iMyanmarHouse.com - Best Property Website for Myanmar
×

ေရွာက္သီးအႀကီးစားလို႔ ဆိုရေလာက္ေအာင္ ေရွာက္သီးပံုစံနဲ႔ ခ်ဥ္တဲ့အရသာ ရွိတဲ့ ကၽြဲေကာသီးကေတာ့ ေတာ္ေတာ္မ်ားမ်ား ႀကိဳက္တဲ့အသီးပါ။ အခ်ိဳအရသာပါတဲ့ ကၽြဲေကာသီးလည္း ရွိပါတယ္။ ကၽြဲေကာသီးဟာ ရာသီစာျဖစ္ၿပီး က်န္းမာေရးအတြက္ ေကာင္းမြန္တဲ့ အသီးတစ္မ်ိဳးပါ။ ကၽြဲေကာသီးရဲ႕ သိပၸံအမည္ကေတာ့ Citrus maxima ပဲ ျဖစ္ပါတယ္။

ႏွလံုးက်န္းမာေရး ေကာင္းမြန္ခ်င္တယ္ဆိုရင္ေတာ့ ကၽြဲေကာသီး စားေပးဖို႔ လိုပါတယ္။ ကၽြဲေကာသီးမွာ မဂၢနီဆီယမ္ ဓါတ္ေတြ ပါဝင္တာေၾကာင့္ ႏွလံုး အလုပ္ေကာင္းေကာင္း လုပ္ႏိုင္ဖုိ႔အတြက္ အေထာက္အကူျပဳပါတယ္။ ပိုတက္စီယမ္ မ်ားမ်ား ပါဝင္ျခင္းဟာ ခႏၶာကိုယ္ထဲမွာရွိတဲ့ မေကာင္းတဲ့ ကိုလက္စထေရာေတြကို ေလွ်ာ့ခ်ေပးပါတယ္။ ေသြးထဲမွာ ရွိတဲ့ အဆိပ္အေတာက္ေတြကိုလည္း ဖယ္ရွားေပးႏိုင္တာေၾကာင့္ ႏွလံုးအားေကာင္းေစပါတယ္။

အနာေတြရွိၿပီး အနာေတာ္ေတာ္နဲ႔ မက်က္ဘဲ ရင္းေနတယ္ဆိုရင္ ပိုးမႊားေတြ ရွိေနတာေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ ကၽြဲေကာသီးဟာ ဒီလိုမ်ိဳး ပိုးမႊားေတြ မဝင္ေရာက္ႏိုင္ေအာင္ ကာကြယ္ေပးတဲ့အအျပင္ အေအးမိ ဖ်ားနာျဖစ္ေစတဲ့ ဘက္တီးရီးယားေတြကို ကာကြယ္ေပးႏိုင္ပါေသးတယ္။

ဗီတာမင္ ေအ ပါဝင္မႈကေတာ့ အသားအေရအတြက္ အထူးေကာင္းမြန္ေစပါတယ္။ ကၽြဲေကာသီးမွာ ဗီတာမင္ ေအ မ်ားမ်ား ပါဝင္တာေၾကာင့္ အေရျပားအတြက္ ေသြးလည္ပတ္မႈ ရရွိေစၿပီး မ်က္ကြင္းညိဳတာေတြ ေလွ်ာ့ခ်ေပးပါတယ္။ ဒါ့အျပင္ အေရးအေၾကာင္းနဲ႔ အရြယ္မတိုင္ခင္ အုိမင္းတာေတြကို ေလွ်ာ့ခ်ေပးႏိုင္တဲ့ collagen လည္း ပါဝင္ေသးတာမို႔ ႏုပ်ိဳေစမွာပါ။ ကၽြဲေကာသီး စားသံုးျခင္းဟာ အစက္အေပ်ာက္ေတြကို ေလွ်ာ့ခ်ေပးႏိုင္သလို ဝက္ျခံေတြ မျဖစ္ေအာင္လည္း ထိန္းသိမ္းေပးပါတယ္။

