iMyanmarHouse.com - Best Property Website for Myanmar
×

ကၽြန္ေတာ္တို႔ အားလံုး ေနမေကာင္းျဖစ္ဖူးပါတယ္။ ဘာအေၾကာင္းေၾကာင့္ပဲျဖစ္ျဖစ္ ဖ်ားရင္ ေနမေကာင္းျဖစ္ရင္ အေလ့အထတစ္ခုအျဖစ္ ကၽြန္ေတာ္တို႔လုပ္မိေနတဲ့အမွားေတြရွိပါတယ္။ ဒီဗီြဒီယိုမွာေတာ့ ေနမေကာင္းရင္လုပ္ျဖစ္တတ္တဲ့ အမွား (၅)မ်ိဳးအေၾကာင္းကို ေျပာျပေပးသြားမွာပါ။

၁။ ေစာင္အထူၾကီးျခံဳတာ၊ အက္်ီအေႏြးထည္ ထူထူဝတ္တာ။ ေႏြးေႏြးေထြးေထြးေနမွရမယ္လို႔ယူဆတာ။

ဒီအယူအဆက ဖ်ားတယ္ဆိုတာ ရာသီဥတုေအးလို႔ျဖစ္ရတာဆိုတာကေန လာပါတယ္။ တကယ္ေတာ့ဖ်ားတယ္ဆိုတာ အမ်ားအားျဖင့္က ဗိုင္းရပ္စ္တစ္မ်ိဳးမ်ိဳးေၾကာင့္ျဖစ္တာျဖစ္ျပီး ေအးတာနဲ႔ တုိက္ရိုက္ၾကီးမသက္ဆိုင္ပါဘူး။ တကယ္လို႔ ဖ်ားေနတဲ့အခ်ိန္မွာ ခ်မ္းေနလို႔ဆိုရင္ေတာ့ ေႏြးေထြးတဲ့အဝတ္အစားေတြဝတ္တာအဆင္ေျပပါတယ္။ က်န္တဲ့အခ်ိန္မွာေတာ့ သက္ေတာင့္သက္သာျဖစ္ေအာင္ ဝတ္စားရင္ရပါျပီ။ ေခၽြးထြက္ေအာင္ဆိုျပီးအဝတ္အစားအထူၾကီးေတြဝတ္တာက နဂိုျမင့္ေနတဲ့ကိုယ္တြင္းအပူခ်ိန္ကိုထပ္ျမင့္ေစႏုိင္တဲ့အတြက္ အႏၱရာယ္ရွိတတ္ပါတယ္။ ဒါေၾကာင့္ ဖ်ားျပီဆိုရင္ သက္ေတာင့္သက္သာျဖစ္ရံုေလာက္အဝတ္အစားဆိုရပါတယ္။

၂။ ေရမခ်ိဳးတာ သန္႔ရွင္းေရးမလုပ္ေတာ့တာ။

ဖ်ားျပီဆိုတာနဲ႔ မလုပ္ၾကေတာ့တဲ့အရာတစ္ခုက ေရခ်ိဳးတာပါ။ အဖ်ားက ေအးတာေၾကာင့္ျဖစ္တယ္လို႔ ယူဆထားေတာ့ ေရခ်ိဳးတာက ပိုဆိုးေစႏုိင္တယ္လို႔ ယံုၾကည္ၾကလုိ႔ျဖစ္ပါတယ္။ တကယ္က သက္ဆိုင္မႈမရွိပါဘူး။ ေရခ်ိဳးခ်င္စိတ္ရွိရင္ ခ်ိဳးႏုိင္ပါတယ္။ မထႏိုင္ေလာက္ေအာင္ျဖစ္ေနတယ္ဆိုရင္ေတာ့ မခ်ိဳးသင့္ဘူးေပါ့။ ေနမေကာင္းတဲ့အခ်ိန္မွာ သန္႔သန္႔ရွင္းရွင္းနဲ႔ လန္းလန္းဆန္းဆန္းျဖစ္ေနေအာင္ ေရခ်ိဳးတာက အဖ်ားတာတိုေစႏုိင္ပါတယ္။

