iMyanmarHouse.com - Best Property Website for Myanmar
×




၎- ကိုယ်တွင်းအပုပ်အညစ်များကိုကျစေခြင်း








Credit : Thithtoolwin

၁- ကျောက်ကပ်ကျန်းမာရေးနှင့်တကွ ကျောက်ကပ်နှင့်ဆိုင်တဲ့ရောဂါများကိုကာကွယ်နိုင်ပြီး ကျောက်ကပ်ကျောက်တည်ခြင်းမှလဲကာကွယ်ပေးခြင်း

၂- လည်ချောင်းနှင့်ဆိုင်သောရောဂါနှင့်တုပ်ကွေးဖြစ်ခြင်းမှလည်း သက်သာစေခြင်း

၃- ကင်ဆာရောဂါကာကွယ်မှုနှင့်အထူးသဖြင့် ရင်သားကင်ဆာသမားများအတွက်ကောင်းမွန်ခြင်း

၄- ကိုယ်တွင်းအပုပ်အညစ်များကိုကျစေခြင်း

၅- ဖျားနာနေမကောင်းဖြစ်ပြီးလျှင်ကြံရည်သောက်သင့်တဲ့အဓိကအချက်ကတော့ နေမကောင်းဖြစ်ချိန်တွင်ပျောက်ဆုံးသွားသော ပရိုတိန်းဓါတ်နှင့် သကြားဓါတ်များကိုပြန်လည်ဖြည့်တင်းပေးခြင်း

၆- အသားအရည်တွင်မရှိမဖြစ်လိုအပ်တဲ့ ရေဓါတ်ကိုဖြည့်တင်းပေးပြီးဝက်ခြံများထွက်ခြင်းမှသက်သာစေခြင်းနှင့် ကြံရည်ကိုသင့်မျက်နှာပေါ်မှာလိမ်းပြီး မိနစ်ပိုင်းထားပေးခြင်းကို ပုံမှန်လုပ်ပေးခြင်းဖြင့် အိုမင်းရင့်ရော်ခြင်းမှကင်းဝေးစေခြင်း

၇- ကယ်လ်စီယမ်၊ ကိုဗော့၊ ကြေး၊ မဂ္ဂနီဆီယမ်၊ ဖော့စဖောရပ်၊ ပိုတက်ဆီယမ်နှင့် သံဓါတ်တို့ပါဝင်ပါတယ်။

၈- ဗီတာမင်များအနေဖြင့်လည်းဗီတာမင် B1, B2, B3, B5 တို့ပါဝင်ပြီးအမျှင်ဓါတ်နှင့် ပရိုတိန်းတို့လည်းပါဝင်ပါတယ်။

၉- သင့်လက်သည်းမှာအဖြူအစက်ကလေးတွေရှိရင်သင့်အစားအစာထဲမှာသကြားဓါတ်အလွန်နည်းနေတာကြောင့် သကြားဓါတ်ပြည့်ဝစွာပါဝင်တဲ့ကြံရည်ကိုသောက်ပေးခြင်းဖြင့် သင့်လက်သည်းခြေသည်းတွေကိုပိုမိုတောက်ပြောင်လာစေမှာပါ။

၁၀- ကြံရည်ဟာသင့်သွားအလှနှင့်ကျန်းမာရေးကိုပါ ထိန်းသိမ်းပေးပြီး သင့်သွားတွေတောက်ပြောင်စေဖို့နဲ့ ပိုးစားခြင်းမှကာကွယ်ပေးခြင်းတို့ကို လုပ်ဆောင်ပေးပါတယ်။

၁၁- အသားဝါရောဂါဖြစ်ခြင်းမှလည်းကာကွယ်ပေးတာကြောင့် ယခုပဲလတ်ဆတ်တဲ့ကြံရည်တစ်ခွက်အမြန်သောက်လိုက်ပါ။

Credit : Thithtoolwin

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top