ကၽြဲေကာသီးဟာ ဆီးလမ္းေၾကာင္း ပိုးဝင္ျခင္းကိုလည္း ေပ်ာက္ကင္းေအာင္ စြမ္းေဆာင္ေပးႏိုင္ပါတယ္။ ဆီးလမ္းေၾကာင္း တစ္ေလွ်ာက္ ပိုးဝင္ျခင္းေၾကာင့္ နာက်င္တာေတြကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။ ကၽြဲေကာသီးမွာ ပါဝင္တဲ့ ဗီတာမင္စီဟာ ဆီးလမ္းေၾကာင္း က်န္းမာေရးအတြက္ လိုအပ္တဲ့ ဗီတာမင္ တစ္မ်ိဳးပါပဲ။

ကၽြဲေကာသီးမွာ ဓါတ္တိုးဆန္႔က်င္မႈေတြ ပါဝင္တာဟာ ရင္သားကင္ဆာနဲ႔ အူကင္ဆာေတြ ျဖစ္ျခင္းကို တားဆီးေပးႏိုင္ပါတယ္။ Estrogen ပါဝင္တာေၾကာင့္ ကင္ဆာဆဲလ္ေတြ ျပန္႔ပြားတာကိုလည္း ထိန္းခ်ဳပ္ထားေပးၿပီး အမွ်င္ဓါတ္ကေတာ့ အူမႀကီး ကင္ဆာ မျဖစ္ဖုိ႔ စြမ္းေဆာင္ေပးႏိုင္ပါတယ္။

ကၽြဲေကာသီးမွာ အခ်ဥ္ဓါတ္နဲ႔ အမွ်င္ဓါတ္ မ်ားမ်ားပါဝင္တာဟာ အျငင္းပြားစရာ လုိမယ္ေတာင္ မထင္ပါဘူး။ တစ္ေန႔ကို အမွ်င္ဓါတ္(၂၅%) ရရွိမွသာ အစာေျခစနစ္ ေကာင္းမြန္စြာ လည္ပတ္ႏိုင္မွာ ျဖစ္ၿပီး ဝမ္းခ်ဳပ္ျခင္းကင္းေဝးမွာပါ။ ေနာက္ၿပီးေတာ့ ကၽြဲေကာသီး စားသံုးျခင္းဟာ အစားစားခ်င္စိတ္ကိုလည္း တုိးတက္ေစပါေသးတယ္။

အလုပ္ေတြ ပင္ပန္းတဲ့အခါနဲ႔ ၾကြက္သားေတြ ေတာင့္တင္းေအာင္ အလုပ္လုပ္တဲ့အခါမွာ နာက်င္တာေတြ ျဖစ္တတ္ပါတယ္။ ဒါမ်ိဳးေတြ မျဖစ္ခ်င္ဘူးဆိုရင္ေတာ့ ကၽြဲေကာသီးေလး ႀကိဳတင္စားသံုးေပးဖို႔ တုိက္တြန္းပါရေစ။ ဘာလို႔လဲဆိုေတာ့ ကၽြဲေကာသီးမွာ ပါဝင္တဲ့ မဂၢနီဆီယမ္က ၾကြက္သားတင္းမာမႈကို ေျပေလ်ာ့ေစတာေၾကာင့္ပါ။

ကၽြဲေကာသီး မ်ားမ်ား စားေပးသင့္တဲ့ ေနာက္ထပ္အေၾကာင္းအရင္းတစ္ခုကေတာ့ ကၽြဲေကာသီးဟာ အဆီပိုေတြကို ေလာင္ကၽြမ္းေစၿပီး ခႏၶာကိုယ္အေလးခ်ိန္ က်ေစတာေၾကာင့္ပါပဲ။ ဒါေၾကာင့္ ကိုယ့္ကိုယ္ကို ဝတယ္လို႔ ခံစားေနရရင္ေတာ့ ကၽြဲေကာသီးေလး စားေပးပါ။ ကၽြဲေကာသီးမွာ ပိန္ေစႏိုင္တဲ့ အင္ဇိုင္းဓါတ္ေတြ ပါဝင္ပါတယ္။