၃။ အစားမစားေတာ့တာ။

ေနမေကာင္းဘူးဆိုရင္ အစားေရွာင္ေတာ့တာပါပဲ။ အစားေရွာင္တယ္ဆိုတဲ့ေနရာမွာ အာဟာရဓာတ္မျပည့္ဝတဲ့ ပိုးမႊားေတြပါေနႏုိင္တဲ့ လမ္းေဘးအစားအစာလိုမ်ိဳးေတြက ပိုဆိုးေစႏိုင္လို႔ ေရွာင္တာေကာင္းပါတယ္။ ေနမေကာင္းတဲ့အခ်ိန္မွာ ခႏၶာကိုယ္က အာဟာရဓာတ္ျပည့္ဝေနဖို႔ လိုအပ္ပါတယ္။ အဲဒီအခ်ိန္မွာ အာဟာရဓာတ္ျပည့္ဝတဲ့အစားအေသာက္ေတြကို ေရွာင္တာက ေရာဂါပိုးကိုျပန္တုိက္ထုတ္ဖို႔အတြက္ ခႏၶာကိုယ္အတြက္ အားအင္မရွိျဖစ္သြားေစပါတယ္။

၄။ ကိုယ့္သေဘာနဲ႔ကိုယ္ေဆးေတြေလွ်ာက္ေသာက္တာ။

ေနမေကာင္းတာ၊ ဖ်ားတာအမ်ားစုက ဗိုင္းရပ္စ္ေၾကာင့္ျဖစ္ပါတယ္။ အဲဒီအခ်ိန္မွာ ေရာဂါလကၡဏာေတြကို သက္သာေစႏုိင္တဲ့ေဆးဝါးေတြကိုေသာက္ႏိုင္ပါတယ္။ ဥပမာ နာက်င္ကိုက္ခဲမႈေတြအတြက္ ပါရာစီတေမာေသာက္တာမ်ိဳးေပါ့။ ဒါေပမယ့္ ပိုးသတ္ေဆးလို ေဆးျပင္းေတြကိုေတာ့ ကိုယ့္သေဘာနဲ႔ကိုယ္လံုးဝမေသာက္သင့္ပါဘူး။ ဝမ္းကိုက္ရင္ မက္ထရို၊ ေနာ္ဗက္တင္ေသာက္တာမ်ိဳးေပါ့။ ဒီပိုးသတ္ေဆးေတြက သူ႔အခ်ိဳးအစားကို ျပည့္ေအာင္ေသာက္ရပါတယ္။ မေသာက္ရင္ ေဆးမတိုးေတာ့တာ ေဆးယဥ္ပါးတာေတြျဖစ္တဲ့အတြက္ ၾကီးမားတဲ့ေရာဂါပိုးေတြဝင္ဖို႔ အားေပးသလိုျဖစ္သြားပါလိမ့္မယ္။

၅။ အနားမယူတာ

ေနမေကာင္းတဲ့အခ်ိန္မွာ အနားမယူဘဲ ဒီေလာက္ကေတာ့ ခံႏုိင္ပါတယ္ဆိုျပီး အလုပ္ေတြဆက္လုပ္တာ၊ အပင္ပန္းခံတာေတြလုပ္ဖူးတယ္ဆိုရင္ေတာ့ ျပန္စဥ္းစားဖို႔သင့္ပါျပီ။ ေနမေကာင္းတဲ့အခ်ိန္ အနားမယူတာက အဖ်ားတာကို ပိုရွည္သြားေစႏုိင္တဲ့အျပင္ ကိုယ့္ဆီကေန တျခားသူေတြဆီလည္း ကူးစက္ဖို႔မ်ားပါတယ္။ ခႏၶာကိုယ္က ေရာဂါပိုးေတြကိုတိုက္ထုတ္ႏိုင္ဖို႔အတြက္ ျပည့္ဝတဲ့အနားယူမႈနဲ႔ အားအင္ေတြလိုအပ္ပါတယ္။

