အခ်ိန္တုိင္း သြားပြတ္တံကုိေရႏွင့္ ေသခ်ာစြာေဆးၿပီးေလသလပ္ခံထားပါ။ သြားပြတ္တံေမြးမ်ားကုိ အေပၚေထာင္ၿပီး တည့္တည့္ထားျခင္းျဖင့္ သင့္သြားပြတ္တံကုိတစ္ေန႔တာလုံးေျခာက္ေသြ႕ေစတဲ့အတြက္ အႏၲရာယ္ေပးႏုိင္တဲ့ ပုိးမႊားမ်ားကပ္ညွိမွာ မစိုးရိမ္ရေတာ့ပါ။
အေမရိကန္ သြားဘက္ဆုိင္ရာအဖြဲ႔အစည္းရဲ႕ သုံးသပ္ခ်က္အရအရြယ္ေရာက္ၿပီးသူတုိင္းဟာသြားပြတ္တံကုိသံုးလ (သုိ႔) ေလးလတစ္ႀကိမ္ အၿမဲလဲေပးသင့္ပါတယ္။ ကေလးငယ္မ်ားအတြက္ မိဘမ်ားကမၾကာခဏလဲေပးသင့္ပါတယ္။ သုိ႔ေသာ္လည္းသံုးလမတုိင္ခင္ သင့္သြားပြတ္တံေမြးမ်ားဖြာေနၿပီဆုိရင္ အက်ဳိးမရွိေတာ့တဲ့အတြက္ ခ်က္ခ်င္းသြားပြတ္တံအသစ္လဲသင့္ပါတယ္။

၂။ ဖလုိရိုက္ဒ္ ပါေသာသြားတုိက္ေဆးကုိအသုံးျပဳပါ။

ဖလုိရိုက္ဒ္ဟာ ကေလးမ်ားအတြက္ေရာ လူႀကီးမ်ားအတြက္ပါေကာင္းမြန္ လုိအပ္ပါတယ္။ ဖလိုရိုက္ဒ္ဟာ သင့္ေၾကြလႊာမ်ားကုိ ပုိမိုႀကံ႕ခုိင္ေစတဲ့အျပင္ သြားကြဲအက္ျခင္းကုိလည္း ေလွ်ာ႔ခ်ေပးႏုိင္တဲ့ သဘာ၀ပစၥည္း ျဖစ္ပါတယ္။ ဖလိုရို္က္ဒ္သည္ သင့္သြားတုိက္ေဆး၊ အခ်ဳိ႕ေသာပလုတ္က်င္းေဆးမ်ား၊ ဘံုဘုိင္ေရႏွင့္ သြားဆရာ၀န္ရဲ႕ ကုသမႈမ်ားမွာ ပါ၀င္ပါတယ္။

၃ ။သြားတုိက္တဲ့အခါ လွ်ာႏွင့္ပါးေစာင္မ်ားကုိပါ တုိက္ေပးပါ။

သြားႏွင့္သြားဖုံးအျပင္ သင့္လွ်ာႏွင့္ပါးေစာင္ဟာလည္း အစာႏွင့္ထိေတြ႕တဲ့ေနရာမ်ားျဖစ္တဲ့အတြက္ သၾကားဓာတ္ႏွင့္ အက္ဆစ္ဓာတ္မ်ားဟာမ်က္ႏွာျပင္ေပၚမွာ ကပ္ညိွေနႏုိင္ပါတယ္။ သြားတုိက္ၿပီးတုိင္း သင့္လွ်ာႏွင့္ပါးေစာင္ကုိပါတုိက္ေပးျခင္းဟာ ခံတြင္းအတြင္းရွိ ဘက္တီးရီးယားမ်ားကုိ တုိက္ခိုက္ေခ်မႈန္းႏုိင္ၿပီး သြားမ်ားကုိက်န္းမာႀကံ႕ခုိင္ေစတဲ့အျပင္ ခံတြင္းရနံ႔ဆုိးျခင္းကုိလည္း ကာကြယ္ေပးႏုိင္ပါတယ္။ ဒါေၾကာင့္ သြားတုိက္ၿပီးတုိင္း သင့္လွ်ာႏွင့္ပါးေစာင္မ်ားကုိပါ သန္႔ရွင္းေရးလုပ္တတ္တဲ့ အေလ့အက်င့္ကုိေမြးျမဴထားပါ။

