iMyanmarHouse.com - Best Property Website for Myanmar
×



ပါဝင်ပစ္စည်း




ပြုလုပ်နည်း





Credit : Mystyle

အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ သင့်အသားအရေကို ကြည်လင်စိုပြေနေစေဖို့အတွက် နည်းလမ်းကောင်းတစ်ခုကို မျှဝေပေးချင်ပါတယ်။

မျက်နှာပေါ်က အမည်းစက်တွေ အမာရွတ်တွေကို လျော့ပါးသက်သာစေဖို့ သဘာဝ ပစ္စည်းလေးတွေသုံးပြီး ပေါင်းတင်လိုက်ရအောင်။

ပါဝင်ပစ္စည်း

ဆန်မှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြောင်းဖူးကော်မှုန့် (သို့) ဂျုံမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

နွားနို့အေးအေး လိုအပ်သလောက်ထည့်ပါ။

ပြုလုပ်နည်း

ခွက်တစ်လုံးထဲကိုပါဝင်ပစ္စည်းတွေအားလုံးထည့်လိုက်ပြီး ခပ်ပျစ်ပျစ်ဖျော်လိုက်ပါ။

ပြီးရင်တော့ သင့်မျက်နှာကို အရင်သန့်စင်ပေးပြီး လိမ်းပေးရမှာဖြစ်ပါတယ်။

မိနစ် ၂၀ လောက် (သို့) ခြောက်သွားတဲ့အထိထားပြီး ရေအေးအေးနဲ့ ဆေးချပေးလိုက်ပါ။

မျက်နှာပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အသားအရေကို ကြည်လင်သန့်ရှင်းစေမှာဖြစ်ပါတယ်။

Credit : Mystyle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top