ေနာက္တစ္ခါ ေနမေကာင္းျဖစ္တယ္ဆိုရင္ ဒီအမွားေတြကို မလုပ္မိဖို႔ သတိထားေရွာင္ၾကဥ္ဖို႔လိုအပ္ပါလိမ့္မယ္။

Credit : Hellosayarwon
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ကျွန်တော်တို့ အားလုံး နေမကောင်းဖြစ်ဖူးပါတယ်။ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ဖျားရင် နေမကောင်းဖြစ်ရင် အလေ့အထတစ်ခုအဖြစ် ကျွန်တော်တို့လုပ်မိနေတဲ့အမှားတွေရှိပါတယ်။ ဒီဗွီဒီယိုမှာတော့ နေမကောင်းရင်လုပ်ဖြစ်တတ်တဲ့ အမှား (၅)မျိုးအကြောင်းကို ပြောပြပေးသွားမှာပါ။

၁။ စောင်အထူကြီးခြုံတာ၊ အက်ျီအနွေးထည် ထူထူဝတ်တာ။ နွေးနွေးထွေးထွေးနေမှရမယ်လို့ယူဆတာ။

ဒီအယူအဆက ဖျားတယ်ဆိုတာ ရာသီဥတုအေးလို့ဖြစ်ရတာဆိုတာကနေ လာပါတယ်။ တကယ်တော့ဖျားတယ်ဆိုတာ အများအားဖြင့်က ဗိုင်းရပ်စ်တစ်မျိုးမျိုးကြောင့်ဖြစ်တာဖြစ်ပြီး အေးတာနဲ့ တိုက်ရိုက်ကြီးမသက်ဆိုင်ပါဘူး။ တကယ်လို့ ဖျားနေတဲ့အချိန်မှာ ချမ်းနေလို့ဆိုရင်တော့ နွေးထွေးတဲ့အဝတ်အစားတွေဝတ်တာအဆင်ပြေပါတယ်။ ကျန်တဲ့အချိန်မှာတော့ သက်တောင့်သက်သာဖြစ်အောင် ဝတ်စားရင်ရပါပြီ။ ချွေးထွက်အောင်ဆိုပြီးအဝတ်အစားအထူကြီးတွေဝတ်တာက နဂိုမြင့်နေတဲ့ကိုယ်တွင်းအပူချိန်ကိုထပ်မြင့်စေနိုင်တဲ့အတွက် အန္တရာယ်ရှိတတ်ပါတယ်။ ဒါကြောင့် ဖျားပြီဆိုရင် သက်တောင့်သက်သာဖြစ်ရုံလောက်အဝတ်အစားဆိုရပါတယ်။

၂။ ရေမချိုးတာ သန့်ရှင်းရေးမလုပ်တော့တာ။

ဖျားပြီဆိုတာနဲ့ မလုပ်ကြတော့တဲ့အရာတစ်ခုက ရေချိုးတာပါ။ အဖျားက အေးတာကြောင့်ဖြစ်တယ်လို့ ယူဆထားတော့ ရေချိုးတာက ပိုဆိုးစေနိုင်တယ်လို့ ယုံကြည်ကြလို့ဖြစ်ပါတယ်။ တကယ်က သက်ဆိုင်မှုမရှိပါဘူး။ ရေချိုးချင်စိတ်ရှိရင် ချိုးနိုင်ပါတယ်။ မထနိုင်လောက်အောင်ဖြစ်နေတယ်ဆိုရင်တော့ မချိုးသင့်ဘူးပေါ့။ နေမကောင်းတဲ့အချိန်မှာ သန့်သန့်ရှင်းရှင်းနဲ့ လန်းလန်းဆန်းဆန်းဖြစ်နေအောင် ရေချိုးတာက အဖျားတာတိုစေနိုင်ပါတယ်။