၄။ သၾကားပမာဏ မ်ားေသာေသာက္ဖြယ္ရာမ်ားကို ေရွာင္ၾကဥ္ပါ။

အစားအစာလုိပဲ ေသာက္ဖြယ္ရာမ်ားဟာ သင့္ခံတြင္းက်န္းမာေရးေပၚမွာ သက္ေရာက္မႈရွိပါတယ္။ ေသာက္ဖြယ္ရာမ်ားျဖစ္တဲ့ အခ်ဳိရည္ဘူးမ်ား၊အားျဖည့္အခ်ိဳရည္မ်ားႏွင့္ ခ်ဳိလြန္းတဲ့အသီးေဖ်ာ္ရည္မ်ားမွာသဘာဝအတိုင္းမဟုတ္ပဲ ျပဳျပင္ထားေသာသၾကားဓာတ္မ်ား အေျမာက္အျမားပါ၀င္ပါတယ္။ ေဖာ္ျပပါအခ်ဳိရည္ေတြဟာ က်န္းမာေရးအတြက္ မသင့္ေတာ္ပါ။ ေသာက္ၿပီးတုိင္း သြားတုိက္ဖုိ႔ (သုိ႔) ပလုတ္က်င္းဖို႔ ေမ့ေနရင္ ၾကာလာတာႏွင့္ မွ် သြားပုိးစားျခင္း၊ သြားကုိက္ျခင္းႏွင့္ သြားက်ဳိးျခင္းစတဲ့ ေရာဂါေတြကုိခံစားရမွာ ျဖစ္ပါတယ္။ က်န္းမာေရးႏွင့္ မသင့္ေတာ္တဲ့ အခ်ဳိရည္ေတြ ေသာက္မယ့္အစားေရ၊ ႏြားႏုိ႔ႏွင့္လတ္ဆတ္တဲ့ သစ္သီးေဖ်ာ္ရည္ကုိေသာက္သုံးျခင္းျဖင့္ က်န္းမာေရးအတြက္ ပုိမိုေကာင္းမြန္ၿပီးလွပေသာအၿပဳံးႏွင့္ ေတာက္ပေသာအသားအေရကုိ ပုိင္ဆုိင္ႏုိင္မွာ ျဖစ္ပါတယ္။

၅ ။သြားဆရာ၀န္ႏွင့္ မွန္မွန္ျပသပါ။

သင့္ခံတြင္းက်န္းမာေရးအတြက္ သင့္သြားဆရာ၀န္က အၿမဲရွိေနပါတယ္။ သြားပုိးစားမွ သြားေရာက္ကုသျခင္းမျပဳဘဲ ပုံမွန္သြားက်န္းမာေရးစစ္ေဆးျခင္းႏွင့္ သြားသန္႔ရွင္းေရးအတြက္ သင့္သြားဆရာ၀န္ထံ သြားေရာက္သင့္ပါတယ္။ ႀကဳိတင္ကာကြယ္ျခင္းသည္ ကုသျခင္းထက္ ပုိမုိေကာင္းမြန္ပါတယ္။ သင့္ေတာ္မွန္ကန္တဲ့ သြားက်န္းမာေရးႏွင့္ သန္႔ရွင္းေရးအတြက္ သင့္သြားဆရာ၀န္ကုိ ေမးျမန္တုိင္ပင္ပါ။ သင့္သြားအေျခအေနႏွင့္ လုိအပ္ခ်က္မ်ားေပၚမူတည္ၿပီး ေန႔စဥ္ျပဳလုပ္ရမယ့္ သြားတုိက္ျခင္းႏွင့္ သြားသန္႔ရွင္းေရးလုပ္ငန္းစဥ္ကုိ သင့္သြားဆရာ၀န္က ျပသေပးမွာျဖစ္ပါတယ္။