ကၽြဲေကာသီး စားသင့္တဲ့ အေၾကာင္းျပခ်က္ေတြကို သိရၿပီဆိုေတာ့ ကၽြဲေကာသီးေပၚခ်ိန္က် မေမ့မေလ်ာ့စားေပးဖို႔ တိုက္တြန္းလိုက္ပါတယ္ေနာ္။

Credit : Hellosayarwon
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ရှောက်သီးအကြီးစားလို့ ဆိုရလောက်အောင် ရှောက်သီးပုံစံနဲ့ ချဉ်တဲ့အရသာ ရှိတဲ့ ကျွဲကောသီးကတော့ တော်တော်များများ ကြိုက်တဲ့အသီးပါ။ အချိုအရသာပါတဲ့ ကျွဲကောသီးလည်း ရှိပါတယ်။ ကျွဲကောသီးဟာ ရာသီစာဖြစ်ပြီး ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အသီးတစ်မျိုးပါ။ ကျွဲကောသီးရဲ့ သိပ္ပံအမည်ကတော့ Citrus maxima ပဲ ဖြစ်ပါတယ်။

နှလုံးကျန်းမာရေး ကောင်းမွန်ချင်တယ်ဆိုရင်တော့ ကျွဲကောသီး စားပေးဖို့ လိုပါတယ်။ ကျွဲကောသီးမှာ မဂ္ဂနီဆီယမ် ဓါတ်တွေ ပါဝင်တာကြောင့် နှလုံး အလုပ်ကောင်းကောင်း လုပ်နိုင်ဖို့အတွက် အထောက်အကူပြုပါတယ်။ ပိုတက်စီယမ် များများ ပါဝင်ခြင်းဟာ ခန္ဓာကိုယ်ထဲမှာရှိတဲ့ မကောင်းတဲ့ ကိုလက်စထရောတွေကို လျှော့ချပေးပါတယ်။ သွေးထဲမှာ ရှိတဲ့ အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်တာကြောင့် နှလုံးအားကောင်းစေပါတယ်။

အနာတွေရှိပြီး အနာတော်တော်နဲ့ မကျက်ဘဲ ရင်းနေတယ်ဆိုရင် ပိုးမွှားတွေ ရှိနေတာကြောင့် ဖြစ်နိုင်ပါတယ်။ ကျွဲကောသီးဟာ ဒီလိုမျိုး ပိုးမွှားတွေ မဝင်ရောက်နိုင်အောင် ကာကွယ်ပေးတဲ့အအပြင် အအေးမိ ဖျားနာဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို ကာကွယ်ပေးနိုင်ပါသေးတယ်။

ဗီတာမင် အေ ပါဝင်မှုကတော့ အသားအရေအတွက် အထူးကောင်းမွန်စေပါတယ်။ ကျွဲကောသီးမှာ ဗီတာမင် အေ များများ ပါဝင်တာကြောင့် အရေပြားအတွက် သွေးလည်ပတ်မှု ရရှိစေပြီး မျက်ကွင်းညိုတာတွေ လျှော့ချပေးပါတယ်။ ဒါ့အပြင် အရေးအကြောင်းနဲ့ အရွယ်မတိုင်ခင် အိုမင်းတာတွေကို လျှော့ချပေးနိုင်တဲ့ collagen လည်း ပါဝင်သေးတာမို့ နုပျိုစေမှာပါ။ ကျွဲကောသီး စားသုံးခြင်းဟာ အစက်အပျောက်တွေကို လျှော့ချပေးနိုင်သလို ဝက်ခြံတွေ မဖြစ်အောင်လည်း ထိန်းသိမ်းပေးပါတယ်။

