iMyanmarHouse.com - Best Property Website for Myanmar
×









Credit : kalay
ပို့သပေးပါတယ်။

မေမေလောင်းတို့ရေ အသက်ကြီးရင် ကိုယ်ဝန်ရဖို့ ခက်သွားပြီဆိုတဲ့ စကားတွေကြောင့် စိတ်ညစ်နေလား၊ အသက်(၃၀) အရွယ်မှာ ကလေးယူလို့ ရနိုင်ပါတယ်

မေမေလောင်းအသက် (၃၅) နှစ်လောက်ဆိုရင်တော့ ကိုယ်ဝန်ရနိုင်နှုန်းဟာ (၆၅%) လောက်ထိ လျော့ကျသွားပါတယ်။

မေမေလောင်းတို့ရေ အသက်ကြီးရင် ကိုယ်ဝန်ရဖို့ ခက်သွားပြီဆိုတဲ့ စကားတွေကြောင့် စိတ်ညစ်နေလား၊ အသက်(၃၀) အရွယ်မှာ ကလေးယူလို့ ရနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ရနိုင်နှုန်းကတော့ အသက်(၂၀) လောက်ကထိတော့ မများနိုင်ပါဘူး။ မေမေလောင်းအသက် (၃၅) နှစ်လောက်ဆိုရင်တော့ ကိုယ်ဝန်ရနိုင်နှုန်းဟာ (၆၅%) လောက်ထိ လျော့ကျသွားပါတယ်။ မေမေလောင်းတို့ဘက်က ကျန်းမာရေးဆိုင်ရာလေးတွေ ကောင်းမွန်အောင် နေမယ်ဆိုရင်တော့ ကိုယ်ဝန်ရနိုင်ချေ မြင့်မားလာမှာပါ။

ဖေဖေလောင်း မျိုးအောင်နိုင်ဖို့အတွက် မျိုးပွားအင်္ဂါကို အေးအောင် ထားရပါမယ်။
မေမေလောင်းဖြစ်ချင်တယ်ဆိုရင်တော့

ခန္ဓာကိုယ် လှုပ်ရှားမှု ရှိဖို့ အာရုံထားရပါမယ်။ ခန္ဓာကိုယ်ရဲ့ အပူချိန်၊ မိန်းမကိုယ် pH ပမာဏတွေဟာ ပုံမှန် သားဥကြွေခြင်းကို ဖြစ်စေပါတယ်။ ဒါဆိုရင် ကိုယ်ဝန်ရနိုင်ချေများဖို့ အထောက်အကူပြုမှာပါ။ အသက်(၃၀) အရွယ်မှာ ကလေးရနိုင်ဖို့အတွက် ကိုယ့်ရဲ့ ခင်ပွန်းကို သုတ်ပိုးပမာဏနဲ့ ကျန်းမာရေး အခြေအနေ စစ်ဆေးဖို့ တိုက်တွန်းရပါမယ်။

ဖေဖေလောင်းရဲ့ သုတ်ပိုးအားကောင်းဖို့ အတွက်လည်း အစားအစာထဲမှာ ဗီတာမင်၊ ဖြည့်စွက်စာတွေ ထည့်ကျွေးတာမျိုး လုပ်ရပါမယ်။ ခန္ဓာကိုယ် အလေးချိန်များနေရင် နည်းအောင် လုပ်ဆောင်ဖို့ လိုပါတယ်။ နောက်တစ်ခုကတော့ ဖေဖေလောင်း မျိုးအောင်နိုင်ဖို့အတွက် မျိုးပွားအင်္ဂါကို အေးအောင် ထားရပါမယ်။ ပူနွေးနေမယ်ဆိုရင်တော့ သုတ်ပိုးရဲ့ အရည်အသွေး ကျနိုင်ပါတယ်။
မေမေလောင်းရော ဖေဖေလောင်းပါ ဆေးလိပ်၊ ကဖင်းများတဲ့ ကော်ဖီ၊ အရက်တွေကို ရှောင်ရပါမယ်

ဘာလို့လဲဆိုတော့ ဒီအရာတွေက ကိုယ်ဝန်ရနိုင်ခြင်းကို အနှောင့်အယှက် ပေးတာကြောင့်ပါ။ ခန္ဓာကိုယ် အလေးချိန် အနည်းအများဟာ ဟော်မုန်းထွက်ရှိမှုအပေါ် သက်ရောက်မှု ဖြစ်စေတာမို့ ကိုယ်ဝန်ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို များစေနိုင်ပါတယ်။  BMI ကို တွက်ချက်ပြီး ကိုယ်အလေးချိန်ကို ပုံမှန်တိုင်းတာသင့်ပါတယ်။
အစားအစာတွေလည်း စားပေးဖို့ လိုပါတယ်

ပရိုတင်းများတဲ့ အသီးအရွက်၊ အမျှင်ဓါတ်၊ သံဓါတ်၊ ဗီတာမင် ဘီတွေ စားပေးဖို့ လိုပါတယ်။ စိတ်ဖိစီးမှုတွေ နည်းဖို့ ကြိုးစားရပါမယ်။ စိတ်ရော ကိုယ်ပါ ကျန်းမာစေတဲ့ အပန်းဖြေခြင်းတွေ ပြုလုပ်ပါ။ (၆) လလောက် အကာအကွယ်မပါဘဲ လိင်ဆက်ဆံပြီးတာတောင် ကိုယ်ဝန်မရသေးဘူးဆိုရင်တော့ ဆရာဝန်ပြပါ။

Credit : kalay

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top