သင့္ခံတြင္းဟာ သူ႔ဘာသာသူ မသန္႔ရွင္းႏုိုင္ပါ။ ဒါေၾကာင့္ သင့္ကုိယ္တုိင္ သင့္ခံတြင္းကုိ ဂ႐ုစုိက္ေပးဖို႔လိုအပ္ပါတယ္။ ခံတြင္းက်န္းမာသန္႔ရွင္းျခင္းျဖင့္ အမ်ားစုေသာသြားပုိးစားျခင္းႏွင့္ သြားဖုံးဆုိင္ရာေရာဂါမ်ားကုိ ကာကြယ္ေပးႏုိင္ပါတယ္။ ေဖာ္ျပပါနည္းလမ္း (၅) သြယ္ကုိလုိက္နာၿပီး ရရွိလာမယ့္အက်ဳိးအျမတ္မ်ားကုိ ေစာင့္ေမွ်ာ္လုိက္ပါ။

Credit : Hellosayarwon
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ခံတွင်းသန့်ရှင်းမှုမရှိခြင်းဟာ ဆီးချိုသွေးချို၊ နှလုံးရောဂါ၊ကိုယ်ဝန်သည် နောက်ဆက်တွဲပြဿနာများ၊သွားပိုးစားခြင်း၊ သွားဖုံးဆိုင်ရာရောဂါများအစရှိသည်တို့နှင့် ဆက်စပ်နေတဲ့အတွက် သင့်သွားများကို အစဉ်အမြဲ ဂရုတစိုက်ထိန်းသိမ်းသင့်ပါတယ်။ ခံတွင်းသန့်ရှင်းမှုရှိတဲ့သူတွေဟာ မိမိကိုယ်ကိုယုံကြည်မှုပိုရှိပြီး ချိုမြသောအပြုံး၊ ဖြူဖွေးသောသွားများနှင့် သန့်ရှင်းလတ်ဆတ်သော ခံတွင်းရနံ့နှင့်အခြားသူများကို ထက်မြက်တဲ့အသွင်ကို ပြသနိုင်ကြပါတယ်။ ဒါပေမယ့် တစ်နေ့နှစ်ကြိမ်သွားတိုက်ရုံ တစ်နေ့တစ်ကြိမ် သွားသန့်ရှင်းရေးပြုလုပ်ရုံနှင့် သင့်သွားများကိုကျန်းမာကြံ့ခိုင်စေဖို့ လုံလောက်ပြီဟု သင်ထင်နေပါသလား။
ဤဆောင်းပါးတွင် ကျန်းမာကြံ့ခိုင်သောသွားများကို ပိုင်ဆိုင်နိုင်ရန် အတွက်လွယ်ကူရိုးရှင်းတဲ့နည်းလမ်း (၅) သွယ်ကိုဖော်ပြလိုက်ပါတယ်။