ကျွဲကောသီးဟာ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကိုလည်း ပျောက်ကင်းအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ ဆီးလမ်းကြောင်း တစ်လျှောက် ပိုးဝင်ခြင်းကြောင့် နာကျင်တာတွေကို လျှော့ချပေးနိုင်ပါတယ်။ ကျွဲကောသီးမှာ ပါဝင်တဲ့ ဗီတာမင်စီဟာ ဆီးလမ်းကြောင်း ကျန်းမာရေးအတွက် လိုအပ်တဲ့ ဗီတာမင် တစ်မျိုးပါပဲ။

ကျွဲကောသီးမှာ ဓါတ်တိုးဆန့်ကျင်မှုတွေ ပါဝင်တာဟာ ရင်သားကင်ဆာနဲ့ အူကင်ဆာတွေ ဖြစ်ခြင်းကို တားဆီးပေးနိုင်ပါတယ်။ Estrogen ပါဝင်တာကြောင့် ကင်ဆာဆဲလ်တွေ ပြန့်ပွားတာကိုလည်း ထိန်းချုပ်ထားပေးပြီး အမျှင်ဓါတ်ကတော့ အူမကြီး ကင်ဆာ မဖြစ်ဖို့ စွမ်းဆောင်ပေးနိုင်ပါတယ်။

ကျွဲကောသီးမှာ အချဉ်ဓါတ်နဲ့ အမျှင်ဓါတ် များများပါဝင်တာဟာ အငြင်းပွားစရာ လိုမယ်တောင် မထင်ပါဘူး။ တစ်နေ့ကို အမျှင်ဓါတ်(၂၅%) ရရှိမှသာ အစာခြေစနစ် ကောင်းမွန်စွာ လည်ပတ်နိုင်မှာ ဖြစ်ပြီး ဝမ်းချုပ်ခြင်းကင်းဝေးမှာပါ။ နောက်ပြီးတော့ ကျွဲကောသီး စားသုံးခြင်းဟာ အစားစားချင်စိတ်ကိုလည်း တိုးတက်စေပါသေးတယ်။

အလုပ်တွေ ပင်ပန်းတဲ့အခါနဲ့ ကြွက်သားတွေ တောင့်တင်းအောင် အလုပ်လုပ်တဲ့အခါမှာ နာကျင်တာတွေ ဖြစ်တတ်ပါတယ်။ ဒါမျိုးတွေ မဖြစ်ချင်ဘူးဆိုရင်တော့ ကျွဲကောသီးလေး ကြိုတင်စားသုံးပေးဖို့ တိုက်တွန်းပါရစေ။ ဘာလို့လဲဆိုတော့ ကျွဲကောသီးမှာ ပါဝင်တဲ့ မဂ္ဂနီဆီယမ်က ကြွက်သားတင်းမာမှုကို ပြေလျော့စေတာကြောင့်ပါ။

ကျွဲကောသီး များများ စားပေးသင့်တဲ့ နောက်ထပ်အကြောင်းအရင်းတစ်ခုကတော့ ကျွဲကောသီးဟာ အဆီပိုတွေကို လောင်ကျွမ်းစေပြီး ခန္ဓာကိုယ်အလေးချိန် ကျစေတာကြောင့်ပါပဲ။ ဒါကြောင့် ကိုယ့်ကိုယ်ကို ဝတယ်လို့ ခံစားနေရရင်တော့ ကျွဲကောသီးလေး စားပေးပါ။ ကျွဲကောသီးမှာ ပိန်စေနိုင်တဲ့ အင်ဇိုင်းဓါတ်တွေ ပါဝင်ပါတယ်။

ကျွဲကောသီး စားသင့်တဲ့ အကြောင်းပြချက်တွေကို သိရပြီဆိုတော့ ကျွဲကောသီးပေါ်ချိန်ကျ မမေ့မလျော့စားပေးဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

Credit : Hellosayarwon

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top