၃။ အစားမစားတော့တာ။

နေမကောင်းဘူးဆိုရင် အစားရှောင်တော့တာပါပဲ။ အစားရှောင်တယ်ဆိုတဲ့နေရာမှာ အာဟာရဓာတ်မပြည့်ဝတဲ့ ပိုးမွှားတွေပါနေနိုင်တဲ့ လမ်းဘေးအစားအစာလိုမျိုးတွေက ပိုဆိုးစေနိုင်လို့ ရှောင်တာကောင်းပါတယ်။ နေမကောင်းတဲ့အချိန်မှာ ခန္ဓာကိုယ်က အာဟာရဓာတ်ပြည့်ဝနေဖို့ လိုအပ်ပါတယ်။ အဲဒီအချိန်မှာ အာဟာရဓာတ်ပြည့်ဝတဲ့အစားအသောက်တွေကို ရှောင်တာက ရောဂါပိုးကိုပြန်တိုက်ထုတ်ဖို့အတွက် ခန္ဓာကိုယ်အတွက် အားအင်မရှိဖြစ်သွားစေပါတယ်။

၄။ ကိုယ့်သဘောနဲ့ကိုယ်ဆေးတွေလျှောက်သောက်တာ။

နေမကောင်းတာ၊ ဖျားတာအများစုက ဗိုင်းရပ်စ်ကြောင့်ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ရောဂါလက္ခဏာတွေကို သက်သာစေနိုင်တဲ့ဆေးဝါးတွေကိုသောက်နိုင်ပါတယ်။ ဥပမာ နာကျင်ကိုက်ခဲမှုတွေအတွက် ပါရာစီတမောသောက်တာမျိုးပေါ့။ ဒါပေမယ့် ပိုးသတ်ဆေးလို ဆေးပြင်းတွေကိုတော့ ကိုယ့်သဘောနဲ့ကိုယ်လုံးဝမသောက်သင့်ပါဘူး။ ဝမ်းကိုက်ရင် မက်ထရို၊ နော်ဗက်တင်သောက်တာမျိုးပေါ့။ ဒီပိုးသတ်ဆေးတွေက သူ့အချိုးအစားကို ပြည့်အောင်သောက်ရပါတယ်။ မသောက်ရင် ဆေးမတိုးတော့တာ ဆေးယဉ်ပါးတာတွေဖြစ်တဲ့အတွက် ကြီးမားတဲ့ရောဂါပိုးတွေဝင်ဖို့ အားပေးသလိုဖြစ်သွားပါလိမ့်မယ်။

၅။ အနားမယူတာ

နေမကောင်းတဲ့အချိန်မှာ အနားမယူဘဲ ဒီလောက်ကတော့ ခံနိုင်ပါတယ်ဆိုပြီး အလုပ်တွေဆက်လုပ်တာ၊ အပင်ပန်းခံတာတွေလုပ်ဖူးတယ်ဆိုရင်တော့ ပြန်စဉ်းစားဖို့သင့်ပါပြီ။ နေမကောင်းတဲ့အချိန် အနားမယူတာက အဖျားတာကို ပိုရှည်သွားစေနိုင်တဲ့အပြင် ကိုယ့်ဆီကနေ တခြားသူတွေဆီလည်း ကူးစက်ဖို့များပါတယ်။ ခန္ဓာကိုယ်က ရောဂါပိုးတွေကိုတိုက်ထုတ်နိုင်ဖို့အတွက် ပြည့်ဝတဲ့အနားယူမှုနဲ့ အားအင်တွေလိုအပ်ပါတယ်။

နောက်တစ်ခါ နေမကောင်းဖြစ်တယ်ဆိုရင် ဒီအမှားတွေကို မလုပ်မိဖို့ သတိထားရှောင်ကြဉ်ဖို့လိုအပ်ပါလိမ့်မယ်။

Credit : Hellosayarwon

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top