၁။ သွားပွတ်တံကို သန့်ရှင်းစင်ကြယ်စွာထားပါ။

သွားပွတ်တံကို သန့်ရှင်းစင်ကြယ်အောင်ထားဖို့အတွက် မိမိနှင့်လိုက်ဖက်ညီပြီး သက်တောင့်သက်သာရှိမယ့် သွားပွတ်တံကိုရွေးချယ်တတ်ဖို့ အရေးကြီးပါတယ်။ သွားပွတ်တံဟာ ဘက်တီးရီးယားပိုးမွှားများနေဖို့နှင့် ပေါက်ပွားဖို့ သင့်တော်တဲ့နေရာဖြစ်တဲ့အတွက် လျစ်လျူရှုလို့မရပါ။ သွားတိုက်ပြီးတဲ့အချိန်တိုင်း သွားပွတ်တံကိုရေနှင့် သေချာစွာဆေးပြီးလေသလပ်ခံထားပါ။ သွားပွတ်တံမွေးများကို အပေါ်ထောင်ပြီး တည့်တည့်ထားခြင်းဖြင့် သင့်သွားပွတ်တံကိုတစ်နေ့တာလုံးခြောက်သွေ့စေတဲ့အတွက် အန္တရာယ်ပေးနိုင်တဲ့ ပိုးမွှားများကပ်ညှိမှာ မစိုးရိမ်ရတော့ပါ။
အမေရိကန် သွားဘက်ဆိုင်ရာအဖွဲ့အစည်းရဲ့ သုံးသပ်ချက်အရအရွယ်ရောက်ပြီးသူတိုင်းဟာသွားပွတ်တံကိုသုံးလ (သို့) လေးလတစ်ကြိမ် အမြဲလဲပေးသင့်ပါတယ်။ ကလေးငယ်များအတွက် မိဘများကမကြာခဏလဲပေးသင့်ပါတယ်။ သို့သော်လည်းသုံးလမတိုင်ခင် သင့်သွားပွတ်တံမွေးများဖွာနေပြီဆိုရင် အကျိုးမရှိတော့တဲ့အတွက် ချက်ချင်းသွားပွတ်တံအသစ်လဲသင့်ပါတယ်။

၂။ ဖလိုရိုက်ဒ် ပါသောသွားတိုက်ဆေးကိုအသုံးပြုပါ။

ဖလိုရိုက်ဒ်ဟာ ကလေးများအတွက်ရော လူကြီးများအတွက်ပါကောင်းမွန် လိုအပ်ပါတယ်။ ဖလိုရိုက်ဒ်ဟာ သင့်ကြွေလွှာများကို ပိုမိုကြံ့ခိုင်စေတဲ့အပြင် သွားကွဲအက်ခြင်းကိုလည်း လျှော့ချပေးနိုင်တဲ့ သဘာဝပစ္စည်း ဖြစ်ပါတယ်။ ဖလိုရိုက်ဒ်သည် သင့်သွားတိုက်ဆေး၊ အချို့သောပလုတ်ကျင်းဆေးများ၊ ဘုံဘိုင်ရေနှင့် သွားဆရာဝန်ရဲ့ ကုသမှုများမှာ ပါဝင်ပါတယ်။

၃ ။သွားတိုက်တဲ့အခါ လျှာနှင့်ပါးစောင်များကိုပါ တိုက်ပေးပါ။

သွားနှင့်သွားဖုံးအပြင် သင့်လျှာနှင့်ပါးစောင်ဟာလည်း အစာနှင့်ထိတွေ့တဲ့နေရာများဖြစ်တဲ့အတွက် သကြားဓာတ်နှင့် အက်ဆစ်ဓာတ်များဟာမျက်နှာပြင်ပေါ်မှာ ကပ်ညှိနေနိုင်ပါတယ်။ သွားတိုက်ပြီးတိုင်း သင့်လျှာနှင့်ပါးစောင်ကိုပါတိုက်ပေးခြင်းဟာ ခံတွင်းအတွင်းရှိ ဘက်တီးရီးယားများကို တိုက်ခိုက်ချေမှုန်းနိုင်ပြီး သွားများကိုကျန်းမာကြံ့ခိုင်စေတဲ့အပြင် ခံတွင်းရနံ့ဆိုးခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် သွားတိုက်ပြီးတိုင်း သင့်လျှာနှင့်ပါးစောင်များကိုပါ သန့်ရှင်းရေးလုပ်တတ်တဲ့ အလေ့အကျင့်ကိုမွေးမြူထားပါ။

၄။ သကြားပမာဏ များသောသောက်ဖွယ်ရာများကို ရှောင်ကြဉ်ပါ။

အစားအစာလိုပဲ သောက်ဖွယ်ရာများဟာ သင့်ခံတွင်းကျန်းမာရေးပေါ်မှာ သက်ရောက်မှုရှိပါတယ်။ သောက်ဖွယ်ရာများဖြစ်တဲ့ အချိုရည်ဘူးများ၊အားဖြည့်အချိုရည်များနှင့် ချိုလွန်းတဲ့အသီးဖျော်ရည်များမှာသဘာဝအတိုင်းမဟုတ်ပဲ ပြုပြင်ထားသောသကြားဓာတ်များ အမြောက်အမြားပါဝင်ပါတယ်။ ဖော်ပြပါအချိုရည်တွေဟာ ကျန်းမာရေးအတွက် မသင့်တော်ပါ။ သောက်ပြီးတိုင်း သွားတိုက်ဖို့ (သို့) ပလုတ်ကျင်းဖို့ မေ့နေရင် ကြာလာတာနှင့် မျှ သွားပိုးစားခြင်း၊ သွားကိုက်ခြင်းနှင့် သွားကျိုးခြင်းစတဲ့ ရောဂါတွေကိုခံစားရမှာ ဖြစ်ပါတယ်။ ကျန်းမာရေးနှင့် မသင့်တော်တဲ့ အချိုရည်တွေ သောက်မယ့်အစားရေ၊ နွားနို့နှင့်လတ်ဆတ်တဲ့ သစ်သီးဖျော်ရည်ကိုသောက်သုံးခြင်းဖြင့် ကျန်းမာရေးအတွက် ပိုမိုကောင်းမွန်ပြီးလှပသောအပြုံးနှင့် တောက်ပသောအသားအရေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

၅ ။သွားဆရာဝန်နှင့် မှန်မှန်ပြသပါ။

သင့်ခံတွင်းကျန်းမာရေးအတွက် သင့်သွားဆရာဝန်က အမြဲရှိနေပါတယ်။ သွားပိုးစားမှ သွားရောက်ကုသခြင်းမပြုဘဲ ပုံမှန်သွားကျန်းမာရေးစစ်ဆေးခြင်းနှင့် သွားသန့်ရှင်းရေးအတွက် သင့်သွားဆရာဝန်ထံ သွားရောက်သင့်ပါတယ်။ ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုကောင်းမွန်ပါတယ်။ သင့်တော်မှန်ကန်တဲ့ သွားကျန်းမာရေးနှင့် သန့်ရှင်းရေးအတွက် သင့်သွားဆရာဝန်ကို မေးမြန်တိုင်ပင်ပါ။ သင့်သွားအခြေအနေနှင့် လိုအပ်ချက်များပေါ်မူတည်ပြီး နေ့စဉ်ပြုလုပ်ရမယ့် သွားတိုက်ခြင်းနှင့် သွားသန့်ရှင်းရေးလုပ်ငန်းစဉ်ကို သင့်သွားဆရာဝန်က ပြသပေးမှာဖြစ်ပါတယ်။

သင့်ခံတွင်းဟာ သူ့ဘာသာသူ မသန့်ရှင်းနိုင်ပါ။ ဒါကြောင့် သင့်ကိုယ်တိုင် သင့်ခံတွင်းကို ဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။ ခံတွင်းကျန်းမာသန့်ရှင်းခြင်းဖြင့် အများစုသောသွားပိုးစားခြင်းနှင့် သွားဖုံးဆိုင်ရာရောဂါများကို ကာကွယ်ပေးနိုင်ပါတယ်။ ဖော်ပြပါနည်းလမ်း (၅) သွယ်ကိုလိုက်နာပြီး ရရှိလာမယ့်အကျိုးအမြတ်များကို စောင့်မျှော်လိုက်ပါ။

Credit : Hellosayarwon

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top